Thursday, September 13, 2012

New Lynn ဘုန်းကြီးကျောင်း

ကျနော်တို့ တောင်ကြီးမြို့လေးနဲ့တူ တဲ့ New Zealand - Auckland ကို ရောက်တော့ ပထမဆုံး သွားဖြစ်တဲ့ ဘုန်းကြီးကျောင်းလေးပါ... အားလုံးကတော့ new lynn ဘုန်းကြီးကျောင်းလို့ ခေါ်ကြတယ်.. ဒါပင်မဲ့ ဘုန်းကြီးကျောင်း နာမည်က (ရတနာ ဒီပ မြန်မာ ဘုန်းကြီးကျောင်း) ဖြစ်ပါတယ်.. ကျနော်နေတဲ့ နေရာ နဲ့တော့ အတော်လေး ဝေးပါတယ်... သို့ပေမယ့်လည်း မရောက်ရောက် အောင်သွားဖြစ်လိုက်ပါတယ်.. ရထားစီးရတာ တိုင်ပတ်တယ် .. စင်္ကာပူမှာ နေလာတာ ဆိုတော့ ရထားက စလုံး ကနဲ့မတူဘူး... ရှေ့လဲသွားတယ် နောက်ပြန်လဲ သွားတယ်... သူတို့ရထား လက်မှတ်က မြန်မာနိုင်ငံနဲ့ တူတယ်ဗျ..Ticket ဝယ်ပြီးတော့ လက်မှတ်ကို ရထား စစ်နဲ့တွေ့မှပြရတယ်.. မတွေ့ရင် တော့ ဟဲဟဲ ဘာလို့လဲဆိုတော့ လက်မှတ် စစ်က ရထားထဲမှာ ဘဲရှိတယ်.. လက်မှတ်စစ်က တစ်စီးလုံးမှ ၃ ယောက်ဘဲရှိတာ..  ခိုးစီးရတာ လွယ်တာပေါ့နော်.. အဟက် :P

ဒါ က တော့ ကျနော်ရယ် ဆရာတော် နှစ်ပါး နဲ့ ရိုက်ထားတဲ့ ပုံလေးပါ.....

ဘုန်းကြီးကျောင်း ရောက်တုန်းမှာ အဆိပ်တို့ မြန်မာ ထမင်းဟင်း (ငပိရည် ကအစ ချဉ်ပေါင်ကြော်) အစုံပေါ့ဗျာ... အားရပါးရ စားခဲ့ပါတယ်..း)

ဒါက ဘုန်းကြီးကျောင်းအပြင်မှာရိုက်ထားတာပါ....

ခင်မင်လျှက်
အဆိပ်ခွက်

2 comments:

မိုးခါး said...

တယ်လိမ္မာနေပါလား ငါ့မောင် ..း)

စံပယ်ချို said...

Auckland ကတကယ်ပဲတောင်ကြီးနဲ့တူတာလား
ရောက်ဖူးချင်တယ် တောင်ကြီးနဲ့တူတယ်ဆိုလို့ပါ
အဆင်ပြေရဲ့လား မဂျီးဂျက်လဲအဲမှာသူငယ်ချင်းတွေအများကြီး
ရှိတယ်ဟိုတလောက မလေးရှားကိုလာကြတယ်
အိမ်မှာပဲတူတူလာအိပ်တယ်
တောင်ကြီးဘယ်နားမှာနေလဲ