Sunday, May 31, 2009

စိတ်ထင်ရာ

ပင်လယ်ပြင် သောင်ခြေဆီမှာ
လှိုင်းလုံးများ အပြေးလေး
ဝင်ရောက် ခိုနား ကမ်းကပ်
အော်.... သူတို့ပြန်ဆုံကြပြီကို

တိမ်တိုက်လေးတွေ ငိုနေပြီ..
တိမ်းတိုက်လေး အငိုတိတ်အောင်
သဘာဝက ချော့ပင်မဲ့
ငါနှလုံးသား ငိုနေတာကို
ဘယ်သူ လာချောမလဲ.........

လူဘဝက
ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်လိုပါဘဲလား........

မျှောလာမျှောလာ ဗုံလုံ မြစ်ကြောင်းတစ်လွှား
အဝေးကနေ ငါးပျံလေး လိုက်လိုဟပ်
သို့သော်လည်းဘဲ...
ညီညီမျှမျှ ချိန်ခွင် ပမာ...
သူတို အလေးချိန်တူနေတာ...
ပေါ်လိုက် နစ်လိုက်
သူတိုမှာ.. မမောနိုင်ရှာ.....

လူဘဝကား ထိုသိုပမာ ...
နိမ့်လိုက် မြင့်လိုက်ရှိနေတာ
အတုယူပါ
ရှေးစကား.....
ဗုံလုံသီးနဲ့ ငါးပျံအား.....

အဆိပ်ခွက်

Friday, May 29, 2009

ခံစားချက်

ဆောင်လေတွေက တအေးအေး
မီးပုံလေး ဘေးမှာ ငြိမ်ငြိမ်လေး
မီးလှုံနေသော်လည်း... မနွေးတာ
ဘာလိုလဲ....
အော်ချစ်သူမင်းမှ ငါ့ဘေးမှာ မရှိတာကို...

ငါအမြဲတွေး ငါတိုပြန်ဆုံးရေး..
ဘယ်နေ့ဘယ်ချိန်ပြန်ဆုံမယ်...
သေချာမပြောနိုင်သော်လဲ..
ငါ့ရင်ထဲမှာ ရှိနေတာ နင်တစ်ယောက်တည်းပါ....

အရမ်းချစ်တယ် သတိရတယ် အရမ်းချစ်တယ် သတိရတယ် အရမ်းချစ်တယ် သတိရတယ် အရမ်းချစ်တယ်

သတိရတယ် အရမ်းချစ်တယ် သတိရတယ် အရမ်းချစ်တယ် သတိရတယ် အရမ်းချစ်တယ် သတိရတယ်

အရမ်းချစ်တယ် သတိရတယ် အရမ်းချစ်တယ် သတိရတယ် အရမ်းချစ်တယ် သတိရတယ် အရမ်းချစ်တယ်

သတိရတယ် အရမ်းချစ်တယ် သတိရတယ် အရမ်းချစ်တယ် သတိရတယ် အရမ်းချစ်တယ် သတိရတယ်

အရမ်းချစ်တယ် သတိရတယ် အရမ်းချစ်တယ် သတိရတယ် အရမ်းချစ်တယ် သတိရတယ် အရမ်းချစ်တယ်

သတိရတယ် အရမ်းချစ်တယ် သတိရတယ် အရမ်းချစ်တယ် သတိရတယ် အရမ်းချစ်တယ် သတိရတယ်

အရမ်းချစ်တယ် သတိရတယ် အရမ်းချစ်တယ် သတိရတယ် အရမ်းချစ်တယ် သတိရတယ် အရမ်းချစ်တယ်

သတိရတယ် အရမ်းချစ်တယ် သတိရတယ် အရမ်းချစ်တယ် သတိရတယ် အရမ်းချစ်တယ် သတိရတယ်

အရမ်းချစ်တယ် သတိရတယ် အရမ်းချစ်တယ် သတိရတယ် အရမ်းချစ်တယ် သတိရတယ် အရမ်းချစ်တယ်

သတိရတယ် အရမ်းချစ်တယ် သတိရတယ် အရမ်းချစ်တယ် သတိရတယ် အရမ်းချစ်တယ် သတိရတယ်

အရမ်းချစ်တယ် သတိရတယ် အရမ်းချစ်တယ် သတိရတယ် အရမ်းချစ်တယ် သတိရတယ်

အဆိပ်ခွက်

Tuesday, May 26, 2009

တွေ့ဖူးသောဘလောဂါများ

သူများတွေများ အတွေချင်ဆုံးဘလော့ဂါ တွေလုပ်နေတာ ပျင်းလာလို ခု ကျနော် တွေဖူးသောဘလော့ဂါများကို ကျနော် စလိုက်တယ်ဗျာ...

ကျနော် အရင်ဆုံးတွေဖူးတဲ့ဘလော့ဂါကတော့ ကျနော် ငယ်ဘော်ဒါ စနေသား ပါ .... သူအားပေးလိုလဲကျနော် ဘလော့လေးဖြစ်လာတာပါ... စနေက ချောတယ်နော်.. မျက်မှန်လေးနဲ့ .. စိတ်ဝင်စားရင် ကျနော် နား စာရင်းသွင်းလိုရတယ်....ဟီ...


နောက်တစ်ယောက်ကတော့ ကျနော် ကိုနေ့လည်စားအတူတူသွားဝါးမယ်လိုပြောတဲ့ မကြီးရောင်ပြန် .. အဲလိုပြောလာတော့ကျနော်လဲ အားနာနာနဲ့ မညင်းလိုက်ပါဘူး..... ဟုတ်လိုပြောလိုက်တယ် ဘာလိုလဲဆိုတော့ ခေါ်ရတာမောနေမှာဆိုးလိုး ဟီး....

ရုပ်ရှင်သွားကြည့်တဲ့နေက အရင်တွေလိုက်တဲ့ ဘလော့ဂါကတော့ အသည်းနှလုံး ပျောက်ဆုံးနေတဲ့ ကိုကြီးရီနို ပါ... သူကိုရှာပေးချင်တဲ့ လူများရှိရင် စာရင်းပေးကြပါ...... သဘောကောင်းတယ်နော်.. အတွေမမှားကြနဲ့...ဟီး....

နောက်ကျနော် တွေလိုက်တာက အမ်မာတီမှာရပ်နေကြတဲ့ လူအုပ်ထဲက စတွေတာ တောင်ပေါ်သား ပါ... ကျနော် ထင်တာက တောင်ပေါ်သား ဆိုတာ ဝဝ ကစ်ကစ် အဲလေး.. နဲနဲဝဝ ထောင်ထောင်မောင်းမောင်းပေါ့ တွေလိုက်တော့ဘယ်ဟုတ်မလဲ.... စနေလိုဘဲချောချောလေး... မျက်ခုံးမွှေးထူထူလေးနဲ့ သူလဲ နှလုံးသားပိုင်ရှင် ရှိသေးဘူးတဲ့ ကယ် ကိုတောင်ပေါ်ကို ဘယ်သူက ရှာပေးချင်လဲ....ဟိ...

နောက်တစ်ယောက်က ဦးရှင်ကြီး အဟမိုက်တယ်ဟ... ဦးရှင်ကြီး ဆံကေသာ ကတော့ လန်းနေတယ်.... အမှီးလေးနဲ့ ... မှုတ်ဆိတ်မွှေးလေးနဲ့ ဟီး... ဦးရှင်ကြီး က အသည်းနှလုံးရှိပြီသားလား မရှိသေးဘူးလာတော့သိဘူးး.. သိချင်သွားမေး...ဒါဗြဲ..


နောက်တစ်ယောက်ကတော့ မကြီးမိုးခါး တဲ့ မိုးတောင်မှခါးရတယ်လို... ဘာတွေလုပ်လဲသိဘူး... သူကတော့ ပူပူနွေးနွေးလေး 24 ပြည့်ထားတား.. အသက် ... သူကိုတော့သွားမလုပ်နဲ့ ပိုင်ရှင်ရှိတယ်... အဟ..

နောက်တစ်ယောကဂျပန်ကောင်လေး တဲ့ ပန်ပန်လိုခေါ်တယ် ... သူကတော့ ဒကယ်ဂျပန်သေလိုဝင်စားထားတာ ကြက်သားဟင်းနဲ့ အဲလေ ဟုတ်ပေါင်း.. ဂျပန်ရုပ်လေးနဲ့... တူတယ်လို... မယုံရင် သွားကြည့်...

နောက်တစ်ယောက်ကတော့ နာရီ ရှယ် အကောင်းစားပတ်ပြီး နောက်ကျနေတဲ့ မကြီး ကြယ်ဖြူစင်....

သူနာရီအကောင်းလွန်သွားတယ်လေ...
မကြီးမိုးခါးမွေးနေ့မှာ တွေလိုက်တာ ကိုဖိုးကျယ် ... ကိုနေသစ်.. ကိုသီဟသစ်.. .. ကိုဖိုးကျယ် ကတော့ ချောချောလေးနော်... ကြော်ညာပေးတာပါ.. ရှေ့ကားတွေ ပိတ်နေလို့.... ဒါပင်မဲ့ ကိုနေသစ်နဲ့ ကိုသီဟသစ် တော့လုပ်လိုက်နဲ့နော် ဟွန်ဟွန် အိမ်က ဇနီးလောင်းလေးတွေ လိုက်လာမယ်...

အဲနေ့မှာဘဲတွေဖူးလိုက်တာ VZO ကနေ... ကိုဖိုးစိန် သူက ခန့်ချောကြီးနော်... မြှောက်ပေးတာ.. အဲဗားခေါင်းလေးကုတ်ပြီး စဉ်းစာနေတဲ့ လူလေး.ဟီး...

နောက်တစ်ယောက်ကတော့ ကျနော် ရစ်နေကျ ကိုရဲ ကိုတွေဖူးတာဘဲ ... သူကတစ်ဝတ်ဘဲပြတယ်... ရှက်လိုတဲ့ဟီး.... တစ်မျိုးမထင်နဲ့ VZO ကိုပြောတာ..

နောက်တစ်ယောက်က ကျနော် ဘော်ဒါ ၂ယောက် ... အိုက်ခိလောက် နဲ့ အိုက်ချီးခန့် အပြင်မှာမတွေ့ဖူးပင်မဲ့ ကျနော် ကိုဓာတ်ပုံ ပိုလားပေးလို ရယ် VZO ထဲမှာ ချက်လိုက်တော့ သူတိုကိုတွေဖူးလိုက်ပါတယ်....

နောက်နေ့မှာ ဦးရှင်ကြီးက ကျနော် ကိုမုန့်မုန့်လိုက်ကျွေးတယ်လေ.. ရွှေအင်းလေးမှာ ကျနော် မကြီးကောင်းကင်ပြာ နဲ့တွေလိုက်ရပါတယ်... မကြီးကသဘောကောင်းတယ်... ဟီး....

အဲနေ့မှာဘဲ ဂျပန်ကလာလည်တဲ့ မကြီး မယ်ဂုမီ ကိုကျနော် မထင်မှတ်ဘဲတွေလိုက်ရပါတယ်.. အဲနာမည်ကို အဲနေ့မှာဘဲကြားဖူးတာ သူကတော့ ကျနော် ကို သိတယ် ကော်မန့်တွေပေးဖူးတယ်တဲ့ ကျနော် ကတော့ ကြားတောင်ကြားဖူးဖူး ခုတော့သိလိုက်ပါပြီး...


နောက်ထပ်ဘလောဂါများနဲ့တွေချင်ပါသေးတယ်... ဘယ်ချိန်တွေရမလဲတော့မပြောတတ်ဘူး.. ခုတော့ တွေ့ဖူးသောဘလောဂါများကို ကျနော် ရေးချလိုက်တယ်...ဟီ ပျင်းလိုဘာရေးရမှန်းမသိတာနဲ့

ကျနော် တဂ်တာ အရမ်းဝါသနာ ပါ၏.......
၁) မကြီးရောင်ပြန်
၂)တောင်ပေါ်သား
၃)ကိုရီနို
၎)မကြီးမိုးခါး
၅)ဂျပန်ကောင်လေး
၆)ကိုဖိုးစိန်း
၇)မကြီးကောင်ကင်ပြာ
၈)ကိုသီဟသစ်

ကျန်တဲလူတွေက အကြောင်းအမျိုးမျိုးကြောင် စာမေးပွဲရှိတာရယ် နက်မကောင်းတာရယ် ရန်ကုန်ပြန်တော့မယ်လူတွေရယ်ပါနေလိုနော်...ဟွန်ဟွန့်......

အရုပ်လေးရဲ့အဆိပ်ခွက်

Monday, May 25, 2009

မိတ်ဆက်

ကျမ ကတော့ ဘလော့ဂါအသစ်လေးပါ..... အစ်ကို က သူရဲ့ ဘလော့လေးနဲ့ အတူတူ ရေးရအောင် တဲ့ အဲဒါနဲ့ ကျမလဲ အစ်ကို နဲ့ထပ်တူပါဘဲလေ..... သဘောတူလိုက်တယ်... ကျမလဲ ဘလော့ရေးတာ ဝါသနာပါပါတယ်.. ခုကျမ အရုပ်လေး ဆိုတဲ့နာမည်နဲ့ ဘလော့လေး တတ်နိုင်သလောက်ဝင်ရေးပါမယ်... . ဘာလိုလဲဆိုတော့ မြန်မာကော်နက်ရှင် ကသိတဲ့ အတိုင်းဘဲလေ... တတ်လိုက်ကျလိုက်နဲ့ဆိုတော့ ကျမ မတင်နိုင်ရင်လဲ ကျမ တင်ချင်တဲ့ စာလေးတွေကို အစ်ကိုစီပို့ပြီတော့ အစ်ကိုက တင်ပေးပါလိမ့်မယ်... မနေ့တုန်းက ကျမမွေးနေ့ကို ဆုမွန်ကောင်းတောင်ပေးတဲ့ ဘလောဂါ အစ်ကိုအစ်မ များကို . ကျေးဇူးတင်ပါတယ်.....

အရုပ်လေး..

happy birthday


" happy birthday "

On Your Birthday I wish for you
some quiet time..........

For Dreaming your own dreams.
For Finding the magic in life
life's most beautiful moments
For enjoy the endless
surprise of nature

I Wish You a
Wonderful Birthday!

ဒီနေ့သူလေးရဲ့ မွေးနေ့လေးပါ......... ကျနော် အရမ်းပျော်ပါတယ်......
အဝေးရောက်ချစ်သူ
အဆိပ်ခွက်

Friday, May 22, 2009

အွန်လိုင်းမှာ ချစ်သူ တွေထားမယ်ဆိုရင် ... ဒီလိုတော့ မဖြစ်စေနဲ့

တောက်.. ဒီကွန်နက်ရှင်နဲ့တော့ သောက်ရေးကိုမပါဘူး ..

ကောင်မလေး ဖုန်းနံပါတ်ပေးတော့မယ် ဆိုကျပြီ ..

ရည်းစားစကားပြောခါနီးရင် ကျပြီ..

အီလို့ ကောင်းနေတုန်းဆို ကျပြီ …. ကျကိုကျနိုင်လွန်းတဲ့ ကောင်..
ဖြစ်နိုင်ရင် အ၀ီစိချိုးကပ်နေအောင် ကျချင်နေတဲ့ကောင် …. ။

အခုလည်း ကြည့်.. သူ ကောင်မလေးနဲ့အဆင်ပြေနေတုန်း ကျပြန်ပြီ ။ ဒီကောင်တော့
ဘယ်ဘ၀ကများ ငါ့ကိုအမြင်ကပ်ခဲ့လဲမသိဘူး ။

ဟော.. အိပဲ့အိပဲ့နဲ့တော့ ပြန်တက်လာပြီ ။

တော်ပါသေးရဲ့… ကောင်မလေး ရှိပေသေးလို့ ။ မဟုတ်ရင်
အိပ်မပျော်ဘူးလို့မထင်နဲ့ နောက်တစ်နစ်ခ်ပြောင်းကျူရမှာစိုးလို့ဗျ.. အစကနေ
ပြန်ပြောရမှာ.. ဘယ်လောက်ပင်ပန်းလဲ ။

အခုတော့ တော်ပါသေးတယ်.. ကောင်မလေးက သူ့ကိုစောင့်နေလားမသိဘူး
(ကိုယ့်ဘက်ကိုယ်တွေးတယ်ဗျာ.. ဘာပြောချင်လဲ )

Me : ချစ်လေး.. ကိုယ် Connection ကျသွားလို့နော် စိတ်ဆိုးနေလားဟင်..

Kgmalay : ဒီလူကြီးနော်.. ဘာကြီးမှန်းတိဝူး.. ဘီတူက ရှင့်ချစ်လေးလဲလို့

Me : အာာ.. ဒီကချစ်လေး ကိုပြောတာပေါ့ဗျ..ကိုယ်က
ချစ်လေးတစ်ယောက်တည်းနဲ့ပဲပြောနေတဲ့ဟာ

ဘာလဲ ချစ်လေးက ချစ်လေးလို့ ခေါ်ခံချင်ဘူးလား ဒါဆို သည်းလေးလို့ခေါ်မယ် လေနော် …

Kgmalay : လူလည်ကြီး ..ဟွန့် မုန်းချင်ချာဂျီး ..

Me : မုန်းပါနဲ့ဗျာ.. ချစ်ပါနော်.. ချစ်တယ်မလားဟင်

(အမလေးဗျာ.. ချွဲလိုက်တာ တရော်များဖျော်သောက်ထားလားသိဘူး)

Kgmalay : သွားးးပါ…. ချစ်ဘူး သူက အကုန်လုံးကို ချစ်တယ်ပြောနေတာမလား ဒီကသိသားပဲ…

Me : သိဘူးဗျာ.. ချစ်တယ်ပဲ မှတ်တော့မယ် ချစ်တယ်နော်

Kgmalay : ယုံဝူးးးး ရှင့်…

Me : ယုံပါဗျာ… မယုံရင် ဖက်နမ်းပစ်မှာနော်…

Kgmalay : အယ်… ဒီလူကြီးဆိုးလာပီး သွားးးတော့…

Me : သွားပါဘူး.. ချစ်လေးနဲ့မခွဲနိုင်သေးဘူး (အမေရေ သားဗိုက်ဆာပြီဗျ..
အခုထိကွန်ပျူတာရှေ့ကခွာနိုင်သေးဘူး မယ်မင်းကြီးမရယ် မြန်မြန်ပြန်ပါတော့…
)

ချစ်တယ်နော်… ပြန်ပြောပါလား ချစ်တယ်လို့

Kgmalay : ပြောဝူးးး…. ချစ်တယ်လို့

Me : ပြောပါ ချစ်တယ်လို့

Kgmalay : ပြောဝူးးးးးးးးး ချစ်တယ်

Me :အဲဗျာ… တကယ်ချစ်တာလား..ချစ်တယ်နော်… ဟုတ်တယ်မလား

ဟေးးးးးးးးးးးးးးးး အရမ်းပျော်သွားတယ်ကွာ…

ချစ်လေးကို အရမ်းချစ်တယ်နော်...

Kgmalay : အဲ.. ဘယ်မှာပြောလို့လဲရှင့် ..

Me : ပြောပါတယ်… မတွေ့ဘူးလား ခုနကပဲပြောလိုက်ပြီးတော့

Kgmalay : ပြောပါဘူးနော်…ဘယ်မှာလဲ

Me : ချစ်တယ်

Kgmalay : ဘာလဲလို့

Me : ချစ်တယ်….

Kgmalay : အာာ..တော်ပီ စိတ်ကောက်လိုက်မှာနော်...

Me : ကောက်ပါဗျာ… ချစ်လေး ကြိုက်သလောက်ကောက်

Kgmalay : တော်ပီ.. ပြန်တော့မယ်

Me : အာာ ပြန်တော့မလို့လား ( တော်ပါသေးရဲ့ အခုမှပဲထမင်းစားရတော့မယ်)

မနက်ဖြန် ချစ်လေး ဘယ်ချိန်လာမှာလဲ…

Me :း မနက်ဖြန်မလာဘူး သွားစရာရှိလို့

ဟင်.. ဟုတ်လား ကို တော့လွမ်း နေတော့မှာပဲ.. ချစ်လေးက ဘယ်သွားမှာလဲ

Kgmalay : အင်း Dagon center သွားမလားလို့…၀ယ်စရာနည်းနည်းရှိလို့

Me : ကို လိုက်ပို့မယ်လေ… ( သေပီဆရာပဲ… ဘိုင်ပျက်နေပါတယ်ဆိုမှ )

Kgmalay : ဒါဆို 10 နာရီလောက် ice-berry မှာစောင့်နေမယ်လေ နော် ယူ
ုစောစောတော့လာခဲ့နော်

Me : အဲ.. ချစ်လေးကိုမှ မမြင်ဖူးတာ ဘယ်လိုသိမလဲ

Kgmalay : I က အကျီ အနီဝတ်ခဲ့မယ်လေနော် အောက် ဂျင်းဘောင်းဘီအကျပ်လေးနဲ့

(ဂလု… မနက်ဖြန်ကို တွေးရင်းနဲ့တောင် ရင်ခုန်လာပြီ.. ခွိ..ခွိ ) ငါကွ…

Me : Ok Ok ကိုယ်က Tshirt အဖြူနဲ့ ဂျင်းဘောင်းဘီဝတ်ခဲ့မယ်

ဒါဆို bie bie နော် မနက်ဖြန် မှတွေ့မယ် ချစ်လေး ကိုယ်လည်း ထမင်းစားဦးမယ်

တာ့တာ… see U



Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx



မနက်စောစော ထပြီး.. သူ တက်ကြွနေသည် ။ အော်.. On lie… on lie

အွန်လိုင်းကြောင့် သူ ငါးပါးသီလမလုံတာကြာပြီ.. ဟဲဟဲ

ကောင်မလေးတွေကလည်း ယုံလိုက်တာ လွန်ရော…

စကားပြောကောင်းတဲ့ သူ့လိုကောင်ဆို တဖြုတ်ဖြုတ်နဲ့ အနားမှာ ကြွေလို့…
(ယင်ကောင်တွေ မဟုတ်ဖူးလို့ )

နည်းနည်းပါးပါး ပြောလိုက်တာနဲ့ အနောက်မှာ တကောက်ကောက်နဲ့ ပါလာပြီ
(ခွေးတွေမဟုတ်ပါဘူးဗျာ)

နည်းနည်းတော့ လုံ့လ ၀ီရိယ ဇွဲ ရှိရတယ်ဗျ …

ကောင်မလေးတစ်ယောက်နဲ့ အွန်လိုင်းရည်းစားဖြစ်ချင်ရင် လွယ်လွယ်လေးဗျ..

သိချင်ရင် ကျွန်တော့ဆီ တပည့်လာခံ… ဟဲဟဲ



မနေနိုင်လို့ ဆရာတော့လုပ်ဦးမယ်..

အရင်ဆုံး target ပစ်မှတ်တစ်ခုထားရမယ် ဖြစ်နိုင်ရင် သူ့တစ်ယောက်တည်းကိုပဲ
အာရုံစိုက်ပြီး chat ရမယ် ။

ဒါမှ ကောင်မလေးက ကိုယ်ဆီပဲစိတ်ကရှိနေမှာပေါ့ သူက
လူအများကြီးနဲ့ချက်နေမယ်ဆိုရင်တောင် ကိုယ်က သူနဲ့စကားပြောမပျက်တဲ့အတွက်
သူက သတိထားမိလာလိမ့်မယ် .. နောက်တစ်ဆင့်က ခင်မင်လာလိမ့်မယ် ။

( ဘယ်နှစ်ယောက် နဲ့ချက်ပါလို့ မပြောလိုဘူးဗျ… ဒါက typing skill
ပေါ်မှာမူတည်တယ်လေ ဒါကြောင့် ကိုယ်စာရိုက်တဲ့နူန်းမြန်ရင် သုံးလေးယောက်နဲ့
ချက်နေလည်း အိုကေပေါ့ )

ပြီးတော့ စကားပြောနေရင်း ထိကပါး ရိကပါးလေးတွေ ပြောတက်ရတယ် အွန်လိုင်းမှာ
ပါးရိုက်လို့မှ မရတာနော့်.. သိပ်ကြောက်စရာတော့မရှိပါဘူး ။ (နှမချင်
းစာနာစိတ်တော့ရှိကြပါဗျ)

ဥပမာဗျာ.. ကိုယ့်မှာရည်းစားမရှိဘူး.. မယုံရင် ချစ်ကြည့်လေ..ဆိုတာမျိုး

ဒါမှမဟုတ် ကျိန်ပြောတယ်ဗျာ.. တကယ်ပါ ရည်းစားမရှိဘူး ဤစကားမှန်ရင်
ခင်ဗျားလေးက ကျုပ်ကိုချစ်လာပါစေ ဆိုတာမျိုးပေါ့… အဲ့လို အဲ့လိုပေါ့ဗျာ…

ကျွန်တော်လည်း သိပ်ပြောတက်ဘူးဗျ….အခြေအနေနဲ့အချိန်အခါပေါ်နင်းပြီး ပြောတက်ရတယ် ။

ကျွန်တော်ဆိုလိုတာက ဗျာ.. စကားလှလှလေးတွေ နုနုရွရွလေးတွေ ပြောတက်ရတယ်ပေါ့ ။

စကားလှလှလေးတွေပြောတက်ဖို့ဆိုရင် စာများများဖတ်ရတယ်ဗျ.. (
အချစ်ဝတ္တုလေးတွေဆို ပိုကောင်းတယ်ဗျ.. စကားလုံးလှတာတွေ့ရင်
အလွတ်သာကျက်ထားပေတော့ )

ပြီးတော့ ဟာသဥာဏ်လည်းရှိတက်ရတယ် ။ သူ့ကို ဟာသတစ်ပုဒ်ကို copy paste
လုပ်ပြီး တင်ပေးမယ့်အစား ကိုယ်က စာရိုက်ပြီး ပြန်ပြောပြကြည့်ပါ ။
တဖြည်းဖြည်း ရင်းနှီးမှုတိုးလာလိမ့်မယ်ဗျ ။

နောက်ပြီး.. အရေးအကြီးဆုံး အချက်က ကောင်မလေးကိုယ့်ကိုအထင်ကြီးလာဖို့ပဲ။
ကောင်မလေးတွေက များသောအားဖြင့် သူတို့အထင်ကြီးတဲ့ကောင်လေးတွေကို
ကြိုက်လေ့ရှိကြတယ် ။ ဒါပေမယ့် ကြွားတာကိုတော့ မကြိုက်ကြဘူးဗျ…။ ဒါကြောင့်
စကားပြောရင် သတိထားရတယ် ။

ဥပမာ ပြောရမယ်ဆိုရင်ဗျာ… ကိုယ် အလုပ်နည်းနည်းရှုပ်နေတယ်။ ခဏနော်…ဒယ်ဒီ့ကို
ကူလုပ်ပေးနေလို့ ခဏလေးစောင့်နော်…. အဲ့လိုပေါ့ ။ ပါးပါးနပ်နပ်နဲ့
တစ်ခြားကောင်မလေးကို Q ဖို့ ကောင်မလေးကို
အလိမ္မာသုံးပြီးစောင့်ခိုင်းတာပေါ့ ။

နောက်ပြီး ဖုန်းနံပါတ်ကို သိနေရုံလောက်နဲ့မတောင်းသင့်ဘူးဗျ ။
ဘာလို့လဲဆိုတော့ သူနဲ့ကိုယ့်မှာ စကားပြောစရာသိပ်မရှိသေးဘူးလေ ။
တော်တော်ကြာကြာရင်းနှီးပီးမှ တောင်းတာကောင်းတယ် ။ ဒီကြားထဲမှာ
အဆင်ပြေသွားတယ်ဆိုရင်လည်း တစ်မျိုးပေါ့ဗျာ…။

ပြီးတော့ ဘယ်မှာနေလဲ ဆိုပီး အိမ်လိပ်စာအတင်းမမေးနဲ့ဗျာ…။ ကောင်မလေး
လိပ်စာသိတော့လည်း ကိုယ်က သွားလည်လို့ရတာကြလို့ ။ အကျိုးမရှိတာ
သိပ်မပြောနဲ့ဗျ ။

ပြီးတော့ အားရင် သီချင်းတို့ ပုံ တို့ကို ပို့ပေးရတယ်ဗျ.. ။ ( FWD
မေးလ်သိပ်မပို့သင့်ဘူး ဘာလို့လဲဆိုတော့ အများကြီးပို့တဲ့အခါ
သူကစိတ်ဝင်စားမှာမဟုတ်တော့ဘူးဗျ ။ mail ပို့မယ်ဆို
သူ့တစ်ယောက်တည်းအတွက်ပဲ ရည်ရွယ်ပြီး ပို့တဲ့ mail ဖြစ်သင့်တယ်ဗျ ။

တစ်ယောက်ပို့ပြီး sent mail ကနေ နောက်တစ်ယောက်ကို ထပ်ပို့တော့လည်း သူသိမှာကြလို့

အရေးကြီးတာ လိမ္မာပါးနပ်ဖို့ပဲ )

အဲဗျာ.. တော်ပီဗျ.. တော်ကြာ ကျွန်တော့ပညာ အကုန်ကုန်ဦးမယ် ။ ဆရာစားတော့
ချန်ထားရမယ် ။





ဒီလိုနဲ့…

သူ ၀ီရိယ ပိုစွာဖြင့် 9:30 လောက်ထဲက ice-berry ကိုရောက်နေလေရဲ့ ..

အအေးတစ်ခွက်မှာရင်း Dagon center ကိုလာသမျှ ကောင်မလေးတွေကို ငေးရင်းး
သူ့အရှေ့က အအေးခွက်မှာ ရေခဲတောင် အရည်ပျော်လာတယ် ။ အော်..
အချိန်ကြာလို့ပြောပါတယ် ။

ဒီလိုနဲ့… နာရီ သံက တချက်ချက်နဲ့ 10 နားကို ရွေ့လာတယ် ။

ဟော…ဟိုမှာ

နီနီလေး.. တရွေ့ရွေ့နဲ့ ရွေ့လာတယ် ။ သူ့ကောင်မလေးများလား
ရင်ခုန်သံအပြည့်နဲ့ စူးစိုက်ပြီးကြည့်နေလိုက်တယ် ။

ဟုတ်ပါ့ဗျာ…

အနီရောင်လေး… အကျီကိုယ်ကျပ်လေးနဲ့

အောက် ဂျင်းဘောင်းဘီ ဒူးခေါင်းလောက် အတိုလေး..

နည်းနည်းဝေးသေးတော့ သူ့အမြင်က သိပ်မကောင်းချင်ဘူး ။

အနီလေးက တဖြည်းဖြည်းသူ့မြင်ကွင်းထဲမှာ ကြည်လာတယ် ။

ဖိနပ်လေးက ဒေါက်အဖြူလေးနဲ့…

အပေါ်နည်းနည်းတက်ကြည့်တော့.. အော် ခြေသလုံးက အမွှေးတွေနဲ့ သိပ်မဖြူပါလား…ထားပါလေ

အပေါ် နည်းနည်း ထပ်တက်တယ် ။ ပေါင်ရင်းက နည်းနည်းတော့တုတ်တယ် ။ မဆိုးတော့
မဆိုးပါဘူးလေ ။

အင်း…ထပ်တက်လိုက်တော့ ဗိုက်ခေါက်.. နည်းနည်းထွက်ချင်သလို

ကောင်မလေးက ၀တုတ်တုတ်လေးထင်တယ် ။ အေးပေါ့…၀က်မလေးလို ချစ်စရာလေးနေမှာပေါ့ ။

ကောင်မလေးက မဆိုးဘူးဗျ.. သူ့ကို သူ့ကို သိသလိုနဲ့ စားပွဲနားရောက်လာတယ် ။

အမလေးဗျာ… ရင်တွေ တထိတ်ထိတ်နဲ့ အခုထိ ကောင်မလေး မျက်နှာကိုမကြည့်ရဲတော့ဘူး

ဘယ်လိုလေးနေမလဲ စိုးမြတ်နန္ဒာလေး လိုလား.. မိုးဟေကိုလို
ညှို့ဓာတ်အပြည့်နဲ့လား .. ဒါမှမဟုတ် သင်ဇာဝင့်ကျော်လေးလို ညိုချောလေးလား …

ဟင်းးနော်… အသည်းယားလာပြီ ။

ရုပ်ရှင်ထဲမှာလို… တဖြည်းဖြည်းမော့ကြည့် …………….

အမလေး…….. အောင်မရေးးးးးးးးးးးးး

အ ခြောက် မ ကြီး ဗျာ….

အမလေး ဗျ…. … ကံကဆိုးလိုက်လေခြင်းးးး ဟင်းးး ဟင်းး…

ကမ္ဘာငယ်လေး ဆိုဒ်ထဲက မေးလ်လေးပါ အားလုံးပျော်ရွှင်ရအောင်လို တင်ပေးလိုက်ပါတယ်...

အဆိပ်ခွက်

Tuesday, May 19, 2009

အမှတ်တရ nick name.....

အမှတ်တရနစ်ခ် ဆိုတော့ ကျနော် မှ များတော့များတယ်ဗျ.... အင်ဗျာ ကိုကြီး ရီနိုက တဂ် ထားတော့ ကျနော် က ရေးပေးရမှာပေါ့....
လောကကြီးမှာ နာမည် ဆိုတာ လိုအပ်တယ်... ကျနော် မှာ အရင်တုန်းက နာမည်လေးတွေရှိတယ်... ဒါပင်မဲ့ဗျာ ပြီးခဲ့ တာလေးတွေကို ခဏမေ့ထားပြိ အခုလက်ရှိ ကျနော် နာမည်လေး အကြောင်း ပြောပြပါ့မယ်.....
ကျနော် စလုံးရောက်ပြီး သိပ်မကြားဘူး ကျနော် ရဲ့ငယ်ဘော်ဒါ စနေသား နဲ့ အဆက်အသွယ်ရတယ် ... သူက ဘလော့လေးတစ်ခုလုပ်ထားတယ် တဲ့ သူရဲ့ ရိုမယ်ရို ... ဂျူးပင်.. အဲလေ မှားလို ROMEO & JULIET ဇာတ်လမ်းလေးကို ကျနော် ဖတ်ခိုင်တယ် ကျနော် လဲဖတ်တာပေါ့ ... မိုက်တယ်ဗျ ရေးထားတာ ကျနော် လဲစိတ်ဝင်စားသွားတယ်.. ဘယ်လိုလုပ်လဲလိုမေးလိုက်တော့ သူက ကျနော် ကို မင်းရေပါလား...တဲ့ ဘလော့ ကျနော် က ဘယ်လိုရေးရမှာလဲလိုမေးတာပေါ့.... စနေက မပူနဲ့ ရေးခဲရေသောက်တဲ့ အဲလေ... သူကူညီမယ် ဆိုပြီ ကျနော် ကို အကြမ်းဖျင်းလုပ်သွားပေးတယ် ...
ကျနော် စရေးတဲ့ နာမည်က သောကြာသား ဆိုတဲ့ နာမည်လေးနဲ့ စနေ က ပြောရော မင်နာမည်ကြီး က ပိန်းလိုက်တာ တစ်ခြားနာမည်ရှာ ... အင်ဟုတ်ပြီလေး... ဆိုပြီ စဥ်းစားတုန် စနေက “အဆိပ်ခွက်” ဆိုမကောင်ဝူးလားတဲ့ ကျနော် အကြိုက်တယ် သောကြာသားထက်စာရင် တော့ မိုက်တယ် ... ဆိုပြီ ကျနော် အဆိပ်ခွက် ဆိုတဲ့ နစ်ခ် လေကိုယူဖြစ်သွားတာပါ...
ဒီခုကျနော် ဘလော့လေးထဲမှာ ကျနော်ရဲ့ အတွေးနုနုလေးတွေ ခံစားချက်လေးတွေကို ကျနော် ရေးရတာပျော်ပါတယ်... အဝေးမှာရောက်နေတဲ့ သူအတွက် ကတော့ ဒီဘလော့လေးက ရင်ဖွင့် စရာ... အပန်ဖြေစရာ တစ်ခုပါဘဲလိုကျနော် ထင်တယ်......
ကယ် ကိုကြီးရီနို ကျေနပ်မယ်လိုထင်တယ်ဗျ.... ကျနော် မနက်အစောကြိး ထပြီဝီရီယ ရှိရှိလေး နဲ့ရေးထာတဲ့ မျက်လုံးတောင်မပွင့်ဘူး...း)
ကျနော် လဲတဂ်တာဝါသနာပါတယ်.... ဘီတူကိုတဂ်ရမလဲဆိုတော့ .....ဘီတူကိုတဂ်ရင်ကောင်းမလဲ ဟင်....
ကျနော် ချစ်ဘော်ဒါကြီး ငပျင်း
ကျနော် ရဲ့ ဘော်ဒကိုမိုးတိမ်

အဆိပ်ခွက်

Monday, May 18, 2009

အလွမ်း....

တစ်နေ့တစ်နေ့
မင်းရဲ့ အကြောင်းကို
စဥ်းစားရင်း..
ကဗျာလေးတွေလဲ
သီကုန်းဖြစ်ခဲ့ပြီ....

တစ်နေ့တစ်နေ့
မင်း ကိုလွမ်းရင်းနဲ့
အိပ်ပျက်ညတွေလဲ
များနေပြီ....

ခုလိုဝေးနေတဲ့ အချိန်
ဝေးနေတဲ့ အခိုက်အတန့်
ဒီလို အချိန်လေးတွေမှာ
မင်း လေးကိုယ့်ကို
သတိရ လွမ်းဆွတ်
နေရဲ့လား...

အချိန်တိုင်း မင်းရဲ့
ဘေးမှာနေချင်လဲ..
မဆုံနိုင်သေးတဲ့ ဘဝမို့
သည်းခံ ပေးပါနော်...

တစ်နေ့နေ့တော့
မင်းနဲ့ကိုယ် နဲ့
ခိုင်မာတဲ့ ဘဝတစ်ခု
တည်ဆောက်နိုင်မှာပါ...

အဆိပ်ခွက်

Friday, May 15, 2009

ထားခဲ့ဖူးသောရည်းစာများ..

အဲခေါင်းစဉ် ကကောင်းသလိုလိုနဲ့ ရင်တုန်တယ်ဗျာ....

ကျနော် မှရည်းစား မရှိဘူးဗျ...... ချစ်သူဘဲရှိတယ်.... :) ကြွားတာတော့မဟုတ်ပါ... ကျနော် ရည်းစာ ဆိုတာ က အပျော်တွဲတာ ချစ်သူဆိုတာက အတည် ချစ်တာ.... အင်ပြောရမယ်ဆိုရင် အရှည်ကြီပါ.... အတိုချုန်ပြီ ပြောပြမယ် ဟုတ်ပြီလား.....

ဒီလိုဗျ... ကျနော် ငယ်ငယ်တုန်က ကလေးဗျ... :P အဲလေ ဟုတ်တာဘဲ... ကလေးဆိုတော့ ဇော်ပိုင်သီချင်းလိုပေါ့ အချစ်ကြောင်းမသိခဲ့ဖူး ငယ်စဉ်က အသက်အရွယ်မှာ ဆိုတဲ့ အတိုင်း ကျနော် မှာ ငယ် ငယ်တုန်းက အချစ်စိတ်ဆိုတာ မရှိခဲ့ပါ.... ဒါပင်မဲ့ဗျာ... ဘယ်လိုပြောရမလဲပေါ့နော်... ကျနော် တိုကျောင်းမှာ အဲကောင်မလေးက အရမ်းချောတာဗျ.... ကျောင်းမှာ နာမည်ကြီးဘဲဗျ... သူကိုကြိုက်တဲ့ သူတွေဆိုဝိုင်းဝိုင်းလည် ဗျ... ပုံနေတာဘဲ ... ကျနော် အပါအဝင်ပေါ့ ဗျာ... ၆တန်းတုန်ကဗျ.... အပြိုင်အဆိုင်တွေကြားထဲကနေ ရုန်းရတာပေါ့.အရန်ရှာတဲ့လူတွေက လဲများ.. . သူက အရမ်းချောတယ်ဗျ.ကျနော် တမ်းတမ်းတဘဲ အဲဒါကြောင့် ကျနော် မှာ မကြောက်တမ်းရှေ့ဆက်တိုးခဲ့တယ်... ဒီလိုနဲ့ (၇၊၈၊၉၊၁၀၊) ထိတိုင်အောင် ကျနော် မှာ အဲတစ်ယောက်ဘဲချစ်ဖူးပါတယ်... ကျနော် ၆တန်း ထဲက ချစ်နေတာ ခုချိန်ထိပါဘဲ..ခုဆိုကျနော် တိုနှစ်ယောကတစ်ယောက်ကို တစ်ယောက် နားလည်ပေးနိုင်တဲ့ ချစ်သူတွေဖြစ်နေပါပြီ... အဲဒီ လူတွေကြားထဲကနေမှ ကျနော် ကအရဲ စွန့်နားလည်ခွင့် လွှတ်ပေးတော့ ကျနော် ဘက် ပါလာတယ်လိုထင်တာဘဲဗျ..... ကျနော် မှတစ်ယောက်တည်းရှိခဲ့ဖူးပါတယ်...
ခုချိန်ထိလဲ အဲတစ်ယောက်တည်းပါဘဲ...

အင်ကျနော် မှရေးစရာမရှိဘူးဗျ... အားနာလိုက်တာ သူများတွေလို မဝေဆာ ဘူး ကျနော် က တစ်ယောက်တည်း..ဆိုတော့ ရေးရတာအားမရဘူးဗျာ....... ကိုကြီးဂျပန်ရေ ကျနော် တော့ရေးလိုက်ပြီနော်... နှစ်သက်မှပါ....

ဒီပိုစ့်လေးကို နောက်ထပ်တဂ်လိုက်မယ် ...
ကျနော် ချစ်ဘော်ဒါကြီ ငပျင်း

ကျေးဇူးတင်ပါတယ်
အဆိပ်ခွက်

Thursday, May 14, 2009

မကြီး မိုးခါးရေ......

မနက်ဖြန် မိုးလေး ဝသ သတင်း ကိုကြေညာပါတော့မယ် မနက်ဖြန်တွင် .. ပျော်စရာမွေးနေ့ဆိုတဲ့ ရာသီဥတုလေးထွက်ပေါ်လာ ပါမည်...ထို ရာသီဥတုသည် လူတကာ တိုင်းကို လိုက် လံ ပေါ်ပေါက်လျှက်ရှိရာ ... ယခုအခါဆိုရင်... မနက်ဖြန် မှာ မွေးနေ့ရာသီဥတု ကိုခံစားရမည့်သူမှာ ကျနော် တို့ရဲ့ ဘလော့ဂါမမကြီး

မိုးခါး

ရဲ့မွေးနေ့ဖြစ်ပါတယ်......
ကျနော် ဒီကနေဘဲဆုတောင်ပေးလိုက်မယ်... လိုအင်ဆန္ဒ တစ်လုံးတစ်ဝကြီးပြည့်ပါစေ......... ဟတ်ပီဗာတ်ဒေးပါ
မောင်လေး
အဆိပ်ခွက်

Tuesday, May 12, 2009

အဝေးရောက် ချစ်သူ

ကြမ်းတမ်းခက်ထန်
ဆူးငြောင့်ခလုတ်
ဘယ်လိုပင် ကြမ်း
မင်းရဲ့လက်ကို
ဆုတ်ကိုင်ပြီး
မလွှတ်တမ်း
ရင်ဆိုင်သွားမယ်
ချစ်သူ

ပင်လယ်လိုင်းလုံး
အိုဘယ်မုန်တိုင်း
ဘယ်လိုပင်တိုက်ခတ်
တို့နှစ်ယောက် လက်တွဲကာ
ကျော်ဖြတ်ကြမယ်
ချစ်သူ

အိုဘယ် ဘေးစကား
ငါတို့နှစ်ဦး
ကြားထဲဝင်လာ
ဂရုမပြုဘဲ
နားမယောင်ဘဲ...
ဆင်ခြင် စဥ်းစားကာ
ရှေ့ဆက်လျှောက်မယ်
ချစ်သူ

ငါ့ရဲ့ ဘဝ ငါ့ရဲ့ နှလုံးသား
နင်မှအပ ဘယ်သူမှမရှိ
ငါ့ရင်ထဲမှာ
နင်တစ်ယောက်ကို
အချစ်ဆုံးပါ...

အဝေးရောက်ချစ်သူ

Sunday, May 10, 2009

ဘလော့ဂါ ရှစ်ဦးတွေ့ဆုံ ခြင်း

အင်ဘယ်လိုပြောရမလဲပေါ့နော်.... ကျနော် တို့အမေများနေ့က အကြောင်းပေါ့... အမှတ်တရလိုလဲပြောလို့ရပါတယ်....

ဇာတ်လမ်းက ဒီလိုဗျ..... ကျနော် တို့ဘလော့ဂါတွေ အဲနေ့တုန်းက ဂျီတော့ မှာ စကားပြောကြတယ်ရော... ကျနော် က စတာလိုလဲပြောလိုရတယ် ကျနော် အပြင်မထွက်တာလဲကြာ ပြီရော... အဲဒီတော့ ကျနော် က မကြီးရောင်ပြန်ကို ဂျီတော့ ကနေ ကျနော် ပြောလိုက်တယ် မကြီး အဆိပ် ပျင်းတယ် လို အားလုံးရုပ်ရှင်သွားကြည့်မယ်ပေါ့ စကားလိုက်တာ .. ကျနော် ထင်တာ ညင်းမယ်ပေါ့ ဘယ်ဟုတ်မလဲ လိုက်မယ်တဲ့ ဒါဆိုအိုကေပေါ့ ဆိုပြီ တောင်ပေါ်သားဆီဖုန်းဆက် တာ တောင်ပေါ်သား က ဖုန်းမကိုင် ဘဲနှပ်နေတယ်လေ... သူကို ခဏထားပြီး ကျန်တဲလူတွေဆီဆက်တာပေါ့ .. ကျနော် ငယ်သူငယ်ချင်း စနေသားကို လှမ်းခေါ်တော့ သူက မနက်ဖြန်စာမေးပွဲရှိတယ် မလိုက်နိုင်တော့ ဘူတဲ့ နောက်နေ့မှပေါ့ ဆိုပြီ ပြောရော စာမေးပွဲ ဆိုတော့လဲ မရစ်တော့ဘူးလေ... ဟုတ်ပါပြီဆိုပြီဖုန်းချလိုက်တယ်..... နောက်ပြီ ရောင်ပြန်က ဂျီတော့မှာလာအော်ရော ကို ရီနို မလိုက်ဘူးတဲ့ ဆိုပြီး အဲမှာ ကျနော် က ရီနိုဆီဖုန်းဆက်ပေးရပြန်ရော ကိုရီနိုက လိုက်တော့ပါဘူးတဲ့ ဘာလိုလဲဆိုတော့ရှက်လို အဲလေ.. ဟီ စတာပါ ဟုတ်ပါဘူး ကျနော် ကအတင်းခေါ်လိုက်တော့လဲ လိုက်လာပါတယ် .. .. အဲမှာ ကွိုင်တာက ဘယ်သူလဲဆိုတော့ တောင်ပေါ်သား သူကို လုံးဝဖုန်းခေါ်လိုမရဘူး ကျနော်လဲဘယ်ရမှလဲ ဆက်တိုက်ခေါ်နေတာပေါ့ နောက်တော့ နားငြီးလို့နဲ့ တူတယ် ကျနော် ဆီဖုန်းခေါ်လာတယ် အဆိပ်ဘာလဲတဲ့ ကျနော် တို့ရုပ်ရှင်သွားကြည့်မလို ဘလော့ဂါတွေပေါ့ .. တောင်ပေါ်က စပြီးမူတယ်လိုပြောရမှလားဘာလားဘဲ လိုက်တော့ပါဘူးကွာ ငါ ပြင်သွားစရာရှိလိုပါ အဲလိုတာပြောနေတာ အိပ်ရာထဲက ထသေးမှာမဟုတ်ဘူး ကျနော် ကလဲ ပြောလိုမရတာနဲ့ မကြီးရောင်ပြန်ကိုပြောလိုက်တယ် တောင်ပေါ်မလိုက်ဘူးတဲ့ ဆိုပြီ ရောင်ပြန် ခေါ်တော့ လိုက်လာရော အင်အိုကေပေါ့... ဦးရှင်ကြီးကို ကျတော့ ကျနော် မခေါ်လိုက်ရဘူး ဘာလိုလဲဆိုတော့ ဖုန်နံပါတ် မသိလိုပါဟီ... ကြယ်ဖြူစင်ကို ရုပ်ရှင်သွားကြည့်မယ်လို့ ဂျီတော့မှာ ခေါ်တော့ တစ်ခါတည်း ငြင်းရှာတယ် လိုက်မယ်တဲ့ ... မိုးခါကလဲ လိုက်မယ်တဲ့ အိုကေနေပြီလေ... ဂျပန်ကောင်းလေးတော့ ကျနော် မသိဘူး ..... အဲဒါကမရောက်ခေါ်တာ.... သူကိုမေး... အစ်ကိုကြီးအိုက်ခိလောက် ကလဲ အွန်လိုင်းတတ်လားတယ် ကျနော် လဲ သူတိုကို အရမ်းခေါ်ချင်တယ် ဝေးနေတယ်လေဗျာ သူက (မလေးမှာ) ..

ဟုတ်ပြီ ဘယ်မှာကြည့်မှာလဲ ပေါ့ စပြီပြဿနာ ရုပ်ရှင်ရုံပြောင်းလိုက်တာ စလုံး တစ်နိုင်ငံလုံးကုန်သွားတယ် ဟီး... ထိပ်ဆုံး Vivo City မှာကြည့်မယ်အင်ဟုတ်ပြီပေါ့ ဆိုပြီဂျီတော့ message မှာတင်လိုက်ရော နောက်တော့ မဟုတ်တော့ဘူးတဲ့ Ang Mo Kio မှကြည့်မယ် ဖြစ်ပြန်ရော ဖုန်းပြန်ဆက် ဆိုပြီပြောလို အာလုံးကိုဖုန်ပြန် ဆက်ပြီ ပြောလိုက်တာပေါ့ ... နောက်တော့ အော်ပြန်ရော ဘယ်သူရှိမှလဲ မကြီးရောင်ပြန် ဟီ Ang Mo Kio ကမမှီ ဘူး Orchard လုပ် ဆိုပြီဖြစ်ပြန်ရော .... ၂း၃၀ အရောက် ဆိုပြီး အသည်းအသန် ... နာရီကြည့်လိုက်တော့ ၁း၃၀ တော့မယ် ... မြန်မြန်လိုက်ပြောရတာပေါ့... ကြားထဲက နှစ်ယောက်က ရစ်နေသေးကောင်းပါ့

ဘာကားကြည့်မှာလဲကိုရစ်နေကြတာ ကြယ်ဖြူစင်က စလာတာ သရဲ ကားတဲ့ အဲမှာ မိုးခါးက အော်ရော သရဲ ကားဆိုမကြည့်ဘူး ငါ စွဲလန်းလို့တဲ့ သူကောင်လေးနဲ့ တူလို့လားမသိဘူး ဟီ သရဲကိုတောင်စွဲ လန်းနေရတယ်လို ဟီ... ရုပ်ရှင်ကားရွေးလိုက်တာ နောက် ဆုံး အက်ရှင်ကား TAKEN ဆိုတဲ့ ကားကိုကြည့်ဖြစ်သွားတယ် အဲဒါက ရောင်ပြန် ရွေးလိုက်တာလေ အဲသေချာပြိဆိုပြီ လုပ်တာပေါ့... အားလုံး လုပ်စရာရှိတာလုပ်ကြတာပေါ့... ချိန်လိုက်တာအချိန်က Orchard MRT ၂း၃၀ အရောက် .....

အရင်ဘယ်သူရောက်လဲတော့ ကျနော် မသိဘူး ကျနော် အဲနားရောက်တော့ မရောင်ပြန်နဲ့ ကိုရီနို တိုနှစ်ယောကဘဲရှိသေးတယ် ... အဲမှာ ညစ်တာက Orchard ရုပ်ရှင်ရုံက Orchard MRT နဲ့ မနီဘူး Summerset MRT နဲ့နီးတာ ဗျ. လက်မှတ်ကလဲမဝယ်ရသေးဘူး ကျနော် ကိုသွားဝယ်ခိုင်းရော ... ဒါဆို Summnerset MRT မှ ပြန်ဆုံမယ်ပေါ့ ဆိုပြိ ကျနော် ကလက်မှတ်ဝယ်ဖို့ထွက်လာခဲ့တယ် ရုပ်ရှင်ရုံ ဘက်ကို ..လက်မှတ်ကဝယ်ပြီသွားပြီ ရုပ်ရှင်ရုံလိုက်ခဲ့ဆိုတော့ တစ်ယောက်မှ ရုပ်ရှင်ရုံကိုမသိဘူးတဲ့ ကျနော် ရုပ်ရှင်ရုံကနေ Summerset MRT ဘက်ကိုလမ်းပြန်လျှောက်ပြီ သွားပြန်ခေါ်ရတာပေါ့အဲမှာ ရောက်နေကြပြီ လူတော်တော် များများ ဘယ်သူတွေလဲဆိုတော့ မရောင်ပြန် ၊ကိုရီနို၊ တောင်ပေါ်သား၊ ဦးရှင်ကြီ ၊မိုးခါး ၊ ဂျပန်ကောင်လေး နဲ့ သူ့သူငယ်ချင်းတွေပေါ့... လိုနေတာက တစ်ယောက် ကြယ်ဖြူစင် ခုထိကိုမလာသေးဘူး နာရီ အစုပ်ပတ်ပြီ ဇိမ်ကျနေတာလေ...ဟီ ..ကျနော် တို့အုပ်စုရုပ်ရှင်ရုံဘက်ကိုထွက်လာခဲ့ကြတယ် ... လမ်းတစ်ဝက်မှာ ကြယ်ဖြူစ်က ဖုန်းလာတယ် ..ရောက်တော့မယ် သူကိုစောင့်တဲ့ MRT ထဲမှာတဲ့ သေရောဗျာ... အင်လေ ကျနော် သွားခေါ်ပေးမယ်ဆိုပြီ ကျနော် နောက်တစ်ခေါက် MRT ထဲပြန်ဝင်သွားတယ် အဲလမ်းကလူတွေဆို ကျနော် ကို အမြင်ကပ်လောက်ပြီး အဲလမ်းကိုဖြတ်တာ ၄ခေါက်လောက်ရှိသွားတယ် ... ကျနော် MRT ထဲမှထိုင်စောင့်နေတုန်း ရောက်ချလာပေါရော .... သူကိုလဲစောင့်ရသေးတယ် လမ်းလျှောက်တာလေ.. နောက်က ကျားလိုက်နေလားမှတ်ရတယ် မြန်သလားမမေးနဲ့ နောက်ပြီ လမ်းသိလားဆိုတော့ လဲ လမ်းမသိဘူး ကျနော် သူ့နောက်ကို အသည်းအသန် လိုက်ရတယ် စောင့်ရတာကိုမှ အားမနာ.... ဇွတ်ဘဲ သွားတာဟေ... နောက်ကလေ လိုက်ရတာ အမော...

တော်သေးတာပေါ့ ၂း၃၀ ချိန်းလိုက်လို လူစုံတာက ၃း၀၀ကျော်မှလူစုံတယ် ... အဲလိုနဲ့ရုပ်ရှင်ရုံထဲရောက်သွားတယ် ဇာတ်လမ်းကစနေပြီ ဝင်ကြပေါ့ တစ်ယောက်တစ်နေရာဆီ ဝင်ထိုင်လိုက်ကြတယ် ... မြန်မာမှန်းသိအောင်ကြွားလိုက်တာ ရုပ်ရှင်တစ်ရုံလုံးမှာ ကျလွတ်ကျလွတ်နဲ့ မုန့်တွေ ဆွဲနေကြတာ နောက်ကလူတွေကိုမှ အားမနား ... မိုက်တော့မိုက်တယ် ရုပ်ရှင်ဇာတ်လမ်းက အက်ရှင်ဆိုတော့ ဖိုက်တာပေါ့ ..... ကောင်းတယ်လိုပြောလဲရတယ် မကောင်ဘူးပြောလိုမရဘူး ဘာလိုလဲဆိုတော့ ကောင်ပါတယ်.... ဒီလိုနဲ့ ရုပ်ရှင်လဲပြီရော အပြင်ထွက်ခဲ့ကြတာပေါ့ အပြင်လဲရောက်ရော ဓာတ်ပုံရိုက်မယ်တဲ့ ကင်မရာထုတ်လာတယ် ဗျ ဘယ်သူတုန်း မိုးခါလား ကြယ်ဖြူစင်လားမိသိဘူး ရုပ်တည်ကြီးနဲ့ ထုတ်လာတာ ဘက်ထရီလဲမပါလားဘူး ဟီ... နောက်တစ်လုံးထက်ထွက်လာတယ် မရောင်ပြန် ကင်မရာ ဒါလဲထိုနည်းလည်းကောင်ပါဘဲ ဘက်ထရီမပါဘားဘူးလေ... အားကုန်နေတာ.... နောက်ဆုံတော့ လဲ ဖုန်းနဲ့ဘဲရိုက်လိုက်တယ် ရုပ်ရှင်ရုံရှေ့မှာလေ...ဒီပုံလေးပေါ့
အဲလိုနဲ့ ကျနော် တို အေးဆေးထိုင်ပြီ စကားပြောလိုရတဲ့နေရာလေးလိုက်ရှာလိုက်တယ် ... ကျနော် တို Vivo City အပေါ်ဆုံးမှာ သွားထိုင်ကြမယ်ပေါ့ဆိုပြီး MRT ထဲကိုပြန်ဝင်ပြီး ဒုန်းပျံ ဆီးရတာပေါ့ ... ခဏကြာတော့ရောက်သွားတယ်လေ. အားပါးပါး လန်းနေတာဘဲ အတွဲတွေအတွဲတွေ ... စိတ်ကိုအေးချမ်းသွားတာဘဲ တစ်မျိုးမထင်နဲ့ လေးအရမ်းတိုက်လိုပါ ပင်လယ်ကြီးကိုကြည့်လိုက်တာ . ရေတွေမြင်ရတယ်.... စိတ်ကိုအေးချမ်းသွားတာဘဲ အဟ.... အဲမှာ ဓာတ်ပုံရုံနဲ့များမှာလားလား မသိဘူး ကြယ်ဖြူစင်ပေါ့ ရိုက်မယ် ငါကိုရိုက် သူကြီးဘဲရိုက်နေတာ ကင်မရာတောင်နာတယ်..ဟီ .. ကျနော် တို့ ဘလော့ ဂါအုပ်စုလေးကို လှေခါးထစ်မှထိုင်ပြီးရိုက်ခိုင်လိုက် စလုံးသာလား ဘာသားလဲတော့ မသိဘူး ကင်မရာ မတွေ့ဖူးတာလားမမြင်ဖူးတာလားဘဲ ရိုက်လိုက်တယ်တဲ့ ပုံလဲမပေါ်ဘူး ဘယ်ကနေဘယ်လိုရိုက်လိုက်လဲမသိဘူး လုပ်တာကိုယ့်လူ ပြုံပြီးတော့ (Finish) ဘာကို (finish)လိုက်တာလဲမသိဘူး ပုံလဲမပါဘူး အရေးထဲမှ ကင်မရာကိုလုနေသေးတယ် ... ဒီလိုနဲ့ ကျနော် တို့လျှောက်ကြည့်ကြတာပေါ့ နောက်ပြိ Vivo City မှာ အမှတ်တရဆိုပြီ ဒီပုံလေးကိုရိုက်လိုက်တယ် ......

ဒီလိုနဲ့ ဝါးတီးသွားဆွဲကြတယ်လေး ကန်တင်းမှာ သွားစားကြတယ်လေ....အဲလိုစားနေတုန်းကျနော့်ရဲ့ ချစ်ဘော်ဒါကြီး ငပျင်း (မလေးရှား) က ဖုန်းဆက်လာပါရော သူလဲလိုက်ချင်မှာဘဲနော်... ကျနော် တိုပျော်နေတဲ့ အချိန်မှာ သူက အလုပ်လုပ်နေတယ်လေ ငပျင်း နဲ့ တိုကြီး အိုက် နောက်လဲတိုကြီးတို့ရဲ့ အလှည့်ပေါ့ကွာ...ငပျင်းရဲ့ဖုန်းလဲချပြီး ရောစားလိုလဲကုန်ကြပြီလေ.... ပြန်ကြပြီပေါ့ အဲလိုနဲ့ ပျော်စရာ အချိန်လေး ကို ဆုံးသက်လိုက်ကြတယ်အရင်ဆုံးပြန်သွားတာက ဦးရှင်ကြီး ကျန်တဲ့လူတွေက ဒုန်းပျံ ဆီးပြီပျံကြတာပေါ့...

ကျနော် ပျော်ပါတယ် အခုလို ဘလော့ဂါ အစ်ကိုအစ်မတွေနဲ့ တွေရတာ အစ်ကို အစ်မဘဲရှိတယ် ဘာလိုလဲဆိုတော့ ကျနော် က အငယ်ဆုံးဘဲ...ဘလောဂါတွေထဲမှာ..... နောက်လဲဆုံချင်သေးပါတယ် ... ကယ်ဗျာ ကျနော် ဒီလောက်နဲ့ ရပ်လိုက်တော့မယ် ...

Saturday, May 9, 2009

ကျနော်ချစ်ရတဲ့ အမေ


အမေ လောကမှာ တုနှိုင်းလိုမရအောင်မေတ္တာ အကြင်နာတွေကို ပိုင်ဆိုင်ထားတဲ့ အေးမြသောနှလုံးသားပိုင်ရှင် တစ်ဦးပါ... ငယ်ငယ်တုန်းကလိုတာမရလို စိတ်ကောက်တာတွေ.. အမေ က ချောပြီး ထမင်းကျွေးခဲ့ဖူးတာတွေ. အခုချိန်မှာ ပြန်တွေးရင်မျက်ရည်ဝဲနေဆဲပါ.... အမေ ရဲ့ ကျေးဇူးကို မြင့်မိုရ်တောင်ကတောင်မော့ကြည့်နေယူရ နေပြီ... အမေ ငယ်ငယ် က ကျနော် ဆိုးခဲ့ပင်မဲ့ အခုချိန်မှာ လိမ္မာလာပါပြီး.... အမေ ကျနော်ကို ကိုယ်တိုင် စတင်ပျံသန်းစေခဲ့တယ် .... ကိုယ်တိုင်ပျံသန်းရမှ ဟိုတစ်ချိန်က အမေ ကျေးဇူးတွေကို ခုမှနားလည်လာပါတော့တယ်.... အရင်ကဆို မနက်အိပ်ရာမထရင် အမေက ချိုသာတဲ့ စကားသံလေးနဲ့ လာနှိုး ခဲ့တာကို စိတ်တိုခဲ့ဖူးတယ်.... အခုချိန်ဆို ဘယ်သူလာနှိုးမလဲ အဲလိုချိုသာတဲ့ စကားသံလေးကို နောက်ထပ်ကြားချင်လိုက်တာ.....

အရင်ကဆို ထမင်းစားရင်လူဆုံမှစားတတ်တဲ့ အမေနဲ့အဖေ ခုချိန်ဆို ထမင်းဝိုင်လေးလူ တစ်ယောက်လိုနေရော့ပေါ့ ... အဲလိုဘဲ ဒီဟင်းမစားချင်ဘူး ဟိုဟာမစားချင်ဘူး ဆိုပြီဂျီကျတတ်တဲ့ ကျနော် ကို အမေ ကအမြဲတမ်း ဒါလေးကောင်းတာ စားကြည့်ဆိုပြီ အမေ့ရဲ့ လက်နဲ့ခွံ့ကျွေးခဲ့တာတွေကို ပြန်လည်မြင်ရောင် ရင်း ကျနော် ခုဆိုထမင်းဝိုင်းမှာ ကျနော် တစ်ယောက်ထည်းပေါ့... တစ်ယောက်တည်း ကြိတ်မှိတ်ပြီးစားလာ တာအခုဆိုကြာခဲ့ပြီအမေ...

အရင်တုန်းကဆိုးခဲ့ပင်မဲ့ အခု အမေ့ ရဲ့ ဆုံးမ စကားတွေကြောင့် ကျနော် လိမ္မာလာပါပြီ... အမေ ကျေးဇူးကို ပြန်ဆပ်နိုင်အောင်ကြိုးစာလျှက်ပါ.... ကျနော် ခြေထောက်ချုပ်ရတုန်းကဆို အမေ့ရဲ့ အကြင်နာတွေ သူရဲ့ သားပေါ်မှာထားတဲ့ အကြင်နားတွေနဲ့ပေါ့ ကျနော် ကို သေချာဂရုစိုက်ခဲ့တယ် ... အခုချိန်ကျနော် ဗိုက်နာလာရင် ဘယ်သူကလာ ဂရုစိုက်ပေးမှာလဲ..... အမေ

ကျနော် အမေ့ကို အရမ်းတွေ့ချင်တယ် ... ကျနော် ငယ်ငယ်လေးနဲ့ အမေနဲ့ ဝေးမှာ နေထိုင်နေရတယ် ... အမေက လည်းအားပေးပြီး ကျနော် ကို ကိုယ်တိုင် အတောင်ဖွင့်ပျံခိုင်းစေခဲ့တယ်.... ခုဆိုအမေ့ရဲ့ အကြင်နာ အမေ့ရဲ့ ဆုံးမစကားတွေ ကြောင့် ကျနော် ဘဝကိုလျှောက်လှမ်းနေပါပြီအမေ.....


အမေ့ကိုအရမ်းချစ်တဲ့

သားကြီး (အဆိပ်ခွက်)

Friday, May 8, 2009

အချစ်စစ်

မင်းကို ငါချစ်လာတာ
ကြာခဲ့ပြီးဘဲ..
ခုချိန်ထိ ငါတို့ကြားမှာ
အနှောက်အယှက်
တွေရှိနေပါရောလား...
ဒုက္ခတွေမျိုးဆုံလဲ
ကြုံခဲ့ပြီပါရောလား
ဘေးစကားပေါင်းလဲ
ကြာခဲ့ပါပြီပြီဘဲ...
အချစ်စစ်တို့လမ်းလေးက
မဖြောင့်ဖြူးပါဘူး
ဆိုတဲ့ရှေးက ဆိုရိုး
စကားလေးလဲရှိခဲ့တာဘဲနော်..
နင်အားတင်းထားပါ
ငါ့လက်ကိုဆုပ်ကိုင်ထားပါ
နင့်ရဲ့ဆုပ်ကိုင်ထားတဲ့
လက်ကလေး လျှော့သွားခဲ့ရင်
ငါကတော့နင့်လက်ကို
ဘယ်တော့မှလွှတ်မှာ
မဟုတ်ဘူးချစ်လေး...
ငါတို့ လဲအခက်အခဲ
မျိုးဆုံကြုံခဲ့ပါပြီးရောလား
နောက်နေ့ရက်လေးတွေ
ပြန်ဆုံမယ့်ရက်လေးတွေ
ငါလက်ချိုးရေလို့
မင်းလေးရှိရာဆီ
ငါအပြေးလာခဲ့မယ်.
ချစ်သူ..
ငါတို့အချစ်စစ်
သည်ကား တည်မြဲနေဆဲပါ.....

လိုအပ်ချက် နဲ့ အလိုအပ်ဆုံး

လူတိုင်းလူတိုင်း မှာအလိုချင်ဆုံး အရာ ဆိုတာရှိကြတာဘဲလေ... တစ်ယောက်နဲ့တစ်ယောက်တူချင် မှလဲတူမယ်.. မတူချင်ရင်လဲမတူဘူး... ဒါက ကျနော် လိုအပ်တယ်ထင်တဲ့ဟာလေးတွေပေါ့.....

လူရယ်လိုဖြစ်လာပြီဆိုကတည်းက လိုချင်တာတွေရှိကြတာဘဲလေး.. ငယ်ငယ်တုန်းက ဆို ယောကျာ်လေးတွေ ဆို သနတ်တို့ ပါဝါရင်းဂျားတို့ .. ကာတွန်းကတွေ... ပေါ့.. ကောင်မလေးတွေကြတော့လဲ အိုးပုတ် ကြိုးခုန်တာတို့ ပေါ့.....


ဟော လူလတ်ပိုင်းလဲရောက်လာရော... ယောကျာ်လေးတွေက အရင်ကနဲ့တူတော့ဘူး...ဒီဆော်က မိုက်တယ်... ဒီကောင်ငါကို ဘုကြည့်ကြည့်သွားတယ် လာသွားဖိုက်ရအောင် ဟော..တွေ့လား.. ကောင်မလေးတွေ ကျတော့ ဒီကိုရီးယာ မင်သာကချောတာ ... ရိန်းက ဘယ်လို ချောတာ သူကိုလိုချင်လိုတာ ..ဟော အဲလောက်အဝေးကြီလဲ စွဲလမ်းလိုက်တာဘဲ... အလှအပတွေကြိုက်လာမယ်)
ကယ်ကယ် ထားလိုက်တော့ ကျနော် လိုအပ်ချက် ၃ မျိုးပြောပြမယ်နော်....နောက်မှ ဒကယ် အလိုအပ်ဆုံးတစ်ချက်ပေါ့.....
၁. အချစ်..
ဟီ..ကျနော် ကလူငယ်ဆိုတော့ ဒီကနေဘဲစလိုက်မယ်နော်.. လောကမှာ အချစ်ဆိုတာလိုအပ်တယ်.. တစ်ယောက်ကို တစ်ယောက်ချစ်ခင်မှ လုပ်ဖော်ကိုင်ဖတ် ၊ သူငယ်ချင်းကောင်း ၊ ချစ်သူ ကောင်း အဲလေ ဟီ ဒါလဲပါလိုက်မယ်နော်.. ချစ်ဆိုတာ စမ်းကျယ်တယ် ... ကျနော် ပြောတဲ့ အချစ် က ချစ်သူရီးစား ကြိုက်တဲ့ အချစ် လဲနဲနဲပါပါတယ် .. ဒါက မောင်နှမလို အချစ်ပေါ့ .... ခုကျနော် တို့နိုင်ငံခြားမှာဆို ဒါက အလိုအပ်ဆုံးဘဲ.. ဘာလိုလဲ ဆိုတော့ သူများနိုင်ငံမှာ လာနေရတာလေး.. အဲဒီတော့ ကျနော် တိုရွှေ တွေ အချင်းချင်း မောင်နှမ စိတ်ဓာတ် အချင်းချင်း မွေးမြူကြမယ်ဆို ကောင်းတာပေါ့ဗျ....ဘယ်သူမှ လာရောက်ထိ လိုရမှာမဟုတ်ဘူး ... ဘာလိုလဲဆိုတော့ သူများနိုင်ငံရောက်ပြီဆို အားလုံးက အထင်သေးကြတယ် နှိမ်ကြတာပေါ့ အဲဒါကို ကျနော် တိုက မောင်နှမ စိတ်ဓာတ်နဲ့ တစ်ယောက် ကို တစ်ယောက် ကူညီမယ် .. ပေါ့

၂. ပိုက်ဆံ
ခုကျနော် ပိုက်ပိုက် ပျက်နေလို ဟီ.. သတိရလိုရေးလိုက်တာ အဟ... ကျနော် တိုရွှေမှာဆို ပိုက်ပိုက် က အေးဆေးဗျ ... ကျနော်တိုတောင်ကြီးမှာ ဆို ၅၀၀၀ လောက်ရှိရင် မြို့ပတ်လိုရတယ် ဆိုင်ကယ်လေးတစ်စီး နဲ့ မလောက်တော့လဲ အိမ်ပြန်တောင်းပေါ့ ... ခုစလုံးမှာဆို ရွှေ ငွေ ၅၀၀၀ ထောင်ဆို ဘယ်နားကပ်နေမှန်းတောင် မသိဘူး အဟီ... ပိုက်ပိုက် ကလဲ တစ်ဒေါင့်တစ်နေ ရာ ကနေ ပါဝင်နေပါတယ် လိုထင်တယ် ဒါလဲလိုအပ်ချက်ဘဲပေါ့...

၃.အကျင့်
လောက မှာ အကျင့်ကောင်းဖိုဆိုတာ လိုအပ်ပါတယ်...အကျင့်မကောင်းရင် ဘယ်သူမှ ခေါ်ချင်ပြောချင် စိတ်ရှိမှာမ ဟုတ်ပါဘူး အကျင့် ကောင်းဖို့ဆိုတာ ပြုပြင်ယူလိုရပါတယ်.. တစ်ချို့ က ဒုက္ခရောက်ပြီမှ အကျင့်လေးတွေ ပြန်ကောင်းသွားတယ် ... တစ်ချို့က ချစ်သူ ရီးစာ ရဲ့ စကားကြောင့် အကျင့်လေးတွေပြန် ကောင်းသွားတယ် အဲဒါလဲဝမ်းသာစရာဘဲ

အလိုအပ်ဆုံး တစ်ချက်-
စိတ်ဓာတ် ..
လူတစ်ယောက်မှာ စိတ်ဓာတ် စိတ်ထား မြင့်မြတ်ဖို့လိုတယ်လိုထင်တယ် .. ရင်နာစရာသတင်း ကျနော် ဖော်ဝေါ့ မေးလ်တွေ ထဲမှာ ဆရာဝန် ဖြစ်ပြီး စိတ်ဓာတ်မကောင်းတာ အရမ်း ရင်နာဖွယ်ကောင်းတယ် ဒကယ်လာ ဘာလားတော့မသိဘူး ကျနော် မေးလ်ထဲမှာ ဖတ်မိတာကိုပြောတာပါ့ .... ဆရာဝန်တစ်ယောက် လုံးဖြစ်နေပြီ ကိုယ့် ရဲ့ ကျေးဇူးရှင်လူနာ (အဲလေ... ဘယ်လိုပြောရမလဲ အဲလိုဘဲဗျာ) တွေကို ကောင်းမွန်စွာ ကုသ ပေးမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ နောက်ပြီ မြန်မာနိုင်ငံက ဆရာဝန်ဆိုထားအုံး ခုက နိုင်ငံခြားက ဆရာဝန်ကြည့် သူ့အဆင့်အတန်း သူ့စိတ်ဓာတ်က နိုင်ငံခြားမှာလာရောက် ကြွားနေတာလား.. အဲလို ဆိုဘာလို ဆရာဝန်လုပ်နေသေးလဲ ... သူလုပ်လိုက်တာက လမ်းဘေးက ခွေးတွေ အဆင့်နဲ့ သူနဲ့ မတူနေဘူးလား.. ဝေးရောက်ရွှေ ညီး၊အစ်ကိုတွေ အချင်းချင်းရိုင်းပင်းရမဲ့ အစား သူက အခွင့်ရေးယူနေသေး တယ် ကျနော် လဲမေးလ်ဖတ်ရလိုပါ ကျနော် ပြောချင်တာ က စိတ်ဓာတ်ပါ .... ဆရာဝန်ုဖြစ်ပြီးစိတ်ဓာတ်မကောင်းတာတော့ အဲဒါ စိတ်ဓာတ်အောက်တန်း ကျတာဘဲ စိတ်ဓာတ် အောက်တန်းကျရင် ဘယ်လိုမှ ပြန်ပြင်ဖို့ဆိုတာ ခဲရင်းသွားပြီလေ .. ဘာလိုလဲဆိုတော့ သူ့ type သူ့စိတ်ဓာတ်က အဲလိုဖြစ်နေတော့ပြင်လဲ ခဏပေါ့..

ဒါကျနော့် အထင်လေးပါ ကျေးဇူးတင်ပါတယ် ကျနော် စိတ်ထဲမှာထင်တဲ့ အတိုင်လေးပေါ့ .. ပြောရမယ်ဆို ကလေးအတွေး ပေါ့ဗျ.... ဟီ..
ကယ် ဒါလေးကို tag လိုက်မယ်နော်.....
၁)တိုကြီး တောင်ပေါ်သား
၂)မကြီး ရောင်ပြန်
၃)သယ်ရင်း ငပျင်း
၎)ငယ်ဘော်ဒါကြီး စနေသား
၅)ချစ်ဘော်ဒါကြီး အိုက်ခိလောက် (သောက်ဖော်သောက်ဖတ်)
၆)ကျနော် ရစ်နေကျ တိုကြီးရဲ
လူပြောင်းပါသည်....
၇)မကြီ်းကြယ်ဖြူစင် နေမကောင်းပါ သဖြင့် မကြီး မိုးခါကို tag လိုက်ပါတယ်....... ကျေးဇူးတင်ပါတယ်

Thursday, May 7, 2009

ငှက်ငယ်လေး

ငါ့နှလုံးသား ငှက်ငယ်လေး
လဲချစ်သူရှိရာ ဆီသို့
ကြမ်းတမ်းလှသော
လှိုင်းဒဏ်၊ မုန်တိုင်းဒဏ်
တွေကြားထဲက နေ
ပြေးလာနေပြီချစ်သူ
မင်းလေးရဲ့ အပြုံးကိုမှန်ဆ
ဆုံဆည်းဖို့နေ့ရက်လေးတွေကို
မှန်းမျှော်ကြည်နူး ရင်
အားတင်းတာ
မင်းလေးရှိရာကို အပြေးလေး
ပျံသန်းလာနေပြီချစ်သူ
အဲလိုပျံသန်းလာပြီး
မင်းလေးနားရောက်ရင်
မင်းလေးရဲ့ အပြုံးလေးနဲ့
ဆီးကြိုးနေပေးပါ....
မင်းရဲ့ အပြုံးလေးကိုမြင်တွေ
လိုက်ရရင်ဖြင့်
ငါ့ရင်မှာ.. အမောဆိုတာ
ရှိလိမ့်တော့မယ်
မထင်.....

Wednesday, May 6, 2009

မိုးညများ

ဇာတ်လမ်းလေက ဒီလို

ကောင်လေးနာမည်က မိုးစက်တဲ့ ရုပ်ရည်ကတော့ ကောင်မလေးတွေကြွေလောက်စရာဘဲ ... သူမှာသူငယ်ချင်း ၂ယောက်ရှိတယ် သူတိုက ငယ်သူငယ်ချင်းတွေပေါ့ တစ်ယောက်က လောရှည် တဲ့ .. သူ့အရပ်ကပြော သလောက်လဲ မရှည်ပါဘူး ပုံမှန်ပေါ့ နောက်တစ်ယောက်က ဖိုးရှုပ်တဲ့ နေရာတစ်ကာ ဝင်ဝင်ရှုပ် လို့ပေးတဲ့ နာမည်ဖြစ်ချင်လဲ ဖြစ်မှာပေါ့ သူကို အားလုံးက ငရှုပ်လိုခေါ်တယ်... သူတို့ တက္ကသိုလ်ကိုအတူတူ တတ်ကြတာပေါ့ တစ်ခန်းထဲလေ.. မိုးစက်က ကောင်မလေးတွေ တော့ရှိတယ် ရီးစာများတာပေါ့ အသည်းတွေလဲကွဲ ပေါ့ ...
ရီးစာများတယ်ဆိုလိုပြောရအုံးမယ် .. တစ်နေ့ပေါ့ သူကောင်မလေးတစ်ယောက်နဲ့ချိန်းတွေ့တာပေါ့... ကျောင်းနာမှာ...
ကောင်မလေးနာမည်က သီတာ တဲ့ ..
-မောင် ဘာလိုနောက်ကနေတာလဲ သီတာဖြင့်စောင့်လိုက်ရတာ..
-မဟုတ်ပါဘူး သီတာရယ် သူငယ်ချင်းတွေနဲ့ စကားပြောနေလိုပါ..
-သေချာလိုလား..
-သေချာပါတယ် သီတာရယ်...
-မောင်နော်..မှန်မှန်ပြော ဘယ်ကောင်မလေးတွေနောက်ကိုလိုက်နေလိုလဲ...
-ဟား..သီတာရယ် ကိုယ်ဘဝမှာလေ သီတာကလွဲလို ကျန်တဲ့ မိန်ကလေးတွေကိုလေ ကြက်ငှက်တုတ်ကွေး ရောဂါသည်တွေလိုသဘောထားပြီ ဝေးဝေးရှောင်နေတာပါ..
-ဒကယ်လား
-ဒကယ်ပေါ့..
ဒီလို ဖွဲနွဲချွဲနွယ့် ပြောနေတုန်းမှာဘဲ ... နောက်တစ်ယောက် ရောက်လာပါရော.. မိုးစက်တိုများကံဆိုးတာအဲလို
နောက်တစ်ယောက်က ကြည်ပြာတဲ့...
အဲကောင်မလေးက လမ်းလျှောက်လာတာပေါ့ ကံဆိုးချင်တော့ မိုးစက် ရှုပ်နေတာပတ်ပင်းတိုးရော..
-ကိုကို ဒါဘာလုပ်နေတာလဲ
-ကို ဘာလုပ်လိုလဲ ကြည်ပြာရဲ့
-သူကဘယ်သူလဲ .. ပြော ကြည့်ပြာကိုပြောတော့ ဘယ်ကောင်မလေးနဲ့မှ စကားပြောဘူးဆို
-သူကလား သူက ဟိုလေ ... အမ်...
-မောင်သူက ဘယ်သူလဲ ...
-ကြည်ပြာကိုပြောတော့ ကြည်ပြာကလွဲလို ကျန်တဲ့ မိန်မတွေအားလုံးကို ကြက်ငှက်တုတ်ကွေးရောဂါသည်တွေ ဆိုပြီရှောင်နေတာဆို..
-ဟင် သီတာကိုလဲ ခုဘဲ အဲစကားပြောသွားတာ..
-မောင်......၊ အစ်ကို.......၊
-ဟိုလေး ခဏနေကြပါအုံး ရှင်းပြမယ် ဒီမှာ....
ဆိုပြီး လစ်ပြေးပါလေးတော့တယ်... ဒီလိုနဲ့ အဲကောင်မလေးတွေနဲ့ပျက်သွားရော.. အဲဒီချိန်နောက်ပိုင်းမှာ
သူနဲနဲ့တော့ ငြိမ်သွားတယ် ... ဒီလိုနဲ့ ကျောင်းမှာ တစ်နေ့ အရမ်းလှတာဘဲ.. သူ့မျက်လုံးထဲ မှာ လုံးဝ အရှုးအမူးဖြစ်သွားတယ် .. သူ့ရှေ့ကနေဖြတ်လျှောက်သွားချိန် လေ လေးအဝှေ့ ကောင်မလေးရဲ့ ဆံနွယ်လေးတွေက သူ့ရှေ့မှာဖြန့်ကျလိုပေါ့ မိုးစက်မှာ အသက်ရှုမေ့မတတ်ဘဲ.. သူအဲ ကောင်မလေးကို စိတ်ဝင်စားသွားရော.. ယောကျာ်းတို့ ထုံးစံအတိုင်း လိုက် စုံစမ်းတာပေါ့....
သူဒီတစ်ယောက်ကို အချစ်စစ်နဲချစ်သွားတယ်.. သူ့ဘော်ဒါတွေ နဲ့ လိုက်စုံစမ်းတော့ ၊ အဲကောင်မလေး နာမည်လေးက ဇူးဇူး တဲ့ .. သူမှာ သူငယ်ချင်းနောက်နှစ်ယောက်ရှိသေးတယ်. တစ်ယောက်က ဆင်မ တဲ့ နောက်တစ်ယောက်က မေလေး တဲ့ သူတိုက တစ်ခန်းထဲ.. ဒါပင်မဲ့ မိုးစက်နဲ့တော့ ဘာသာရပ်မတူဘူးဗျ....
သူတို့ဆုံစမ်းရင်းနဲ့သိသွားတာပေါ့ မိုးစက်ကလဲ အရှုးအမူးဘဲ ဇူးဇူးကို အသည်းစွဲနေ တယ်လေ.. နေ့တိုင်းကျောင်းမှ လိုက်ကြည့် ..နဲပေါ့
နောက်ဆုံးတော့ မထူးဘူးလေးဆိုပြီးဖွင့်ပြောလိုက်တယ်.. ကောင်မလေးက ဘာမှတော့ပြန်မပြောဘူး..တစ်ကျောင်းလုံးကသိတယ်လေ မိုးစက်ရီစားများမှန်း.. ဇူးဇူး အပါအဝင်ပေါ့ ဇူးဇူးက မယုံဘူးလေ... ဇူးဇူးက ကျောင်းပြီးရင် သီချင်းခွေထုပ်ဖို့လုပ်နေတယ်.. အဲမှာ ဆိုးသွမ်းဆိုတဲ့ ကောင်က ဇူးဇူးနားကပ်တာပေါ့ ..ခွေထုတ်တာ နားလည်သလိုလို ဘာလိုလိုနဲပေါ့ အဲကောင်မကောင်းမှန်း မိုးစက်က သိတယ်လေ.. မိုးစက်က တားတာပေါ့ ဇူးဇူးကို အဲကောင်နဲ့မပေါင်းဖို့ .. ဇူးဇူးက နားမထောင်ဘူးလေ... မိုးစက်မှာ ဇူးဇူး ရဲ့ ရက်စက်စွာပြောချင်းကိုခံပင်မဲ့ သူမှာ ဘာမှပြန်မပြောရှာပေ မိုးစက်မှာဇူးဇူးကို အကြိမ်းကြိမ်းသတိပေးရှားတယ်.. မိုးစက် နာမည်လိုက်အောင်လေ မိုးရွာ အရမ်းကြိုက်တဲ့ကောင် မိုးရွာပြိဆိုရင် မိုးရေထဲမှာ ထိုင်တတ်တာ...
တစ်နေ့ ဇူးဇူးက ဆိုးသွမ်းကို ယုံမိတာတယ်လေ.. ဆိုးသွမ်း အိမ်ကိုလိုက်သွားတယ်.. အဲမှာ သူအတွေးတစ်ချက်ဝင်လာတယ် ဘာလဲဆိုတော့ မိုးစက်အမြဲပြောနေတယ်လေ ဆိုးသွမ်း မကောင်ဘူးဆိုတာ . ဆိုးသွမ်းက အအေးဖျော်ရည်ဖျော်ပေးမယ်ဆိုပြီ မိုးဖိုချောင်ထဲ ဝင်သွားရော .. အဲမှာဇူးဇူးက လိုက်ချောင်ကြည့်တာပေါ့ အဲမှာ သူအရမ်းလန့်သွားတယ် .. ဆေးမှုန့်တစ်မျိုး အအေးထဲထည့်လိုက်တာကို သူတွေ့လိုက်တယ် ... သူအရမ်းတုန်လှုပ်သွားတယ်..သူ စိတ်ငြိမ်ငြိမ်ထားပြိ ပြန်ထိုင်နေလိုက်တယ် အဲမှာ ဆိုးသွမ်းက ထွက်လာပြီး အအေး အတင်းတိုက်တာပေါ့ အဲမှာ ဇူးဇူးက အလိမ္မာသုံးပြီးညင်းတာပေါ့.. ဇူးဇူး မှာ ဆိုးသွမ်းရဲ့ မကောင်းကျန်လက်အောက်မှ လွတ်သွားတယ်လေ....
ဇူးဇူး ကနောင်တရပြီး မိုးစက်ကို တောင်းပန်းတာပေါ့....
မိုးစက်ရယ် ကျေးဇူးတင်လိုက်တာ နင်ပြောတာ ငါအစက မယုံခဲ့ဘူး
ရပါတယ်ဇူးဇူးရယ်...
သူတို့နှစ်ယောက် အဲလိုနဲ့ တစ်ယောက်နဲ့တစ်ယောက် ချစ်သူတွေဖြစ်သွားကြတာပေါ့.. ဆိုးသွမ်းက တော့ အခဲမကျေဘူးလေ...
ဒီလိုနဲ့ သူတို့ကျောင်းပြီသွားကြတယ်.. ဘွဲ့တွေလဲရ ကုန်ကြတာပေါ့....
အဲဒီချိန်မှာ မောင်ရှည်ကတော့ ဆင်မ နဲ့ကြိုက်သွားရော..ကျန်တဲ့နှစ်ယောက်ကလဲထိုနည်းတိုင်းပါဘဲလေ...
မိုးစက် မိဘ နဲ့ ဇူးဇူး မိဘတွေကလဲ သဘောတူကြတယ်လေ.. စေ့စပ်ပွဲလေးလုပ်ကြတာပေါ့... အဲဒီချိန်မှာ ဆိုးသွမ်းက တော့ ဘယ်လိုဒုက္ခ ပေးရမလဲ ဆိုတာကိုဘဲစဉ်းစာနေတယ်....
ကံဆိုးတာလား ကံကောင်းတာလာ တော့ မသိဘူး.... မိုးစက်နဲ့ ဇူးဇူးတို့ မင်္ဂလာဆောင်ကြရော... ဆိုးသွမ်းက မင်္ဂလာဆောင်ကားမောင်သည်ကို ဘယ်သူမှ သတိမထားမိခဲ့ဘူး.... မိုးစက်က ဇူးဇူးကို ကားထဲထည့် ပြီ သူက နောက်တစ်ခါးတစ်ဖက်က နေဝင်မလို ကားနောက်ကို ပတ်နေတုန်းမှာ ဆိုးသွမ်းက ကားကို မောင်းပြေးလေရော... မိုးစက်မှာ နောက်က ကားတစ်စင်းနဲ့လိုက်တာပေါ့.... ဆိုးသွမ်းက ဇူးဇူးကို ဖမ်းထားလိုက်တယ်... မိုးစက် နဲ့ အရှည်ကြီးတို့ က လိုက်တာပေါ့..... ဆိုးသွမ်းတိုဘက်က လူကနဲနဲများတယ်လေ... မိုးစက်မှာ သွေးသံတရဲရဲ နဲ့ ဇူးဇူးကို ချစ်လွန်းလို့ အသဲအသန် ကယ်ရှာတယ်... နောက်ဆုံးတော့ ဇူးဇူးကို ထားတဲ့နေရာကိုတွေ့သွားတယ် ..ဖိုးရှုပ်က ရဲတွေနဲ့အတူလိုက်လာတာပေါ့... အပြင်မှာလဲ ဖိုက်နေကြတာလေ.... ဒီလိုနဲ့ မိုးစက်တစ်ယောက် ဇူးဇူးကို ဓားနဲ့ ဆိုးသွမ်းပြေး အထိုးမှာ မိုးစက်မှာ ကြားကခံပြီ အသက်ကိုစွန့်လွတ်လိုက်ရရှာတယ်... အဲချိန်မှာဘဲ ရဲတွေရောက်လာပြီ ဖမ်းကြတာပေါ့

မိုးစက်မှာ ဇူးဇူးရဲ့ရင်ခွင်ထဲ.
ဇူးဇူး ငါနင့်ကို အရမ်းချစ်တယ်ဟာ...
အဟင့်အဟင့်... သိပါတယ် မိုးစက်ရယ်....
ဇူး ငါသွားရတော့မယ်.....
နင်ဘာမှမဖြစ်ပါဘူး မိုစက်ရယ် နင် ... နင်ပြန်ကောင်မှာပါ.... (အဲချိန်မှာ မိုးတွေက ရွာချလာလေတယ်)
မိုးစက်မှာ ဇူးဇူးရဲ့ လက်လေးကို ကိုင်ပြီး... အသက်ဆုံးသွားရရှာတယ်.....
မိုးစက်..မိုးစက် နင်ထပါအုံး... မိုးစက် ငါကို တစ်ယောက်ထည်းထားခဲ့တော့မလို့လား မိုးစက်... ငါကိုကြည့်ပါအုံး..... မိုးစက် ........... (မိုးတွေကလဲထစ်ချုန်စွာရွာနေလေသည်)......
*********************
အချစ်အတွက် အသက်စွန့် သွားသောမိုးစက်.... အချစ်ကို သက်သေပြသွားတာလား...
သူငယ်ချင်တိုရော အချစ်ဆိုတာ အဆန်းကြယ်တယ်လိုမထင်ဘူးလား။.....

ပန်းလေးတစ်ပွင့်

ငါ့ရဲ့ရင်ထဲမှာ
ပန်းလေးတစ်ပွင့်
တည်းကို သိမ်းလာသာ
ကြာခဲ့ပြီဘဲ...

မင်းက ငါ့နှလုံးသား
ဥယျာဉ်လေးအတွက်
သာယာလှ ပအောင်
ပန်းလေးတစ်ပွင့်ကို
ဖန်ဆင်း ပြီးမသိသလို
နေတော့မှာလား

ပန်းလေးတစ်ပွင့်ဟာ
ငါ့ရဲ့နှလုံးသား
ဥယျာဉ်လေးထဲမှာ
ပိုင်ရှင်မဲ့ဘဝနဲ့
အထီးကျန်စွာနေရတာ
ရှာတယ်
မင်းလေးရဲ့ပန်းတစ်ပွင့်က
ငါ့ရဲ့နှလုံးသားဥယျာဉ်ထဲမှာ
အမြစ်တွေ ခိုင်မြဲစွာတွယ်ငြိနေပြီ
ကလေးရာ

မင်းရဲ့ ပန်းလေးကို
ငါဟို ငယ်ငယ် အဖူးအငုံ
ဘဝထဲက စပြီ ငါကိုယ်တိုင်
တယုတယ လေး ထိန်းသိမ်းလားတာ
မင်းလေးလဲ အသိပါဘဲ...

မင်းလေးရဲ့ ပန်းလေးက
လှပလွန်းတယ်ဟာ..
လိုချင်သူပေါ့လှတဲ့
ဒီပန်းလေးကို ငါကိုယ်တိုင်
သံယောဇဉ်နဲ့ ထိန်းသိမ်း
စိုက်ပျိုးလာတာ
ခုဆို အလှဆုံးအချိန်ကို
ရောက်လိုနေပြီပေါ့...
ဒီလိုဘဲ.. ကျနော့်ရင်ထဲကပန်လေးတစ်ပွင့် ပိုင်ရှင် ဘယ်တော့လာမလဲဆို စောင့်မျှော်နေရင်း ရှုရတော့မယ် ..
ကျနော် မျှော်လင့်နေတယ် ရောက်လာတော့မှာပါ ... စောင့်ရတဲ့ အချိန်လဲကြာခဲ့ပြီပေါ့.....
အဆိပ်ခွက်

သော့ကလေးတစ်ချောင်း

မမကြီး ရောင်ပြန် က သော့ကလေးရဲ့ လှိုဝှက်ချက်ကို ကဗျာလေးနဲ့ဖော်ပြသွားတယ်နော်.. ကျနော် လဲ နဲနဲပြောချင်တယ် ဒီတိုင်းဘဲ...
ဟုတ်တယ်ဗျ.. သော့တစ်ချောင်းရဲ့လှိုဝှက်ချက် ဆိုတာ ဟုတ်တယ်.. တစ်ယောက်သောသူက ကျနော်ဖွတ်ထားတဲ့ သော့ကလောက်လေးကို သူ့ရဲ့ အပြုံးလေးတစ်ချက်နဲ့ ဖွင့်သွားတယ်...
ဒါကကျနော်....ကဗျာလေး...
ငါ့ရဲ့ နှလုံးသား ကို
ခိုင်ခံ့သော သော့အုံနဲ့ခတ်
သော့တံကို ဖျောက်ဖြတ်
လိုက်တာကြာရောပေါ့
.....
ဘယ်သူမှ လဲဖွင့်မရ
ငါ့နှလုံးသားရဲ့ တံခါးဝ
လူတိုင်းကထင်ကျတာ
မာနကြီးလေတာ
ဒါပင်မဲ့ဗျာ
တစ်နေ့မှာတော့..
နှလုံးသားလေး မခံနိုင်ပါ
မင်းလေးရဲ့ အပြုံးအောက်မှာ.
ဒီလိုနဲ့တင်သူဖွင့်သွား
ကျနော်ရဲ့ နှလုံးသားတံခါး....
ဒီလောက်ကျနော် ဖွတ်ထားတဲ့သော့လေးကို သူဘယ်ကရှာလာလဲမသိဘူးဗျာ.. ကျနော် သူကိုအရမ်းချစ်သွားတယ်...
သော့ဆိုတာkey ပါဘဲအဲလေ...ဟီ
ကျနော်သူကိုချစ်လာတာကြာရောပေါ့...
ဒါက မကြီးရောင်ပြန် ရဲ့သော့ဟုတ်တော့ဘူးးး....
ဒါက အဆိပ် ရဲ့ သော့လေး...

အဆပ်ခွက်

အတွေးနု...

သစ်ရွက်လေးတွေ သစ်ပင်ပေါ်က နေကြွကျသွားပြီ ဆိုရင် ၊ သဘာဝအလျှောက် သစ်ရွက် အသစ်လေးတွေက ထပ်ထွက် လာခဲ့ လေတယ်...
ငါ့နှလုံးသားလဲ ကြေကွဲ သွားခဲ့ရင် ၊ နောက်ထပ် အသစ်ဆိုတာ ရှိနိုင်ပါ့ မလား???
ကြွေနေတဲ့သစ်ရွက်လေးတွေကို လေ တစ်ချက် တိုးဝှေးလိုက်ရင် သစ်ပင်နဲ့ဝေး ရာဆီကို အလိုအလျှောက်ရောက် သွားလေတယ်.....
ငါ့ရဲ့ ကြေကွဲသွားတဲ့နှလုံးသားလေးကို ထပ်လှည့်စားသွားခဲ့လည်း သစ်ရွက်လေးတွေလို အဝေးဆီ မရောက်ဘဲ နင့် နားမှာဘဲ ရှုးမိုက်စွာနဲ့ ဆက်လက်ချစ်နေတာ ငါပါ...
ပင်လယ်ပြင်ထဲက လှိုင်းလုံးလေးတွေက သူနားခို ရမယ့် ကမ်းစပ်ဘယ်နားမှာဆိုတာကို မသိဘဲ အားတင်းကာ ကြမ်းတမ်းတဲ့ မုန်တိုင်းတွေ ကြားထဲက သူ့ချစ်သူရှိရာ ကမ်းစပ်လေးဆီ အပြေးရောက်လာတယ်..
ငါ့နှလုံးသား ငှက်ငယ်လေးလဲ ခိုးနားရာ သစ်ပင်လေးဆီကို ကြမ်းတမ်းလှတဲ့ မုန်တိုင်း တွေကြားထဲ ကနေ အားတင်းက ပျံသန်းနေ ရင်း မင်း ရဲ့ အရပ်အောက်ရောက်ရင် အပြုံးလေးနဲ့ စီးကြိုနေပါ့မလား...
ရာသီတွေ အမျိုးမျိုး ပြောင်းလဲနေတယ်.. နွေကိုရောက်လိုက် ဆောင်းကိုရောက်လိုက် မိုးကိုရောက်လိုက်နဲ့ အားလုံးက အလိုအလျောက် ပြောင်းလဲနေကြတယ်...
အဲလို ရာသီတွေ ဘယ်လိုပြောင်းလဲပင်မဲ့ .. ငါ့ နင့်ကို ချစ်တဲ့ အချစ်ကတော့ ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး...
အဆိပ်ခွက်

Tuesday, May 5, 2009

အိမ်သစ် တတ်ပွဲ

ကျနော် ကို ပြောတယ်... အိမ်လေး မပြောင်းချင်ဘူးလား တဲ့ အဲဒါဘူလဲဆိုတော့ တိုကြီး အိုက်ခိလောက်(ယမကာလုလင်)ပါ ကျနော် ကပြောင်းမယ်လိုပြောလိုက် တော့၊ ချက်ချင်း ကျနော် ကို template လင်ခ် လေး ပေးသွားတယ် .. စိတ်ညစ်တာက ကျနော် စက်က template ကို ဒေါင်းလိုမရဘူးဗျ..ဘာဖြစ်နေမှန်းလဲမသိဘူး.... အဲဒါညစ်နေတုန်း.. ကျနော် ဘော်ဒါကြီး ငပျင်း(အိုက်ချီးခန့်) ရောက်လာပါရော.. အတော်ဘဲပေါ့ ကျနော် ကြိုက်တဲ့ template ကို သူဆီပို့ သူက ဒေါင်းပေး ပေါ့.. ကျနော် ရစ်တာလဲခံ ရတယ်..ဟီး.. သူက ပျင်းတာပျင်းတာ ရှည်တယ် အဲ စိတ်ကိုပြောတာ စိတ်ရှည်တယ်လို... :) ပြောတာပါ.. ခုဆို ကျနော် ရဲ့ အိမ်သစ် လေးကို ပြောင်ပြီပြီဖြစ်ပါတယ် ... သယ်ရင် ငပျင်း ကျေးဇူးနော်

ခုကျနော် ရဲ့အိမ်လေးပြောင်းပြီသွားပါပြီ... ဘလော့လေးရေးချင်စိတ်ဖြစ်အောင် ပြောပြခဲ့တဲ့ ကျနော် ငယ်သူငယ်ချင်း စနေသား ပါ ... သူကခု စာမေးပွဲနီးနေပြီ. ဆို တော့ သူကိုရစ်လိုမရဘူးဂျ.... ကျနော် ကအရေးအသားမကောင်ပါဘူး ကျနော် က စိတ်ထဲမှာထင်ရင်ထင်သလိုရေးလိုက်တာ ဒီက ဘလော်ဂါ အစ်ကို၊အစ်မ တို့လို အရေးအသားလုံး ဝမကောင်းပါ.. သည်းခံပြီလာလာဖတ်ပေးလိုလဲ ကျေးဇူးတင်ပါတယ်...
ကျေးဇူးတင်ပါတယ်
အဆိပ်ခွက်

အမေ

အမေ
ဤလောက ၌ အမေရဲ့
မေတ္တာ ထက်ဖြူစင်တဲ့
သူရှိနိုင်ပါ မည်လော...

ဤလောကမှာ အမေထက်
စိတ်ထားဖြူစင်တဲ့သူရှိနိုင်
မည်လော...

အမေရဲ့ကျေးဇူးကို
မြင့်မိုရ်တောင်က
ပြန်လည်မော့ကြည့်
ယူနေရပြီလော...

အမေရဲ့မေတ္တာ သည်
၁၅၀၀ မေတ္တာထက်
ပိုပြီအေးမြမည်လော...
အဆိပ်ခွက်