Sunday, March 29, 2009

ဆရာမပြောပြ သောဖြစ်ရပ်မှန်...

ကျနော်တို ကျောင်းတတ်တုန်ကပေါ့... ဆရာမ က သူရဲ့ဖြစ်ရပ်မှန်လေးကိုပြောပြဖူးပါတယ်.... ဇာတ်လမ်းလေးကဒီလိုဗျ....

ဆရာမ ကအရင်တုန်းက နယ်မှာစာသင်တယ်.... တစ်နယ်ပြီတစ်နယ်ပြောင်းရတာပေါ့.... ဒီလိုနဲ့ ရွာတစ်ရွာ ကိုစာသင်ဖို့ရောက်သွားတယ်... အဲဒီရွာက လူတွေက လာကြိုတာပေါ့... ဆရာမက သူရဲ့မောင်လေးက လိုက်ကူတယ်လေ...နောက်ပြီ..ဆရာဝန်မလေးတစ်ဦကလဲအဲဒီနယ်မှာဘဲ တာဝန်ကျ တယ်လေ... အဲဒီတော့ အတူတူသွားကြတာပေါ့....

ဆရာမတိုကို...ရွာကတာဝန်ခံက အိမ်လေးတစ်လုံးမှာပေးတည်းတာပေါ့... အဲဒီတဲလေး ဆိုပင်မဲ့အိမ်လေးလိုပါဘဲ... လေ.. ကျောင်းနဲ့တော့နဲနဲ လှမ်းတာပေါ့... အဲဒီအိမ်နားမှာ ရေကန်ကြီတစ်ကန်ရှိတယ်... ရွာကအဲဒီရေကန်ကို ရေတွေဘာတွေလာခတ်ကြတယ်လေ...

ဒီလိုဘဲပေါ့ မနက်ဆိုရင် ဆရာမ ကကျောင်းသွားပေါ့.. ကလေးတွေကိုစာသင်... ဆရာဝန်မကလဲ.. လူနာတွေကိုလိုက်ကုကြတာပေါ့... ကျောင်းသားတွေက ဆရာမလာပြီဆိုပြေးကြိုလိုက်ရတာ မောပေါ့ဗျာ..

ကလေးတွေကလဲစာလိုက်လုပ်ကြပါတယ်... ညနေ၅နာရီလောက်ဆိုအိမ်ပြန် ပေါ့.. ဆရာမမောင်ကတော့ ရွာထဲလျှောက်သွား....ညနေဆိုရင်... ထမင်း၃ယောက်သားအတူတူ စာကြတာပေါ့.. တစ်ခါတစ်လေဆို ရွာကကျောင်းသားတွေက ဟင်းတွေလာပိုကြတယ်လေ...

ညစာစားပြီပြီဆို ဆရာမကတော့ စာတွေစစ်ရတာပေါ့..ကျောင်းသားတွေရဲ့ စားအုပ်တွေကို..ဆရာဝန်မကတော့ သူအလုပ်နဲ့သူပေါ့ဗျာ..


ဆက်လက်ရှုစားရန်.....

Thursday, March 19, 2009

မမေ့နိုင်သော ထမင်းဝိုင်းလေ..

ကျနော်တို့ ဟိုးငယ်စဉ်ကထဲက မိသားစု ထမင်းလက်ဆုံ စားကြတယ်....လူသားတိုင်းလဲ စားဖူးကြမှာပါ.... ကျနော် ခံစားချက်လေးပေါ့....


ကျနော်က တောင်ကြီကပါ...အလွန်ချမ်းအေးလှတဲ့ တောင်ပေါ်ချယ်ရီ ပန်းများပွင့်လန်းရာဒေသပေါ့...မနက်ဆိုရင် ကျောင်းသွားတဲ့သူကသွား အလုပ်သွားတဲ့သူကသွားပေါ့ .... ညနေ ၅နာရီဆိုရင်အိမ်ကိုပြန်ရောက် ကြပြီလေ .... ဟိုလုပ်ဒီလုပ်နဲ့ ၆နာရီလောက်မှ စားဖြစ်ကြတာပေါ့...

အဖေက ဟေယောင် သားကြီး မင်းညီမတွေ ကိုခေါ်လိုက်တော့လေ ထမင်းစားရအောင် လို ..

ကျနော်ကလဲ ဟုတ်ကဲ့ အဖေ ဆိုပြီလှမ်းခေါ်တာပေါ့...ဟေဟိုနှစ်ယောက် ထမင်းစားမယ် အဖေခေါ်နေတယ်

နှစ်ယောက်လုံး ကပြိုင်တူ ၊တိုက်ထားရင်တောင်လွဲအုံးမယ်..ဟုတ်လာပြီဆိုပြီနောက်ဖေး ကိုပြေးလာကြတာပေါ့

အဲဒီမှာအမေ က ဟဒီသားဖတွေ ခဏနေပါအုံး ဒီမှာ အရွက်ကြော် လိုပြီးတော့မယ်..အဖေက အေးပါကွာလုပ်လုပ်

အဖေက ဟေဘာလုပ်ရမလဲဆို တာသိတယ်နော် အဲဒါ လက်ဆေးခိုင်းတယ်ဆိုတာ သိပြီသား ကျနော်တိုမောင်နှမက ..အဖေကထမင်မစားခင် လက်ဆေးဖိုအမြဲပြောတာ......အာလုံးလက်ဆေးပြီ .... စာပွဲပေါ်အဆင်သင့်ထိုင်ပြီးသား အမေက အော်ရော် ဟေထိုင်မနေနဲ့လေ ဇွန်းတွေလာယူ ဆိုပြီအော်မှ ထယူကြတယ်လေ...

ဒီလိုနဲ့ ထမင်းဝိုင်းလေ ပြင်ပြီ သွားရော...အဖေရဲ့အသံ ဟမေကြီး ဟင်းတွေကဆုံလှချီလား ကဲကဲထည့်စားကြ ရောကြက်သား...ဟေကောင်ကောင်ဖဲလေ ဘယ်လိုလုပ်နေတာလဲ ..ဖိတ်တော့မယ် အမေရဲ့စကားတောင်မဆုံးသေးဘူး ညီမလေးကြက်သားဖဲ့လိုက်တာ လွင့်ပြီကျနော့် ပန်ကန်ထဲလာဝင်ရာ ရီကြတာပေါ့ တစ်ယောက်တစ်ခွန်းနဲ့ ..... ကျနော်တို့ရဲထမင်းဝိုင်းလေးက လက်ဆုံကြနေတာပေါ့ မိသားစုနဲ့ စားကြတာဆိုတော့ ဟိုလျှောက်ပြောဒီလျှောက်ပြောနဲ့ပေါ့ ထမင်းဝိုင်းလေး အသက်ဝင်စေခဲ့တယ် ...ခဏကြာတော့စားပြီကြပြီလေ...အဖေ ကလက်ဆေးပြီ အိမ်ရှေ့မှာသတင်းစာသွားဖတ်ပြီ ...ဟိုနှစ်ယောက်က တော့စပြီ ဂိမ်ဆော့ပြီ...သူတိုကဂိမ်းဆော့ မဟုတ်ဘူ ရန်ဖြစ်တိုင်းဆော့နေတာလေ...ဟီ ဘာလိုလဲဆိုတော့ လူ့ကြတာပေါ့ ငါနိုင်တာ နင်က ညစ်တယ်ပေါ့ ဆုံလို...ကျနော်နဲ့အမေကတော့ စာပြီသားလေးတွေသိမ်ပေါ့ ပန်ကန်တွေဘာတွေခွဲကူတာ ဆေးကူတာဟုတ်ဘူး ဟီ.. ဒီလိုနဲ့ကျနော်တို့ရဲ့ ညစားလေးက ပြီဆုံးသွားခဲ့တယ်...

ဒီလိုနဲ့ ကျနော်တို့ ခုစလုံးကိုရောက်လာခဲ့တယ် ..မိသားစုလေးနဲ့ဝေပြီလေ ကျနော်ရောက်တော့ အိမ်မှာထမင်းကို တစ်ယောက်ထဲငြိမ်သက်ပြီ စားရတာအသက်မပါတော့ဘူး...လေ အရင်တုန်းကဒီချိန်ဆို ...ပြီစဉ်းစားလိုက်တိုင် မျက်ရည်ဝဲ ခဲ့ရတဲ့နေတွေလဲမနဲတော့ဘူး.... အရင်အချိန်လေးကိုပြန်လိုချင် ရင်ရောဘယ်သူက လာပေးမှာလဲ .. သူငယ်ချင်းတို့ရော တစ်ယောက်ထဲ စားရတာ နဲ့ မိသားစုနဲ့စားရတာ ဘယ်ဟာအသက်ဝင်လဲ

ကျနော် ရဲ့အရင်ချိန်လေးကိုတစ်နေ့ပြန်ရလိမ့်လိုထင်တယ်။ သူငယ်ချင်းတို့အာလုံး ရွှင်လန်းချမ်းမြေ့ပါစေ

အဆိပ်ခွက်

Friday, March 13, 2009

ဟိုနေ့ နဲ့ ဒီနေ့ ....

ဟိုနေ့က တွေ့လိုက်တဲ့ ကောင်မလေးရယ်.မင်းကို..

ဒီနေ့ထိ ငါသတိရနေတုံးဘဲ...

ဟိုနေ့က မှတ်တမဲ့လေး တွေကို.....

ဒီနေ့ထိ ငါအမှတ်ရနေတုန်းပါဘဲ....

ဟိုနေ့က မင်းအပြုံးလေး ကို....

ဒီနေ့ထိ ငါမြင်မတ်နေဆဲပါ...

ဟိုနေ့က အတူလျှောက်ဘူးတဲ့ လမ်းတွေကို..

ဒီနေ့ထိ ငါသတိရနေဆဲပါ....

ဟိုနေ့က မင်းရဲ့အကြင်နာမျက်ဝန်းလေးတွေကို.....

ဒီနေ့ထိ ငါရင်ခုန်နေဆဲပါ.....

ဟိုနေ့ကချစ်တယ် ဆိုတဲ့ စကားလေး....

ဒီနေ့ထိ ရှင်သန်နေအုံးမလား.....

ငါဆိုးရိမ်လို့ပါ.....

အဆိပ်ခွက်

Wednesday, March 11, 2009

အစအဆုံးဖတ်ပါ......

အဆုံးထိတော့ ဖတ်ကြနော်.....*
ယခုကိစ္စသည်သူမဘ၀အတွက် ပထမဆုံးကိစ္စပင်ဖြစ်ပါသည်။ သူမသည် ကျောခင်းကာလှဲအိပ်ရင်းကြွက်သားများကိုတောင့်ထားမိလေသည်။ သူ့ကိုငြင်းဆန်ရန် အကြောင်းပြချက်မျိုးစုံကိုစဉ်းစားရင်း တတ်နိုင်သလောက်အေချိန်ဆွဲနေမိသည်။ သို့သော် သူကတော့လုံးဝလက်လျော့ဟန်မပြပဲ သူမအနားသို့ တိုးကပ်လာလေသည်။ ကြောက်နေသလားဟုမေးသောအခါတွင် သူမကရဲဝံ့စွာခေါင်းခါပြမိသည်။သူသည် ယခုလိုကိစ္စများတွင် အတွေ့အကြုံရင့်ကျက်သောသူတယောက်ဖြစ်ပါသည်။သူ၏လက်ချောင်းများသည် နေရာမှန်ကို ရှာဖွေတွေ့ရှိသွားကြသည်။ အထဲထိနိုက်စမ်းလိုက်သောအခါ သူမ နာကျင်မှုဖြင့်တကိုယ်လုံးတုန်ခါသွားပြီးအကြောအခြင်များတောင့်တင်းသွားသည်။ သူသည် ပြောထားသလိုပင်ညင်ညင်သာသာပြုလုပ်ကြောင်းသူမသိပါသည်။သူက သူမမျက်ဝန်းကိုစိုက်ကြည့်ရင်း စိတ်မပူရန်၊ သူ့အနေနှင့်အတွေ့အကြုံအများကြီးရှိကြောင်းထပ်ပြောပြန်သည်။ သူပြုံးပြသောအခါ သူမစိတ်ကိုလျော့ချလိုက်ပြီး သူအတွက်လွယ်ကူစေရန်တတ်နိုင်သမျှကျယ်ကျယ်ဟပေးထားလိုက်သည်။သူ့ကိုမြန်မြန်ကိစ္စပြီးအောင် ပြုလုပ်ရန် အကြိမ်ကြိမ်တောင်းပန်မိလေသည်။ သို့သော်သူကတော့ ဖြည်းဖြည်းမှန်မှန်သာ ဆက်လုပ်ပါသည်။ နောက်တကြိမ်တွင်အသားမျှင်များစုတ်ပြတ်ပြီး တကိုယ်လုံးနာကျင်မှုကိုခံစားလိုက်ရသည်။သွေးအနည်းငယ်ထွက်လာသည် ကိုလည်း သူမသိရှိလိုက်သည်။အရမ်းနာသလားဟု သူကထပ်မေးနေပြန်သည်။ မျက်ရည်များပြည့်လျှံနေသော်လည်းမနာသယောင်ခေါင်းခါက ဆက်လုပ်ရန် ခေါင်းညိမ့်ပြလိုက်မိသည်။ သူက ကျွမ်းကျင်စွာဆက်လုပ်နေသော်လည်း သူဘာလုပ်နေမှန်းမသိအောင်သူမစိတ်လှုပ်ရှားကာထုံပေပေဖြစ်နေမိသည်။အတန်ကြာသော် သူမမှအရည်အချို့တာကျိုးသလိုပေါက်ထွက်သွားသည်ကို ခံစားရပြီး သူသည်အရာတစ်ခုကိုအောင်မြင်စွာ အပြင်သို့ထုတ်လိုက်လေသည်။ သူမ သက်ပြင်းမောများရှိုက်ထုတ်နေရင်း ကိစ္စအောင်မြင်ပြီးမြောက်သွားသည်ကို ၀မ်းသာပျော်ရွှင်နေမိသည်။သူကနွေးနွေးထွေးထွေး ပြုံးပြရင်း တော်တော် ကိုင်ရတွယ်ရခက်တဲ့ ခလေးမဟုရေရွတ်လေသည်။သူမကလည်းမချိပြုံးလေးပြုံးပြလိုက်ပါသည်။
ထို့နောက် ကျေးဇူးတင်စကားကို သွားဆရာဝန်အားဆိုလိုက်လေသည်။ အထက်ပါအဖြစ်အပျက်မှာသူမ၏ ပထမဆုံးသွားနှုတ်သည့်နေ့က အတွေ့အကြုံပင်ဖြစ်လေသည်။


ဒါလေးကစိတ်ဝင်စားစရာကောင်းပါတယ်....ဒါကိုကျနော် မေလ်ထဲမှာတွေ့လိုပါ.. အားလုံးပြုံးပျော်နိုင်အောင်လို တင်ပေးလိုက်တယ်... နောက်ပြီးစာကို အစအဆုံးဖတ်စေချင်တယ် ရည်ရွယ်ချက်လေးပါ....တန်ဖိုးရှိတဲ့စာတွေကိုအပေါ်ယံ ဖတ်ပြီး ကျေနပ်နေတာမကောင်းပါဘူး...ငယ်ချင်းတို့ရေ..ဖတ်ကြနော်အစအဆုံး.........

အဆိပ်ခွက်

Tuesday, March 10, 2009

လေ့လာစရာ ပုံလေးတွေ...

ဗဟုသုတလေးပါ...တစ်ချိန်ကျရင် သူငယ်ချင်တို့လဲ ဒါမျိုးတွေ တီထွင်နိုင်အောင်လို..ဟဲဟဲ လော့သင့်တဲ့ ပုံလေးတွေပါ

ကျနော့်မေလ်းကနေ တွေလိုပါ...အာလုံး ဗဟုသုတ ရပါစေ....


အဆိပ်ခွက်

ကောင်မလေး

ကောင်မလေးရာ....

ကိုယ့်ရင်ထဲက အချစ်တွေ...

မင်းလေးတစ်ယောက် ထဲအတွက်ပါ....

မှတ်တမဲ့ ဆုံတွေ့ခဲ့ရတယ်နော်...

ကိုယ့်အတွက်တော့ အမှတ်တရတွေ


ဖြစ်ကုန်ပြီ ကလေးလေးရာ.....

မင်းလေးကို ကိုယ့်ရဲ့စိတ်ကူးထဲကနေ...

တစ်စက္ကန့်လေးတောင်ထုတ်လိုမရခဲ့ဘူး

ညညဆိုလဲ မင်းရဲ့ပုံရိပ်တွေ...

ကိုယ့်ရဲ့အိမ်မတ်ထဲမှာစိုးမိုးနေပြီ

လှိုင်းထနေတဲ့ ကိုယ့်ရဲ့ရင်ခွင်ကို...

မင်းလေးသိနိုင်မလား....

ကိုယ်ဖြစ်နိုင်ရင် မင်းလေးရဲ့နာမှာ

အရိပ်လေး အဖြစ်နဲ့တောင်နေချင်တယ်....

အရမ်းချစ်တာဘဲကောင်မလေးရာ...

မင်းလေးကို မတွေ့ရတဲ့နေတွေမှာ..

ကိုယ့်ရဲ့ရင်ခွင်ဟာ အာကာသထဲမှာ...

လိုမျိုး..ဟာလာဟင်းလင်းကြီးဖြစ်နေတယ်...

ဆိုတာမင်းလေးသိနိုင်မလား....

မင်းလေးရဲ့အပြုံး...

မင်းလေးရဲ့အကြင်နာ မျက်ဝန်းလေးတွေ

မင်းလေးရဲ့ချစ်တယ်ဆိုတဲ့ အသံလေးတွေကို..

ကိုယ်ဆွဲလန်းနေပြီ ကလေးရာ...

အဆိပ်ခွက်

Monday, March 9, 2009

ဟတ်ပီဗာတ်ဒေး



ကယ်... မွေးနေ့မွေးနေ့ လူတိုင်းကြုံရမယ့် မွေးနေ့လေးပေါ့ဗျာ....လူသားတိုင်း တစ်နှစ်မှာတစ်ခါတော့ ကြုံကြရမှာဘဲလေ.... ကယ်ဒီလိုဘဲလေ....မနက်ဖြန် ကျနော်ရဲ့သူငယ်ချင်းထဲက သူငယ်ချင်းတစ်ယောက် ဖြစ်တဲ့ မဝင့်သူအောင် ရဲ့မွေးနေ့ကိုကျရောက်လိုလာပါပြီဗျာ....


သူငယ်ချင်း ဝင့်သူအောင်ရေ


ဟတ်ပီဗာတ်ဒေးပါ.... ပျော်ရွှင်စရာကောင်းတဲ့မွေးနေ့လေးဖြစ်ပါစေ။ လိုအင်ဆန္ဒ တစ်လုံးတစ်ဝကြီးပြည့်ဝပါစေ. မနက်ဖြန် သူငယ်ချင်းတွေကို များများကျွေးနိုင်ပါစေဗျာ... ဗိုက်တောင်စာလာပြီ...ဟီဟီ... ဒီကနေဘဲ မွေးနေ့ဆုမွန်ကောင်းပေးလိုက်ပါတယ်နော်.....


သူငယ်ချင်း အဆိပ်ခွက်

ကျေးဇူးတင်ပါတယ်ဗျ...

ကျနော် ရဲ့ဒီ ဘလော့ လေးဖြစ်လာအောင် အရင်ဆုံး ကူညီပြီး...ကျနော်ကို ဘလော့ရေးခိုင်းခဲ့တဲ့ ကိုစနေသား ကိုကျေးဇူးတင်ပါတယ်...ဘာလိုလဲဆိုတော့ ကျနော် ကဗျာလေးတွေရေးတာဝါသနာပါပါတယ်... ကျနော် သလော့ရေးတတ်အောင် ကိုစနေသား က အားပေးကူညီပေးခဲ့ပါတယ်.ကျနော်ရစ်သမျှကိုလဲ..ပြောပြပေးခဲတယ်.. ခုချိန်ဆို အဆိပ်ခွက် ဆိုတဲ့ နာမည်နဲ့ ရေးနေတာဆို တစ်လလောက်တော့ရှိပါပြီ.... ဒီနာမည်ကိုလဲ..ကိုစနေသား ကခေါင်းစားခံပြီ စဉ်းစားပေးခဲ့တယ်... ကျနော်လဲကြိုက်လို...ယူဖြစ်သွားတာပါ.....

နောက်ပြီး ကျနော်ရဲ့ ဘလော့ ဘာတ်ဂရောင်း နဲ့ပါတ်သတ်ပြီး ကူညီပြီး ကျနော် ပြောသမျှ လိုက်ရှာပေးခဲ့တဲ့ ဆုံဆည်ရာမှ Admin ကိုရဲ ကိုလဲကျေးဇူးအတူးတင်ရှိပါတယ်ဗျာ....

ကျနော်လဲ ဘလော့တွေကို အတတ်နိုင်ဆုံးတင်သွားပေးပါ့မယ်.... ကယ် ကိုစနေသား၊ကိုရဲ...နောက်လဲရစ်အုံးမယ်နော်...ဟီဟီ...

အးလုံးကိုကျေးဇူးတင်ပါတယ်
အဆိပ်ခွက်

Sunday, March 8, 2009

ဆင်ပေါက် Big Bag အဖွဲ့မှ အနားယူသွားပြီ

Big Bag အဖွဲ့ရဲ့ ဘေ့စ်ဂစ် တာသမား ဆင်ပေါက်၊ Big Bag ရဲ့ ဘေ့စ်ဂစ်တာအတီးသမားဘဝကနေ အနားယူသွားပြီဖြစ်ပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီးကာယကံရှင်ဆင်ပေါက်နဲ့ Big Bag ရဲ့ တာဝန်ရှိသူ ကျားပေါက်တို့ရဲ့ ပြောပြချက်များကိုအခုလို တင်ပြလိုက် ပါတယ်။


ဆင်ပေါက် _ကျွန်တော်တို့ ဘာပြဿနာမှ မရှိပါဘူး။ အဓိကကတော့ ကျွန်တော် အဆိုပိုင်းကို အဓိကထားပြီး လုပ်ချင်တာလည်း ပါပါတယ်။ အတီးသမားဘဝ က အချိန်ပေးရပါတယ်။ အဲဒါကြောင့် ကျွန်တော် နုတ်ထွက်လိုက်တာပါ။ အချိန်သိပ်မပေးနိုင်တာလည်း ပါပါတယ်။ အဆိုပိုင်းကို ဒီထက်မက အချိန်ပေးပြီး လုပ်ချင်ပါတယ်။ အခွေဘက်ကို အားစိုက်ချင်တာကြောင့်ပါ။


ကျားပေါက်_ဆင်ပေါက်မရှိတော့တဲ့အတွက် သူ့နေရာမှာ ဘေ့စ်ဂစ်တာသမားအသစ် ရဲဇော်မျိုးကို တီးခွင့်ပြုလိုက်ပါပြီ။ ဆင်ပေါက်က သူ့ဘာသာသူ အနားယူ နုတ်ထွက်သွားတာပါ။

*********************************************

အားလုံးသိအောင်လိုကြေညာလိုက်ပါတယ်.... ဒီဟာကိုကျနော်...web site တစ်ခုမှာဖတ်ရလိုပါ.... အာလုံးသိသွား အောင်ဆိုးပြီးတင်လိုက်ရတာပါ..... ကျေးဇူးတင်ပါတယ်....

အဆိပ်ခွက်


ဆရာဝန်.....

ကြည်လင်လှပနေတဲ့..ကောင်းကင်ရဲ့အောက်မှာ...

ငါ့ရဲ့နှလုံးသားလေး.... အိပ်စက်အနားယူခိုက်.....

ရုတ်တရက်....မင်းလေးကိုတွေ့လိုက်ရတဲ့အချိန်မှာ

ငါ့ရဲ့နှလုံး...ခုန်သံလေး ဟာ..ဗြောင်းဆန်သွားတယ်...

ကောင်မလေးရယ်...အရမ်းလှတာဘဲ....

မင်းလေးရဲ့..အကြည့်မျက်ဝန်းလေးထဲမှာ....

ငါကျရှုံး...သွားပြီကောင်မလေးရာ....

ငါ့ရဲ့ကွဲကြေနေတဲ့ .. နှလုံးသားလေးကို....

ကုသဖို့.....ဆေးမရှိတော့ဘူးလို..ထင်ခဲ့တယ်...

ဒါပင်မဲ့...ကောင်မလေးရယ်....

ခုဆို.မင်းရဲ့အကြင်နာမျက်ဝန်းလေးတွေနဲ့....

မင်းကုသပေးခဲ့....ပြီပေါ့.....

ညအိမ်မတ်ထဲ..ထိတောင်.....

မင်းရဲ့..မျက်ဝန်းလေးတွေက..စိုးမိုးနေပြီ...

ကောင်မလေးရယ်...ကိုယ့်ရဲ့နှလုံးသားကို....

ထပ်မရက်စက်ပါနဲ့တော့ကွယ်.....

နောက်ထပ်....ကွဲစရာအသည်းမရှိတော့လိုပါ....

အရမ်းချစ်တယ်ကောင်မလေးရယ်......

အဆိပ်ခွက်



Thursday, March 5, 2009

အရင်ကဇာတ်လမ်း...

ပြက္ခဒိန်တွေလဲ..တစ်လပြီး..တစ်လ....

ဟောင်းနွမ်းကုန်ဆုံးသွား....ခဲ့တယ်....

နွေ၊မိုး၊ဆောင်း....ရာသီဥတု..လဲတစ်လပြီးတစ်လ...

တစ်နှစ်ပြီးတစ်နှစ် ပြောင်းလဲ သွားခဲ့ပြီ....

သစ်ပင်တွေကလည်း...ရွတ်ဟောင်းတွေကြွေပြီ..

ရွတ်သစ်တွေလဲဝေ...ခဲ့ပြီ....

ဒါပင်မဲ့.....ငါ့ရဲ့ရင်ထဲမှာတော့...မင်းကို

တစ်စက္ကန့်လေးတောင်မေ့လိုမရခဲ့ဘူး.ကောင်မလေး....

မင်းလေးရဲ့ဆန္ဒကိုပြည့်ဆည်းပေးခဲ့ပါတယ်...

ဒါမင်းကို....ချစ်လိုပါဘဲ....

ရွှေလိုတောက်ပနေတဲ့ မင်းရဲ့ဘဝထဲမှာ....

အတူတူနီးစပ်ဖိုက...မဖြစ်နိုင်....

ကိုမလာဝံ့ဘူး..ကောင်မလေးရယ်...

ဖြူစင်နေတဲ့မင်းရဲ့အပြုံး....

အပြစ်ကင်းစင်တဲ့ မင်းရဲ့နှလုံးသားလေးကို...

ငါအရောင်ဆိုးမိမှာဆိုတယ်....

ကောင်မလေးရေ...

ငါရဲ့မျှော်လင့်ခြင်းအိပ်မက်..ဟာကုန်ဆုံးသွားပြီ...

ငိုနေတဲ့ငါနှလုံးသားလေး...လဲမောဟိုတ်နေပြီ....

မင်းလိုချင်တဲ့...စကားကိုငါပြောမထွတ်.....

ပင်မဲ့...ပြောလိုက်ပါတယ်....

မင်းပျော်ရွှင်နေတာသိရတော့...ဝမ်းသာပါတယ်....

ငါတို့ရဲ့ အရင်ကဇာတ်လမ်းကို...မေ့လိုက်ပါတော့မယ်....


အဝေးကချစ်နေလျက်


အဆိပ်ခွက်





ဟတ်ပီဗာတ်ဒေး......



လူသားတိုင်း မွေးနေ့ဆိုတာ ကြုံကြရစမြဲပါ... မွေးနေ့မှာ..သူငယ်ချင်းတွေနဲ့ ပျော်ကြတာမယ်..စာကြသောက်ကြမယ်ပေါ့ ....လူသားတိုင်း မွေးနေ့ကို မလွဲမသွေကြုံ ကြရမှာဘဲ... ဒီလိုဘဲ..... မနက်ဖြန် ကျနော် ရဲ့အချစ်ဆုံး သူငယ်ချင်း မောင်ဟိန်းထက်ရဲ့ မွေးနေ့ကို ကျရောက်လာပါပြီ....


သူငယ်ချင်း ဟိန်းထက် ရေ....


ဟတ်ပီဗာတ်ဒေးပါ.... မွေးနေ့မှာ လိုအင် ဆန္ဒ တစ်လုံးတစ်ဝ ကြီးပြည့် ဝပါစေ..... ၁၀ တန်းက လိုဘဲ များများ ကျွေးနိုင် ပါစေ..ဗျာ.... မင်္ဂလာရှိသော မွေးနေ့လေးဖြစ်ပါစေ....လို ဒီကနေ ဆုမွန်ကောင်း တောင်းလိုက် ပါတယ်....


သူငယ်ချင်း အဆိပ်ခွက်

Tuesday, March 3, 2009

ထာဝရ မ......


ကျနော့်ရဲ့ တောင်းဆုတွေလဲ.. မပြည့်ခဲ့ဘူးကွယ်.....
မကြာခင် နံနက်မိုးသောက်တော့ပေမယ်....
မိုးတွေသဲနေ သလို..ရင်ခွင်ထဲမှာ...
အလွမ်းတွေ နဲ့သဲနေခဲ့ပါတယ်....
မိုးစက်တွေကြားမှာ..ဆုံတွေခဲ့ရပင်မဲ့......
မိုးစက်တွေကြားမှာ ထွက်သွားခဲ့တဲ့ မ က...
ကျနော့်ကိုပျော်ရွှင်စွာနဲ့....
မေ့နေတော့မှာလား မရယ်...
ဒီကဗျာလေးကိုရေးရင်း.....ထွက်ကျလာတဲ့မျက်ရည်ကို...
ထိန်းနိုင်ခဲ့ပေမဲ........
မကို မလွမ်းအောင် မ ချစ်မိအောင် .....
တစ်စကန့်လေးတောင်းထိန်းလို့မရဘူး...
လွမ်းနေအုံးမယ်...အပြင်မှာရွာနေတဲ့ မိုးတွေနဲ့အတူ......
ကျနော့်ရင်ထဲမှာ..အလွမ်းတွေ သည်းနေပြီ....
မျက်ရည်စက်လေးတစ်စက် စွန်းထင်း....
အို...ကောင်လေးလဲ..နေဝင်နေထွက်
ရေတွက်ရင်း မ ကိုစောင့်မျှော်ရင် ....
နဲ့မချစ်နေဦးမယ်.......

ပုံလေးကို google ကနေယူထားလိုက်တယ်...ကြိုက်လိုပါ..ဟဲဟဲ...

အဆိပ်ခွက်