Saturday, January 30, 2010

ထာဝရ “မ”

ကျနော့်ရဲ့ တောင်းဆုတွေလဲ.. မပြည့်ခဲ့ဘူးကွယ်.....
မကြာခင် နံနက်မိုးသောက်တော့ပေမယ်....
မိုးတွေသဲနေ သလို..ရင်ခွင်ထဲမှာ...
အလွမ်းတွေ နဲ့သဲနေခဲ့ပါတယ်....
မိုးစက်တွေကြားမှာ..ဆုံတွေခဲ့ရပင်မဲ့......
မိုးစက်တွေကြားမှာ ထွက်သွားခဲ့တဲ့ မ က...
ကျနော့်ကိုပျော်ရွှင်စွာနဲ့....
မေ့နေတော့မှာလား မရယ်...
ဒီကဗျာလေးကိုရေးရင်း.....ထွက်ကျလာတဲ့မျက်ရည်ကို...
ထိန်းနိုင်ခဲ့ပေမဲ........
မကို မလွမ်းအောင် မ ချစ်မိအောင် .....
တစ်စကန့်လေးတောင်းထိန်းလို့မရဘူး...
လွမ်းနေအုံးမယ်...အပြင်မှာရွာနေတဲ့ မိုးတွေနဲ့အတူ......
ကျနော့်ရင်ထဲမှာ..အလွမ်းတွေ သည်းနေပြီ....
မျက်ရည်စက်လေးတစ်စက် စွန်းထင်း....
အို...ကောင်လေးလဲ..နေဝင်နေထွက်
ရေတွက်ရင်း မ ကိုစောင့်မျှော်ရင် ....
နဲ့မချစ်နေဦးမယ်.......



အဆိပ်ခွက်

Wednesday, January 13, 2010

ရင်ထဲမှာ “မ” တယောက်တည်း

အမှတ်တမဲ့လေး နဲ့တွေ့ဆုံ ခဲ့တယ်..
ကျနော့်ရင်ထဲမှာ အမှတ်ရစရာလေးတွေ
အဖြစ် စွဲမြဲစွာကျန်ရှိခဲ့ ပြီ “မ” ရယ်....

သူရိန်နေမင်းကြီး ထဲက ထွက်ဖြာလာတဲ့
အလင်းတန်း အနီ ဖျော့ရောင်းလေတွေ အလား
“မ” ရဲ့ ဆံနွယ်လေးတွေ လေ ထဲမှာဝဲယှက်ဖြာ
ရင်ထဲမှာ စွဲလမ်းသွားခဲ့တယ် “မ” ရယ်....

“မ” ရဲ့ စူးရှတဲ့ မျက်ဝန်းတစုံ ဟာ
အယ်လွန်းဝါ သီချင်းလိုမျိုး
ကျနော့်ရင်ထဲမှာ ထင်ကျန်ခဲ့ပြီ “မ”ရယ်...

“မ” ရဲ့ စကားသံလေးတွေက
ချိုသာတဲ့ တေးငှက်တို့ရဲ့ တေးဆိုသံအလား ...
နာဝင်ချိုအေး.... အမြဲကြားချင်တာ “မ” စကားသံလေးပါ....

ဘယ် သူတွေ ဘယ်လို ပင် ပြောပါစေ...
ကျနော့်ရင်ထဲမှာတော့ “မ” တယောက်တည်းပါ.....

အဆိပ်ခွက်

Wednesday, January 6, 2010

ထမ်းဆန့် ဂူ

ထမ်ဆန်း ဂူ အဝင်ဝ ပုံ လေးပါ.. ကျောက်ဆက်ပန်းဆွဲနဲ့.. သူ့အလိုလို ဖြစ်နေတဲ့ သဘာဝ ဂူလေးပေါ့..
ဒါကတော့ ဂူအပြင်ဘက် မှာရှိနေတဲ့ တိုးနယားလိုလို အရုပ် လေးတခုပါ...
ဒါက တော့ ဂူထဲမှာ ရှိနေတဲ့ ရပ်တော်မူဘုရား ပုံလေးပါ....ဒါကတော့ တိုင်ပတ်နေတဲ့ မွေပေါ့...

ထမ်းဆန်း ဂူ ကို (ကိုရင်လေး) ရှာတွေ့ခဲ့ပါတယ်.... ခုထိတော့ ပြင်ဆင်နေတုန်းရှိပါတယ်...
ထမ်းဆန်း ဂူမှာ ပင်းတယ ဂူ နဲ့တူပါတယ်... ဒါပင်မဲ့ ပင်းတယ ဂူထက် ကျယ် မယ် လို့ခန့်မှန်းရတယ်....
ကျနော် သွားတဲ့နေ့က လူတွေ အရမ်းများနေလို့.. သေချာ မရိုက်ခဲ့ရပါဘူး.. :P
နောက်ပေါ့နော်..အဟိ

အဆိပ်ခွက်