လောကမှာ တုနှိုင်းလိုမရအောင်မေတ္တာ အကြင်နာတွေကို ပိုင်ဆိုင်ထားတဲ့ အေးမြသောနှလုံးသားပိုင်ရှင် က အဖေ နဲ့ အမေ ၂ဦးထဲပါ... ငယ်ငယ်တုန်းက လိုတာမရလို စိတ်ကောက်တာတွေ.. အမေ က ချောပြီး ထမင်းကျွေးခဲ့ဖူးတာတွေ. အခုချိန်မှာ ပြန်တွေးရင်မျက်ရည်ဝဲနေဆဲပါ....ခုချိန်မှာ ပါးပါး မားမား ရဲ့ ကျေးဇူးကို မြင့်မိုရ်တောင်ကတောင်မော့ကြည့်နေရပါပြီ.. ကျနော်ငယ်ငယ် က ဆိုးခဲ့ပေခဲ့ပေမယ့် အခုချိန်မှာ လိမ္မာလာပါပြီ ...ကျနော်ကို အင်အားတွေ ပေးပြီး ဘဝ ကို ကိုယ်တိုင် စတင်ပျံသန်းစေခဲ့တယ် .... ကိုယ်တိုင်ပျံသန်းမှဘဲ ဟိုတစ်ချိန်က မိဘ ရဲ့ကြင်နာမှု.. ဂရုစိုက်မှု တွေကို ခုမှနားလည်လာပါတော့တယ်.... အရင်ကဆို မနက်အိပ်ရာက မထလို့ အမေက ချိုသာတဲ့ စကားသံလေးနဲ့ လာနှိုး ခဲ့တာကို စိတ်တိုခဲ့ဖူးတယ်.... အခုချိန်မှာ ကျနော့်ကို ဘယ်သူလာနှိုးမလဲ ...အဲလိုချိုသာတဲ့ အသံလေးကို နောက်ထပ် ဘယ်တော့မှ ပြန်ကြားရမှာလဲဗျာ...။
အရင်ကဆို ထမင်းစားရင် လူဆုံမှစားတတ်တဲ့ အမေနဲ့အဖေ ခုချိန်ဆို ထမင်းဝိုင်မှာ လူ တစ်ယောက်လိုနေရော့ပေါ့ ... အဲလိုဘဲ ဒီဟင်းမစားချင်ဘူး ဟိုဟာမစားချင်ဘူး ဆိုပြီဂျီကျတတ်တဲ့ ကျနော် ကို အမေ ကအမြဲတမ်း ဒါလေးကောင်းတာ စားကြည့်ဆိုပြီ အမေ့ရဲ့ လက်နဲ့ခွံ့ကျွေးခဲ့တာတွေကို ပြန်လည်မြင်ရောင် ရင်း... ခုဆို ထမင်းစားချိန် စားပွဲဝိုင်းမှာ ကျနော် တစ်ယောက်တည်း ကြိတ်မှိတ်စားခဲ့တာ ကြာလာရောပေါ့...။
အရင်တုန်းကဆိုးခဲ့ပင်မဲ့ အခု ပါပါး မားမား တို့ ရဲ့ ဆုံးမ စကားတွေကြောင့် ကျနော် လိမ္မာလာပါပြီ... မိဘ ကျေးဇူးကို ပြန်ဆပ်နိုင်အောင်ကြိုးစာနေဆဲပါ.... ကျနော် ၆တန်းနှစ် တုန်းက ခြေထောက်ချုပ်ရတုန်းကဆို အမေ့ရဲ့ စိုးရိမ်စိတ်တွေနဲ့ သူရဲ့ သားပေါ်မှာထားတဲ့ အကြင်နားတွေ က ဘယ်အရာနဲ့မှ အစားထိုးလို့မရ ခဲ့ဘူး.. ကျနော် ကို သေချာဂရုစိုက်ခဲ့တယ် ... အခုချိန်ကျနော် ဗိုက်နာလာရင် ဘယ်သူကလာ ဂရုစိုက်ပေးမှာလဲ...။
၁၀တန်းပြီးထဲက မိဘ နားက နေထွက်ခွာလာ ပြီး စလုံးမှာ ပညာသင်ခဲ့တယ်... ခု ဆို နယူးဇီလန် (အော်ကလန်) ကိုရောက်နေခဲ့တယ်... တစ်နေ့နေ့တော့ မိသားစု ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်လည်ဆုံတွေ့ ရမည် ဟု မျှော်လင့်ရင်း .. ခုတော့ ကျနော် တစ်ယောက်တည်းပေါ့...
ခင်မင်လျှက်
အဆိပ်ခွက်