Friday, July 31, 2009

ကျွနုပ် အိပ်ခဲ့ သည့် ပရလောကရွာ (၁)

ဟိုအရင်တုန်းက ပေါ့ဗျာ ရွာများနှင့်အဆက်အသွယ် မရှိသော အလွန်ကွာဝေးသည့် နေရာတစ်ခုကို ခရီးဆက်ခဲ့ရပါသည်။ ကျွန်ုပ် ကိုင်ထားသော မြေပုံအရဆိုရင် စခန်းချရမည့် ရည်မှန်းချက်နေရာမှာ ရှင်းလင်းထင်ရှာသော တောင်ကြောအတိုင်း လိုက်သွားလျှင်တွေ့ရမည့် နယ်နိမိတ်သတ်မှတ်ထား သောနေရာ ရေဝေးကုန်းတန်းတစ်နေရာဖြစ်ပါသည်။

ကျွန်ုပ်တို့ ထိုနေရာသို့ရောက်သောအခါ ထိုရေဝေးကုန်းတန်းရှိရာ တောင်ကြောသည် မြေပုံထဲတွင် ပါရှိသည့် နေရာထက် ဆိုးနေသည်ကို တွေ့လိုက်ရပါသည်။

ဓားသွားကို လှန်ထားသကဲ့သို့ အထက်သို့ချွန်ထက်နေသော တောင်ကြောဖြစ်နေသဖြင့် စခန်းချရပ်နားရန် မည်သို့မျှ မဖြစ်နိုင်ပါ။

ကျွန်ုပ်နှင့်အတူ လိုက်ပါလာသော ဝန်တင်ဆင်များသည် တောင်ကြော တစ်လျှောက် ပင်ခြေပိတ်ပေါင်းထူထပ်သော တောတွင်ခရီး ကိုအလေ့အကျင့်မ ရှိကြသောကြောင့် ခရီများစွာ ဖင့်နွှဲလျက်လည်း ရှိနေပါသည်။

ထိုနေ ခရီစဉ်အတွက် ကျွန်ုပ် မှာ စိုးရိမ်စိတ်များ ဖြစ်ပေါ်လာခဲ့ပါသည်။အကြောင်းမှာ နေဝင်ကာနီပြီဖြစ်သော်လည်း စခန်းချရပ်နားရန် သင့်လျှော်သည့်နေရာကို ရှာမတွေ့သေးခြင်းပင်ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်ုပ် သည် ကျွန်ုပ်၏ဆင်များရှေ့မှ ကျော်တက်လာခဲ့ရာ ခဏအကြာတွင် တောတွင်းကွင်းပြင် ကျယ်တစ်ခုကို ရုတ်တရက်တွေ့ရှိလိုက်ရပါသည်။ထိုနေရာအနီတွင် သောက်သုံးရန် သင့်လျှော်သည့် ရေကန်တစ်ခုကို လည်းထူးခြားစွာ တွေ့ရှိလိုက်ရပါသည်။ကွင်းပြင်သည် သိပ်မကျယ်လှသော်လည်း ကျွန်ုပ်နှင့် ပါလာသော ဆင်များနှင့်လူများ နားနေရန်အတွက် သာမက စခန်ချညအိပ်ရန်အတွက် လုံလောက်မှူရှိပါသည်။

ကျွန်ုပ်သည်နောက်မှလိုက်ပါလာသည့်ဆင်များ မီလားသည်အထိတစ်နာရီနီပ်ထိုင်စောင့်နေခဲ့ရပါသည်။ညနေ ဆည်းဆာအချိန် ရောက်သောအခါ ကျွန်ုပ်တို့အားလုံး အဆင်သင့် စခန်းချပြီသွားပါပြီင်္။ကျွန်ုပ်၏လူ များသည်လည်း ရည်မှန်ချက်သို့ဆက်လက် မချီတက်တော့ဘဲ ယခုနေရာတွင်ပင် ညအိပ်ခွင့်ရသဖြင့် ကျွန်ုပ်ကို များစွားကျေးဇူးတင်လျက်ရှိကြပါသည်။

ကျွန်ုပ်သည်လည်း မိုးကာတဲ မထိုးတော့ဘဲ တာပေါ်လင်စတစ်နေရာကိုဖြန်ခင်းပြီ ညအိပ်ရန် ဆုံးဖြတ်လိုက်ပါသည်။ ဆင်များကိုလည်း ရေချပြီနောက်သံကြိုးရှည်ရှည်ဖြင့် လံထားစေရန် သိုမဟုတ် တောင်ကြော၏ အခြားတစ်ဖက်သို့ ကိုက်(၂၀၀၀) အတွင်းလှည့်လည်အစာရှာကြစေရန်သညွှန်ကြားလိုက် ပါသည်။ ထိုသို့ စီစဉ်ရခြင်းမှာ နောက်နေ့နံနက်စောစောနှင်းမကွဲမီ ခရီဆက်ရန်အတွက် ဖြစ်ပါသည်.

ပိုစ့် အဟောင်းလေးကို ပြန်တင်ပေးခြင်းဖြစ်ပါတယ်...
ဆက်ရန်...

Thursday, July 23, 2009

ရင်တွင်းဝေဒနာ

ရင်မှာခံစား
ကျိတ်မှိတ်ဝေဒနာ
ဖွင့်ပြောရခက်
နေရခက်လည်း
ကျိတ်မှိတ်အောင့်အီး
သူသိမှာစိုး........
အိုဖြစ်ချင်ရာဖြစ်
ပြောလိုက်တော့မယ်
ဒီမှာ.....မိန်းကလေး...
(Toilet) ဘယ်နားမှာလဲ ..ဟင်

အဆိပ်ခွက်

ယဉ်ယဉ်လေးနဲ့ရှုး

တစ်နေ့နေ့မှာ တွေမှာ ပါ..
အချစ်စစ်ဆိုတာ..
အချစ်စစ်တွေရင် မြှားနတ်မောင်တောင်မှ
မြှားကုန်ခဲ့ရင် လေးနဲ့လှမ်းပစ်ပေးမှာပါ....

ဟုတ်မဟုတ်တော့ မသိပါ
ကျနော် စိတ်က ထင်တာပါ..
ကျောင်းအပြန်မှာ စီးတီးဟောဝင်..
ဒီကဗျာလေး ပိုစ့်ဝင်တင်..

ရှုးရှုးနဲ့ ပေါက် ကရအတွေးလေး ကို တင်လိုက်မိတာ ..

ခင်မင်လျှက်
အဆိပ်ခွက်

Tuesday, July 21, 2009

ကိုကြီးစိန်ရဲ့ မွေးနှေု့ ဆုတောင်း

ကြီးစိန် မွေးနေ့  အတွက် ဆုတောင်းပေးလိုက်ပါတယ်.. ဗျာ... ကိုကြီးစိန် မွေးနေ့ကို ကျနော် ဆုတောင်ပေးလိုက်တယ်.. နော်.. ဓာတ်ပုံတွေက လဲတင်လိုမရ.. ဆိုင်က ကွန်က ဘာဖြစ်လဲမသိဘူး.. အဲဒါ ဟတ်ပီဗာတ်ဒေးပုံလေး တင်ချင်တာ ရဝူးတဲ့.. ကိုကြီးစိန် မွေးနေ့မှာ စိတ်သစ်လူသစ် အချစ် သစ် .. အချစ်သစ် ဆိုမှ အချစ်ဟောင်းရောရှိနေသေး တာလား အသိဝူး .. ဘာဘဲဖြစ်ဖြစ် အသစ်.. အားလုံး အသစ်နဲ့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင် ပါစေ.. ကျနော် ကတော့ ကိုစိန်ကို ကခန့်ချောလေးပါ ကိုစိန်ရဲ့ ဓာတ်ပုံတွေချင်ရင် မကြီးမိုးခါ ဆိုဒ်ထဲမှာဝင်ကြည့်ကြည့်ပေါ့နော်.. စိတ်ဝင်စားသူများ စာရင်းလာပေးလိုရတယ်.. :P
ကိုကြီးစိန်.. မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေဗျာ. ကျနော် ဒီကနေဘဲ ဆုတောင်းပေးလိုက်တယ်..

အဆိပ်ခွက်

ဘယ်လိုပြောရမလဲနော်..

ကျနော်ခု ကျောင်း ကိစ္စ အကြောင့် က တစ်ခု နောက်ပြီး.. အိမ်မှာ ကွိုင်တတ်တာ ကြောင့်တစ်ခု ပိုစ် လေးတွေကို မတင်နိုင်သေးဘူး ကွန်ပြူတာကို အပြင်မှာလာ သုံးနေရတယ်... အပြင်မှာသုံးတယ် ဆိုပင်မဲ့လဲ.. မေလ်းတွေ က ဝင်ထားတာ တွေလိုက်ဖတ် .. ကျနော် လုပ်ထားတဲ့ ဆိုဒ်လေးတွေကို ပြန်ပြင် နဲ့လုပ်နေတာ.. ပိုစ်တင် ဖို့ခက်နေတယ်.. ရေးထားတာလေးတွေတော့ရှိပါတယ် ကျနော် ပိုစ်လေးတွေကို အတတ်နိုင်ဆုံးတင်သွားပေးပါ့မယ်.. . ခုလဲ စီတီးဟောမှာ လာသုံးနေရတယ်.. ညစ်တယ်ဗျာ... ကျနော် ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး အဟင့်...း(

အားလုံးကိုခင်မင်လျှက်
အဆိပ်ခွက်

Monday, July 13, 2009

link နာမည်ပြောင်းလဲခြင်း....

ကျနော် လင့်လေးပြောင်းလိုက်ပါပြီ.. အားလုံးဘဲ ဒီလင့်လေးကိုဘဲ လာရောက် လည်ပတ်ကြပါရန်... ကျေးဇူးအထူးတင်ရှိပါတယ်.....

http://asatekhwat.blogspot.com/

ခင်မင်လေးစားလျှက်
အဆိပ်ခွက်

နဲနဲလေးတော့လွဲနေတယ်...

မနက်က အိပ်ယာနိုးလာတယ်.. ဟား ငါဒီနေ့ကျောင်းတတ်ရမှာပေါ့ဆိုတဲ့ အသိနဲ့ အိပ်ယာ ထပြီ ပြင်ဆင်ပါတယ်..
ဒီလိုနဲ့ ၈နာရီထိုးသွားတယ် အိမ်ထဲ ကနေလဲထွက်ရော ဇာတ်လမ်းက စတော့တာဘဲ..
မနေ့က မကြီးမိုးခါးနဲ့ ကိုဂျပန်ကောင်လေးတို့ သွေးလှူပါတယ်.. သွေးလှူတဲ့လူတွေကို အစားအသောက်အလကားကျွေးတယ် လေ..ကတ်လေးနဲ့ပေါ့.. အဲဒီပွဲမှာ အဝဆွဲခဲ့တယ်.... ဦးရှင်ကြီးနဲ့ ကိုသီဟသစ် အပါအဝင်ပေါ့.. အားရပါးရဆွဲ ခဲ့ကြတယ် အဲဒီက ပြန်တော့ ဝါးတီး နောက်တစ်ပွဲထပ်ဆက်ခဲ့ပါတယ်.. အစ်မdream အိမ်မှာ ဆွမ်းကျွေးအလှူပေါ့..
အုန်းနို့ခေါက်ဆွဲကျွေးတယ်လေ.. အဝစားခဲ့ပါတယ် ၂ပန်းကန်... ကိုသီဟသစ်ကတော့ အိမ်က ခလေးနဲ့ချစ်ဇနီးလေးကို လွမ်းလို ဆိုပြီ ၃ ပန်းကန် ဆွဲခဲ့ကြောင်းပါ.. ဆွဲနေတုန်း ဒညင်းသီလေးက ပါသေး လက်ဖတ်ကလေးနဲ့ ... ဆွဲခဲ့ပါသေးတယ်.. ဖျော်ရည်က တစ်ခွက် သစ်သီတွေရောပေါ့ဂျာ.. ကျနော် တစ်ယောက်တည်းမစားပါဘူး အားလုံးစားတာ.. အဟက် အဲလောက်စားခဲ့တာကြောင့် မနက်လဲရောက်ရော စစ်ပွဲက စပါတော့တယ်ဗျာ...
အိမ်က နေ၈ နာရီထွက်ခဲ့တယ် လမ်းတစ်ဝတ်မှာ ဗိုက်ကနာလာတယ်.. bus ကားစောင့်နေတယ် ကားက မလာနိုင် ဗိုက်ကလဲနာ... နေကလဲပူ ညစ်ပါ့ဗျာ.. ဒီလိုနဲ့ ကားရောက်လာခဲ့တယ်.. တတ်စီသွားခဲ့တယ်.. လမ်းတစ်ဝတ်ရောက်တော့ စဉ်းစားမိတယ်.. ဒါလမ်းမှားနေတာလာ... ကားကဘဲ တစ်ခြားလမ်းနဲ့သွားတာလား..
ကျနော် မှာစဉ်းစားရခတ်ခဲ့တယ် ... အဒေါ်ပြောတဲ့ ကားနံပတ်လဲဟုတ်ပါတယ်.ပေါ့ ဒီလိုန့ ဆက်လိုက်သွားခဲ့တယ်.. ဟာ ဒါ bugis ကိုသွားနေတာဘဲ ကျောင်းက queenway နားမှာ.. အားမဖြစ်ဘူးဆိုပြီ ဆင်းလိုက်တယ် နာရီကြည့်လိုက်တော့ ၉း၁၅ ရှိပြီ ကျောင်းက ၉း၃၀ တတ်မှာ... အားလူက ဗိုက်ကနား ကျောင်းကလဲနောက်ကျတော့မယ်.. မထူးဘူးဆိုပြီ taxi ငှားစီးခဲ့တယ်...
ဒီလိုနဲ့ကျောင်းကို ၉း၄၀ မှာရောက်သွားတယ် ကျောင်းစ တတ်တဲ့နေမို့လို့လားတော့မသိဘူး.. ဆရာက စာမသင်သေးပါ... ဒီလိုနဲ့ နေရာဝင်ယူခဲ့တယ်.. မြန်မာ ကောင်လေး၂ယောက်တွေ့ပါတယ်.. အစက တော့ မြန်မာဟုတ်ရဲ့လား လိုစဉ်းစားလိုက် ခေါ်မယ်လုပ်လိုက် .. နောက်ပြန်ဆုတ်လိုက်နဲ့.. ဒီလိုနဲ့ နောက်ဆုံးဘာဘဲဖြစ်ဖြစ် ဆိုပြီ ခေါ်လိုက်တော့ မြန်မာဖြစ်နေတယ်လေ.. ပျော်မိပါတယ်..
ကျောင်းစတတ်တာအမှတ်တရလေးပေါ့ဗျာ.သူငယ်ချင်း နှစ်ယောက် အသစ်လဲရခဲ့ပါတယ်....

ဗိုက်ကနာ.. ကားကမှားစီး.. ကျောင်းကို နောက်ကျမှရောက်... အဟက်...

ဘာရေးရမှန်းမသိလိုရေးလိုက်တာ..
အဆိပ်ခွက်

Thursday, July 9, 2009

နဲနဲ လွဲလွဲ ဟဲဟဲ

CHEERS!!
မေ့ဆေးပျယ်လို့  နိုးထလာတဲ့အချိန်မှာ သူ ဘေးဘီ ဝဲယာကို
ဝိုက်ကြည့်လိုက်ပါတယ်။ သူက လူနာအိမ်ဆောင်ခန်းထဲက ကုတင်ပေါ်မှာ ရှိနေပြီး
သူ့ နံဘေးမှာ သူနာပြုဆရာမတစ်ယောက် ရပ်စောင့်နေတာ တွေ့ လိုက်ရတယ်။
ခွဲစိတ်ခန်းထဲမှာ အစစအရာရာ ချောချောမောမော ရှိခဲ့ရဲ့လားလို့  သူက
မေးပါတယ်။

သူနာပြုဆရာမလေးက ပြုံးပြီး …
“အဆင်ပြေပါတယ်ရှင်… အားလုံးချောချောမောမောပါပဲ”

“ကျွန်တော်က ခွဲစိပ်ခံရမှာကို ကြောက်ခဲ့တာဗျ”

“ဘာဖြစ်လို့ ကြောက်ရမှာလဲ၊ စိုးရိမ်စရာ ဘာဆိုဘာမှ မရှိဘူး”

“ကျွန်တော်က အမြဲတမ်း လွဲလွဲလေးတွေနဲ့  ကြုံခဲ့ရသူဆိုတော့
အမှန်အတိုင်းပြောရရင် ကြောက်တယ်ဗျ” … လို့ အစချီပြီး သူ့ ကို မွေးစကတဲက
လွဲမှားခဲ့ရတဲ့ အကြောင်းတွေကို စီကာပတ်ကုံး ပြောပြပါတော့တယ်။

သူ့ ကိုမွေးတဲ့ ဆေးရုံမှာ ကလေးချင်းမှားမိလို့  သူ့ အသက်
ဆယ်နှစ်သားလောက်အထိ အာရှသား လင်မယားကို သူ့ မိဘလို့ ပဲ မှတ်ယူခဲ့ရတယ်တဲ့။
သူ့ မိဘဆိုသူတွေကလည်း သူတို့ ရဲ့ ကလေးဟာ ဘာလို့  အသားတွေ ဒီလောက်ဖွေးပြီး
မျက်လုံးဒီလောက် ပြူးရသလဲ ဆိုတာကို အဲဒီတုန်းက ဘယ်လိုမှ စဉ်းစားလို
့မတတ်ခဲ့ကြဘူးတဲ့။ နောက်မှ ကလေးချင်းမှားမှန်း သိပြီး သူ့ ကို သူ့ ရဲ့
မိရင်းဖရင်းတွေဆီ ပြန်သွားပို့ ပေးကြသတဲ့။ အတိအကျပြောရရင်တော့ သူ
့မိခင်ဆီပြန်ပို့ ပေးတာပါ။ သူ့ အဖေက သူ့ အမေကို နှစ်အတော်ကြာကြာကတည်းက
ပစ်သွားခဲ့ပါပြီ။ ဥရောပသူ သူ့ မိန်းမက တရုတ် ရုပ်နဲ့ ကလေးလေး မွေးလာလို
့ပါတဲ့လေ။

“ကျွန်တော်နာမည်ကလည်း မှားပြီး ရ’ထားတာဗျ”

“ရှင့်နာမည်က လီရီယို မဟုတ်ဘူးလား”

“အမှန်က ကျွန်တော့်ကို လောင်ရိုလို့ မှည့်တာ။ အဲဒါ စိစစ်ရေးရုံးရောက်မှ
ဘယ်လိုကနေ ဘယ်လို လီရီယို ဖြစ်သွားလည်း ကျွန်တော်လည်း မပြောတတ်တော့ဘူး။”

လွဲမှားမှုတွေက အဲဒီမှာတင် အဆုံးမသတ်သေးပါဘူး။ သူကျောင်းတက်တော့လည်း
သူ’မကျူးလွန်ခဲ့တဲ့ ပစ်မှုတွေအတွက် ခဏခဏ မှားပြီး အပစ်ပေးတာကို ခံခဲ့ရတယ်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို သူက ဂုဏ်ထူးနဲ့ အောင်ပေမယ့် ကွန်ပြူတာက
စာရင်းမှားထုတ်လို့  သူ တက္ကသိုလ်တက်ခွင့် မရလိုက်ဘူး။

“ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်ကစပြီး ထူးဆန်းတဲ့ တယ်လီဖုန်းအခွန်တွေကို
ဆောင်နေရတယ်ဗျ။ ရှေ့ လတုန်းကဆို တယ်လီဖုန်းခ ငွေ ၃၀၀/- ဆောင်ခဲ့ရတယ်”

“ရှင်က နိုင်ငံခြားဖုန်းတွေ ခဏခဏ ခေါ်ပုံရတယ်”

“ဘယ်ကလာဗျာ… ကျွန်တော့်အိမ်မှာ တယ်လီဖုန်းတောင်မရှိဘူး။”

မိန်းမရတော့လည်း မှားပြီးရပြန်ရော။ သူ့ မိန်းမက သူ့ ကို တခြားတစ်ယောက်နဲ
့ မှားပြီး လက်ထပ်ခဲ့တာ။ အိမ်ထောင်ရေးကလည်း အဆင်မပြေပါဘူး။

“ဘာလို အဆင်မပြေဖြစ်ရတာလဲ…”

“သူက တခြားတစ်ယောက်နဲ့  မှားပြီးလက်ထပ်ခဲ့တာလေ။ ကျွန်တော့်ကို
တကယ်ချစ်တာမှ မဟုတ်ဘဲ။ အဲဒီတော့ သူချစ်တဲ့ သူ့ ချစ်သူဆီပဲ
အမြဲတမ်းသွားနေတော့တာပေါ့။”

လူမှားပြီး ခဏခဏ အဖမ်းခံရဖူးတယ်။ သ’ူမယူဖူးတဲ့ အကြွေးတွေအတွက်
အတိုးတောင်းတဲ့စာတွေ ခဏခဏရဖူးတယ်။ ဆရာဝန်ကသူ့ ကို အခုလိုပြောတော့
သူပျော်တောင်ပျော်သွားခဲ့တယ်ဆိုပဲ …

“ခင်ဗျား လူလောကမှာ သိပ်ကြာကြာ နေခွင့်မရတော့ဘူးဗျာ”

ဒါလည်း ဆရာဝန်က သူ့ ကို လူနာမှားပြီး ပြောမိတာတဲ့။ တကယ်က
ဘာမှဖြစ်လောက်တဲ့ ရောဂါမဟုတ်ပါဘူး။ အူအတက်ပေါက်ရုံကလေးပါ။

“အခု ခင်ဗျားက ကျွန်တော့ကို ခွဲစိတ်ခန်းထဲမှာ ဘာအမှားအယွင်းမှမရှိဘူး
ဆိုတော့ ယုံရခက်ခက်ပေါ့ဗျာ”

ဒီမှာတင် ပြုံးပြီးနားထောင်နေတဲ့ သူနာပြုဆရာမလေးရဲ့ မျက်နှာဟာ
တမဟုတ်ချင်း ငြှိုးကျသွားပါတယ်။

“အူ.. အူအတက်ပေါက်တာ… ဟုတ်လား …”

“ဟုတ်တယ်လေ … ကျွန်တော် အူအတက်ပေါက်လို့  ဖြတ်ထုပ်ဖို့ အတွက်
ဆေးရုံတက်ရတာလေ ... ဘာဖြစ်လို့ လဲ…”

သူနာပြုဆရာမလေး ပြန်ပြောလိုက်တဲ့စကားက …

“ဒါဆို ရှင်က … ယောက်ျားကနေ မိန်းမဖြစ်အောင် ခွဲစိတ်တဲ့ လူနာ မဟုတ်ဘူးပေါ့…”

အဆိပ်ခွက်

Sunday, July 5, 2009

မြင်မြင်ခြင်း ချစ်မိသွားတယ်...

လောက မှာ မြင်မြင် ချင်း ချစ်မိတဲ့ အချစ်ဆိုတာ ရှိတာဘဲ.. ဒါပင်မဲ့ အဲအချစ်ကို ဘယ်သူမှ မယုံကြဘူး... အချစ်ဆိုတာ ထူးဆန်းပါတယ်.. မြင်မြင်ချင်း တကယ်ချစ်တာလဲ ရှားပါတယ်... ဒါပင်မဲ့ တကယ်ဖြစ်သွားတဲ့ သူဘက်ကတော့ ဗျ.. ခံစားရပါတယ်.. အဲအကြောင်းလေးကို ဒီသီချင်းလေးနဲ့ ခံစားလိုက်ပေါ့ဗျာ...




အဆိပ်ခွက်

တိတ်တခိုးလေး..



တိတ်တခိုး ဆိုတာ အရမ်းခံစားရတယ်...

အဆိပ်ခွက်

မင်္ဂလာပွဲလေး

လက်ထပ်တယ်.. ထိမ်းမြားတယ်.. မင်္ဂလာဆောင်တယ် ဆိုတာ တကယ်တော့ တစ်မျိုးတည်းပါ.. အဲလေ မင်္ဂလာ ရှိတဲ့အကြောင်းအရာတစ်မျိုးတည်းပါဘဲလိုပြောတာပါ..

ခုဆိုရင် မကြီး နွေးနွေးသဲမွန် တို့ရဲ့ လက်ထပ်ထိန်းမြား ခြင်းမင်္ဂလာကို စင်ကာပူ နိုင်ငံ အော်ချက် နားမှာ ဒီနေ့ ကျင်းပ ဖြစ်ခဲ့ပါတယ်..
သတို့သား ညီဝင်းလွင် နဲ့ သတိုသမီး ထူးမြတ်နိုးဇင်(ခေါ်)နွေးနွေးသဲမွန်
တို့ရဲ့ ပုံလေးပါ ...
ဘလောဂါများကိုယ်စား အစ်မတို့နှစ်ယောက် အိုအောင် မင်းအောင် အသက်ထက်ဆုံး
တစ်ယောက်ပေါ်တစ်ယော်က နားလည်ခွင့်လွတ် သည်းခံပြီး အသက်ထက်တိုင် ပေါင်းသင်းနေထိုင်နိုင်ကြပါစေ လိုဆုမွန်ကောင်းတောင်းလိုက်ပါတယ်...

ဒီပွဲလေးကိုကြည့် ပြီ ကြေကွဲနေတဲ့လူကတော့ “ ငါတို့ မင်္ဂလာဆောင်တုန်းကလဲ ဒီလိုပါဘဲလား ဆိုပြီ ရန်ကုန်က ချစ်ဇနီးလေနဲ့ ကလေးကိုလွမ်းတယ် လို့ပြောပြီး အားနာနာနဲ့ ရှိသမျှ အကုန်စားခဲ့တဲ့ ကိုကြီးသီဟသစ် ပေါ့ဗျာ..
ခုတော့ တစ်ကားတော့ထွက်သွားပါပြီ... ကျန်ရှိနေသေးတဲ့ ကားတွေလဲရှိသေးတယ်... ဒါကတော့ ဘလောဂါတွေစုရိုက်ထားတဲ့ပုံပေါ့ .. ကိုဂျပန်က မပါလိုက်ဘူး အလုပ်ကိစ္စနဲ့ မို့လို့ အမြန်စားပြီ ပြေသွားတော့ ဓာတ်ပုံရိုက်တဲ့ထဲမပါလိုက်ဘူး....

ကိုသီဟသစ် .. အဆိပ်ခွက် .. ညီဝင်းလွင်+နွေးနွေးသဲမွန်.. တောင်ပေါ်သား .. မိုးခါး

မှတ်ချက် လူပျိုကြီး. အပျိုကြီးများစရင်း... သူတို့လဲ အတွဲတွေမပါသေးတော့ ရထားထွက်လိုမရဖြစ်နေတယ်.. အဲတော့ ကြေညာပေးလိုက်မယ်...
တောင်ပေါ်သား.. ဂျပန်ကောင်လေး.. ဖိုးစိန်..ဦးရှင်ကြီး... ကိုငယ်.. အိုက်ခိလောက်.. ငပျင်း... ကိုရီနို.. မိုးခါး... ကြယ်ဖြူစင်.. ကောင်းကင်ပြာ.. မကြီးရောင်.. မေလေး.. မငုံ..
သူတို့ကို စိတ်ဝင်စားသူများ ကျနော်ကို ဆက်သွယ်နိုင်တယ်.. အဟ.. အားလုံးက အလန်းလေးတွေပါဘဲဗျ...

ဘယ်သူတွေကျန်သေးလဲ အသိတော့ဝူး လူကလဲမှတ်မိတော့ဝူး.. ကျန်ခဲ့ရင် နာမည်စရင်းလာပေး

သူတို့တွေရဲ့ ပွဲလေးမှာလဲ ခုလို သွားစားဖို့ ဆုံဖြတ်ပြီးသားပါ.. အဝကိုစားမှာ.. အဟ.. အဲလိုပြောလို ကြောက်ပြီး အပြောဘဲနေရဝူးနော်.. ဟွန့်..
အဆိပ်ခွက်

Friday, July 3, 2009

ယောကျာင်္းသားနဲ့ ကြောက်စိတ်....

ကျနော်လဲ ဘာရေးရမှန်းမသိတာနဲ့ ... ဒီဟာလေဘဲရေးပေးလိုက်တယ်.. ယောကျာ်တွေ ငိုတာကို မိန်ကလေးတွေက ဟာ ယောကျာ်ကြီးဖြစ်ပြီ ငိုတဲ့ ဆိုပြီ အထင်သေးကြတယ်.. နောက်ပြီ ဟာယောကျာ်ကြီး ဖြစ်ပြီ ကြောက်နေလိုက်တာ ဆိုပြီ ကဲ့ရဲ့ ကြတယ် ... ဒါတွေဟာ အဖြစ်သင့်ပါဘူး.. အောက်ကစာလေးကိုဖတ်ကြည့် ပေါ့နော်...

ယောကျာ်ဆိုးတာ ကြောက်စိတ်မရှိဘူးလို့ အချို့စွဲမှတ်နေကြတယ်... အမှန်တော့ အဲဒီ အစွဲဟာ ရာနှုန်းပြည့် မမှန်ကန်ခဲ့ဘူး... ယောကျောင်္းဆိုတာ အပူသောကနဲ့ ကြောက်စိတ်တွေရင်ထဲ ဘယ်လောက်ပဲမွှေနှောက်နေနေ အပြင်ပိုင်းမှာ ကိုယ့်ကိုကိုယ် ထိန်းချုပ် ထားနိုင်ကြသူတွေဖြစ်တယ်... အေးဆေး တည်ငြိမ်မှုရှိတဲ့ ဟန်ပန်.. ကြောက်စိတ်ကင်းမဲ့တဲ့ ဟန်ပန်ကို များသေားအားဖြင့် တတ်နိုင်သမျှ ဆောင်ယူထားနိုင်ခဲ့ကြတယ်....
အချို့ကပြောတယ်.. ယောကျာင်္းကောင်းဆိုတာ မျက်ရည်ကျသူတွေ မဟုတ်ကြဘူးတဲ့... ဒါလည်းမမှန်ခဲ့ပြန်ဘူး.. တစ်ခါတစ်ရံမှာ.. တစ်ယောက်တည်းရှိတဲ့ အခါနဲ့ ဘယ်သူမြှုမင်တွေ့မရတဲ့ နေရာမှာ မျက်ရည်ကို သွန်ထုတ်တတ်ကြတယ်... ဒါမှမဟုတ် ရင်ထဲမှာပဲ ကြိတ်မှိတ်ပြီး ငိုတာရှိခဲ့ပါတယ်... အချို့က မိမိကားထဲမှာ.. ကားစီးရင်းက ငိုကြွေးဖြစ်ကြတယ်.... အချို့ကလည်းချစ်သူ့ရင်ခွင် ကြားမှာ..ငိုကြွေးတတ်ကြတယ် (ဒါကတော့ ချစ်သူရှိတဲ့သူမှပါ.... :P) အချို့ကျတော့ ရေချိုးခန်းထဲက မှန်ကိုငေးကြည့်ရင်းနဲ့ သြော်..နှစ်ပေါင်းများစွာ အလုပ်အကျွေး ပြုခဲ့တဲ့ ငါဟာ နောက်ဆုံးရလိုက်တာကတော့ အိုမင်းခြင်းရယ်ပါပဲ ဘာဆိုပြီး ရေရွတ်ရင်းနဲ့ မျက်ရည် အလိုလိုကျချင် ကျတတ်တယ်....။

ယောကျာင်္းတိုင်းဟာ သူတို့လုပ်ကိုင်ဆောင်ရွက်တဲ့ အလုပ်တိုင်းကို မိုးလောက်ကြီး အရေးကြီးတယ်လို့ သတောထားတတ်ကြတယ်.. အဲဒီလို တန်းဖိုးထားခြင်းဟာလည်း ယောကျာင်္းရဲ့ ကြောက်စိတ်နဲ့ တစ်မျိုးတစ်ဖုံ အချိတ်အဆက်ဖြစ်နေပြန်ပါတယ်... ထောင်ပေါင်းများစွာသော အလုပ်ရှင်များရဲ့ အလုပ်သမားများဟာ အချို့မကျေနပ်တဲ့ ကိစ္စတွေကို ထိန်းချုပ်မျို သိပ်ထားတယ်.. အဲဒီမှာ လက်ဖဝါးချွေးစေးပြန်လာတယ်.. တစ်ဖက်က အလုပ်ဖြုတ်ခံရတာ မျိုးတွေ ကားတစ်စီးလုံး ပြန်အသိမ်းခံရတာမျိုးတွေဖြစ်နေကြတယ်.. ဒီလိုသာ ပြုတ်သွားခဲ့ရင် သူ့ကိုမှီတွယ်နေတဲ့ အသိုက်အမြုံလည်း ဒုက္ခရောက်မှာပဲဆိုတဲ့ ကြောက်စိတ်ဟာ အိမ်မက်ကလန့် အနိုးလာသူကို ထပ်မံခြောက်လန့်ခဲ့ပြန်တယ်.. ငိုကြွေးမှုဆိုတာ ကိုယ့်ကိုကိုယ် ကာကွယ်မှုယှုတဲ့ ပျော့ကွက်တစ်ခုပဲ.. ဒါပေမယ့် “ကျွန်တော်တော့ ဘယ်လိုမှကို မကိုင်တွယ်တတ်တော့ဘူးဗျား ” ဆိုပြီးတစ်ချို့လည်းတိတ်ပျက်အားလျော့ စွာ ပြောတတ်ကြတယ်.. တစ်ခါတစ်ရံကျတော့ ယောကျာ်သားတွေရဲ့ ငိုကြွေးမှုဟာ ဒေါသအမှုအရာနဲ့ပြတယ်... ပါးစပ်က ဆဲရေးတိုင်းထွာမှုနဲ့ဖော်တတ်တယ်... ကြောက်စိတ်ကို မျက်ရည်ထက် ပိုမြင့်မားတဲ့အရာတွေနဲ့ အစားထိုးတာပါပဲ......။

နောက်ဆုံးယောကျာ်းတွေနဲ့ ကြောက်ရွံ့ချက်ကတော့ အသက်ကြီးလာတာနဲ့အမျှ အိုမင်းမစွမ်းရှိလာမှာကို စိုးရိမ်ပူပန်မူ ကြီးမားတဲ့ ကြောက်ရွံ့ စိတ်ပါပဲ... အချို့ဟာ ကိုယ့်ရဲ့ ဆံပင်တွေပါးလာပြီး ထိပ်ပြောင်စဖြစ်လာတာကို မြင်လိုက်ရတာနဲ့ပဲ ပတ်ထားတဲ့ ခါးပတ်ဟာတင်းသွားရသတဲ့... အဲဒါဟာ ကြောက်စိတ်ကြောင့်ဗိုက် ကြွက်သားစိုင်းတွေ တင်းမာလှုပ်ရှားသွားရတဲ့ သဘာဝတစ်ခုဖြစ်တယ်.....။
ဂုရု “ဂျင်းဖ်ဖစ်” ဆိုတဲ့ ပုဂ္ဂိုလ် အသက် ၄၀ ကျော် နဲ့ သေသွားတုန်းကလည်း ယောကျာ်းသား အတော်များများ ဟာ တုန်လှုပ်ခြောက်ခြား သွားရသတဲ့ .. (ဟုတ်မဟုတ်အသိဖူး ကြားဖူးတာ) .. “ဒီပုဂ္ဂိုလ်တောင် အရွယ်စောပြီး သေတာမျိုးရှိခဲ့ရင်” ဆိုပြီး သံဝေဂနဲ့ ယှဉ်တဲ့ကြောက်စိတ်ပေါ့...။

သူတို့သောက်ခဲ့တဲ့ ဘီယာ...(အဲလေ.. ဘာဘဲဖြစ်ဖြစ်ပေါ့).. မှားခဲ့တဲ့ အရာတွေ.. စားခဲ့တဲ့ အရာတွေထဲမှာ ရောဂါဖြစ်ပွားနိုင်တဲ့ အကြောင်းတွေ အများအပြားပါဝင်နေခဲ့တယ် မဟုတ်လား... ပြောရမယ်ဆိုရင် လှုမှု အဆာက်အဦးတစ်လုံးဟာ ကြောက်စိတ်ကနေ ရှောင်ရှားဖို့ခက်ပါတယ်.. ယောက်ကျာ်းသာဒတွေအတွက်တော့ မိန်းမ တွေထက် ပိုလွန်တဲ့ကြောက်စရာ အကြောင်းတွေ ရှိနေခဲ့ပါတယ်..ဒါပင်မဲ့ ပြင်ပ မှာတော့ မျက်ရည် ဆိုတာ ချိုနဲ့လား ပေါ့ဗျာ.....။

နောက်ပြီး တစ်ချို့ဟာတွေက ကျနော် ပါပါး(မြန်မာလို အဖေပေါ့) .. တစ်ချို့ဟာတွေက ကျနော့်  မာမား( မြန်မာလိုအမေ ) သူတို့ပြောပြခဲ့တဲ့ စာကားပုံလေးတွေရှိပါတယ်.. ကျနော် မှတ်မိပါတယ်.. ဘာလိုလဲဆိုတော့ ရေးထားလိုအဟီး.. ခေါင်းထဲမှာက နဲနဲဘဲရှိတာ. စာအုပ်ထဲမှာတော့ရှိတယ်.. အောက်မှာ ဆက်ကြည့်လိုက်နော်...
-ကြောက်စိတ်ကိုနိုင်နင်းတဲ့ အခြားဆေးတစ်ပါးကတော့ “မေတ္တာ” တရားပါပဲ...။(ဒါတော့မှတ်မိတယ်. ငယ်ငယ်က ဆိုသရဲ အရမ်းကြောက်လို အမေပြောခဲ့တာ စကား.. မေတ္တာ ပို့ပါတဲ့.. သူတိုကို ... )
-ကိုယ့်လက်ထဲ ရောက်ရှိနေသောအလုပ်တွင်ရှိသမျှ အာရုံပုံသွင်းပြီး.. စူးစူး စိုက်စိုက် စိတ်ထား နိုင်ခြင်းသည်သာ အလုပ်အကိုင် တိုင်းရဲ့ အောင်မြင်မှု၏ လျှို့ဝှက်ချက် ဘဲ....
-ကိုယ့်လက်ရှိရောက်နေတဲ့ အခြေအနေတစ်ခုအပေါ်မှာ ဘယ်သောအခါမှ သိမ်ငယ်သေးနုတ်လှတယ်လို့ စိတ်မဝင်မိပါစေနဲ့...
ကျန်သေးတယ် မှတ်မိတော့ဘူး ဒါလေးတောင် ရေးထားတဲ့စာအုပ်လေးပါလာလို မှတ်မိတာ.. အဟ..

အဆိပ်ခွက်