Saturday, November 21, 2009

ခွင့်ယူပါအုံးမည်

ခု ကျနော် စာမေးပွဲ ဖြေ ဖို့ရက် နီးကပ်လာပြီ ဖြစ်တဲ့ အတွက် ဘလော့ကင် ခြင်း ခေတ္တ ရပ်နားထားပါတယ်...

ဒီဇင်ဘာ ၁၀ ရက်နေ့ တွေ ဖြေဆိုပြီး စီးပါမည်...။
ခွင့်ရက်အနည်းငယ် ယူထားပါတယ်..နော်...
အဲ နောက်ပိုင်းမှ ဘလော့ကို အတိုးချ လည်ပြီး အတိုးချ ရေးပါ့မယ်....

အားလုံးကို ခင်မင်လျှက်
အဆိပ်ခွက်

Wednesday, November 18, 2009

အမြဲရှိနေမယ်...

တနေ့တနေ့ မင်းအကြောင်းတွေ
စဉ်းစားပြီ အိပ်ကာမရ..
မင်းရဲ့ အသံကို အမြဲလိုလိုကြားယောင်
စိတ်တွေက ဂယောက်ဂရက်..
ငါ မင်းနဲ့ တွေ့မှ အချစ်ဆိုတာကို
သိခဲ့ သလို ..
အလွမ်း ဆိုတာ ကို
နားလည်ခဲ့တယ်..

အရင်က ရည်းစားအကြောင်း
ပြောရင် ငါ စိတ်တွေ ပေါက်ကွဲ..
နွေ မက ပူင့ါရင်ထဲ...
စိတ်ပူအောင် လုပ်လေ သလား..
သို့ပင်မဲ့ လည်း ချစ်မြဲချစ်နေဆဲပါ..။

ချစ်ကောင်း သီချင်းလိုမျိုး
ရင်ခုန်မှ အရမ်းချစ်သတဲ့လား”..
လိုတော့ မလုပ် ပါနဲ့ ရင်ခုန်လွန်းလို့...
အသက်တောင် ထွက်မတတ် မင်းကို ချစ်တာပါ..။

မင်းဘယ်လိုပင် ဖြစ်နေပါစေ..
ငါ မင်း နားမှာ အမြဲရှိနေဆဲပါ..
သူ့ကို အရမ်းချစ်တဲ့ ကောင်လေး...။

အဆိပ်ခွက်

Sunday, November 8, 2009

ပျော်စရာရွှင်စရာမွေးနေ့လေးတနေ့

တနှစ်မှာတလ တလ မှာတရက် တွင်သာပြုလုပ်ရသော မွေးနေ့လေးကို လူသားတိုင်းကြုံ တွေ့ခဲ့ရမှာပါ...
ခု ဆို ကျနော့်ရဲ့မွေးနေ့ ကိုရောက်လာပါတယ်....
၇.၁၁.၂၀၀၉ တွင်

ဆိပ်ဆိပ်ရဲ့ မွေးနေ့လေးကို ဦးဘိုဘို တို့အိမ်မှာ ကျနော်တို့ရဲ့ ဘလောဂါမောင်နှမများ က ပွဲလေးတပွဲပြုလုပ်ပေးပါတယ်.. ကျနော် အရမ်းပျော်ပါတယ်.. အရင်က ဆို မိဘတွေနဲ့ညီမတွေနဲ့ ပျော်ပျော်ရွှင်ရွှင်လုပ်ခဲ့ ရသလို နွေးထွေးမှုရရှိပါတယ်.... အားလုံးကိုကျေးဇူးလဲတင်ပါတယ်...

မွေးနေ့အမှန်ကတော့ ၈ရက်ပါ... ကျနော်မွေးနေ့ကို မနက်အစောကြီးထဲက လာလုပ်ကူပေးတဲ့ ကိုဘိုဘို(သူကအိမ်ရှင်လေးဟဲ) ဦးလေး(ဦးရှင်ကြီး) .. မမေသူ.. ကိုပြည်ဆုံ(ကြက်သွန်ဥခွာပေးတဲ့ ဦးလေး) .. နောက်ပြီ ရောက်လာတာက ကိုရေတမာ .. နောက် ကိုတောင်ပေါ်သားနဲ့ မမိုးခါး (သူတို့က တတွဲတွဲဘဲ.. :P) နောက်အလုပ်မအားဘဲရောက်လာတဲ့ ဖွားမေ့ နောက် ရောက်လာတာကတော့ ကိုမင်းကိုချစ်တဲ့သူ(ငါ့ကိုမချစ်ဘူး) .. နောင့်နောင့် .. ဆောင်းနှင်းရွက် .. မမေလေး ... မရေမြင်( အမှန်က မြရေလျင်) .. ကိုကြီးဆောင်းချမ်းမိုး ကိုဖိုးသင်္ကြန် .. မကောင်းကင်ပြာ.. နောက်ဦးလေးရဲ့ ချစ်ချစ် (အမည် မသိ) သိတာတော့ မိန်ခလေးဘဲ..အဟ.. ဦးလေးရဲ့ချစ်ချစ် အန်တီ လာပါတယ်... မဝိုင်း (မွေးနေ့ရှင် ပါဘဲ.)
ကိုတလနွန် ..ကိုရီနိုမာန်.. နောက်ဘယ်သူ ရောက်သေးလဲမသိပါဘူး.. အဟိ

နောက် ကျနော့်ကို ၁၂ တိတိ မှာ ဖုန်းကနေ မက်စေ့ပို့တဲ့ ကလေးငယ်လေး နဲ့ ဖြူ (အေးမြတ်သူ) နောက်ဂျီတော့ မှာ လာနှုတ်ဆက်တဲ့ မမဝါ. စိတ်ကောက်သွားတဲ့ တိုကြီး ဖိုးစိန်. ကိုဂျပန် ကိုမြစ်ကျိုးအင်း မချိုသီရီနိုင် သယ်ရင် ငပျင်း နောက် ကျနော့်ကျောင်းမှသူငယ်ချင်း ကိုစိုင်း(စိုင်အောင်ကျော်ပိုင်) ကိုသူရ ဇော်ဝဏ . တောင်ကြီးမှ သူငယ်ချင်း ဟိန်းထက် .. ဘတ်ဒေးကဒ်ပို့ပေးတဲ့ မဝက်ဝံလေး ... အားလုံး အားလုံးကို ဒီကနေ ကျေးဇူးတင်ပါတယ်... နာမည်များ ကျန်ခဲ့ရင် ခွင့်လွှတ်ပါ...

ကယ် မဧည်ခံလိုက်ရတဲ့ သယ်ရင်များအတွက်
ကိတ်မုန့် အကြီးကြီးနော်.. မလုနဲ့နော်...


ရေခဲမုန့်စားပါအုံး



ပွဲမှာလုပ်ထားတဲ့ပုံတွေကတော့မရသေးလို့ နောက်မှတင်ပေးမယ်...နော်...

အားလုံးကို ကျေးဇူးတင်လျှက်

အဆိပ်ခွက်

Wednesday, November 4, 2009

ချစ်နည်းတွေထဲမှ ချစ်နည်းတမျိုး

(၁)
နင့်ကို ငါပြောတယ် "ငါ ဒီနေ့လှေကားပေါ် တံမြက်စည်းလှဲတာ.. ပြုတ်ကျခါနီးလေးပဲ"

"အိုး.. သတိထားမှပေါ့ မိန်းမရယ်" လို့ နင့်ဆီကနှစ်သိမ့်တာကို
ငါမျှော်လင့်ခဲ့ပေမယ့်

"နင် ဖြေးဖြေးမလှဲတတ်ဘူးလား" ဆိုတဲ့အဖြေကိုပဲ ငါရခဲ့တယ်။ ငါဝမ်းနည်းမိတယ်၊ နင်
ငါ့ကိုမချစ်ဘူး။ ဂရုမစိုက်ဘူး။

နောက်တော့ လှေကားကခါတိုင်းထက် သန့်ရှင်းနေတာကို ငါသတိထားခဲ့မိတယ်။
ငါလှဲစရာမလိုအောင် သန့်ရှင်းလွန်းခဲ့တယ်။ နောက်မှသိရတာက အလုပ်မသွားခင်
ငါးမိနစ်အချိန်ပေးပြီး ငါ့ကိုယ်စားလှဲခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊
ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

(၂)
နင့်ကို ငါပြောတယ် "လမ်းမှာကားပျက်သွားလို့ ကားမှတ်တိုင်ရောက်ဖို့ နာရီဝက်ကြာ
ငါလမ်းလျှောက်လိုက်ရတယ်"

"တက္ကစီစီးပြီး ပြန်ခဲ့ရော့ပေါ့.. ပင်ပန်းနေပြီလား" ဆိုတဲ့ ဂရုစိုက်သံကို
နင့်ဆီက ကြားချင်ခဲ့ပေမယ့်

"သိပ်မှမဝေးတာ.. လျှောက်ပေါ့။ ဝိတ်လျှော့တာနဲ့ တူတူပဲ" လို့ နင်ပြောခဲ့တယ်။
နင့်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါစိတ်တိုမိခဲ့တယ်။

နောက်တစ်နေ့မနက် စားပွဲပေါ်မှာ နင့်ကားသော့ကို ငါတွေ့လိုက်တယ်။ ငါ့အတွက်
မနက်စာကို နင်စီစဉ်ခဲ့သေးတယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက
တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

(၃)
နင့်ကို ငါပြောတယ် "ဟင်းကြော်တာ နည်းနည်းတူးသွားတယ်၊ နင်သည်းခံပြီး စားပေးနော်"

"အင်း.. ကိစ္စမရှိဘူး။ နင်ဘယ်လိုချက်ချက် ငါကြိုက်တယ်" ဆိုတဲ့ ကြင်နာသံကို
နင့်ဆီက ကြားချင်ခဲ့ပေမယ့်

"ကြည့်ရုံနဲ့ မစားချင်တော့ဘူး.. စားချင်စိတ်လဲ မရှိတော့ဘူး" လို့
နင်ပြောခဲ့တယ်။ နင့်ငါ့ကို နားမလည်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး
ငါဝမ်းနည်းခဲ့မိတယ်။

နောက်တော့ သွန်ပစ်မယ်လို့ စိတ်ကူးထားတဲ့ဟင်းတွေ ပျောက်ပျောက်နေတာကို
သတိထားလိုက်မိတယ်။ နောက်တော့ နင့်နှုတ်ခမ်းဘေးမှာ၊ နင့်အနံ့အသက်မှာ ဟင်းနံ့တွေ
ငါရခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ နားလည်မှုပေးတယ် ဒါက
တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

(၄)
နင့်ကို ငါပြောတယ် "ငါ့ဆံပင်တွေ ကျွတ်လိုက်တာ.. ဆရာကတော့ စိတ်မပူနဲ့လို့
ပြောတာပဲ။ ဂတုံးဖြစ်သွားမှာတောင် စိုးတယ်"

"စိတ်မပူပါနဲ့.. နင့်ဆံပင်တွေများနေတာပဲ။ ဂတုံးဖြစ်လောက်တဲ့အထိ မကျွတ်နိုင်ဘူး"
ဆိုတဲ့ အားပေးသံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်

"ကိုယ့်ဆံပင်ကျွတ်တာကို ခုမှသိတာလား၊ ကြမ်းပြင်ပေါ်မှာ နင့်ဆံပင်မွေးတွေချည်းပဲ၊
ညစ်ပတ်တယ်" လို့ နင်ပြောခဲ့တယ်။ နင် ကိုယ်ချင်းမစာဘူး၊ ဂရုမစိုက်ဘူးဆိုပြီး
ငါဝမ်းနည်းခဲ့မိတယ်။

နောက်တော့ အိမ်ကကြမ်းပြင်ပေါ်မှာ ငါ့ဆံပင်မွေးတွေ အတွေ့နည်းသွားတယ်။
ဆံပင်မကျွတ်တော့ဘူးလို့ ငါဝမ်းသာနေတုန်း နင်ခရီးထွက်ရတယ်။ နင်မရှိမှ
ကြမ်းပြင်ပေါ်က ဆံပင်မွေးတွေများခဲ့တယ်။ နောက်မှ ငါမသိအောင် ဆံပင်မွေးတွေကို
နင်လှဲခဲ့တယ်ဆိုတာကို ငါသိလိုက်ရတယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊
ချစ်တယ်၊ ငါ့စိတ်ချောက်ချားမှာကို နင်စိုးခဲ့တယ်၊ ဒါက တစ်ခြားလူတွေနဲ့ မတူတဲ့
နင်ရဲ့ချစ်နည်းပေါ့။


(၅)
နင့်ကို ငါပြောတယ် "သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ ဒီညအိမ်ပြန်နောက်ကျမယ်နော်"

"ဘယ်သူတွေပါလဲ? သတိထားနော်.. စောစောမပြန်နိုင်ရင် ဖုန်းမကြာမကြာဆက်ခဲ့နော်"
ဆိုတဲ့ ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်

"နင့်သဘောပဲ.. စိတ်ချမ်းသာသလိုလုပ်" လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို မချစ်ဘူး၊
ဂရုမစိုက်ဘူးဆိုပြီး ငါဝမ်းနည်းခဲ့မိတယ်။

နောက်တော့ စိတ်တိုတိုနဲ့ နင့်ကိုရွဲပြီး မနက် ၃နာရီမှ ငါအိမ်ပြန်ခဲ့တယ်။
ဆိုဖာပေါ်မှာ ခွေခွေလေးအိပ်နေတဲ့ နင့်ကိုမြင်မှ တကယ်တော့ နင့်ငါ့ကို
ဂရုစိုက်တယ်၊ ချစ်တယ်ဆိုတာကို ငါသိလိုက်တယ်။ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့
နင်ရဲ့ချစ်နည်းပေါ့။

(၆)
နင့်ကို ငါပြောတယ် "ငါ ဟိုဒင်းဖြစ်နေလို့ ဗိုက်အရမ်းအောင့်တယ်"

"သည်းခံလိုက်ပါ၊ တစ်ရက်၊ နှစ်ရက်ဆို ပြီးသွားမှာပါ" ဆိုတဲ့ ဂရုစိုက်သံကို
နင့်ဆီက ကြားချင်ခဲ့ပေမယ့်

"မိန်းမတွေ သိပ်အလုပ်ရှုပ်တာပဲ" လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို မချစ်ဘူး၊
ဂရုမစိုက်ဘူးဆိုပြီး ငါဝမ်းနည်းခဲ့မိတယ်။

နောက်တော့ အိမ်ကအစားထည့်တဲ့ ဘီရိုမှာ ချောကလက်တွေ ပိုလာတာတွေ့လိုက်တယ်။
နင်ဝယ်လာပြီး နင်မစားခဲ့ဘူး။ မိန်းမသဘာဝမဖြစ်ခင် ငါ့အတွက် နင်ပိုဝယ်ထားတတ်တာကို
ငါသတိထားလိုက်မိတယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက
တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

(၇)
နင့်ကို ငါပြောတယ် "ဒါနင့်အတွက် ငါရွေးဝယ်ထားတဲ့ အနွေးထည်၊ နွေရာသီမှာ
လျှော့ဈေးနဲ့ရောင်းလို့ ဝယ်ခဲ့တာ၊ ခုဆောင်းရောက်ပြီဆိုတော့ ဝတ်လိုက်ပါနော်၊
နင့်အတွက် ငါရဲ့ဆောင်းရာသီ လက်ဆောင်ပေါ့"

"ကျေးဇူးတင်ပါတယ်၊ နင့်အချစ်ကြောင့် ဒီဆောင်းမှာ ငါပိုနွေးထွေးတော့မယ်" ဆိုတဲ့
ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်

"ရာသီပြောင်းလျှော့ဈေးမှာ ဝယ်ခဲ့တဲ့ အပေါစားပဲ" လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို
မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါဝမ်းနည်းခဲ့မိတယ်။

နောက်တော့ ဆောင်းကုန်လို့ နွေရောက်တဲ့အထိ အဲဒီအင်္ကျီကို နင်မချွတ်ခဲ့ဘူး။
ရုံးတက်၊ ရုံးဆင်း နေ့တိုင်းနင်ဝတ်ခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊
ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

(၈)
နင့်ကို ငါပြောတယ် "ဒီနေ့ နားထောင်ခဲ့တဲ့ ဓမ္မတေးက အရမ်းကောင်းတာပဲ၊
နားထောင်ရင်း ခံစားရတယ်"

"ဘယ်စာအုပ်၊ ဘယ်အခွေထဲကလဲ၊ ငါတို့သွားရှာဝယ်ရအောင်လေ"ဆိုတဲ
့ ဂရုစိုက်သံကို
နင့်ဆီက ကြားချင်ခဲ့ပေမယ့်

"ဘယ်တေးဖြစ်ဖြစ် အတူတူပဲ" လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို မချစ်ဘူး၊
ဂရုမစိုက်ဘူးဆိုပြီး ငါစိတ်တိုခဲ့မိတယ်။

နောက်တော့ ကက်ဆက်ထဲကနေ ရင်းနှီးတဲ့တေးသံကိုအမြဲ ကြားခဲ့ရတယ်။ စီဒီစင်ပေါ်မှာလည်း
ခွေအသစ်တစ်ခွေ တိုးခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက
တစ်ခြားလူတွေနဲ့ မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

(၉)
နင့်ကို ငါပြောတယ် "လမ်းထိပ်က ခေါက်ဆွဲသုပ်က အရမ်းစားလို့ကောင်းတယ်"

"ဟုတ်လား.. မနက်ဖြန်ကျရင် ငါတို့အတူတူသွားစားမယ်လေ" ဆိုတဲ့ ဂရုစိုက်သံကို
နင့်ဆီက ကြားချင်ခဲ့ပေမယ့်

"တစ်ချိန်လုံး စားဖို့ချည်းတွေးနေတယ်၊ နင့်ကိုယ်လုံးကို နင်ပြန်အားနာအုန်း"
လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး
ငါစိတ်တိုခဲ့မိတယ်။

နောက်တော့ အဲဒီခေါက်ဆွဲသုပ်ကို မကြာခဏ နင်ဝယ်လာတတ်တာကို ငါသတိထားခဲ့မိတယ်။
တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့
နင်ရဲ့ချစ်နည်းပေါ့။

(၁ဝ)
နင့်ကို ငါပြောတယ် "နင်နဲ့ရခဲ့လို့ ငါဝမ်းသာတယ်။ နင်ဟာ ငါရဲ့
ခင်ပွန်းကောင်းတစ်ဦးပါ"

"အင်း.. ငါလည်း ဝမ်းသာတယ်။ နင်က ငါရဲ့ဇနီးကောင်းတစ်ဦးပါ" ဆိုတဲ့ ဂရုစိုက်သံကို
နင့်ဆီက ကြားချင်ခဲ့ပေမယ့်

"ယူတောင်ယူပြီးပြီပဲ မကောင်းတော့ ဘယ်လိုလုပ်မလဲ" လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို
မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါစိတ်တိုခဲ့မိတယ်။

နောက်တော့ ညညမအိပ်ခင် တစ်ရူးနဲ့ ၄ဝလက်မရှိတဲ့ မင်္ဂလာဓာတ်ပုံကို
နင်ပွတ်တိုက်တတ်တာကို ငါသတိထားခဲ့မိတယ်။ ဓာတ်ပုံကိုကြည့်ပြီး နင်ပြုံးနေခဲ့တယ်။
တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့
နင်ရဲ့ချစ်နည်းပေါ့။

နောက်ဆုံး ငါသဘောပေါက် နားလည်ခဲ့ပါတယ်၊ အေးတိအေးစက် ဂရုမစိုက်တတ်တဲ့
နင့်ခန္ဓာအောက်မှာ စကားလုံးတွေနဲ့ မဖော်ပြတတ်တဲ့ နွေးထွေးတဲ့၊
ငါ့အတွက်အချစ်တွေပြည့်နေတဲ့ အသဲနှလုံးတစ်စုံ ရှိတယ်ဆိုတာကို ငါနားလည်ခဲ့တယ်။
ငါ့ကိုနင်ချစ်တယ် ဒါပေမယ့် နင်ဖွင့်မပြောတတ်ခဲ့ဘူး၊ ဒါကလည်း လူများနဲ့မတူတဲ့
ငါ့ကိုချစ်တဲ့ နင်ရဲ့ချစ်နည်းတစ်မျိုးပေါ့နော်.../
အဆိပ်ခွက်

Tuesday, November 3, 2009

2012 မှာ ကမ္ဘာတကယ်ပျက်မှာလား




၂၀၁၂ခုနှစ်မှာ ကမ္ဘာပျက်မှာလားဆိုတဲ့ မေးခွန်းရဲ့အဖြေ
Posted on Oct 23 09 - 05:19 PM Hits : 3558 Save as PDF

မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာတလွှားက အင်တာနက် သုံးစွဲသူတွေဆီကို Forward Mailအနေနဲ့ ပျံနှံ့ရောက်ရှိနေခဲ့တဲ့ မေးခွန်းကတော “၂၀၁၂ခုနှစ်မှာ ကမ္ဘာပျက်မှာလား”ဆိုတဲ့ မေးခွန်းပါ။ နီဘီရူယှဉ်တွဲမှုဖြစ်ရပ် (Nibiru Collision)လို့ ခေါ်ကြတဲ့ အဲဒီကိစ္စဟာ တကယ်ဖြစ်လာမှာ မဟုတ်ပါဘူးလို့ NASA (အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ)က ပညာရှင် တစ်ဦးက ပြောသွားခဲ့ပါတယ်။ နီဘီရူကိစ္စဟာ ကြီးမားလှတဲ့ ဂြိုဟ်အပိုင်းအစကြီးတစ်ခု ကမ္ဘာမြေကို (၂၁)ရာစု အစောပိုင်းမှာ တိုက်ရိုက်ထိမှန်မယ် (ဒါမှမဟုတ်) ကမ္ဘာနားက ကပ်ပြီးဖြတ်သွားမယ်ဆိုတဲ့ အယူအဆကို အခြေခံပြီး လူပြောများလာတာပါ။ ဒီအကြောင်းကို (၁၉၉၅)ခုနှစ်က zetatalk၀က်ဘ်ဆိုက် တည်ထောင်သူ အမျိုးသမီး နန်စီလေဒါက စပြီးတော့ ဖော်ထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။ နန်စီဟာ သူ့ကိုယ်သူ စိတ်ဝိဥာဉ် ပေါင်းကူးနိုင်စွမ်းရှိတယ်လို့ ကြေညာထားပြီး Zeta Reticuli ကြယ်စင်ကြီးက တခြားသက်ရှိတွေနဲ့ စိတ်ချင်းစကားပြောနိုင်တယ်လို့ ဖော်ထုတ်ပြောကြားခဲ့ပါတယ်။ သူဟာ ပထမဆုံး မေလ(၂၀၀၃)ခုနှစ်မှာ ကမ္ဘာရှိတဲ့ နေစကြာဝဠာ တစ်ခုလုံး ပျက်သုဉ်းတော့မယ်လို့ သူ့ကိုမိတ်ဆွေဂြိုဟ်သားတွေက အသိပေးတယ်လို့ ပြောခဲ့ပါတယ်။ နောက်ပြီးတော့ တကယ်တမ်း ကမ္ဘာပျက်မှာ (၂၀၁၀)ခုနှစ်ဝန်းကျင်လို့ ပြောင်းပြီးပြောပြန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၀င်ရိုးစွန်းနေရာ ရွေ့သွားတာကြောင့်မို့လို့ပါဆိုပြီး နန်စီက ပြောခဲ့သလို အဲဒီနောက်မှာတော့ လူသားမျိုးပြုတ်မယ့် ဖြစ်ရပ်ဆိုးကြီး ကြုံတွေ့မယ့် ကမ္ဘာပျက်သောနေ့ (Doomsday)ကို ကြုံရတော့မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ဒီအတွေးအခေါ်အရ ကမ္ဘာနဲ့ရွယ်တူလောက်ရှိတဲ့ ဂြိုဟ်ပဲ့ကြီးတစ်ခုဟာ (၂၀၁၂)ခုနှစ်လောက်မှာ လူသားတွေနေတဲ့ ကမ္ဘာကို ဦးတည်ရောက်ရှိလာမှာပါတဲ့။ တိုက်ရိုက်တိုက်မိခဲ့ရင် ကမ္ဘာတစ်ခုလုံး ပျက်စီးသွားမှာဖြစ်သလို ကပ်ပြီးဖြတ်သွားရင်တောင် အရှိန်ပြင်းလွန်းတာကြောင့် လူသားမျိုးနွယ် ပြုတ်ပြုတ်ပြုန်းလုနီးပါး ဖြစ်သွားမယ်လို့ ဆိုပါတယ်။ နန်စီရဲ့ လက်တွေ့မကျတဲ့ အယူအဆဟာ အစွန်းရောက် ဘာသာရေး အဖွဲ့တွေရဲ့ ၀ါဒဖြန့်မှုနဲ့အတူ ကြီးထွားလာပြီး “(၂၀၁၂)မှာ ကမ္ဘာပျက်မှာလား”ဆိုတဲ့ မေးခွန်းကို လူပြောများလာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာပျက်မယ့်နေ့လို့ ခန့်မှန်းထားတဲ့ အဲဒီဖြစ်ရပ်ကြီးကို Code Nameအနေနဲ့ ပေးထားတဲ့ နီဘီရူဆိုတာ ရှေးဟောင်း ဘေဘီလုံ လူမျိုးစုတွေရဲ့ နက္ခဗေဒ ပညာရပ်ထဲက ဆိုးရွားကြမ်းကြုတ်တဲ့ အချိန်ကာလတစ်ခုရဲ့နာမည်ကို မှည့်ခေါ်ထားတာပါ။ နောက်ပြီးတော့ “ကောင်းကင်ဘုံရဲ့အလွန်”လို့လည်း အဓိပ္ပါယ် သတ်မှတ်နိုင်ပါတယ်။ ကမ္ဘာပျက်မယ့်နေ့ဆိုတဲ့ အခြေအမြစ်မရှိ ခန့်မှန်းအတွေးအခေါ်တွေအရ Xဂြိုဟ် (ဒါမှမဟုတ်) နီဘီရူလို့ နာမည်ပေးထားတဲ့ စကြာဝဠာ ဂြိုဟ်ပဲ့ကြီးတစ်လုံးဟာ ကမ္ဘာကို (၂၀၁၂)ခုနှစ်မှာ တိုက်ရိုက်ဝင်တိုက်တော့မှာလို့ ယုံကြည်နိုင်ပါတယ်။

NASAရဲ့ ပညာရှင် တစ်ဦးဖြစ်တဲ့ ဒေးဗစ်မော်ရစ်ဆန်ကတော့ ဒီကိစ္စကို ရယ်စရာ အိပ်ယာဝင် ပုံပြင်ကောင်းတစ်ခုလို့ ယူဆထားတာပါ။ “နီဘီရူဆိုတာ ကျွန်တော်တို့ရဲ့ လက်တွေ့လေ့လာမှုထဲမှာ လုံးဝမရှိတဲ့အရာဆိုတာ ခင်ဗျားတို့ သိဖို့တော့ လိုမှာပါ”လို့ မော်ရစ်ဆန်က Washington Post သတင်းစာကြီးနဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။ (၂၀၁၂)ခုနှစ်မှာ ကမ္ဘာနဲ့ Xဂြိုဟ်ဝင်တိုက်လို့ ကမ္ဘာကြီး ပျက်တော့မယ်ဆိုတာဟာ လူ့သမိုင်းခေတ်သစ်တစ်ခုကို စတော့မယ်လို့ စိတ်ကူးယဉ်ဇာတ်ကားကောင်းကောင်း ရိုက်ချင်နေတဲ့ ဟောလီးဝုဒ် ကုမ္ပဏီတွေအတွက် အခွင့်အရေးကောင်းတစ်ခုထက် ဘာမှမပိုဘူးလို့ မော်ရစ်ဆန်က ဆိုပါတယ်။ ရှေးဟောင်းဆူမားရီးယန်း မျိုးနွယ်စုတွေရဲ့ မှတ်တမ်းထဲမှာ Zenchriaဆိုတဲ့ ခေတ်တစ်ခုတုန်းက နီဘီရူဆိုတဲ့ ကြယ်ကြီးကို မြင်လိုက်ရတဲ့အကြောင်း မှတ်တမ်းကလွဲပြီး သမိုင်းတလျှောက် ဘယ်သူမှ နီဘီရူဆိုတဲ့ စကြာဝဠာထဲက ဂြိုဟ်ပဲ့ကြီးအကြောင်း ပြောခဲ့၊ ရေးခဲ့တာ မရှိပါဘူး။ တကယ်တော့ဒါဟာ လူ့သမိုင်းကို အခြေခံ ခုတုံးလုပ်ပြီး လုပ်ကြံထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ်လို့ မော်ရစ်ဆန်က ပြောပြခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မာယာလူမျိုးစုတွေရဲ့ ကာလရှည်ကြာ ပြက္ခဒိန်ကလည်း (၂၀၁၂)ခုနှစ် ကျရောက်တဲ့အချိန်မှာ ကမ္ဘာပျက်မယ်လို့ ဇာတ်လမ်းကောင်းကောင်းလေးတစ်ခု ဖန်တီးထားခဲ့တာကလည်း ရှိနေတာမို့ပါ။

မာယာတွေ ယုံကြည်ထားတာအရ Batun 13ဆိုတဲ့ အချိန်ယန္တယားစက်ဝိုင်း ကုန်ဆုံးသွားပြီးတဲ့အချိန်ဖြစ်တဲ့ (၂၀၁၂)ခုနှစ်လောက် ကာလမှာ Batun 14ဆိုတဲ့ အချိန်စက်ဝိုင်း နောက်တစ်ခု စပါလိမ့်မယ်။ အဲဒီအချိန်မှာ ကမ္ဘာတစ်ခါပျက်မယ်လို့ ဆိုထားတာကိုး။ ဒါပေမယ့် သိပ္ပံပညာရှင်တွေကတော့ (၂၀၁၂)ခုနှစ်မှာ ကမ္ဘာကြီးကို ဘယ်အာကာသ တိုက်ခိုက်မှုမှ ရောက်လာမှာ မဟုတ်ဘူးလို့ အာမခံထားပါတယ်။ ကမ္ဘာပျက်မယ့်နေ့ကို အတိအကျ မသိနိုင်ပေမယ့် (၂၀၁၂)ခုနှစ်ထိတော့ ကမ္ဘာဟာ အကောင်းအတိုင်း ရှိနေမှာပါ။ တကယ်တော့ အရင်ကလည်း ခုလိုမျိုး ကမ္ဘာပျက်မယ်ဆိုတဲ့ စိတ်ကူးယဉ် ကောလဟာလတွေ ရှိခဲ့တဲ့ ဥပမာတွေ အများကြီးပါ။ ထင်ထင်ရှားရှား တစ်ခုအနေနဲ့ အက်ပေါ့ဟစ် (Apophis)ဆိုတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားကြီး တစ်ခုဟာ ကမ္ဘာနားက (၂၀၂၉)၊ (၂၀၃၆)နဲ့ (၂၀၆၈)ခုနှစ်တွေမှာ (၃)ခါဖြတ်သွားပြီး အဲဒီအချိန်ကျရင် လူတွေသောက်သောက်လဲ သေကြမယ်လို့ သတင်းကြီးခဲ့ပါသေးတယ်။ ဒါပေမယ့် တိုင်းတာမှုတွေအရ အဲဒီဂြိုဟ်သိမ်ကြီး ကမ္ဘာနားက ဖြတ်သွားချိန်မှာ အနည်းဆုံး မိုင်(၁၈၀၀၀)လောက် ဝေးနေမှာဖြစ်ပြီး ဒါဟာလုံးဝလုံခြုံ စိတ်ချရတဲ့ အကွာအဝေးပါလို့ ပညာရှင်တွေက အတိအလင် ခိုင်ခိုင်မာမာ ပြောကြားထားပါတယ်။ ဘာပဲဖြစ်ဖြစ် (၂၀၂၉)ခုနှစ်နား နီးလာရင် “အက်ပေါ့ဟစ်ကြီး ကမ္ဘာကို ၀င်တိုက်ရင် ဘယ်လိုလုပ်မလဲ”ဆိုတာ တွေ့ရကြုံရ၊ ဗျာများရအုံးမယ့် မေးခွန်းပါ။ “အဲဒီအခါကျတော့လည်း ကျွန်တော်တို့က ပြည်နယ်တစ်ခုစာလောက်တော့ ပြာကျသွားမှာပေါ့လို့ ဖြေလိုက်ကြတာပေါ့”လို့ မော်ရစ်ဆန်က ရယ်ရယ်မောမော ပြောသွားခဲ့ပါတယ်။

Source: Wikipedia, tgdaily

ဘာသာပြန်ရေးသားပေးပို့သူ - zyw

Copy From Planet.com.mm

မဝါ ပိုစ်ကနေ ကစ်လာတာပါ.. ပိုစ့်အသစ်တင်ရမှာပျင်းနေလို့... မဝါရေ ကျေးဇူးနော်...

အဆိပ်ခွက်

Sunday, November 1, 2009

ပျော်စရာမွေးနေ့လေးပါ...

HAPPY BIRTHDAY


ဟတ်ပီဗာတ်ဒေးပါ ... ဒီနေ့ ကျနော်ရဲ့ ချစ်မမကြီး မဝါဝါကျော် ရဲ့ မွေးနေ့လေး ဖြစ်ပါတယ်... အမ ရေ .. ယခု မွေးနေ့မှ စပြီ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေ..။ လိုအင်ဆန္ဒ တလုံးတဝ တည်းပြည့်ဝ ပါစေ....(ကျနော်ကတော့ မပြည့်သေးဘူး မြှီရှည်ထပ် စားချင်တယ် :P ) ပျော်ရွှင်စရာ မွေးနေ့ လေးကို ပိုင်ဆိုင်နိုင်ပါစေ...

ချစ်တဲ့ မောင်လေး
အဆိပ်ခွက်