Saturday, June 27, 2009

”မ” အတွက်

"မျော်လင့်ခြင်းဆိုတာဘဝရဲ့ ပျော်ရွှင်မှုတစ်ခုဖြစ်သည်" တဲ့
ဒါပေမဲ့ " မ " ရယ်အဆင်မပြေမှုတွေနဲ့
မျော်လင့်နေရတာဘဝရဲ့
ပျော်ရွှင်မှုဖြစ်လာနိုင်ပါ့မလား။
"အချိုမြိန်ဆုံး အရာသည်ရင်ခုန်ခြင်းဖြစ်သည် " တဲ့
ဒါပေမဲ့ " မ " ရယ်အထင်လွဲမှုတွေနဲ့
ရင်ခုန်နေရတာဟာချိုမြိန်မှုဖြစ်လာနိုင်ပါ့မလား။
" မေတ္တာ သည်ရောင်ပြန်ဟပ်သည် " တဲ့
ဒါပေမဲ့ " မ " ရယ်မြတ်နိုးမှုတွေနဲ့
ချစ်နေရပေမဲ့" မ " ရဲ့ မေတ္တာ စစ်ကိုပြန်ရနိုင်ပါ့မလား ?

အဆိပ်ခွက်

Friday, June 26, 2009

ချစ်ရသော ”မ“

ကျနော့်ရဲ့ တောင်းဆုတွေလဲ.. မပြည့်ခဲ့ဘူးကွယ်.....

မကြာခင် နံနက်မိုးသောက်တော့ပေမယ်....

မိုးတွေသဲနေ သလို..ရင်ခွင်ထဲမှာ...

အလွမ်းတွေ နဲ့သဲနေခဲ့ပါတယ်....

မိုးစက်တွေကြားမှာ..ဆုံတွေခဲ့ရပင်မဲ့......

မိုးစက်တွေကြားမှာ ထွက်သွားခဲ့တဲ့ မ က...

ကျနော့်ကိုပျော်ရွှင်စွာနဲ့....

မေ့နေတော့မှာလား မရယ်...

ဒီကဗျာလေးကိုရေးရင်း.....ထွက်ကျလာတဲ့မျက်ရည်ကို...

ထိန်းနိုင်ခဲ့ပေမဲ........

မကို မလွမ်းအောင် မ ချစ်မိအောင် .....

တစ်စကန့်လေးတောင်းထိန်းလို့မရဘူး...

လွမ်းနေအုံးမယ်...အပြင်မှာရွာနေတဲ့ မိုးတွေနဲ့အတူ......

ကျနော့်ရင်ထဲမှာ..အလွမ်းတွေ သည်းနေပြီ....

မျက်ရည်စက်လေးတစ်စက် စွန်းထင်း....

အို...ကောင်လေးလဲ..နေဝင်နေထွက်

ရေတွက်ရင်း မ ကိုစောင့်မျှော်ရင် ....

နဲ့မကိုချစ်နေဦးမယ်.......

အဆိပ်ခွက်

Wednesday, June 24, 2009

ကျနော့်ရဲ့ ”မ“

အမှတ်တမဲ့ နဲ့ ကျောင်းလေးမှာ
ဆုံတွေ့ခဲ့ရပေမယ့် အမှတ်ရစရာတွေ
ဖြစ်လာခဲ့တယ်........
“မ” မရှိတော့ ကျနော့်စိတ်တွေ
လေးလံနေခဲ့တယ်.......ဒါပင်မဲ့......
ဖြစ်ချင်တာတွေ မဖြစ်သေးတဲ့ အခါ
ဖြစ်သင့်တာတွေ ကိုဦးစားပေးရင်း...
အနာဂတ်ကို ဖြတ်သန်းရမယ် ဆိုတာ
ကျနော် ..သိပါတယ်......
အခုချိန်မှာ...
ကျနော့် နားမှာ “မ” မရှိလဲ....
“မ” ကိုချစ်တဲ့ချစ်ခြင်းတွေ ကျနော့်ဆီမှာ..
အမြဲရှိနေတယ်ဆိုတာ.....ယုံကြည်ပေးပါ.....

အဆိပ်ခွက်

Sunday, June 21, 2009

ခံစားချက် လေးတွေ..

ကျနော် က အဆိပ်ခွက်.. ဘာလေဂါ အစ်ကိုအစ်မတွေက အဆိပ် ဆိပ်ဆိပ် လိုခေါ်တတ်ကြတယ်.. ကျနော်က တောင်ကြီးကဗျ.. မိသားစု ၅ ယောက်ပေါ့.. ပျော်ရွှင်ခဲ့တယ်ဗျာ.. တောင်ကြီးမှာနေတုန်းက..

ခုကျနော် စလုံးကိုရောက်နေတယ်.. ခု ကျနော် ဖြစ်နေတာလူနဲ့ရော လိုက်ရဲ့လား.. အသက်အရွယ်နဲ့ရော ဒါမျိုးတွေဖြစ်သင့်လာ ... ကျနော်ကို အပြင်ထွက်တော့လဲထွက်ပြန်ပြီ တပတ်မှာ ၁ရက်ဘဲထွက်ပါတယ်ဗျာ... အိမ်မှာဆို ကျနော် ကနိမ့်တဲ့လူတွေ များတယ်.. ဘာလိုလဲဆိုတော့ အဒေါ်... အဖိုး .. အဖွားတွေနဲ့နေရလိုပါ... သူများအမြင်မှာတော့ ကောင်းလိုက်တာလိုထင် လိမ့်မယ် .. ဒါပင်မဲ့ အတွင်းကိုတော့ ဘယ်သူသိလိမ့်မလဲ.. ကျနော် မှာညစ်စရာတွေက လူနဲ့တောင်မလိုက်.. မင်းအသက်ဘယ်လောက်လဲလိုမေးရင် ခုမှ ၁၇ ... သူများတွေ ပျော်နေတဲ့အချိန် ၁၀တန်းဖြေပြီးလို့  လျှောက်လည်နေတဲ့ အချိန်ပေါ့ဗျာ.. အင်ထားလိုက်ပါ...

ကျနော် ပြောချင်တာကတော့ ကျနော် ခုတောင်ကြီးကိုပြန်ချင်ပြီ ကျနော် သည်းမခံနိုင်တော့ဘူး ဒီနေ့ မိုးလင်လိုမျက်စိနှလုံး ပွင့်လိုက်တာနဲ့ကြားလိုက်တာ ကျနော် မကောင်းကြောင်နဲ့ အမေ့အကြောင်းပေါ့ .. သူတိုပြောနေတာစုံနေတာပါဘဲ... ကျနော် အိပ်ချင်ယောင်ဆောင်ပြီးနားထောင်တယ် မျက်ရည်တောင်ကျ မိတယ်.. သူတို့ အဲလိုတွေ ပြောနေပါလာ.. အမေက တော့ဘယ်သိရှာမလဲ .. အရှေ့တစ်မျိုးကွယ်ရာတစ်မျိုးတွေလေ.. ခိုင်းစရာရှိရင် အသံချိုလိုပြီ သူတို့လိုချင်တာပြီပြီဆိုရင် ပြောပါလိမ့်မယ်.. ဘယ်ဘဝက ဝဋ်ကြွေး ပါလိမ့်.....

ကျနော် ဘလောဂါ အစ်ကိုအစ်မတွေပေါ်မှာ ကျနော် ဆိုးမိတယ်.. ကျနော် အိမ်မှာ တစ်ယောက်တည်းနေတယ် ဘယ်သူနဲ့မှ စကားမပြောပါဘူး... ဒါပင်မဲ့ သူတို့နဲ့တွေတဲ့ အချိန်မှာ ကျနော် ဆိုးတယ်ဗျာ.. တခါတလေ သူတို့စိတ်အနှောက် အယှက်ဖြစ်သွားတယ်... အဲချိန်ကျရင် ကျနော် ပျော်ချင်တာ က သူတို့ အနှေက်အယှက်ဖြစ်သွားတယ်.. ကျနော် စိတ်မကောင်းဘူး.. တောင်ပန်ပါတယ်နော်.. အားလုံးကို... ..

ကိုစိန်က တော့ ကျနော် အကြောင်းကို သိတယ်လေ ဘာလိုလဲ ဆိုတော့ အွန်လိုင်းမှာ သူကတော့ ကျနော်နဲ့ချက်နေတယ်လေ.. သူကိုပြောဖြစ်တာများပါတယ်...... ကျနော် ဆက်ရေးချင်စိတ်မရှိတော့ဘူး ဒီမှာဘဲ နားမယ်နော်..

အဆိပ်ခွက်

Friday, June 19, 2009

ခု လက်တစ်လော့လေး ဖြစ်နေတဲ့ ရောဂါ....



ကွဲနေတယ်ဗျ.............................
သီချင်းလေး အပြီတိုင်နားထောင်ပေးပါ.... ;)
အဆိပ်ခွက်

ဝါသနာ

ဒီပိုစ်လေးကို မကြီးမိုးခါး တဂ်ထားတဲ့ ပိုစ်လေး စိတ်မကြည်လို ခုမှရေးဖြစ်ပါတယ်.. နောက်ကျသွားတယ်... ခုတလေ ညစ်နေတယ်ဗျာ..ွဲကွဲနေတာပေါ့..

ကျနော် ဝါသနာက အထွေအထူး သိပ်မရှိပါဘူး.. ကျနော် လျှောက်လည်တာ ဝါသနာပါတယ်.. တောင်ကြီးမှာ နေတုန်းက ဆို အဲဗား လျှောက်လည်တာ.. လျှောက်လည်တာ ဗဟုသုတလဲရတယ်. စိတ်လဲကြည်တယ်... အသစ်အဆန်းတွေနဲ့လဲတွေရတယ် သူငယ်ချင်းအသစ်တွေလဲရတာပေါ့ဗျာ....

စာဖတ်တာလဲဝါသနာပါတယ်.. သရဲ အကြောင် တို့( ဥပမာ = ဆရာကြီး သတိုးတေဇ )ရေးတဲ့ သရဲ စာအုပ်တွေ ဆို အရမ်းဖတ်လိုကောင်းတယ်... ခုစလုံးရောက်မှမဖတ်ရတော့တာ :(

ကလိတာဝါသနာပါတယ် ဆိုင်ကယ်တို့ စက်ဘီးတို့ ကားတို့ကို လက်ဆော့တာလေ.. ဖြုတ်ဘဲဖြုတ်တတ်တယ် ပြန်မတတ်တတ်ပါ.. :P မှတ်မှတ်ရရ အိမ်က ဆိုင်ကယ် တစ်စီး အဖြုတ်လွန်သွားတာ ဝေါ့ရှော့ ကိုရောက်သွားတယ် :P မလွှတ်ပစ်လိုက်ရတာကံကောင်း အဖေကတော့ ဘာမှမပြောဘူး .. တစ်ဦးတည်းသော သားမို့လို နဲ့တူတယ် :P ကြွားလိုက်တယ်... :D မောင်နှမ သုံးရောက်ရှိ.. တော်ကြာ တစ်ယောက်တည်း ထင်နေအုံမယ်.... :P

၁၀တန်းမှာ ထဲက ဖြစ်ချင်နေတာကတော့ အင်ဂျင်နီးယာ ဗျ... ဆရာဝန်ကိုတော့ စိတ်မပါပါဘူး.... :D အင်ဂျင်နီယာ ဆိုပင်မဲ့လဲ.. ဘာမေဂျာရယ်လိုတော့ အထူးမရှိဘူး အင်ဂျင်နီယာဖြစ်ရင်ပြီးရော :P ဘာလိုင်းဘဲဖြစ်ဖြစ် ပေါ့ ဟုတ်ဘူးလာ ကိုယ်မှန်းထားတဲ့လိုင်က တစ်ခု ... ဖြစ်သွားတာက တစ်ခုဆိုရင် :( စိတ်မကောင်း စိတ်လေမှဆိုးလို ဖြစ်ချင် ရာဖြစ် အင်ဂျင်နီယာ လို မှတ်ထားလိုက်တယ် :P

ကောက်ရိုးမီးဝါသနာတွေလဲ အီများကြီးဘဲ....
သီချင်းဆိုတာ လေး.. အခွေတောင်ထုတ်ဖြစ်လိုက်သေးတယ် ကိုယ့် စတူရီယိုနဲ့ ဆိုတော့ (ကျနော် ကိုယ်ပိုင် မဟုတ် အစ်ကို ဝမ်းကွဲ စတူရီယို) :P ကဲတာပေါ့ဗျ... :D .. ပိုက်ပိုက်မှမပေးရတာ ..
ဒါလဲခဏပါဘဲ .... မပျော်ဘဲပေါ့ ...
နောက်ထပ်ရှိသေးတယ် ပြောတော့ဝူး... သိချင်ရင် ကိုယ်တိုင်မေး... :P

ကျနော် ခုတလော စာရေးဖို့အားရုံသိပ်မလာသေးဘူး .. ကွဲနေလို့လေ :( .. ခု တစ်လေ စလုံးက ဘလောဂါတွေ ကွဲနေကြတယ် ဗျ.... ကံမကောင်းကြဘူးလား မသိ မကြီးမိုးခါး ပြောသလို ယတြာ ချေဖို့လိုနေပြီလို့ထင်တယ်.... :P

ဒီပိုစ်လေးကို ကျနော် ရေးပေးလိုက်တယ်နော် မကြီးမိုးခါး .. ကျေနပ်မှာပါ...

တဂ် ဆိုတော့ ဘယ်သူကိုတဂ်ရမလဲဆိုတော့ ... ဒီကောင်ကြီးကို တဂ်လိုက်တယ်.....

သယ်ရင်း ငပျင်း ရေးပေးတော် မူစေ.. အမိန့်( ဝယ်....ရောင်.....) ဒါမြန်မာပေါင်ချိန် :P

အဆိပ်ခွက်

Tuesday, June 16, 2009

အရင်ကဇာတ်လမ်း

ပြက္ခဒိန်တွေလဲ..တစ်လပြီး..တစ်လ....

ဟောင်းနွမ်းကုန်ဆုံးသွား....ခဲ့တယ်....

နွေ၊မိုး၊ဆောင်း....ရာသီဥတု..လဲတစ်လပြီးတစ်လ...

တစ်နှစ်ပြီးတစ်နှစ် ပြောင်းလဲ သွားခဲ့ပြီ....

သစ်ပင်တွေကလည်း...ရွတ်ဟောင်းတွေကြွေပြီ..

ရွတ်သစ်တွေလဲဝေ...ခဲ့ပြီ....

ဒါပင်မဲ့.....ငါ့ရဲ့ရင်ထဲမှာတော့...မင်းကို

တစ်စက္ကန့်လေးတောင်မေ့လိုမရခဲ့ဘူး.ကောင်မလေး....

မင်းလေးရဲ့ဆန္ဒကိုပြည့်ဆည်းပေးခဲ့ပါတယ်...

ဒါမင်းကို....ချစ်လိုပါဘဲ....

ရွှေလိုတောက်ပနေတဲ့ မင်းရဲ့ဘဝထဲမှာ....

အတူတူနီးစပ်ဖိုက...မဖြစ်နိုင်....

ကိုမလာဝံ့ဘူး..ကောင်မလေးရယ်...

ဖြူစင်နေတဲ့မင်းရဲ့အပြုံး....

အပြစ်ကင်းစင်တဲ့ မင်းရဲ့နှလုံးသားလေးကို...

ငါအရောင်ဆိုးမိမှာဆိုတယ်....

ကောင်မလေးရေ...

ငါရဲ့မျှော်လင့်ခြင်းအိပ်မက်..ဟာကုန်ဆုံးသွားပြီ...

ငိုနေတဲ့ငါနှလုံးသားလေး...လဲမောဟိုတ်နေပြီ....

မင်းလိုချင်တဲ့...စကားကိုငါပြောမထွတ်.....

ပင်မဲ့...ပြောလိုက်ပါတယ်....

မင်းပျော်ရွှင်နေတာသိရတော့...ဝမ်းသာပါတယ်....

ငါတို့ရဲ့ အရင်ကဇာတ်လမ်းကို...မေ့လိုက်ပါတော့မယ်....

အဆိပ်ခွက်( ကဗျာဟောင်းလေး)

အားနာရင် ခါးပါတတ်တယ်နော်...

တစ်ခါက ရွာတစ်ရွာက ညောင်ပင်ကြီးတစ်ပင်မှာ အရမ်းအားနာတတ်တဲ့ ရုက္ခစိုးတစ်ပါးရှိပါတယ်။

ဘယ်လောက်ထိ အားနာတတ်သလဲဆိုတော့ . . . . . . . .

အဲဒီရုက္ခစိုးနေတဲ့ညောင်ပင်ကို နေ့ တိုင်းလာပြီးပူဇော်ဆုတောင်း နေတဲ့ ကောင်မလေးတစ်ယောက် ရှိပါတယ်။

တစ်ရက်နှစ်ရက်မဟုတ် လနဲ့ ချီပြီး နေ့ တိုင်းလာဆုတောင်းနေတော့ ရုက္ခစိုးက အားနာလာပါ တယ်။

ဒါနဲ့  ကောင်မလေး လာပူဇော်တဲ့အခါ ကိုယ်ထင်ပြပြီး ဟေ့ ကောင်မလေး၊

နင်ငါ့ကို နေ့ တိုင်းလာ ပူဇော်နေတာ ဘာကြောင့်လဲ လို့  မေးတယ်။

ဒီတော့ ကောင်မလေးက ဒီလိုပါ . . .ကျွန်မအဖေမှာ အရမ်းချစ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။

သားသမီးတွေရလာရင်ပေးစားမယ်ဆြို
ပီး အဲဒီသူငယ်ချင်းနဲ့  အဖေနဲ့ ကတိထားကြပါတယ်။

ဒါပေမယ့် အဖေရော သူ့  သူငယ်ချင်းပါ သမီးတွေပဲမွေးခဲ့တော့ သူတို့ ကတိ အတွက် အရမ်းစိတ်မကောင်းဖြစ်နေကြတယ်။

ကျွန်မလည်းအဖေ့ကို စိတ်ချမ်းသာစေချင်တယ်။ အဲဒါကြောင့် ကျွန်မကိုယောကျာင်္းလေးဖြစ်အောင် အရှင်ရုက္ခစိုးကူညီပေးပါ လို့  ပြောပြပါတယ်။

ဒီတော့ ရုက္ခစိုးကြီးက ဟဲ့ နင်ယောကျာင်္လေးဖြစ်အောင် ငါကူညီဖို့ မတတ်နိုင်ဘူး။

တခြားဆုတောင်းချေ လို့  ပြောရှာတယ်။

ဒါပေမယ့် ကောင်မလေးကလည်း ဒီဆုကိုပဲထပ်တလဲလဲတောင်းနေတော့ ရုက္ခစိုးကြီးကအားနာလာပြီး

အင်း . . နင်ဒီလောက်ဆန္ဒပြင်းပြနေရင်လည်း နည်းလမ်းတစ်ခုတော့ရှိတယ်။

..................

ဒါပေမယ့် နင်ကတိတည်ရမယ်

ကျွန်မအဖေရဲ့ ဆန္ဒသာဖြည့်ဆည်းပေးနိုင်ရင် ကတိတည်ပါ့မယ်

ကောင်းပြီ။

နင့်ကိုငါ့ခါးအောက်ပိုင်းခဏငှား
လိုက်မယ်။

ဒါပေမယ့် တစ်နှစ်တိတိပြည့်တဲ့နေ့ ကျရင်နင်လာပြန်လဲရမယ် ဆိုပြီး ကတိတောင်းတယ်။

ကျေးဇူးကြီးပါတယ်အရှင်ရုက္ခစိုြး
ကီးရယ်။. . .

ဒီလိုနဲ့ ပဲ ရုက္ခစိုးကြီးခမျာ နေရင်းထိုင်ရင်း ရုက္ခစိုးမကြီးဖြစ်သွားရှာတယ်။


ကောင်မလေးကတော့ ရုက္ခစိုးကြီးရဲ့ တန်ခိုးနဲ့ ကောင်လေးဖြစ်သွားတာကြောင့် သူ့ အဖေရဲ့ဆန္ဒအတိုင်းလက်ထပ်ပြီး ပျော်ရွှင်စွာနဲ့ နေထိုင်ခဲ့ပါတယ်။

ရုက္ခစိုးမကြီးကလည်းသူ့ ဗိမာန်မှာ အေးအေးဆေးဆေးနေခဲ့ပါတယ်။

တစ်နေ့ မှာတော့ ရုက္ခစိုးမကြီးရဲ့ ဗိမာန်နားကညောင်ပင်တစ်ပင်ကို တခြားကရုက္ခစိုးတစ်ပါး Transfer နဲ့  ပြောင်း လာပါတယ်။

ဖြစ်ချင်တော့ ရုက္ခစိုးအသစ်ကသူ့ ညောင်ပင်ရဲ့ ပတ်ဝန်းကျင်ကိုလေ့လာရင်း ရုက္ခစိုးမကြီးကိုတွေ့ သွားပါလေရော။

တောအုပ်လေးထဲမှာနှစ်ပါးထဲဆိုတော
့ ဟိုရုက္ခစိုးက ရင်တွေဘာတွေခုန်ပြီး ကြောင် တော့တာပဲ။

ရုက္ခစိုးမကြီးရဲ့ ညောင်ပင်ဆီ ကို အကြောင်းမရှိအကြောင်းရှာပြီးသွာ
းလည်၊

အချိန်ရတိုင်းလည်း ရုက္ခစိုးမလေးတွေကြိုက်တတ်တဲ့ဟာေ
လးတွေနဲ့  ချုပ် ရတာအမော။

ရုက္ခစိုးမကြီးကလည်း သူ့ အကြောင်းသူသိတော့ ရှောင်ရှာပါတယ်။

ဒါပေမယ့် နေ့ တိုင်းနေ့ တိုင်း နားပူနားဆာလုပ်နေတာကြာတော့

ရုက္ခစိုးမကြီးကအားနာနာနဲ့ ပဲ . . . . . . . ။

ဒီလိုနဲ့ 

တစ်နှစ်ပြည့်တော့ကတိအတိုင်း ကောင်မလေးကရုက္ခစိုးကြီးရဲ့ ခါးအောက်ပိုင်းကိုလာပြန်လဲပါတယ်


ရုက္ခစိုးကြီးကလည်း ပြန်လဲမယ်ဆိုပြီးကိုယ်ထင်ပြတဲ့
ခါ ကောင်မလေးအရမ်းအံ့သြသွားပါတယ်။

မယုံနိုင်စရာပါပဲ။

ရုက္ခစိုးကြီးမှာ ကိုယ်ဝန်ရှိနေပြီလေ။

ဗိုက်ကလေးကပူလို့  . . .။

ဒီတော့ ကောင်မလေးက အရှင်ရုက္ခစိုးကြီး ကျွန်မကတိအတိုင်း တစ်နှစ်အတိမှာပြန်လာခဲ့ပါတယ်ေ
ပမယ့်

ဒီပုံစံကြီးနဲ့ တော့ပြန်မလဲနိုင်ပါဘူး လို့ ပြောပြောဆိုဆိုနဲ့  ပြန်ပြေးသွားပါလေရော။

အားနာတတ်တဲ့ ရုက္ခစိုး(မ)ကြီးမှာတော့ ဗိုက်ကြီးတစ်လုံးနဲ့  . . . . .

ကမ္ဘာငယ်လေး ထဲက မေးလ်ပါ

အဆိပ်ခွက်

Sunday, June 14, 2009

မာနရှင်လေး

လူတစ်ယောက်ရဲ့ နှလုံးသား
နက်ရှိုင်း ကျယ်ဝန်းလှတဲ့
အချစ်ဆိုတဲ့ စကားထဲမှာ
မျောလွင့်ခဲ့ပေါ့....

သူရဲ့ နှလုံးသားထဲမှာ
အချစ် အမုန်း မာနတစ်လီ
ဆွဲဆောင်မှုအပြည့်နဲ့ စွဲမက်စရာ
အားလုံးထဲမှာ ဘုရင်မဖြစ်...

ထိုမာန နှလုံးသားကိုတူး
နဖူးကချွေး ယီးလေခိုစီး
ကောင်လေး နှလုံးသားထဲမှာ
မိုးသည်းနေပြီ....

ကောင်လေးကမ္ဘာမှာ သူမရှိလျှင်
နေဟူသည်မရှိ.... ပကတိအမှောင်
ကြယ်ရောင်လရောင်..... ပိုးစုန်းကြူးရောင်
ဘာရောင်မှမရှိ သဘာဝအလှတရားနတ္တိ
မာနရှင်ရဲ့ အချစ်ရေစက်ကျမှ
အလင်းဖြာထွက်...

ယမ်းဘီလူးခွဲသည်အလာ
မာနနှလုံးသားကို ထုခွဲ
သို့ပင်မဲ့ အမုန်းရောလျက်
မာနရောလျက်
အသက်ရှုကျက်
နှလုံးသွေးရပ်မတတ်.....

မာနရှင်နှလုံးသားထဲမှာ
ကောင်းလေးအတွက်
အမုန်းရေစိမ့်ကျ
ကျသည့်ရေက ငရဲမီးဓာတ်
အမုန်းဓာတ် မာနဓာတ်
ပူလောင်လိုက်သည်ဖြစ်ခြင်း
ယမမင်းထံ အယူမခံရ......

သူမှာတော့ ချစ်လိုက်ရတာ
နေ့လား.................ညလား...

မာနရှင်နှလုံးသားထဲမှာ
အချစ်ဓာတ် အကြင်နာဓာတ်
ကိုရှာဖွေနေသော ကောင်လေး
စိတ်ကသူ့နားဘဲရောက်
ဘယ်လိုပင်ဒုက္ခရောက်စေ
တစ်ယောက်တည်းကိုသာချစ်တဲ့
မာနရှင်လေး.............

အဆိပ်ခွက်


Tuesday, June 9, 2009

for all

malaysia yout nay lal........ kyoe sar pi ... online win lar par tae..... a kyar mi pyan lar par tot mal.....

Thursday, June 4, 2009

ခွင့်ပန်ခြင်း

ကျနော် ဒာကြောင်းအမျိုးမျိုးကြောင့် ခရီးထွက်ပါမည်...... သိပ်တော့မကြာဖူးလိုထင်သာဘဲလေ...... ကျနော် ပြန်ရောက်လာရင်တော့ ပြန်ဆက်ရေးပါ့မယ်...... ကျနော် ခွင့်ယူသွားပါတယ်နော်.....

ကျနော် ၆ရက်နေ့သွားမှာပါ..... အားလုံး ပျော်ရွှင်ပါစေ.......

အဆိပ်ခွက်

Tuesday, June 2, 2009

ကောင်မလေး


ကြည်လင်လှပနေတဲ့..ကောင်းကင်ရဲ့အောက်မှာ...


ငါ့ရဲ့နှလုံးသားလေး.... အိပ်စက်အနားယူခိုက်.....

ရုတ်တရက်....မင်းလေးကိုတွေ့လိုက်ရတဲ့အချိန်မှာ

ငါ့ရဲ့နှလုံး...ခုန်သံလေး ဟာ..ဗြောင်းဆန်သွားတယ်...

ကောင်မလေးရယ်...အရမ်းလှတာဘဲ....

မင်းလေးရဲ့..အကြည့်မျက်ဝန်းလေးထဲမှာ....

ငါကျရှုံး...သွားပြီကောင်မလေးရာ....

ငါ့ရဲ့ကွဲကြေနေတဲ့ .. နှလုံးသားလေးကို....

ကုသဖို့.....ဆေးမရှိတော့ဘူးလို..ထင်ခဲ့တယ်...

ဒါပင်မဲ့...ကောင်မလေးရယ်....

ခုဆို.မင်းရဲ့အကြင်နာမျက်ဝန်းလေးတွေနဲ့....

မင်းကုသပေးခဲ့....ပြီပေါ့.....

ညအိမ်မတ်ထဲ..ထိတောင်.....

မင်းရဲ့..မျက်ဝန်းလေးတွေက..စိုးမိုးနေပြီ...

ကောင်မလေးရယ်...ကိုယ့်ရဲ့နှလုံးသားကို....

ထပ်မရက်စက်ပါနဲ့တော့ကွယ်.....

နောက်ထပ်....ကွဲစရာအသည်းမရှိတော့လိုပါ....

အရမ်းချစ်တယ်ကောင်မလေးရယ်......

ကျနော် အရင် ကဗျာလေးပါ ဘာတင်ရမှန်းမသိတာနဲ့ ပြန်တင်လိုက်တာပါ....

အဆိပ်ခွက်

ကြိုတင်သတိပေးချက်

“ဟဲလို မီးသတ်ဌာန ကလားခင်ဗျာ”
“ဟုတ်ပါတယ်ခင်ဗျာ ဘယ်မှာမီးလောင်လို့ပါလဲ”
“ဒီလိုပါခင်ဗျာ ကျွန်တော့် အိမ်ရှေ့က ခြံထဲမှာ ငရုပ်နဲ့ခရမ်းချဉ်ပင် စိုက်ထားတာ တော်တော် လေး အောင်မြင်ပါတယ်....၊ တစ်နေ့ရောင်းကြေဟာ နှစ်ရာ့ငါးဆယ် သုံးရာလောက်ရပါတယ်”
“မိတ်ဆွေ ခင်ဗျားမှားနေပြီ၊ ဒါမီးသတ်ရုံးဗျ ၊ စိုက်ပျိုးရေးဌာနမဟုတ်ဘူး”
“ဟုတ်ကဲ့ သိပါတယ် ခင်ဗျ ၊ အခု ကျွန်တော့် အိမ်ဘေးမှာ မီးလောင်နေပါတယ် ၊ ခင်ဗျားတို့လာပြီး မီးသတ်ရင် ကျွန်တော့် စိုက်ခင်းက အပင်တွေကို နင်းမိမှာစိုးလိုပါ”
“ဟိုက်........”

ဘယ်နားကလဲတော့မသိဘူး.... ကျနော် ကြိုက်လိုတင်လိုက်တာ..... ဟီ