Sunday, November 8, 2009

ပျော်စရာရွှင်စရာမွေးနေ့လေးတနေ့

တနှစ်မှာတလ တလ မှာတရက် တွင်သာပြုလုပ်ရသော မွေးနေ့လေးကို လူသားတိုင်းကြုံ တွေ့ခဲ့ရမှာပါ...
ခု ဆို ကျနော့်ရဲ့မွေးနေ့ ကိုရောက်လာပါတယ်....
၇.၁၁.၂၀၀၉ တွင်

ဆိပ်ဆိပ်ရဲ့ မွေးနေ့လေးကို ဦးဘိုဘို တို့အိမ်မှာ ကျနော်တို့ရဲ့ ဘလောဂါမောင်နှမများ က ပွဲလေးတပွဲပြုလုပ်ပေးပါတယ်.. ကျနော် အရမ်းပျော်ပါတယ်.. အရင်က ဆို မိဘတွေနဲ့ညီမတွေနဲ့ ပျော်ပျော်ရွှင်ရွှင်လုပ်ခဲ့ ရသလို နွေးထွေးမှုရရှိပါတယ်.... အားလုံးကိုကျေးဇူးလဲတင်ပါတယ်...

မွေးနေ့အမှန်ကတော့ ၈ရက်ပါ... ကျနော်မွေးနေ့ကို မနက်အစောကြီးထဲက လာလုပ်ကူပေးတဲ့ ကိုဘိုဘို(သူကအိမ်ရှင်လေးဟဲ) ဦးလေး(ဦးရှင်ကြီး) .. မမေသူ.. ကိုပြည်ဆုံ(ကြက်သွန်ဥခွာပေးတဲ့ ဦးလေး) .. နောက်ပြီ ရောက်လာတာက ကိုရေတမာ .. နောက် ကိုတောင်ပေါ်သားနဲ့ မမိုးခါး (သူတို့က တတွဲတွဲဘဲ.. :P) နောက်အလုပ်မအားဘဲရောက်လာတဲ့ ဖွားမေ့ နောက် ရောက်လာတာကတော့ ကိုမင်းကိုချစ်တဲ့သူ(ငါ့ကိုမချစ်ဘူး) .. နောင့်နောင့် .. ဆောင်းနှင်းရွက် .. မမေလေး ... မရေမြင်( အမှန်က မြရေလျင်) .. ကိုကြီးဆောင်းချမ်းမိုး ကိုဖိုးသင်္ကြန် .. မကောင်းကင်ပြာ.. နောက်ဦးလေးရဲ့ ချစ်ချစ် (အမည် မသိ) သိတာတော့ မိန်ခလေးဘဲ..အဟ.. ဦးလေးရဲ့ချစ်ချစ် အန်တီ လာပါတယ်... မဝိုင်း (မွေးနေ့ရှင် ပါဘဲ.)
ကိုတလနွန် ..ကိုရီနိုမာန်.. နောက်ဘယ်သူ ရောက်သေးလဲမသိပါဘူး.. အဟိ

နောက် ကျနော့်ကို ၁၂ တိတိ မှာ ဖုန်းကနေ မက်စေ့ပို့တဲ့ ကလေးငယ်လေး နဲ့ ဖြူ (အေးမြတ်သူ) နောက်ဂျီတော့ မှာ လာနှုတ်ဆက်တဲ့ မမဝါ. စိတ်ကောက်သွားတဲ့ တိုကြီး ဖိုးစိန်. ကိုဂျပန် ကိုမြစ်ကျိုးအင်း မချိုသီရီနိုင် သယ်ရင် ငပျင်း နောက် ကျနော့်ကျောင်းမှသူငယ်ချင်း ကိုစိုင်း(စိုင်အောင်ကျော်ပိုင်) ကိုသူရ ဇော်ဝဏ . တောင်ကြီးမှ သူငယ်ချင်း ဟိန်းထက် .. ဘတ်ဒေးကဒ်ပို့ပေးတဲ့ မဝက်ဝံလေး ... အားလုံး အားလုံးကို ဒီကနေ ကျေးဇူးတင်ပါတယ်... နာမည်များ ကျန်ခဲ့ရင် ခွင့်လွှတ်ပါ...

ကယ် မဧည်ခံလိုက်ရတဲ့ သယ်ရင်များအတွက်
ကိတ်မုန့် အကြီးကြီးနော်.. မလုနဲ့နော်...


ရေခဲမုန့်စားပါအုံး



ပွဲမှာလုပ်ထားတဲ့ပုံတွေကတော့မရသေးလို့ နောက်မှတင်ပေးမယ်...နော်...

အားလုံးကို ကျေးဇူးတင်လျှက်

အဆိပ်ခွက်

17 comments:

Sein Lyan Tun said...

ခုထိကောက်နေတုန်းပါ

ဒါပဲ

ချစ်တဲ့

ဖိုးစိန်

ကောင်းကင်ပြာ said...

Happy Birthday အဆိပ်လေး၊ ပျော်ရွှင်စရာ မွေးနေ့လေး ဖြစ်ပါစေ...

ကောင်းကင်ပြာ said...

မကောက်ပါနဲ့ စိန် ၊ တွေ့ ရတော့ မှာပဲဟာ..

"မင်းကိုချစ်တဲ့သူ" said...

ပျော်မဆုံးမယ့် နေရက်တွေကို
ပိုင်ဆိုင်နိုင်လို့ အောင်နိုင်သူလို့
လူတွေကြား ၀ံ့ကြွားနိုင်ပါစေ...
အချစ်နဲ့ပတ်သတ်လို့ မနှစ်သက်သူနဲ့ဝေးလို့
ချစ်တဲ့သူနဲ့ နီးစပ်ပါစေ
ရန်တွေမများ အချစ်တွေကိုပွား(တယောက်သောသူအတွက်နော်)
နေ့ရက်များစွာက လိုရာကို ကြံတိုင်းရ
ကိုယ်လိုရာလမ်းလျှောက်နိုင်ပါစေ....

Anonymous said...

မွေးနေ့ကစပြီး အောင်မြင်မှုတွေ ကြုံတွေ့ပါစေ
ဆန္ဒတွေ ပြည့်စုံပါစေ ....
(ပေါတောတောမလုပ်နဲ့နော် အသက်ကြီးလာဘီ :P)

မိုးခါး

ဝက်ဝံလေး said...

အဟမ်း အဟမ်း မဝက်ဝံလေး ဆိုတော့ နားထောင် အဲ ဖတ်ရတာ တမျိုးဂျီးပဲ ဟဲဟဲ

အနီးအဝေး အဲလေ anyway ပျော်ရွှင်ဖွယ်ရာ မွေးနေ့လေး ဖြစ်ခဲ့တယ်မလား ဝမ်းသာပါတယ် ဘိုင် တာ့တာ

ဝက်ဝံလေး said...

ဓာတ်ပုံတွေ တင်ပေးနော် ပြီးရင် ဘယ်သူကဘယ်သူဆိုတာ ရေးပေးနော် ငါကြည့်ချင်လို့
တာ့တာာာာာာာာာာာာာ ဒါဗြဲ

မြစ်ကျိုးအင်း said...

ညီလေးရဲ့ မွေးနေမှာ ပျော်ရွှင်သလို ဘ၀တလျှောက် ပျော်ရွှင် အဆေင်ပြေပါစေ။

အခက်အခဲတွေကြုံလည်း ခဏချင်း ဖြေရှင်းနိင်ပါစေ

...ခင်မင်သောအားဖြင့်...

ဆောင်းနှင်းရွက် said...

နောက်ဆုံးမှ ရောက်လာတဲ့
ကို ရွာစား နဲ့
ကို သက်ပိုင်သူ နာမည်
ကျန်နေတယ် ဗျို့ ..
အသက် ၁ နှစ် ကြီး လာလို့
မေ့တတ်လာတာ ဖြစ်မယ် ...>>>

ဂျပန်ကောင်လေး said...

မစားလိုက်ရတာတော့ အသေနာတယ်ကွာ....း)

တောင်ပေါ်သား said...

မွေးနေ့လေးမှသည် နောင်နှစ်ပေါင်းများစွာ ချစ်သော မိသားစုလေးနဲ့ အတူတကွ နေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။


လေးစားလျက်
တောင်ပေါ်သား

Mogok Thar said...

နောက်ကျပီးမှ မွေးနေ့ပို့စ်လေး လာ ဆုတောင်းတာ စိတ်မဆိုးနဲ့ အဆိပ်ရေ။ (စက်က သိတဲ့အတိုင်း ခပ်စုတ်စုတ်ရယ်လေ)

ဓာတ်ပုံလေးတွေ ရလို့တင်ရင်ဖြင့် သိတိလေးထားနော်။

“တော်ကြာ ကျွန်တော်ရိုက်မိ အပြစ်ရှိသည်” ဆိုပြီး ရှိစုမဲ့စု ကင်မရာလေး အသိမ်းခံထိနေမှ......

အားလုံး ပျော်ရွှင်ခဲ့ရတဲ့ မွေးနေ့ပွဲလေး တစ်နေ့ပါ။

ညီလေး အဆိပ် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာထိ ကောင်းကျိုးလိုရာဆန္ဒ အားလုံး...
တစ်လုံးတစ်ဝထဲ ပြည့်စုံကြပါစေ။

မေတ္တာရောင်ပြန် said...

မောင်လေးရေ ........ မကြီးက နောက်ကျမှ ဆုတောင်းပေးရလို့ စိတ်မကောင်းဖြစ်ရပါတယ်။
မောင်လေးရဲ့ မွေးနေ့လေးမှာ ဟိုးးး အရင်တုန်းကလို မကြီးအိမ်လေးမှာ လုပ်ခွင့်မရလို့ပါ။
ဘယ်လိုပဲ ဝေးဝေး မကြီးတို့ မောင်နှမတွေ စိတ်ချင်းက နီးနီးလေးပါ မောင်လေးရေ ... အစစ အရာရာ မကြီးကို နားလည်ပေးပြီး ခင်မင်ခဲ့လို့လည်း ကျေးဇူးတင်ပါတယ်နော်။

မောင်လေးရဲ့ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဘ၀ခရီးလမ်းကို အေးချမ်းစွာ ဖြတ်သန်းနိုင်ပါစေ .... ဒီမောင်နှမတွေနဲ့ အတူရှိသမျှလည်း မွေးနေ့တွေကို အခုလိုပဲ အတူတကွ ချစ်ခင်စွာ ဖန်တီးနိုင်ပါစေလို့ ......

ချစ်တဲ့ မကြီး

mabaydar said...

အဲဒိနေ့က သတင်းကြားတယ်... လာမလို့ပဲ... မွေးနေ့ရှင်နဲ့လဲ မသိတာနဲ့ မလာတော့တာ... ဘာပဲဖြစ်ဖြစ် Happy Birthday ပါ...

ပုံ့မေ said...

ဟိတ်... မွေးနေ့ ရှင်ရေ... ခုမှလင့်တွေ့ တော့တယ်... ယူသွားတယ်ကွယ်

Angel Shaper said...

ခွက်ခွက်ရေ....
တစ်ပတ်နောက်ကျမှ တက်နိုင်တဲ့ ခွက်ခွက်မွေးနေ့ပွဲ အတွက် တို့ကိုခွေးလွှတ်နော်။
ဒီမွေးနေ့မှစလို့ မနက်ဖြန်တိုင်းမှာ အဓိပ္ပာယ်ရှိတဲ့ နေ့ရက်လေးတွေပိုင်ဆိုင်နိုင်ပါစေ။ အောင်မြင်ပျော်ရွှင်ပါစေနော်။

chocothazin said...

နိုဝင်ဘာမောင်နှမတစ်တွေပေါ့။ သဇင်လည်း နိုဝင်ဘာပဲ။