Sunday, September 16, 2012

ကျနော် တစ်ယောက်တည်း

လောကမှာ တုနှိုင်းလိုမရအောင်မေတ္တာ အကြင်နာတွေကို ပိုင်ဆိုင်ထားတဲ့ အေးမြသောနှလုံးသားပိုင်ရှင် က အဖေ နဲ့ အမေ ၂ဦးထဲပါ... ငယ်ငယ်တုန်းက လိုတာမရလို စိတ်ကောက်တာတွေ.. အမေ က ချောပြီး ထမင်းကျွေးခဲ့ဖူးတာတွေ. အခုချိန်မှာ ပြန်တွေးရင်မျက်ရည်ဝဲနေဆဲပါ....ခုချိန်မှာ ပါးပါး မားမား ရဲ့ ကျေးဇူးကို မြင့်မိုရ်တောင်ကတောင်မော့ကြည့်နေရပါပြီ.. ကျနော်ငယ်ငယ် က ဆိုးခဲ့ပေခဲ့ပေမယ့် အခုချိန်မှာ လိမ္မာလာပါပြီ ...ကျနော်ကို အင်အားတွေ ပေးပြီး ဘဝ ကို ကိုယ်တိုင် စတင်ပျံသန်းစေခဲ့တယ် .... ကိုယ်တိုင်ပျံသန်းမှဘဲ  ဟိုတစ်ချိန်က မိဘ ရဲ့ကြင်နာမှု.. ဂရုစိုက်မှု တွေကို ခုမှနားလည်လာပါတော့တယ်.... အရင်ကဆို မနက်အိပ်ရာက မထလို့ အမေက ချိုသာတဲ့ စကားသံလေးနဲ့ လာနှိုး ခဲ့တာကို စိတ်တိုခဲ့ဖူးတယ်.... အခုချိန်မှာ ကျနော့်ကို ဘယ်သူလာနှိုးမလဲ ...အဲလိုချိုသာတဲ့ အသံလေးကို နောက်ထပ် ဘယ်တော့မှ ပြန်ကြားရမှာလဲဗျာ...။

အရင်ကဆို ထမင်းစားရင် လူဆုံမှစားတတ်တဲ့ အမေနဲ့အဖေ ခုချိန်ဆို ထမင်းဝိုင်မှာ လူ တစ်ယောက်လိုနေရော့ပေါ့ ... အဲလိုဘဲ ဒီဟင်းမစားချင်ဘူး ဟိုဟာမစားချင်ဘူး ဆိုပြီဂျီကျတတ်တဲ့ ကျနော် ကို အမေ ကအမြဲတမ်း ဒါလေးကောင်းတာ စားကြည့်ဆိုပြီ အမေ့ရဲ့ လက်နဲ့ခွံ့ကျွေးခဲ့တာတွေကို ပြန်လည်မြင်ရောင် ရင်း... ခုဆို ထမင်းစားချိန် စားပွဲဝိုင်းမှာ ကျနော် တစ်ယောက်တည်း ကြိတ်မှိတ်စားခဲ့တာ ကြာလာရောပေါ့...။

အရင်တုန်းကဆိုးခဲ့ပင်မဲ့ အခု ပါပါး မားမား တို့ ရဲ့ ဆုံးမ စကားတွေကြောင့် ကျနော် လိမ္မာလာပါပြီ... မိဘ ကျေးဇူးကို ပြန်ဆပ်နိုင်အောင်ကြိုးစာနေဆဲပါ.... ကျနော် ၆တန်းနှစ် တုန်းက  ခြေထောက်ချုပ်ရတုန်းကဆို အမေ့ရဲ့ စိုးရိမ်စိတ်တွေနဲ့ သူရဲ့ သားပေါ်မှာထားတဲ့ အကြင်နားတွေ က ဘယ်အရာနဲ့မှ အစားထိုးလို့မရ ခဲ့ဘူး.. ကျနော် ကို သေချာဂရုစိုက်ခဲ့တယ် ... အခုချိန်ကျနော် ဗိုက်နာလာရင် ဘယ်သူကလာ ဂရုစိုက်ပေးမှာလဲ...။

၁၀တန်းပြီးထဲက မိဘ နားက နေထွက်ခွာလာ ပြီး စလုံးမှာ ပညာသင်ခဲ့တယ်... ခု ဆို နယူးဇီလန် (အော်ကလန်) ကိုရောက်နေခဲ့တယ်... တစ်နေ့နေ့တော့ မိသားစု ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်လည်ဆုံတွေ့ ရမည် ဟု မျှော်လင့်ရင်း .. ခုတော့ ကျနော် တစ်ယောက်တည်းပေါ့...

ခင်မင်လျှက်
အဆိပ်ခွက်

Thursday, September 13, 2012

New Lynn ဘုန်းကြီးကျောင်း

ကျနော်တို့ တောင်ကြီးမြို့လေးနဲ့တူ တဲ့ New Zealand - Auckland ကို ရောက်တော့ ပထမဆုံး သွားဖြစ်တဲ့ ဘုန်းကြီးကျောင်းလေးပါ... အားလုံးကတော့ new lynn ဘုန်းကြီးကျောင်းလို့ ခေါ်ကြတယ်.. ဒါပင်မဲ့ ဘုန်းကြီးကျောင်း နာမည်က (ရတနာ ဒီပ မြန်မာ ဘုန်းကြီးကျောင်း) ဖြစ်ပါတယ်.. ကျနော်နေတဲ့ နေရာ နဲ့တော့ အတော်လေး ဝေးပါတယ်... သို့ပေမယ့်လည်း မရောက်ရောက် အောင်သွားဖြစ်လိုက်ပါတယ်.. ရထားစီးရတာ တိုင်ပတ်တယ် .. စင်္ကာပူမှာ နေလာတာ ဆိုတော့ ရထားက စလုံး ကနဲ့မတူဘူး... ရှေ့လဲသွားတယ် နောက်ပြန်လဲ သွားတယ်... သူတို့ရထား လက်မှတ်က မြန်မာနိုင်ငံနဲ့ တူတယ်ဗျ..Ticket ဝယ်ပြီးတော့ လက်မှတ်ကို ရထား စစ်နဲ့တွေ့မှပြရတယ်.. မတွေ့ရင် တော့ ဟဲဟဲ ဘာလို့လဲဆိုတော့ လက်မှတ် စစ်က ရထားထဲမှာ ဘဲရှိတယ်.. လက်မှတ်စစ်က တစ်စီးလုံးမှ ၃ ယောက်ဘဲရှိတာ..  ခိုးစီးရတာ လွယ်တာပေါ့နော်.. အဟက် :P

ဒါ က တော့ ကျနော်ရယ် ဆရာတော် နှစ်ပါး နဲ့ ရိုက်ထားတဲ့ ပုံလေးပါ.....

ဘုန်းကြီးကျောင်း ရောက်တုန်းမှာ အဆိပ်တို့ မြန်မာ ထမင်းဟင်း (ငပိရည် ကအစ ချဉ်ပေါင်ကြော်) အစုံပေါ့ဗျာ... အားရပါးရ စားခဲ့ပါတယ်..း)

ဒါက ဘုန်းကြီးကျောင်းအပြင်မှာရိုက်ထားတာပါ....

ခင်မင်လျှက်
အဆိပ်ခွက်

Wednesday, September 12, 2012

စောင့်နေပါ့မယ်


“ကောင်မလေး” ရေ ......
မတူညီတဲ့ ကျောင်းတော်ကြီးရဲ့
ပို့ချချက်ကို နားလည်ရဲ့လား......
အသွင်မတူရင် အိမ်သူမဖြစ်ဆိုတဲ့စကား
မင်းလက်ကိုင်ထားဆဲဆိုရင်
“ကောင်မလေး”ရေ.....“မင်း” ကြိုက်တဲ့ ပန်းရနံတွေ
ဤကမ္ဘာမြေမှာ သင်းပျံ့နေတုန်းပဲ.........။

လူနေမှုအဆင့်အတန်း မြင့်မားတယ်ဆိုတာ
“မင်း” သိပ်ကြိုက်တဲ့ ကိုရီးယာကားတွေနဲ့များ
နှိုင်းယှဉ်လိုက်တာလားကွာ..........
ကိုယ့်အရပ်ကိုပစ် သူ့အရပ်ကိုခင်တဲ့
“မင်း” ရဲ့နေရာမှာ ......
ငါတို့ပြန်ဆုံတွေ့ဖို့ .....
ဆုတောင်းစရာ တနင်္ဂနွေထောင့်လေး
ရှိပါရဲ့လား..........။

အချိန်တန်လို့ အိမ်ပြန်တဲ့အခါ
အရာအားလုံးကို နားလည်ချစ်တတ်ခဲ့မယ်ဆိုရင်
“ကောင်မလေး” ရေ.....ငါ့ရဲ့ ပုခုံးကိုဖက်ပြီး
အတူတူ...လမ်းလျှောက်ထွက်ဖို့
အင်းယားရဲ့ ခရေပင်လမ်းမှာ
 စောင့်နေပါမယ်............။

ခင်မင်လျှက်
အဆိပ်ခွက် 
(edit my old poem)

ရောဂါဗေဒ (Patho)


နိဒါန်းပျိုးမရ အဆုံးသတ်မလှ

ဖြေမရ ဆယ်မရ ရည်မှန်းသမျှ

ရေထဲ ခဲကျ လူလေးဘ၀ပေါ့ ။
 
ကံတရား နတ်ဘုရား စီရင်ချက်အမှား

ရုန်းကန်ပြေးမရ အကြောင်းကံမလှ

ဆဲလ်တစ်ခု ပျက်စီး အစလိုက်ပြီး

တစ်ရှူး အော(လ်)ဂင် နောက်ကအရံ

ပူးပေါင်းနှိပ်စက် ခန္ခာပျက်လို့ ။
 
ပုံသဏ္ဌာန်တွေပြောင်း အရောင်တွေဟောင်း

ဤအကြောင်းတွေသာ ခြေရာထပ်လည်း

မကြားချင်လည်းကြား ငါ့ရဲ့နား

မသွားချင်လည်းရောက် ဒီခြေထောက်

ရေးတဲ့စာတွေ အဓိပ္ပာယ်ပျောက်တဲ့

သုညကိုက်တဲ့ ကျောင်းသားဘ၀ ။
 
မဖြေခင် မိတဲ့ အပူသောက

ဖြေပြီးရတဲ့ အအေး နောင်တ

ရောဂါဗေဒ လက်စွမ်းပြလို့

မင်နီလေးနဲ့လှနေတဲ့ ငါ့ရဲ့သုညလေး

အဖျားမိနေပြီ ... ။ ။

ကျနော့် သူငယ်ချင်း ဆေးကျောင်းသား ရေးထားတဲ့ ကဗျာလေးပါ.. မျှဝေလိုက်ပါတယ်...

ချစ်ခင်လျှက်

အဆိပ်ခွက်

Monday, September 10, 2012

အဆိပ်ပြန်လာပြီ

အဆိပ် စာမရေးတာလဲ အတော် ကြာပါပြီ.. ဟုတ်ပါတယ်.. ကျနော် လဲ ရေးဖို့ စိတ်ကူးရှိပေမယ့် မရေးဖြစ်ဘူး... ကျနော် လဲ မအားတာ ပါပါတယ်.. blog က အကို အမ တွေ အားလုံးကို သတိရနေပါတယ်...
သူတို့က

ဦးရှင်ကြီး ၊ ကိုတောင်ပေါ်သား ၊ ကို ဘိုဘို ၊ ကြက်ဥမကြိုက်တဲ့ ကိုဖိုးစိန် ၊ ကိုစနေသား ၊ မကြီး မေတ္တာရောင်ပြန် ( သူက တော့ ဘယ်ရောက်နေလဲ မသိပါဘူး မတွေ့ဖြစ်တာ ကြာပါပီ) ၊ ဂျပန်ကို ရောက်သွားတဲ့ ကိုကြီး ဂျပန် ၊ ကိုကြီး ရီနိုမာန် ၊ ကိုတလနွန် ၊ အမှတ်တရ ဘလော့မှ အန်တီ ဝါ ၊ အစ်မ မိုးခါး ၊ Angelshaper ။ 

မှတ်ချက်။ ။ နာမည် မပါတဲ့ သူများ မရေးမိသူများ တောင်းပန်ပါတယ်.. တားတားကို ခွင့်လွှတ်ပေးပါ...။

ခု ကျနော် new zealand (Auckland) ကိုရောက်နေတာ နည်းနည်း ကြာသွားပါပီ.. တစ်ယောက်တည်း ဆိုတော့ တော်တော် တိုင်းပတ်တော့ ဘလော့ ဘက်ကို မလှည့်ဖြစ်ဘူး.. ကျနော် စာပြန်ရေးမယ် လို့ပြောလာတာ လဲအတော်ကြာပါပြီ... နောက်ပီ.. ကျနော် မြန်မာ ဖောင့် ကို ဒီလို ရိုက်တတ်အောင် သင်ပေးတဲ့ ကိုစနေသား ကိုလဲ အမြဲ ကျေးဇူးတင်ပါတယ်... သူကတော့ ခု ( အော်စီ ကိုရောက်နေပါတယ်)

ဘယ်လို ဘဲပြောပြောပါ ကျနော် ခု စာနည်းနည်း စီနဲ့ ဒီမှာ ဖြစ်တဲ့ အမှတ်တရတွေ ကို တင်ပြပါ့မယ်..

အားလုံးကို ခင်မင်လျှက် 
အဆိပ်ခွက်

Thursday, March 29, 2012

မင်း ကိုချစ်တယ်

ချစ်ဦးစမှာ မုန်တိုင်းနဲ့ တိုက်လိုက်သလို
ငါ့နှလုံးသား ကိုအလဲထိုးပြီး
ထွက်သွားခဲ့တယ်....

"လဲရာက ထ၊ ကျရာ က တက်"
ဆိုတဲ့ စိတ်ဓာတ်နဲ့ မင်းငါ့ရဲ့
ကွဲအက်နေတဲ့ နှလုံးသားကို
ဖေးမကူညီပြီး မင်းရင်ခွင်က
ငါ့ကိုနွေးထွေးစွာ ကြိုဆိုခဲ့တယ်...

အချစ်ဆိုတာ...ခွင့်လွှတ်နားလည်ခြင်း ဆိုတဲ့
မှတ်ကျောက်ပေါ်မှာရှိတာပါ...
ချစ်သူရေ... ငါတို့ အတိတ်ဒဏ်ရာ တွေကို မေ့ပစ်
"မင်း ကိုချစ်တယ်" ဆိုတဲ့စကားကို
တလောကလုံးကြားအောင် အော်ပြောလိုက်ပါတယ်...

လေးစားလျှက်
အဆိပ်ခွက်

Wednesday, March 28, 2012

အဆိပ်ခွက် ပြန်လည်ရှင်သန်ခြင်း

ကျနော် blog မရေးဖြစ်တာ.. ကြာပါပြီ.. စလုံး ကနေ အမိမြေကို ပြန်ရောက်ထဲကပေါ့... သိတဲ့အတိုင်း ကော်နက်ရှင် က အမြဲ ကျနေတာ ဆိုတော့... ခု ကျနော် ဆိုင်က လိုင်းကို ယူသုံးပြီးချိတ် ကြည့်တယ်.. မဆိုးပါဘူး ကောင်းသယောင်ယောင် တော့ရှိတယ်.... ကျနော် ခု စပြီ စာတွေပြန်တင်မယ်.... ပိုစ်တွေပြန်တင်ပါ့မယ်... ဘလော့ကာ အကို အမ များ စာဖတ်သူများ သူငယ်ချင်များ ကျနော်ကို တဖန် ပြန်လည် လာရောက်အားပေးကြပါဗျာ လို့.......

အားလုံးကို ချစ်ခင်လျှက်
အဆိပ်ခွက်