Sunday, June 14, 2009

မာနရှင်လေး

လူတစ်ယောက်ရဲ့ နှလုံးသား
နက်ရှိုင်း ကျယ်ဝန်းလှတဲ့
အချစ်ဆိုတဲ့ စကားထဲမှာ
မျောလွင့်ခဲ့ပေါ့....

သူရဲ့ နှလုံးသားထဲမှာ
အချစ် အမုန်း မာနတစ်လီ
ဆွဲဆောင်မှုအပြည့်နဲ့ စွဲမက်စရာ
အားလုံးထဲမှာ ဘုရင်မဖြစ်...

ထိုမာန နှလုံးသားကိုတူး
နဖူးကချွေး ယီးလေခိုစီး
ကောင်လေး နှလုံးသားထဲမှာ
မိုးသည်းနေပြီ....

ကောင်လေးကမ္ဘာမှာ သူမရှိလျှင်
နေဟူသည်မရှိ.... ပကတိအမှောင်
ကြယ်ရောင်လရောင်..... ပိုးစုန်းကြူးရောင်
ဘာရောင်မှမရှိ သဘာဝအလှတရားနတ္တိ
မာနရှင်ရဲ့ အချစ်ရေစက်ကျမှ
အလင်းဖြာထွက်...

ယမ်းဘီလူးခွဲသည်အလာ
မာနနှလုံးသားကို ထုခွဲ
သို့ပင်မဲ့ အမုန်းရောလျက်
မာနရောလျက်
အသက်ရှုကျက်
နှလုံးသွေးရပ်မတတ်.....

မာနရှင်နှလုံးသားထဲမှာ
ကောင်းလေးအတွက်
အမုန်းရေစိမ့်ကျ
ကျသည့်ရေက ငရဲမီးဓာတ်
အမုန်းဓာတ် မာနဓာတ်
ပူလောင်လိုက်သည်ဖြစ်ခြင်း
ယမမင်းထံ အယူမခံရ......

သူမှာတော့ ချစ်လိုက်ရတာ
နေ့လား.................ညလား...

မာနရှင်နှလုံးသားထဲမှာ
အချစ်ဓာတ် အကြင်နာဓာတ်
ကိုရှာဖွေနေသော ကောင်လေး
စိတ်ကသူ့နားဘဲရောက်
ဘယ်လိုပင်ဒုက္ခရောက်စေ
တစ်ယောက်တည်းကိုသာချစ်တဲ့
မာနရှင်လေး.............

အဆိပ်ခွက်


6 comments:

အဆိပ်ခွက် said...

hi all

စိုင်းလိုင်ခမ်း said...

အင်း မာနမာန ^_^

နွေးနွေးသဲမွန် said...

ချစ်တော့ချစ်...မောင်လေး...

Sein Lyan Tun said...

မာန ဆိုတာ ရှိသင့်တယ် ဒါပေမယ့်
တစ်ယောက်တည်းချစ်နေလောက်အောင်တော့ စိတ်ထဲမစွဲထားနဲ့ ခံစားရလိမ့်မယ်လေ
ချစ်ခင်စွာဖြင့်
ဖိုးစိန်

နှင်းဆီနက် said...

လာရောက်ဖတ်ရှုသွားပါတယ်....

chitpalone said...

ဟယ် ဂျီတောက်လေး မဂျီနိုင်တော့တာ စိတ်မကောင်းပါဘူး။ ခံစားချက်က ထားလွန်းရင်လည်း မကောင်းဘူးထင်တယ်နော်။ အဟဲ ဆရာလုပ်ကြည့်တာ။ ပျော်ရွှင်ပါစေ။
မမ ပါးလုံး
(အဟဲ နင့်တယောက်တည်းကိုပဲ မမရေးလို့ရတာဟ)