Wednesday, November 18, 2009

အမြဲရှိနေမယ်...

တနေ့တနေ့ မင်းအကြောင်းတွေ
စဉ်းစားပြီ အိပ်ကာမရ..
မင်းရဲ့ အသံကို အမြဲလိုလိုကြားယောင်
စိတ်တွေက ဂယောက်ဂရက်..
ငါ မင်းနဲ့ တွေ့မှ အချစ်ဆိုတာကို
သိခဲ့ သလို ..
အလွမ်း ဆိုတာ ကို
နားလည်ခဲ့တယ်..

အရင်က ရည်းစားအကြောင်း
ပြောရင် ငါ စိတ်တွေ ပေါက်ကွဲ..
နွေ မက ပူင့ါရင်ထဲ...
စိတ်ပူအောင် လုပ်လေ သလား..
သို့ပင်မဲ့ လည်း ချစ်မြဲချစ်နေဆဲပါ..။

ချစ်ကောင်း သီချင်းလိုမျိုး
ရင်ခုန်မှ အရမ်းချစ်သတဲ့လား”..
လိုတော့ မလုပ် ပါနဲ့ ရင်ခုန်လွန်းလို့...
အသက်တောင် ထွက်မတတ် မင်းကို ချစ်တာပါ..။

မင်းဘယ်လိုပင် ဖြစ်နေပါစေ..
ငါ မင်း နားမှာ အမြဲရှိနေဆဲပါ..
သူ့ကို အရမ်းချစ်တဲ့ ကောင်လေး...။

အဆိပ်ခွက်

7 comments:

ဂျပန်ကောင်လေး said...

ငါ့ညီလေးလည်း ရူးတော့မယ်ထင်ပါရဲ့..မရှိတဲ့ အချစ်ကို တမ်းတနေရတာနဲ့..း)

စိုင်းစိုင်းလားရှိုး said...

တူလေးက ကဗျာတွေ အရမ်းနုနေပါလား ကွယ်ရို့
ကဗျာကောင်းလေး တစ်ပုဒ်း)

Anonymous said...

ကြွေလောက်အောင် ကောင်းလွန်းတယ်.. :)

Anonymous said...
This comment has been removed by the author.
Anonymous said...

ချစ်ကောင်း သီချင်းလိုမျိုး
“ရင်ခုန်မှ အရမ်းချစ်သတဲ့လား”..
လိုတော့ မလုပ် ပါနဲ့ ရင်ခုန်လွန်းလို့...
အသက်တောင် ထွက်မတတ် မင်းကို ချစ်တာပါ..။

ချစ်မိရင် လူတိုင်းကဗျာဆန်တတ်လာကြတယ်
ကဗျာလေးခံစားချက်ကောင်းတယ် အဆိပ်ရေ

အဆိပ်ခွက် ညီလေးရေ အပေါ်က ဖျက်လိုက်တဲ့ ကွန်မန့်က အကို လုပ်လိုက်တာပါ မှားပြီး ကွန်မန့်ပေးမိလို့လေ

မိုးခါး said...

အင်းး
ရောဂါ ရောဂါ :P
အဆင်ပြေပါစေကွယ် .. :D

ဝက်ဝံလေး said...

နင်စိတ်ဆိုးလဲ မတတ်နိုင်ဘူး အရက်ခွက် နင့်ကဗျာကို ငါ ဖတ်ပြီးရင်ပြီးရင်လေ သီချင်းကို ဖတ်သလိုပဲ ခံစားရတယ်
သူများကဗျာတွေ ဖတ်ရင် နားမလည်ဘူး ဘာလို့နားမလည်လဲ လာမမေးနဲ့ ငါကဗျာဝါသနာမပါလို့နားမလည်ဘူး အေး ဒါပေမယ့် နင့်ကဗျာ ဖတ်ရင်တော့ နားလည်တယ်လို့တော့မထင်နဲ့နော် သီချင်းစာသားကို ဖတ်ရသလိုပဲ ဟဲဟဲ

အကြံတခုပေးချင်တာတော့ အဲဒီကဗျာတွေကို သီချင်းစာသားအဖြစ်ပြောင်းပြီး တီးလုံးရှာ ပြီးရင် ဟိုအနူလက်နဲ့ ရွှေခွက်နှိုက်တဲ့ ကော်ပီစိုင်းစိုင်းကို ရောင်းပါ့လား ဒါမှမဟုတ်လဲ နင်ကိုယ်တိုင်ဆိုပေါ့ဟယ် ဒါဆို ပေါက်မှာ (ခေါင်း) သေချာတယ် ပရိတ်သတ်တွေ အားပေးလို့လေ

ငါပြန်မယ်တာ့တာ ငါ့ကိုအကြံပေးခန့်မယ်ဆိုရင် ကြိုပြောနော် ငါက အလုပ်သိပ်အားတာမဟုတ်ဘူး အရမ်းအလုပ်ရှုပ်တယ် နင်က ခန့်မယ်ဆိုရင်တောင် ငါက အားနာပါးနာနဲ့ကျန်တဲ့လူတွေကို ပြောရမှာ

ကဲဒါဗြဲ တာ့တာ အိပ်တော့မယ် ဝါးးးးးးးးလားးးးးးးးးးးးးလားးးးးးးးးးးးးးးးး