Thursday, April 30, 2009

မှတ်တမ်း

ချစ်သူရဲ့ နာမည်လေးကို
ပင်လယ်ပြင်သောင်ခြေကမ်းစပ်မှာ
ကဗည်းထိုး
မှတ်တမ်းလေးတင်ခဲ့တယ်...
ဒါပင်မဲ့
ရက်စက်လှတဲ့လှိုင်းလုံးများကြောင့်
ပျက်စီခဲ့ရတယ်...
ချစ်သူ့ရဲ့ နာမည်ကို
မိုးကောင်ကင် အထက်မှာ
ကဗည်းရေးထိုး
မှတ်တမ်းတင်ခဲ့တယ်...
ဒါပင်မဲ့
ရက်စက်လှတဲ့
လေးကြမ်း၊မုန်တိုင်းများကြောင့်
ပျက်စီခဲ့ရတယ်...
ဒီလိုရက်စက်လှတဲ့
ကံကြမ္မာ ကြားထဲမှာ..
တည်မြဲရန် အတွက်
ကဗည်းရေးထိုးရန်
တစ်နေရာသာ ကျန်တော့ သည်
ထိုနေရာကား...
ကျွန်ုပ်၏
နှလုံးသားထဲတွင်သာ...
အဆိပ်ခွက်

အလွမ်း

တမြေ့မြေ့ ...
လောင်ကြွမ်းသွားတဲ့
အလွမ်းခန် ထောင်သောင်း...
အမှောင်ညထဲ က
ကြယ်လေးတစ်စင်း...
တဖွဖွ...နမ်းရှိုက်..
အပန်းရောင် နှုတ်ခမ်းနှင်းဆီ...
ကြူကြူလှိုင်သင်း...
ချစ်ပန်းလေးတစ်ခင်း.
..အမြဲတမ်းတွေ့....
ပန်းမွေ့အိပ်ယာ ထက်က
...အိမ်မက်ထဲက .... နတ်သမီးလေး
...ပင်လယ်ရေခြား....
ရင်ခွင်ထဲ မီတောက် ....
ငါတိုနှစ်ယောက်ရဲ့ ....
ချစ်ခြင်း....

အဆိပ်ခွက်

အချစ်

“အချစ်”
အချစ်ဆိုတာ ဘာလဲ.
အစ်ကို
အချစ်ဆို ရယူခြင်းလား
ပေးဆပ်ခြင်းလား
စွန့်လွှတ်ခြင်းလာ အစ်ကို
မဟုတ်ဘူး
အချစ်ဆိုတာ
နားလည်ပေးနိုင်ခြင်...
တစ်ဦးနဲ့တစ်ဦးနားလည်ပေးနိုင်မှ
အချစ်ဆိုတာတည်မြဲမှာပေါ့
ပေးဆပ်ခြင်းဆိုလဲ..
ဘယ်ချိန်ထိပေးဆပ်နိုင်မှာလဲ
ဟုတ်တယ်မှလား.. ချစ်သူ
ချစ်သူနှစ်ဦဘဲဖြစ်ဖြစ်
အိမ်ထောင်သည်ဘဲဖြစ်ဖြစ်
နားလည် ခွင့်လွှတ်ပေးနိုင်မှသာ
တည်မြဲတော့မှာပေါ့
ဒါကြောင့်
အချစ်ဆိုတာ
နားလည်ပေးနိုင်ခြင်းဘဲ..ချစ်သူ။


အဆိပ်ခွက်

Monday, April 27, 2009

အချစ်ဆိုတာဘာလဲ...?

အချစ်ဆိုတာဘာလဲတဲ့??? သူငယ်ချင်တို့ရေ ဘယ်လိုဖြေကြမလဲ..။

အချစ်ဆိုတဲ့ အနက်အဓိပ္မာယ်ကို နည်းမျိုးစုံ ၊ ခံစားချက်မျိုးစုံနဲ့ ဖွင့်ဟပြောဆိုကြတယ်... ဒကယ်တော့ အချစ်ဆိုတဲ့ အရာဟာ မီနဲ့တူတယ်.... သုံးတတ်ရင် မလောင်ဘူး...။ မသုံးတတ်လိုကတော့လေ..ဟေဟေ ကိုယ်လူ နာပြီသာမှတ်တော့ ......... ဟုတ်ရဲ့လား ။ အင်နော် ဟုတ်ချင်မှလဲဟုတ်မှာ ... ဒါဆို အချစ်က ဘာလဲ... အဲဒါပေးစပ်မှု ငါ့ဘက်ကမှတ်ယူ ဟေကြည့် စိုင်းစိုင်း ကသူဟာသူမှတ်ယူလိုက်ပြီ... ဒါလဲဟုတ်လား ဟုတ်သလိုလိုဘဲနော်.... အချစ်ဟာ ခါးခါးခါး ကြည့် အငဲ ကျတော့ ခါးသွားပြန်ပြီ “ငန်ပြာရည်ထည်လိုလား အဲလေ .ဟီမှားလို ငန်ပြာရည်နဲ့ဆိုင်ဘူးနော် ခါးတဲ့နဲ့ ဟီ အရှိန်လွန်သွားတယ်” ဟောကြည့် ဘာဘူတို့ များလုပ်ချလိုက်တာက အချစ်ဆိုတာ ဆားလိုဘဲ များများစားရင်သွေးက တိုးပြန်ရော... အဲဒီအချစ်ဆိုတဲ့ ဆားမှရှိတော့ လဲ ပေါ့ ပြန်ရော... ငါဘယ်လိုလုပ်ရမလဲ... ငါတော့ ရှုးချင်ပြီ သူငယ်ချင်တို့ရော မရှုးချင်လိုက်ပါနဲ့ ... အချစ်ဆိုတာကို ဘာမှန်းမသိဘဲနဲ့ ချစ်နေကြတယ်နော် ..... ကျနော်လဲအတူတူဘဲ ..... အဟကြည့် ကိုစနေသား က အချစ် ငလျင် တဲ့ ဟုတ်လား ကျနော်တော့ သိတော့ဘူး...

ဒါက ကောင်လေးက ကောင်မလေးကို ပေတဲ့ အချစ် စာလေး “မင်းနှလုံးသားမှာerrorတက်ရင် တို့ကိုနောက်တစ်ကြိမ်refreshလုပ်ခွင်.ပေးပါချစ်သူ..... အကျင်.proxy changeမှကျေနပ်မယ်ဆိုချိန်းပေးပါမယ်.. ချစ်တယ်ဆိုတဲ့connectionလေးတော့ပြန်တက်ပေးပါနော် မင်းကြောင့်တို့ဘ၀ failed to connected” စာသားလေးကတော့ မဆိုးဘူနော် ... ဟ ဟ လာပြန်ပြီ နောက်တစ်ယောက် “မ”တဲ့ အဟီ မောင်က မ ကိုပေးတဲ့ စားလေးဗျ “မ က ကျွန်တော့်ရဲ့ Subject... ကျွန်တော် က မ ရဲ့  Object... အချစ်ကတော့ Main Verb ပေါ့... သစ္စာနဲ့ မေတာက Helping Verb... သံယောဇဉ်က Conjunction... ကောင်းမွန်သော ကံတရားကသာ Situation ဖြစ်မယ်ဆိုရင် အနာဂတ် အတွက် လုံလောက်တာမို့  Full Stop” ဒါမျိုးကျတော့ရတယ်..ဟင့် အင်္ဂလိပ်စာ ဖြေတာတော့ကျတယ်.....

အဲနောက်တစ်ယောက် ကလာသေးတယ် ..... “မျက်လုံးထဲမှာ မင်းရဲ့ ဓါတ်ပုံ တစ်ပုံရှိတယ်.. နားထဲမှာ မင်းအသံဓါတ်ပြား တစ်ချပ်ရှိတယ်.. နှလုံးသားထဲမှာ မင်းနာမည် အက္ခရာ တစ်လုံး ထွင်းထားတယ် ပေးဆပ်ခွင့်နဲ့ ရှင်သန်နေတယ် ခွင့်လွှတ်ခြင်းနဲ့ ဆက်ချစ်နေမယ် ” လုပ်တာကြည့် မျက်လုံးထဲကနေတောင်မထွက်ဘူတဲ့ ဟီ ထင်လား ဓါတ်ပုံတစ်ပုံဘဲရှိတယ်တဲ့ ငါတော့ ယုံဘူး

အဲလိုမျိုးကိုယ်စိတ်ကူးနဲ့ကိုယ်ပုံဖော်ကြတဲ့ ထဲမှာ ကျနော် တို့ရဲ့ ဘော်ဒါတွေက ရော အချစ်ဆိုတာ ဘာလဲ ..။ သိလား ပြောပြခဲ့ပေးပါလား ...

အချစ်အကြောင်ဆိုလိုခုမှ သတိရတယ် ဘော်ဒါကြီ အချစ် ဘော်ဒါကြီ အိုက်ချီခန့် နင်ရဲ့ အချစ်အကြောင်းလေ ပြောပါအုံး .....

အဆိပ်ခွက်

Sunday, April 26, 2009

ကျွန်ုပ်ည အိပ်ခဲ့ရသည့် “ပရလောကရွာ”၃

ထိုနောက် လူတစ်ဦးဦးက မီမွှေးရန်အတွက် ထင်ချောင်းများတစ်ချောင်းကို ခုတ်ဖြတ်နေသံကိုလည်းကြားရ ပြန်ပါသည်။ကလေးငယ်များ၏ငိုသံများ နံနက်စောစာ အလုပ်သွားရန် ပြင်ဆင်နေကြသည့် အသံများနှင့် မိန်းကလေးတစ်ယောက် နံနက်စာချက်ရန်အတွက် မောင်းထောင်းဆန်ဖွပ်နေသံကိုလည်း ထူးခြားစွာ ကြားနေရသည်ကိုကျွန်ုပ် ကျိန်ဆိုပင် ပြောရဲပါသည်။(ရွာငယ်တစ်ရွာသည် အနီးတစ်ဝိုက်တွင် ရှိနေသည့်ပုံ ဖြစ်ပါသည်။) ထို့နောက် အသံများ ငြိမ်သွားပြန်ပါသည်။

မကြာမီ တစ်စုံတစ်ယောက် အိပ်ရာမှ ထလာသံကို ကြားရပြီ မီထွန်းထားသော မီအိမ်တစ်ခု၏ မီတောက် ကိုမြင်လိုက်ရပါသည်။ ထိုမီအိမ်၏ အလင်းနောက်ခံဖြင့် တပည့်များ သည် ကျွန်ုပ်ရှေ့တွင် လှုပ်ရှားနေကြ သည်ကို တွေ့မြင်လိုက်ရပါသည်။

ကျွန်ုပ်သည် အိပ်ရာပေါ်သို့ရုတ်တရက် လှဲချလိုက်ပြီ အိပ်ပျော်နေဟန် ဆောင်နေလိုက်ပါသည်။ကျွန်ုပ်၏ တပည့်သည် နောက်ဆယ်မိနစ် အတွင်း ကျွန်ုပ်အတွက် လက်ဖက်ရည်တစ်ခွက် ယူဆောင်လာပါလိမ့်မည်။သူ သည် ကျွန်ုပ်ကို လှုပ်နှိုးလိမ့်မည် မဟုတ်ပါ။

အကြောင်းမှာ ဥရောပတိုက် သားတစ်ယောက်ကို ရုတ်တရက် နှိုးလိုက်ပါက သူ၏မိခင်တိုင်းပြည်သို့ သွားရောက်နေသော သူ၏ဝိညာဉ်သည် ပြန်လာရန် အချိန်လုံလောက်မှုမရှိနိုင်ပါ။

ထို့ကြောင့် သူ့ဝိညာဉ် သို့မဟုတ် လိပ်ပြာကို ငြိမ်သက်စွာ နှင့် ဖြည်းညင်းစွာ ပြန်လာနိုင်ရန် အချိန်လုံလောက် စွာပေးရမည်ဟု မြန်မာတို့က တွေးဆ ယုံကြည်ကြပါသည်။

ကျွန်ုပ်သည် မျက်စိတစ်ဝက်ဖွင့် ပြီကြည့်နေသဖြင့် ကျွန်ုပ်၏တပည့် ကျွန်ုပ်ထံ ချဉ်းကပ်လာနေသည်ကို မြင်နေရပါ သည်။သူသည် တစ်စုံတစ်ခု ကိုမတော်တဆ ဝင်တိုးမိပုံမျိုးနှင့် ဝင်တိုးလိုက်ပြီချောင်း ဟန့်သံပေးကာ တိုက်မိသော သူ၏ခြေထောကို ပြဿနာလုပ်လိုက်ပါသည်။

ကျွန်ုပ်သည် အခြာတစ်ဖက်သို့ စောင်းလှည့်လလိုက်သောအခါ “နှင်းကွဲ နေပြီ သခင်” ဟုသူက သတင်းပို့ပါသည်။ ကျွန်ုပ်သည် လာပို့သော လက်ဖက်ရည်ကို ချက်ချင်းသောက်ချ လိုက်ပြီ အဝတ်အစားများ ချက်ချင်းကောက် ဝတ်လိုက်ကာ ထိုနေရာမှ အချိန်မဆိုင်းဘဲ ချက်ချင်းထွက်ခွာ သွားရန် ဆန္ဒပြင်းပြလျက် ရှိနေခဲ့ ပါသည်။

ကျွန်ုပ်၏လူများသည်လည်း ခါတိုင်းကဲ့သို့ မဟုတ်ဘဲ ငြိမ်သက်စွာ လှုပ်ရှားလျက်ရှိနေ ကြပါသည်။ ဆင်များဝန် တင်ရန်အတွက် ရောက်ရှိလာကြပုံမှာလည်း တစ္ဆေများ ပေါ်ထွက်လာသကဲ့သို့ နှင်းမှုန်ထဲမှာ ရိပ်ခနဲ ရိပ်ခနဲ ဖြင့် ပေါ်ထွက် လာသည်ကိုလည်း တွေ့မြင်နေရပါသည်။

ကျွန်ုပ်သည် ရှေ့မှနေပြီ ရွာလူကြီတစ်ဦနှင့် အတူ တောင်ကြောအတိုင်းဦဆောင် ထွက်ခွာလာခဲ့ရာ ထိုလူကြီ နှင့် တစ်နာရီခန့်ကြာသည်အထိ စကား လုံးဝမပြောဖြစ်ခဲ့ပါ။

ကျွန်ုပ်တို့သည် အထက် “မြိုင်ချောင်း” ရေနုတ်မြောင်းနေရာသို့ ရောက်သောအခါ ရွာလူကြီကို ညတုန်းက အိပ်ခဲ့သည့်နေရာ အကြောင်း မေးမြန်လိုက်ပါသည်။

“ဟုတ်တယ် သခင် အဲဒီနေရာဟာ ရွာပျက်ကြီတစ်ခုပဲ”

ဟု ထိုလူကြီက ဖြေပါသည်။ ကျွန်ုပ်သည် ထိုအချိန်က တစ်စုံတစ်ရာ ထင်မြင်ချက်မပေးခဲ့ပါ။ သို့သော် ထို့နေပိုင်း စခန်းချသော အခါ ကျွန်ုပ်တပည့် ကို “ညတုန်းက အိပ်ခဲ့ တဲ့စခန်းမှာ တစ်စုံတစ်ရာ ဆူညံသံ များကြား မိသလား” ဟု မေးခဲ့ပါသည်။

“မကြားမိပါဘူး ကျွန်တော်တို့လဲ ဘာမှတော့ မဖြစ်ပါဘူး ဒါပင်မယ့် ကျွန်တော်တို့ မနက်အစောကြီ သခင့် ပစ္စည်းတွေ ဆင်ပေါ်တင် နေတဲ့ အချိန်မှာ အရမ်းကြောက်လန့်နေခဲ့ကြပါတယ်။ ဆင်သမားတစ်ယောက် ကပြောတာတော့ သခင်ညတုန်းက အိပ်ခဲ့တဲ့ နေရာဟာ ဇီး(ဆီး)ဖြူပင်တွေ ပေါက်နေတဲ့ ရွာပျက်ကုန်းတစ်ခုလို့ သိရပါတယ်။”ဟု တပည့် က ပြောပြပါသည်။

“အဲရွာက လူတွေ ဘယ်ရောက် ကုန်ကြပြီလဲ”ဟုဆက်မေးလိုက်သောအခါ တပည့် က

“အဲဒီရွာကလူတွေ ကာလဝမ်းရောဂါဖြစ် လို့ အကုန်သေသွားကြတယ်လို့ ကြားဖူးပါတယ် သခင်”ဟုပြန်ဖြေ ပါသည်။ ကျွန်ုပ်၏ ဆင်သမားများကလည်း “ရွာဆိုး” ဟုခေါ်သော ရွာပျက်တစ်ခု ထိုနေရာအနီး တစ်ဝိုက်တွင် ရှိခဲ့ဖူးကြောင်း သို့သော်ထိုရွာဆိုး နေရာကိုမူ ယခင်က တစ်ကြိမ်မျှ မတွေ့ခဲ့ဖူးကြောင်း ပြောပြကြပါသည်။

“သခင် အဲဒီ ရွာဆိုးကို ညတုန်းက ရောက်ခဲ့ပြီပြီပဲ ဘာမှ စိုးရိမ် မနေပါနဲ့တော့ သခင်ဟာ ကံကောင်းသူ ဖြစ်ပါတယ်။နတ်ကလဲ သခင့်ကို ချစ်တယ်။သခင်ကလဲနတ်ကို အရိုအသေပေးတယ်ဆိုတော့ နတ်က သခင့်ကို ဘာမှ လုပ်မှာ မဟုတ်ပါဘူး” ဟုလည်း တပည့်ဖြစ်သူ ကပြောပြပါသည်။ထို့နောက် သူသည် ဘာမျှဆက်မပြော တော့ ပါ။ထိုကိစ္စကို ဆက်ပြီ မဆွေးနွေး လိုသောကြောင့်တမင်တကာ ရှောင်နေပါတော့သည်။

ထိုညက ကျွန်ုပ်တစ်ဦတည်းနတ် သို့မဟုတ်တစ္ဆေ သို့မဟုတ် ပရလောကသားများရှိသောရွာတွင် ရှိနေခဲ့ခြင်း မဟုတ် ပါဟုခံစားမိခဲ့ပါသည်။

ကျွန်ုပ်၏လူများသည်လည်းကျွနု်ပ် ကဲ့သို့ပင်တွေကြုံ ခံစားကြရပါလိမ့်မည်။ထို့ကြောင့် ကျွန်ုပ်ပြန်တွေးကြည့် လျှင် ပြန်ပေါ်လာသောထိုထူးဆန်း သည့် ရွာကလေးအကြောင်းကို ကျွန်ုပ် စိတ်တွင် အမှတ်ထင်ထင် ရှိနေခဲ့ပါတော့ သည်။

********************************************************************

(J.H.Williams ရေးသော El-ephant Bill မှကောက်နုတ်ဖော်ပြ ခြင်းဖြစ်ပါသည်။)

ကျေးဇူးတင်ပါတယ်...



အဆိပ်ခွက်

Saturday, April 25, 2009

မွေးနေ့ မင်္ဂလာ

ဲဟတ်ပီဗာတ်ဒေး.. လူတိုင်းကြုံရတဲ့မွေးနေ့လေးပါ ..

၂၆.၄.၂၀၀၉

ဒီနေ့ ကျနော်ရဲ့ သူငယ်ချင်း ရဲ့ မွေးနေ့ မင်္ဂလာလေးပါ ... ကျနော် အဝေးနေကနေ ဆုတောင်းပေးလိုက်တယ်နော် .. အစစ အရာရာ အဆင်ပြေပါစေ... စ လုံးကိုပြန်လာနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ် ...

မွေးနေ့ရှင် ၏ အချစ်ဆုံးသူငယ်ချင်း အဆိပ်ခွက်

Wednesday, April 22, 2009

ကျွန်ုပ် ညအိပ်ခဲ့ သည် “ပရလောကရွာ” ၂

ကျွန်ုပ်၏လူများသည် ကျွန်ုပ်အိပ်သည့်နေရာနှင့် ကိုက်(၁၀၀) ခန့်အကွာအဝေးတွင် စခန်ချရပ်နားကြသည်။ ကျွန်ုပ်၏နေရာသည် သူတို့၏စကားပြောသံများ ကြားလောက်သောနေရာဖြစ်သော်လည်း သူတို့စကားပြောသံများ မကြားရပါ။ ငြိမ်သက်လျက်သာ သူတို့ရှိနေကြပါသည်။

ကျွန်ုပ်၏ညနေစာကိုလည်း ခါတိုင်းပုံမှန်စားနေကျ အချိန်ထက်စော ပြီလာပို့ကြသောကြောင့် စောစောပင်စားပစ်လိုက်ပြီ ခင်းထားသော အိပ်ရာပေါ်တွင် ခွေနေလိုက်ပါသည်။ ထိုအချိန်တွင် ကျွန်ုပ်ကို စိတ်တထင့်ထင့်ဖြစ်စေ သောလေထုကြီသည် စခန်းပေါ်သို့ ကျရောက်လာခဲ့ပြီ အံ့သြထိတ်လန့်ဖွယ်အဖြစ် ဆန်းကြယ်သော ငြိမ်သက်ခြင်းသည် ဖြစ်ပေါ်လာခဲ့ပါတော့သည်။

ညည့်နက်သောအခါ သစ်ပင်ကြီများပေါ်ရှိ သစ်ရွက်ကြီများပေါ်မှ ကျလာသော နှင်းစက်တို့သည် ပုံမှန်ထက်စော ပြီကျနေသည်ကို ကျွန်ုပ်အိပ်နေသော တာပေါ်လင်းအခင်းပ်ါသို့ တစ်ပေါက်ပေါက်ဖြင့် ကျနေသည်ကို ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။

ကျွန်ုပ်သည် သက်သက်သာသာ ရှိနေပြီ စိတ်ချမ်းသာမှု ရှိနေသော်လည်း အချို့သေား အကြောင်းများကြောင့် အိပ်မပျော်နိုင် ဖြစ်နေရပါသည်။သံကြိုးရှည်ရှည်နှင့် လံထားသောဆင်များထံမှလည်း တစ်စုံတစ်ရာ လှုပ်ရှားသံကို မကြားရပါ။ဆင်ခလောက်သံများ ထွက်ပေါ်လာ သံကိုပင် မကြားရပါ။

စခန်းတွင် ဖိုထားသော မီးဖို၏နောက်ဆုံး မီခဲသည်လည်းငြိမ်းသွားခဲ့ပြီ ဖြစ်သည်။နောက်ဆုံးတွင် တော့ ကျွန်ုပ်သည် ကျွန်ုပ်ချစ်သောတော ကျွန်ုပ်ယုံကြည်စိတ်ချရဗသာ သူများ နှင့် ဆင်များ၏အလယ်တွင် စိတ်ချလက်ချပင် အိပ်ပျော်သွားတော့ သည်။

ထိုသို့ အိပ်ပျော်နေရာမှ ကျွန်ုပ်ရုတ်တရက် လန့်နိုးခဲ့ပြီ ကျွန်ုပ်၏စိတ်တွင် ကြောက်စိတ်များ ဖြစ်ပေါ်လျှက်လည်း ရှိနေသည်။ဥရောပတိုက်သားများသည် တောစခန်းတွင် အထီကျန်စွာ နေထိုင်ချိန်တွင် ထိုသို့ဖြစ်တတ်ကြပါသည်။

ကျွန်ုပ် အိပ်ပျော်သွားသည်မှာလည်း သိပ်မကြာသေးဟုလည်းထင်မိပါသည်။တစ်ချိန်တည်းမှာပင် အရုဏ်တက် ကာနီပြီဟုလည်းစိတ်ထဲက ခံစားမိပြန်သည်။ကျွန်ုပ်ကို မည်သူက လန်နိုးအောင် လုပ်လိုက်လေသနည်း။ ကျွန်ုပ်၏ တပည့်တစ်ယောက် ယောက် ကများရေနွေးအိုး တည်ရန် မီးထမွှေးသောကြောင့် ပေလောဟု ထင်မိပါသည်။

ကျွန်ုပ်သည် အိပ်ရာပေါ်တွင် ထထိုင်လိုက်ပါသည်။စခန်းတစ်ခုလုံးသည်လည်း အမှောင်ထဲတွင် ငြိမ်းချက်သားကောင်းနေပြီ အိပ်မောကျလျှက် ရှိနေခဲ့ပါသည်.ကျွန်ုပ်၏ လူများထဲမှ လည်းတစ်စုံတစ်ရာသော အသံနှင့် တစ်စုံတစ်ရာသော လှုပ်ရှားမှုများကို မတွေ့မြင်ရပါ။

ကျွန်ုပ် ထိုင်ပြီ နားထောင်နေစဉ် ရွာတွင်မွေးထားသော ကြက်တစ်ကောင်၏ တွန်သံ ကိုကြားလိုက်ရပါသည်။(မည်သည့်ရွာနှင့်မှ မနီသော တောခေါင်ခေါင်တွင် ထိုသို့ကြားလိုက်ရခြင်းဖြစ်ပါသည်) ထိုနောက် ကလေးတစ်ယောက်၏ ငိုသံကိုလည်း မသဲမကွဲ ကြားလိုက်ရပြန်ပါသည်။

ကျွန်ုပ် အိပ်မက်မက် နေခြင်းမဟုတ်ပါ။ကျွန်ုပ် ကောင်းစွာနိုးနေပြီဖြစ်ပါသည်။ ကျေးရွာ၏ ဘုန်းကြီကျောင်းကုန် မှ ကြေးစည်သံလည်းထွက်ပေါ်လာခဲ့ပြီ။ ခွေး(၆)ကောင်(၇) ကောင်ခန့်က ကြေးစည်းနောက်မှလိုက် ပြီအူသောအသံများကိုလည်း ကြးနေရပါသည်။

ဆက်ရန်ရှိ

ကျွန်ုပ် ညအိပ်ခဲ့သည့် “ ပရလောကရွာ”

ဟိုအရင်တုန်းက ပေါ့ဗျာ ရွာများနှင့်အဆက်အသွယ် မရှိသော အလွန်ကွာဝေးသည့် နေရာတစ်ခုကို ခရီးဆက်ခဲ့ရပါသည်။ ကျွန်ုပ် ကိုင်ထားသော မြေပုံအရဆိုရင် စခန်းချရမည့် ရည်မှန်းချက်နေရာမှာ ရှင်းလင်းထင်ရှာသော တောင်ကြောအတိုင်း လိုက်သွားလျှင်တွေ့ရမည့် နယ်နိမိတ်သတ်မှတ်ထား သောနေရာ ရေဝေးကုန်းတန်းတစ်နေရာဖြစ်ပါသည်။

ကျွန်ုပ်တို့ ထိုနေရာသို့ရောက်သောအခါ ထိုရေဝေးကုန်းတန်းရှိရာ တောင်ကြောသည် မြေပုံထဲတွင် ပါရှိသည့် နေရာထက် ဆိုးနေသည်ကို တွေ့လိုက်ရပါသည်။

ဓားသွားကို လှန်ထားသကဲ့သို့ အထက်သို့ချွန်ထက်နေသော တောင်ကြောဖြစ်နေသဖြင့် စခန်းချရပ်နားရန် မည်သို့မျှ မဖြစ်နိုင်ပါ။

ကျွန်ုပ်နှင့်အတူ လိုက်ပါလာသော ဝန်တင်ဆင်များသည် တောင်ကြော တစ်လျှောက် ပင်ခြေပိတ်ပေါင်းထူထပ်သော တောတွင်ခရီး ကိုအလေ့အကျင့်မ ရှိကြသောကြောင့် ခရီများစွာ ဖင့်နွှဲလျက်လည်း ရှိနေပါသည်။

ထိုနေ ခရီစဉ်အတွက် ကျွန်ုပ် မှာ စိုးရိမ်စိတ်များ ဖြစ်ပေါ်လာခဲ့ပါသည်။အကြောင်းမှာ နေဝင်ကာနီပြီဖြစ်သော်လည်း စခန်းချရပ်နားရန် သင့်လျှော်သည့်နေရာကို ရှာမတွေ့သေးခြင်းပင်ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်ုပ် သည် ကျွန်ုပ်၏ဆင်များရှေ့မှ ကျော်တက်လာခဲ့ရာ ခဏအကြာတွင် တောတွင်းကွင်းပြင် ကျယ်တစ်ခုကို ရုတ်တရက်တွေ့ရှိလိုက်ရပါသည်။ထိုနေရာအနီတွင် သောက်သုံးရန် သင့်လျှော်သည့် ရေကန်တစ်ခုကို လည်းထူးခြားစွာ တွေ့ရှိလိုက်ရပါသည်။ကွင်းပြင်သည် သိပ်မကျယ်လှသော်လည်း ကျွန်ုပ်နှင့် ပါလာသော ဆင်များနှင့်လူများ နားနေရန်အတွက် သာမက စခန်ချညအိပ်ရန်အတွက် လုံလောက်မှူရှိပါသည်။

ကျွန်ုပ်သည်နောက်မှလိုက်ပါလာသည့်ဆင်များ မီလားသည်အထိတစ်နာရီနီပ်ထိုင်စောင့်နေခဲ့ရပါသည်။ညနေ ဆည်းဆာအချိန် ရောက်သောအခါ ကျွန်ုပ်တို့အားလုံး အဆင်သင့် စခန်းချပြီသွားပါပြီင်္။ကျွန်ုပ်၏လူ များသည်လည်း ရည်မှန်ချက်သို့ဆက်လက် မချီတက်တော့ဘဲ ယခုနေရာတွင်ပင် ညအိပ်ခွင့်ရသဖြင့် ကျွန်ုပ်ကို များစွားကျေးဇူးတင်လျက်ရှိကြပါသည်။

ကျွန်ုပ်သည်လည်း မိုးကာတဲ မထိုးတော့ဘဲ တာပေါ်လင်စတစ်နေရာကိုဖြန်ခင်းပြီ ညအိပ်ရန် ဆုံးဖြတ်လိုက်ပါသည်။ ဆင်များကိုလည်း ရေချပြီနောက်သံကြိုးရှည်ရှည်ဖြင့် လံထားစေရန် သိုမဟုတ် တောင်ကြော၏ အခြားတစ်ဖက်သို့ ကိုက်(၂၀၀၀) အတွင်းလှည့်လည်အစာရှာကြစေရန်သညွှန်ကြားလိုက် ပါသည်။ ထိုသို့ စီစဉ်ရခြင်းမှာ နောက်နေ့နံနက်စောစောနှင်းမကွဲမီ ခရီဆက်ရန်အတွက် ဖြစ်ပါသည်.

ဆက်ရန်...

Sunday, April 5, 2009

ပြန်လာခဲ့ပါ

ငါ့ရဲ့ရှင်သန်နေတဲ့ နှလုံးသာလေးကို
မင်းကနင်ခြေတော့မှာလား...
မင်းရဲ့ သိပ်ချစ်တယ်ဆိုတဲ့စကားတွေ
တိမ်တွေလိုကွယ်ပျောက်သွားပြီလား
မင်းမရှိတော့ပင်မဲ့ ငါ့ရင်ထဲမှာ..
မင်ကရှင်သန်နေမှာပါ...
ငါကိုယ်တိုင်မွေးမြူထားတဲ့....
နှလုံးသားလေး...တစ်စုံ..
ငါ့ရင်ထဲကနေထွက်သွားတော့မှာလား..
ပြန်လာခဲ့ပါ...
မင်းအဆင်မပြေတဲ့တစ်နေ့ပေါ့...
ပြန်လာခဲ့ပါ...
မင်းကိုသူတို့ပစ်သွားရင်...
ပြန်လာခဲ့ပါ...
ငါ့ရင်ခွင်ထဲမှာ...မင်ကနေရာရှိနေပြီသားပါ..
ပြန်လာခဲ့ပါ....
ငါယုံကြည့်စွာနဲ့မျှော်လင့်နေ....

အဆိပ်ခွက်