Sunday, May 10, 2009

ဘလော့ဂါ ရှစ်ဦးတွေ့ဆုံ ခြင်း

အင်ဘယ်လိုပြောရမလဲပေါ့နော်.... ကျနော် တို့အမေများနေ့က အကြောင်းပေါ့... အမှတ်တရလိုလဲပြောလို့ရပါတယ်....

ဇာတ်လမ်းက ဒီလိုဗျ..... ကျနော် တို့ဘလော့ဂါတွေ အဲနေ့တုန်းက ဂျီတော့ မှာ စကားပြောကြတယ်ရော... ကျနော် က စတာလိုလဲပြောလိုရတယ် ကျနော် အပြင်မထွက်တာလဲကြာ ပြီရော... အဲဒီတော့ ကျနော် က မကြီးရောင်ပြန်ကို ဂျီတော့ ကနေ ကျနော် ပြောလိုက်တယ် မကြီး အဆိပ် ပျင်းတယ် လို အားလုံးရုပ်ရှင်သွားကြည့်မယ်ပေါ့ စကားလိုက်တာ .. ကျနော် ထင်တာ ညင်းမယ်ပေါ့ ဘယ်ဟုတ်မလဲ လိုက်မယ်တဲ့ ဒါဆိုအိုကေပေါ့ ဆိုပြီ တောင်ပေါ်သားဆီဖုန်းဆက် တာ တောင်ပေါ်သား က ဖုန်းမကိုင် ဘဲနှပ်နေတယ်လေ... သူကို ခဏထားပြီး ကျန်တဲလူတွေဆီဆက်တာပေါ့ .. ကျနော် ငယ်သူငယ်ချင်း စနေသားကို လှမ်းခေါ်တော့ သူက မနက်ဖြန်စာမေးပွဲရှိတယ် မလိုက်နိုင်တော့ ဘူတဲ့ နောက်နေ့မှပေါ့ ဆိုပြီ ပြောရော စာမေးပွဲ ဆိုတော့လဲ မရစ်တော့ဘူးလေ... ဟုတ်ပါပြီဆိုပြီဖုန်းချလိုက်တယ်..... နောက်ပြီ ရောင်ပြန်က ဂျီတော့မှာလာအော်ရော ကို ရီနို မလိုက်ဘူးတဲ့ ဆိုပြီး အဲမှာ ကျနော် က ရီနိုဆီဖုန်းဆက်ပေးရပြန်ရော ကိုရီနိုက လိုက်တော့ပါဘူးတဲ့ ဘာလိုလဲဆိုတော့ရှက်လို အဲလေ.. ဟီ စတာပါ ဟုတ်ပါဘူး ကျနော် ကအတင်းခေါ်လိုက်တော့လဲ လိုက်လာပါတယ် .. .. အဲမှာ ကွိုင်တာက ဘယ်သူလဲဆိုတော့ တောင်ပေါ်သား သူကို လုံးဝဖုန်းခေါ်လိုမရဘူး ကျနော်လဲဘယ်ရမှလဲ ဆက်တိုက်ခေါ်နေတာပေါ့ နောက်တော့ နားငြီးလို့နဲ့ တူတယ် ကျနော် ဆီဖုန်းခေါ်လာတယ် အဆိပ်ဘာလဲတဲ့ ကျနော် တို့ရုပ်ရှင်သွားကြည့်မလို ဘလော့ဂါတွေပေါ့ .. တောင်ပေါ်က စပြီးမူတယ်လိုပြောရမှလားဘာလားဘဲ လိုက်တော့ပါဘူးကွာ ငါ ပြင်သွားစရာရှိလိုပါ အဲလိုတာပြောနေတာ အိပ်ရာထဲက ထသေးမှာမဟုတ်ဘူး ကျနော် ကလဲ ပြောလိုမရတာနဲ့ မကြီးရောင်ပြန်ကိုပြောလိုက်တယ် တောင်ပေါ်မလိုက်ဘူးတဲ့ ဆိုပြီ ရောင်ပြန် ခေါ်တော့ လိုက်လာရော အင်အိုကေပေါ့... ဦးရှင်ကြီးကို ကျတော့ ကျနော် မခေါ်လိုက်ရဘူး ဘာလိုလဲဆိုတော့ ဖုန်နံပါတ် မသိလိုပါဟီ... ကြယ်ဖြူစင်ကို ရုပ်ရှင်သွားကြည့်မယ်လို့ ဂျီတော့မှာ ခေါ်တော့ တစ်ခါတည်း ငြင်းရှာတယ် လိုက်မယ်တဲ့ ... မိုးခါကလဲ လိုက်မယ်တဲ့ အိုကေနေပြီလေ... ဂျပန်ကောင်းလေးတော့ ကျနော် မသိဘူး ..... အဲဒါကမရောက်ခေါ်တာ.... သူကိုမေး... အစ်ကိုကြီးအိုက်ခိလောက် ကလဲ အွန်လိုင်းတတ်လားတယ် ကျနော် လဲ သူတိုကို အရမ်းခေါ်ချင်တယ် ဝေးနေတယ်လေဗျာ သူက (မလေးမှာ) ..

ဟုတ်ပြီ ဘယ်မှာကြည့်မှာလဲ ပေါ့ စပြီပြဿနာ ရုပ်ရှင်ရုံပြောင်းလိုက်တာ စလုံး တစ်နိုင်ငံလုံးကုန်သွားတယ် ဟီး... ထိပ်ဆုံး Vivo City မှာကြည့်မယ်အင်ဟုတ်ပြီပေါ့ ဆိုပြီဂျီတော့ message မှာတင်လိုက်ရော နောက်တော့ မဟုတ်တော့ဘူးတဲ့ Ang Mo Kio မှကြည့်မယ် ဖြစ်ပြန်ရော ဖုန်းပြန်ဆက် ဆိုပြီပြောလို အာလုံးကိုဖုန်ပြန် ဆက်ပြီ ပြောလိုက်တာပေါ့ ... နောက်တော့ အော်ပြန်ရော ဘယ်သူရှိမှလဲ မကြီးရောင်ပြန် ဟီ Ang Mo Kio ကမမှီ ဘူး Orchard လုပ် ဆိုပြီဖြစ်ပြန်ရော .... ၂း၃၀ အရောက် ဆိုပြီး အသည်းအသန် ... နာရီကြည့်လိုက်တော့ ၁း၃၀ တော့မယ် ... မြန်မြန်လိုက်ပြောရတာပေါ့... ကြားထဲက နှစ်ယောက်က ရစ်နေသေးကောင်းပါ့

ဘာကားကြည့်မှာလဲကိုရစ်နေကြတာ ကြယ်ဖြူစင်က စလာတာ သရဲ ကားတဲ့ အဲမှာ မိုးခါးက အော်ရော သရဲ ကားဆိုမကြည့်ဘူး ငါ စွဲလန်းလို့တဲ့ သူကောင်လေးနဲ့ တူလို့လားမသိဘူး ဟီ သရဲကိုတောင်စွဲ လန်းနေရတယ်လို ဟီ... ရုပ်ရှင်ကားရွေးလိုက်တာ နောက် ဆုံး အက်ရှင်ကား TAKEN ဆိုတဲ့ ကားကိုကြည့်ဖြစ်သွားတယ် အဲဒါက ရောင်ပြန် ရွေးလိုက်တာလေ အဲသေချာပြိဆိုပြီ လုပ်တာပေါ့... အားလုံး လုပ်စရာရှိတာလုပ်ကြတာပေါ့... ချိန်လိုက်တာအချိန်က Orchard MRT ၂း၃၀ အရောက် .....

အရင်ဘယ်သူရောက်လဲတော့ ကျနော် မသိဘူး ကျနော် အဲနားရောက်တော့ မရောင်ပြန်နဲ့ ကိုရီနို တိုနှစ်ယောကဘဲရှိသေးတယ် ... အဲမှာ ညစ်တာက Orchard ရုပ်ရှင်ရုံက Orchard MRT နဲ့ မနီဘူး Summerset MRT နဲ့နီးတာ ဗျ. လက်မှတ်ကလဲမဝယ်ရသေးဘူး ကျနော် ကိုသွားဝယ်ခိုင်းရော ... ဒါဆို Summnerset MRT မှ ပြန်ဆုံမယ်ပေါ့ ဆိုပြိ ကျနော် ကလက်မှတ်ဝယ်ဖို့ထွက်လာခဲ့တယ် ရုပ်ရှင်ရုံ ဘက်ကို ..လက်မှတ်ကဝယ်ပြီသွားပြီ ရုပ်ရှင်ရုံလိုက်ခဲ့ဆိုတော့ တစ်ယောက်မှ ရုပ်ရှင်ရုံကိုမသိဘူးတဲ့ ကျနော် ရုပ်ရှင်ရုံကနေ Summerset MRT ဘက်ကိုလမ်းပြန်လျှောက်ပြီ သွားပြန်ခေါ်ရတာပေါ့အဲမှာ ရောက်နေကြပြီ လူတော်တော် များများ ဘယ်သူတွေလဲဆိုတော့ မရောင်ပြန် ၊ကိုရီနို၊ တောင်ပေါ်သား၊ ဦးရှင်ကြီ ၊မိုးခါး ၊ ဂျပန်ကောင်လေး နဲ့ သူ့သူငယ်ချင်းတွေပေါ့... လိုနေတာက တစ်ယောက် ကြယ်ဖြူစင် ခုထိကိုမလာသေးဘူး နာရီ အစုပ်ပတ်ပြီ ဇိမ်ကျနေတာလေ...ဟီ ..ကျနော် တို့အုပ်စုရုပ်ရှင်ရုံဘက်ကိုထွက်လာခဲ့ကြတယ် ... လမ်းတစ်ဝက်မှာ ကြယ်ဖြူစ်က ဖုန်းလာတယ် ..ရောက်တော့မယ် သူကိုစောင့်တဲ့ MRT ထဲမှာတဲ့ သေရောဗျာ... အင်လေ ကျနော် သွားခေါ်ပေးမယ်ဆိုပြီ ကျနော် နောက်တစ်ခေါက် MRT ထဲပြန်ဝင်သွားတယ် အဲလမ်းကလူတွေဆို ကျနော် ကို အမြင်ကပ်လောက်ပြီး အဲလမ်းကိုဖြတ်တာ ၄ခေါက်လောက်ရှိသွားတယ် ... ကျနော် MRT ထဲမှထိုင်စောင့်နေတုန်း ရောက်ချလာပေါရော .... သူကိုလဲစောင့်ရသေးတယ် လမ်းလျှောက်တာလေ.. နောက်က ကျားလိုက်နေလားမှတ်ရတယ် မြန်သလားမမေးနဲ့ နောက်ပြီ လမ်းသိလားဆိုတော့ လဲ လမ်းမသိဘူး ကျနော် သူ့နောက်ကို အသည်းအသန် လိုက်ရတယ် စောင့်ရတာကိုမှ အားမနာ.... ဇွတ်ဘဲ သွားတာဟေ... နောက်ကလေ လိုက်ရတာ အမော...

တော်သေးတာပေါ့ ၂း၃၀ ချိန်းလိုက်လို လူစုံတာက ၃း၀၀ကျော်မှလူစုံတယ် ... အဲလိုနဲ့ရုပ်ရှင်ရုံထဲရောက်သွားတယ် ဇာတ်လမ်းကစနေပြီ ဝင်ကြပေါ့ တစ်ယောက်တစ်နေရာဆီ ဝင်ထိုင်လိုက်ကြတယ် ... မြန်မာမှန်းသိအောင်ကြွားလိုက်တာ ရုပ်ရှင်တစ်ရုံလုံးမှာ ကျလွတ်ကျလွတ်နဲ့ မုန့်တွေ ဆွဲနေကြတာ နောက်ကလူတွေကိုမှ အားမနား ... မိုက်တော့မိုက်တယ် ရုပ်ရှင်ဇာတ်လမ်းက အက်ရှင်ဆိုတော့ ဖိုက်တာပေါ့ ..... ကောင်းတယ်လိုပြောလဲရတယ် မကောင်ဘူးပြောလိုမရဘူး ဘာလိုလဲဆိုတော့ ကောင်ပါတယ်.... ဒီလိုနဲ့ ရုပ်ရှင်လဲပြီရော အပြင်ထွက်ခဲ့ကြတာပေါ့ အပြင်လဲရောက်ရော ဓာတ်ပုံရိုက်မယ်တဲ့ ကင်မရာထုတ်လာတယ် ဗျ ဘယ်သူတုန်း မိုးခါလား ကြယ်ဖြူစင်လားမိသိဘူး ရုပ်တည်ကြီးနဲ့ ထုတ်လာတာ ဘက်ထရီလဲမပါလားဘူး ဟီ... နောက်တစ်လုံးထက်ထွက်လာတယ် မရောင်ပြန် ကင်မရာ ဒါလဲထိုနည်းလည်းကောင်ပါဘဲ ဘက်ထရီမပါဘားဘူးလေ... အားကုန်နေတာ.... နောက်ဆုံတော့ လဲ ဖုန်းနဲ့ဘဲရိုက်လိုက်တယ် ရုပ်ရှင်ရုံရှေ့မှာလေ...ဒီပုံလေးပေါ့
အဲလိုနဲ့ ကျနော် တို အေးဆေးထိုင်ပြီ စကားပြောလိုရတဲ့နေရာလေးလိုက်ရှာလိုက်တယ် ... ကျနော် တို Vivo City အပေါ်ဆုံးမှာ သွားထိုင်ကြမယ်ပေါ့ဆိုပြီး MRT ထဲကိုပြန်ဝင်ပြီး ဒုန်းပျံ ဆီးရတာပေါ့ ... ခဏကြာတော့ရောက်သွားတယ်လေ. အားပါးပါး လန်းနေတာဘဲ အတွဲတွေအတွဲတွေ ... စိတ်ကိုအေးချမ်းသွားတာဘဲ တစ်မျိုးမထင်နဲ့ လေးအရမ်းတိုက်လိုပါ ပင်လယ်ကြီးကိုကြည့်လိုက်တာ . ရေတွေမြင်ရတယ်.... စိတ်ကိုအေးချမ်းသွားတာဘဲ အဟ.... အဲမှာ ဓာတ်ပုံရုံနဲ့များမှာလားလား မသိဘူး ကြယ်ဖြူစင်ပေါ့ ရိုက်မယ် ငါကိုရိုက် သူကြီးဘဲရိုက်နေတာ ကင်မရာတောင်နာတယ်..ဟီ .. ကျနော် တို့ ဘလော့ ဂါအုပ်စုလေးကို လှေခါးထစ်မှထိုင်ပြီးရိုက်ခိုင်လိုက် စလုံးသာလား ဘာသားလဲတော့ မသိဘူး ကင်မရာ မတွေ့ဖူးတာလားမမြင်ဖူးတာလားဘဲ ရိုက်လိုက်တယ်တဲ့ ပုံလဲမပေါ်ဘူး ဘယ်ကနေဘယ်လိုရိုက်လိုက်လဲမသိဘူး လုပ်တာကိုယ့်လူ ပြုံပြီးတော့ (Finish) ဘာကို (finish)လိုက်တာလဲမသိဘူး ပုံလဲမပါဘူး အရေးထဲမှ ကင်မရာကိုလုနေသေးတယ် ... ဒီလိုနဲ့ ကျနော် တို့လျှောက်ကြည့်ကြတာပေါ့ နောက်ပြိ Vivo City မှာ အမှတ်တရဆိုပြီ ဒီပုံလေးကိုရိုက်လိုက်တယ် ......

ဒီလိုနဲ့ ဝါးတီးသွားဆွဲကြတယ်လေး ကန်တင်းမှာ သွားစားကြတယ်လေ....အဲလိုစားနေတုန်းကျနော့်ရဲ့ ချစ်ဘော်ဒါကြီး ငပျင်း (မလေးရှား) က ဖုန်းဆက်လာပါရော သူလဲလိုက်ချင်မှာဘဲနော်... ကျနော် တိုပျော်နေတဲ့ အချိန်မှာ သူက အလုပ်လုပ်နေတယ်လေ ငပျင်း နဲ့ တိုကြီး အိုက် နောက်လဲတိုကြီးတို့ရဲ့ အလှည့်ပေါ့ကွာ...ငပျင်းရဲ့ဖုန်းလဲချပြီး ရောစားလိုလဲကုန်ကြပြီလေ.... ပြန်ကြပြီပေါ့ အဲလိုနဲ့ ပျော်စရာ အချိန်လေး ကို ဆုံးသက်လိုက်ကြတယ်အရင်ဆုံးပြန်သွားတာက ဦးရှင်ကြီး ကျန်တဲ့လူတွေက ဒုန်းပျံ ဆီးပြီပျံကြတာပေါ့...

ကျနော် ပျော်ပါတယ် အခုလို ဘလော့ဂါ အစ်ကိုအစ်မတွေနဲ့ တွေရတာ အစ်ကို အစ်မဘဲရှိတယ် ဘာလိုလဲဆိုတော့ ကျနော် က အငယ်ဆုံးဘဲ...ဘလောဂါတွေထဲမှာ..... နောက်လဲဆုံချင်သေးပါတယ် ... ကယ်ဗျာ ကျနော် ဒီလောက်နဲ့ ရပ်လိုက်တော့မယ် ...

11 comments:

Anonymous said...

ဟူးးးးးးးးးးးးး တော်ပါသေးရဲ့။ မကြီးရောင်အစားပုတ်တာ မပါလို့။ အဲလိုချစ်ဖို့ကောင်းတဲ့ အငယ်ဆုံး အထွေးဆုံး အချစ်ဆုံးလေး။ မကြီးတို့လည်း အရမ်းကိုပျော်ပါတယ်။ နောက်လည်း ဆုံးပြီး အော်ကြတာပေါ့နော်။ ဘာလို့တောင်ပေါ်သား Snapshot လိုက်ရိုက်တာ ဘာလို့မထည့်တာလဲ။ ဟီး

ချစ်မကြီး
မေတ္တာရောင်ပြန်

တောင်ပေါ်သား said...

အမ် ငါက ဒုတိယ ဖြစ်သွားတယ် ဟုတ်လား ကောင်းရော ဘယ်ကတည်းက ချောင်းနေလဲ မသိဘူး.. အဟားဟား... နောက်များလဲ တွေ့ဆုံကြသေးတာပေါ့ဗျာ... မရောင်လိုတော့ မဆုံးချင်ပါဘူးအဟားဟား


လေးစားလျက်
တောင်ပေါ်သား

မိုးခါး said...

အေးပါ
တွေ့ကြသေးတာပေါ့ အဆိပ်ခွက်ရယ် .. (ကြိမ်းမောင်းခြင်းမဟုတ်ပါ .. အမှန်အကန် ဆုံတွေ့လိုခြင်းဖြစ်ပါသည် .. :D)

အိုက်ခီလောက် said...

မကျေနပ်ဘူး မကျေနပ် ဘူး ဘာမှပြောနဲ့ အဟင့်
ဒူမှကြည့်မရပါ စိတ်နာလို့ တစ်ပတ်လောက်အွန်လိုင်းမတက်တော့ဘူး
သိယား

ဂျပန်ကောင်လေး said...

နောက်တစ်ခါလည်း ဆုံကြတာပေါ့ဗျားးးးးးးး

စိုင်းစိုင်းလားရှိုး said...

မကြာမှီ လာဦးမည် အစီအစဉ် အသစ်နဲ့ပေါ့

အိုက် ချီ ခန့် said...

အဟွန့်...
အကျေနပ်ဖူး.. အကျေနပ်ဖူး...
အနာလိုဖူး... အနာလိုဖူး..
ဟေ့တောင် အဆိပ်.. နင်တို့ကောင်တွေတွေ့မယ်..ဟွန့်..။

mgnge said...

ငါ့ကျတော့ အွန်လိုင်းမှာတွေ့ ရဲ့သား နဲ့ မခေါ်ဘူး
သိပ်မကြည်ဘူးနော် ဟွန်းဟွန်း

Mogok Thar said...

ပျော်စရာာ နေ့လေးပါလား။

Sein Lyan Tun said...

သူတို့ပျော်ခဲ့တာ ဝမ်းသာမပေးနိုင်ပါဘူး
အနော့်ကိုချန်ခဲ့ကြတာလေ
ဟွန့်

Unknown said...

ဟယ် ပျော်စရာကြီး
ကျွန်မလဲ အဲ့လို သူငယ်ချင်းတွေနဲ့ ပျော်ချင်လိုက်တာ..

တစ်နေ့ တစ်နေ့ အလုပ်လုပ်ရတာ စိတ်ဆင်းရဲစရာတွေနဲ့ပဲ မြင်နေရ ကြားနေရ လုပ်နေရတယ်..

ပုံလေးတွေနဲ့ စာဖတ်ရတာ စိတ်ထဲ ကြည်နူးသွားတယ်။