Thursday, May 7, 2009

ငှက်ငယ်လေး

ငါ့နှလုံးသား ငှက်ငယ်လေး
လဲချစ်သူရှိရာ ဆီသို့
ကြမ်းတမ်းလှသော
လှိုင်းဒဏ်၊ မုန်တိုင်းဒဏ်
တွေကြားထဲက နေ
ပြေးလာနေပြီချစ်သူ
မင်းလေးရဲ့ အပြုံးကိုမှန်ဆ
ဆုံဆည်းဖို့နေ့ရက်လေးတွေကို
မှန်းမျှော်ကြည်နူး ရင်
အားတင်းတာ
မင်းလေးရှိရာကို အပြေးလေး
ပျံသန်းလာနေပြီချစ်သူ
အဲလိုပျံသန်းလာပြီး
မင်းလေးနားရောက်ရင်
မင်းလေးရဲ့ အပြုံးလေးနဲ့
ဆီးကြိုးနေပေးပါ....
မင်းရဲ့ အပြုံးလေးကိုမြင်တွေ
လိုက်ရရင်ဖြင့်
ငါ့ရင်မှာ.. အမောဆိုတာ
ရှိလိမ့်တော့မယ်
မထင်.....

1 comment:

Anonymous said...

ဘယ်လောပဲဝေးဝေး ဆောင်းခိုငှက်လေးတွေတောင် ဆောင်းတွင်းဆိုရင် ရေခဲတောင်တွေကို ဖြတ်ပြီး အရှေ့ကိုရောက်လာသေးတာပဲ။ မောင်လေးရဲ့ ငှက်လေးလည်း တနေ့မှာ မြင်တွေ့ချင်တဲ့ အပြုံးလေးကို တွေ့ရမှာပေါ့။

ပျော်ရွှင်ပါစေနော်။
ခင်တဲ့
မကြီး