Wednesday, January 13, 2010

ရင်ထဲမှာ “မ” တယောက်တည်း

အမှတ်တမဲ့လေး နဲ့တွေ့ဆုံ ခဲ့တယ်..
ကျနော့်ရင်ထဲမှာ အမှတ်ရစရာလေးတွေ
အဖြစ် စွဲမြဲစွာကျန်ရှိခဲ့ ပြီ “မ” ရယ်....

သူရိန်နေမင်းကြီး ထဲက ထွက်ဖြာလာတဲ့
အလင်းတန်း အနီ ဖျော့ရောင်းလေတွေ အလား
“မ” ရဲ့ ဆံနွယ်လေးတွေ လေ ထဲမှာဝဲယှက်ဖြာ
ရင်ထဲမှာ စွဲလမ်းသွားခဲ့တယ် “မ” ရယ်....

“မ” ရဲ့ စူးရှတဲ့ မျက်ဝန်းတစုံ ဟာ
အယ်လွန်းဝါ သီချင်းလိုမျိုး
ကျနော့်ရင်ထဲမှာ ထင်ကျန်ခဲ့ပြီ “မ”ရယ်...

“မ” ရဲ့ စကားသံလေးတွေက
ချိုသာတဲ့ တေးငှက်တို့ရဲ့ တေးဆိုသံအလား ...
နာဝင်ချိုအေး.... အမြဲကြားချင်တာ “မ” စကားသံလေးပါ....

ဘယ် သူတွေ ဘယ်လို ပင် ပြောပါစေ...
ကျနော့်ရင်ထဲမှာတော့ “မ” တယောက်တည်းပါ.....

အဆိပ်ခွက်

4 comments:

ဝက်ဝံလေး said...

နင် ဘာတွေ အလေးအပင်သွား မ နေတာလဲဟင်
ငဖောင်ရိုး ကမ္မဌာန်းရုပ်က ခါးကျိုးဦးမယ် ဟားဟားးးးးးးးးး

kiki said...

မ .... မ... .. နိုင်အောင် မ အုံး ။
မတော်ပြုတ်ကျ နေမှ ဒွတ်ခ ပဲ အဆိပ်ခွက် ရေ ..

မောင်သီဟ said...

ကျွန်တော်လည်း တချိန်က မ အသည်းသန်ဖြစ်ဖူးတယ်
း)း)

Angel Shaper said...

ဒီကန်ကလေး ခွက်ခွက်... ခက်လို့တော့နေပါဘီ....
လုပ်ပါဦး ထာဝရ မ ရေ...
ဘယ်သူဘာပြောပြော ခွက်ရင်ထဲမှာ မ ပဲ ရှိသတဲ့။
ကျန်တဲ့ အသည်းတွေ၊ ဘာတွေ ညာတွေ ဘယ်ရောက်ကုန်တုန်းးး ဟဲ့။
ရင်ထိတ်လိုက်တာဟယ်။ ဟိဟိ
ချစ်ခင်လို့ စနောက်သွားပါတယ် ခွက်ခွက်ရေ...
အလွမ်းတွေငြိမ်းလို့ အဆင်ပြေပျော်ရွှင်ပါစေနော်။