Saturday, February 28, 2009

“မ” အတွက်



"မျော်လင့်ခြင်းဆိုတာဘဝရဲ့ ပျော်ရွှင်မှုတစ်ခုဖြစ်သည်" တဲ့


ဒါပေမဲ့ " မ " ရယ်အဆင်မပြေမှုတွေနဲ့


မျော်လင့်နေရတာဘဝရဲ့


ပျော်ရွှင်မှုဖြစ်လာနိုင်ပါ့မလား။


"အချိုမြိန်ဆုံး အရာသည်ရင်ခုန်ခြင်းဖြစ်သည် " တဲ့


ဒါပေမဲ့ " မ " ရယ်အထင်လွဲမှုတွေနဲ့


ရင်ခုန်နေရတာဟာချိုမြိန်မှုဖြစ်လာနိုင်ပါ့မလား။


" မေတ္တာ သည်ရောင်ပြန်ဟပ်သည် " တဲ့


ဒါပေမဲ့ " မ " ရယ်မြတ်နိုးမှုတွေနဲ့


ချစ်နေရပေမဲ့" မ " ရဲ့ မေတ္တာ စစ်ကိုပြန်ရနိုင်ပါ့မလား ?
ပုံလေးကို google ကနေယူထားလိုက်တယ်....ကြိုက်လိုပါ...
အဆိပ်ခွက်

ကျနော် ချစ်ရတဲ့ “မ”.....



အမှတ်တမဲ့ နဲ့ ကျောင်းလေးမှာ


ဆုံတွေ့ခဲ့ရပေမယ့် အမှတ်ရစရာတွေ


ဖြစ်လာခဲ့တယ်........


“မ” မရှိတော့ ကျနော့်စိတ်တွေ


လေးလံနေခဲ့တယ်.......ဒါပင်မဲ့......


ဖြစ်ချင်တာတွေ မဖြစ်သေးတဲ့ အခါ


ဖြစ်သင့်တာတွေ ကိုဦးစားပေးရင်း...


အနာဂတ်ကို ဖြတ်သန်းရမယ် ဆိုတာ


ကျနော် ..သိပါတယ်......


အခုချိန်မှာ...


ကျနော့် နားမှာ “မ” မရှိလဲ....


“မ” ကိုချစ်တဲ့ချစ်ခြင်းတွေ ကျနော့်ဆီမှာ..


အမြဲရှိနေတယ်ဆိုတာ.....ယုံကြည်ပေးပါ......
ပုံလေးကို google ကနေယူထားလိုက်တယ်..ကြိုက်လိုပါ.....
အဆိပ်ခွက်

Tuesday, February 24, 2009

ကောင်မလေ... (သီချင်း)


V1 .....ဒီတစ်ညတော့ ကောင်မလေးရာ သံစဉ်လေးနဲ့ နင်အိပ်ဖို့ရာ ဂစ်တာလေးတစ်လက်ကိုယ် ထမ်းလို့လာ မင်းလေးအိပ်ပြီလား ၊

မအိပ်သေးနဲ့ ကောင်မလေးရာ ဒီသီချင်လေး ခံစားပေးပါ ကောင်မလေး အတွက် ကိုယ်ရေထားတာ မီလေးဖွင့်ပါအုံး ၊

ကောင်မလေးရေ အိမ်ပြင်ဘက်မှာ လေးပြေလေး နဲ့ ကိုယ်သီချင်းညဉ်း တာ အဖေ အမေ ကြားလို့ စိတ်ဆိုး ပြီလား မင်းလေးပြောကူအုံး၊

တစ်ညလုံးလဲ ဆိုနေအုံးမှာ သံစဉ်ညဉ်းလို့ ကိုယ်မောတဲ့ ခါ အသံမကြားလို့ အိပ်မသွားနဲ့ ကွာ ဒီတစ်ချက်တော့တောင်းပန်တယ် ကလေး လေးရယ်..




Bridge.....
မင်းအတွက်နဲ့သီချင်လေးရေးတာ သိပ်ချစ်လို့ပါကွာ..အမြဲတမ်း ပဲမင်းလေးအတွက်ပါ ကလေးရာ....



CHO:.....



ချစ်...တယ်..ချစ်တယ် ချစ်တယ် ပြောလိုက်ပါရစေကွာ...ကလေးလေးနားရောက်ခဲ့တဲ့ ခိုက်မှာ...လွမ်း...တယ်.လွမ်းတယ်..လွမ်းတယ်..အမြဲတမ်းလွမ်းမယ်...အခြေအနေ ပေးခဲ့ရင် နေ့တိုင်းတွေ့ချင်တယ်....


***&^$^&*())_(*&^%$$###$%&**(()

V1.............Bridge.... CHO.....





****************************************************************************

ဒီသီချင်းကိုယ် နားထောင်ချင်ရင် ... ကျနော့် blog အောက်ဆုံးမှာရှိပါတယ်....း)
အဆိပ်ခွက်

Friday, February 20, 2009

ချစ်သူအတွက်....

ဒါလေးက ကောင်ကလေး က သူရဲ့ ချစ်သူကိုချစ်လွန်းလို....

ဟာသ စာလေးပေါ့ဗျာ............. စာကဒီလိုဗျ......



သမင်မလေး ဖြိုး

ချစ်လွန်းလို့ ဆင်ကြံ ကြံမိတာပါ။

ုဖြိုးကို အစ်ကိုကြီး ချစ်လွန်းလို့ ကျားချောင်းချောင်းနေတာ ကြာပါပြီ။

ဒါပင်မဲ့ အခွင့်မသာလို့ လင်းမြွေလို မသိမသာခွေနေရတာပါ။

ဖြိုးလေး လာရာလမ်းကို မျှော်ရလွန်းလို့ လည်ပင်းတောင်သစ်ကုလားအုတ်လောက် ရှည်ထွက်နေပြီ။

ဖြိုးကို အစ်ကိုကြီချစ်တဲ့ချစ်က သိုးတစ်ကောင်လို ဖြူစင်ပါတယ်။

အခုလို ဖြိုးမသိအောင် စာထည့်ထားတဲ့အတွက် မြေခွေးလိုကောက်ကျစ်တယ် မထင်စေချင်ဘူး။ဖြိုးနဲ့ ရင်ဆိုင်တွေ့တဲ့ အခါတိုင်း ကိုယ့်ရဲ့ အသည်းနှလုံးဟာ ယုန်တစ်ကောင်လို ထိတ်လွယ်လန့်လွယ်လို့ပါ။

ဖြိုး။

နွားကျတယ်လို့ ဆိုချင်ဆိုပါတော့။ ဖြိုးရဲ့ ခြေရင်းမှာ ကြောင်တစ်ကောင်လို ပွတ်သီးပွတ်သပ် ခယပါရစေ။

ဒါကလည်း ခြင်္သေ့လို အသည်းနဲ့ ရဲရဲကြီးချစ်မိလို့ပါ။

ဒီလို ပြောလိုက်လို့ ဖြိုးရဲ့ စိတ်ထဲမှာ ကိုယ့်ကိုရေဆင်လိုလို၊ ကြွက်စုတ်လိုလို မထင်စေချင်ဘူး။

ဖြိုး။

စာပြန်နော်......။

ဖြိုးရဲု့ပြန်စာမှမရရင် သစ်ကိုင်းလွယ်မျောက်လို အစ်ကိုကြီး နေမထိထိုင်မသာဖြစ်နေတော့မှာပဲ။

ဖြိုးဆီကအချစ်ကို မျှော်လင့်ရင်း

စိုင်းကော်လို့ ချုံပေါ် ရောက်ချင်တဲ့

စောင့်မျှော်လျှက်

အဆိပ်ခွက်

Thursday, February 19, 2009

တစ္ဆေ ခြောက်သောအိမ်ကြီး.......အပိုင်း ၄(ဇာတ်သိမ်းပိုင်း)

အရှည်ကြီး က အပြင်ကနေပြန် မလာသေးဘူးလေ.... ဂျိမ်းစ် တို့အားလုံးက အခန်းထဲ ပြန်ရောက်နေကြပြီလေ.....အဲဒီချိန် လူတစ်ယောက် တံခါးလာခေါက်သံ....ဒေါက်..ဒေါက်.... ဂျိမ်းစ် က ဝင်လာခဲ့ ဘယ်သူမှ မဝင်လာဘူး..... နောက်တစ်ခေါက် ထပ်လာခေါက်ရော... ဒေါက်...ဒေါက်... ဂျိမ်းစ်း က နေစိုး ကိုလှန်းပြောတာပေါ့ ... ဟေရောင် ဘယ်သူလဲ မသိဘူး... ထကြည့် ကြည့်.... အဲဒီမှာနေစိုးက... တံခါးနားသွားတာပေါ့.... သူဖွင့်ကြည့်လိုက်တယ်.... ဘာမှ မတွေ့ဘူး...... သူပိတ်ပြီး နောက်လှည့်ရော...

တံခါးကို ဒေါက်...ဒေါက်... နေစိုး က တံခါးရဲ့ ၊ လက်ကိုင်ကို ကိုင်မလို့လုပ်တုန်း.... တံခါးက သူ့အလိုလို ပွင့်သွားရော.... နဲနဲ တော့ထူးဆန်းသွားတာပေါ့... သူအပြင်ကို လှန်းကြည့်လိုက်တယ်ဘာမှ မတွေ့ဘူး သူ့ရဲ ခေါင်းလဲ အထဲရောက် ရော... တံခါးက ..... ဝုန်းကနဲ ဆိုပြီးသူ့ အလိုလို ပိတ်သွားရော.... နေစိုး မှာလန် ပြီးပြေးတာပေါ့...ဂျိမ်းစ် တို့နားကို ...အာလုံးကလည်း လန့်နေကြတာပေါ့.....

အရှည်ကြီး က ဟိုလျှောက်သွား..ဒီလျှောက်သွားရင်းနဲ့...သူသတ္တာ တစ်လုံးတွေ့ သွားရော.... ဟဒါ ဘာလဲ မသိဘူး.....ဆိုပြီး ဆွဲထုတ်လာတာပေါ့..... ဂျိမ်းစ် တိုနားကို မလာရော.... အခန်းထဲလဲရောက်ရော.....ဖွင့်ကြည့်ကြတာပေါ့.... ဖွင့်လဲဖွင့် လိုက်ရော.... အငွေ့တွေ ထွက်လာတာပေါ့..... အားလုံး က စိတ်ဝင် စားနေကြ ချိန်မှာ...ဗလရဲ့ အော်သံ “အမလေး....” ကြည့် လိုက်တော့ ပိုးဟတ် ဖြစ်နေတာပေါ့.....သတ္တာထဲမှာ... စာရွက်တစ်ရွက်..... တော်တော်လေးကိုနွမ်းနေပြီး...... မိုးစက် ကယူပြီးဖတ်တာပေါ့... ဒီလို...

-အိမ်ကြီထဲ ဝင်လာသူများ လိုက်နာရ မည်စည်းကမ်းများ........

၁. ဒီအိမ်းကြီးထဲ ကို ပိုင်ရှင်ဝင်ခွင့် မ ပေးဘဲ မဝင်ရ။

၂. မီးမထွန်းရ။

၃. အခင်းကြီး၊ငယ်မ စွန့်ပြစ်ရ။

၎. အိမ်ကြီး အတွင်းရှိ အရာဝထ္တု များကို မရွှေ့ ရ။

၅. ကျယ်လောင်စွာ စကားမ ပြောရ။

ကွယ်လွန်သူ......

ဤ အရာများကို ကျူးလွန် မိပါက.... အောက်ပါ အကြောင်းအရာနဲ့ ကြုံ မည်.......

၁. ဒီ.............................

ဟေရောင်မိုးစက်ဆက်ဖတ်လေ.... စာရွက်ကပြဲနေတယ်ကွ .... ဟရှာလေ...ဒါဆို.... မရှိဘူးကွ....ဒါဆိုငါတို့ ဘယ်လိုပ်ကြမလဲ... ကားကလည်းပြင်လို့မပြီသေးဘူးကွ.... ဗလ က အဟီး... ငါတ ကယ်ကြောက်လာပြီကွ...... ငါတို့ဘာဆက်လုပ်ကြမှာလဲ...ပြောလေ....

အာလုံး ကငြိမ်နေကြတယ်.... တွေဝေနေကြတယ်.... လေတွေက လည်းတိုက်နေပြီ..... လမင်းက လည်းတဖြည်းဖြည်း မှောင်ရီ နေပြီ.... ခွေးတွေရဲ အူသံတွေကလည်း..ဆူညံလိုပေါ့....အရာအားလုံးဟာ..ခြောက်ကပ်နေတယ်.... ထွန်းထွန်းက ပြောတာပေါ့...ငါတို့ဒီအိမ်ကြီးထဲ က နေထွက်မှရမယ်.... အရှည်ကြီး က အေဟုတ်တယ်.... ငါတို့မြန်မြန်း ထွက်ကြရအောင်.....

သူတို့အားလုံး စထွက်တာပေါ့.... ဂျိမ်းစ် က ရှေ့က သွားတယ်...... အရှည်ကြီးက နောက်ဆုံးကလိုက်တယ်.... သွားနေရင်းနဲ့ အ သံတစ်ခု..... အားလုံး ကြောက်လို့ ကြမ်းပြင်ပေါ် ထိုင်ချတာပေါ့.... မိုးစက် က ထ ထ မြန်မြန်...ဆိုပြီး အ တင်းပြောတာပေါ့.... ဘာလိုလဲဆိုတော့ အ ရိပ်တစ်ခု.... သူတိုနောက်ကိုလိုက်နေပြီ.... ပြတင်းပေါက်တွေကလည်း... သူအလိုလို ပိတ်ကုန်တာပေါ့.... အရိပ်က သူတို့နောက်ကိုလိုက်နေတယ်.... အားလုံး အတက်နိုင်ဆုံးပြေးကြတာပေါ့...... အိမ်ကြီရဲ့ အပြင်ကိုရောက်သွားတာရော....... တံခါးမကြီး က သူအလိုလို.. ပိတ်သွားတယ်......

ခြံဝင်းအပြင်ထွက် ပြီကားနားကိုမြန်မြန် သွားကြတာပေါ့.....ကားကပြင်လို့ ပြီသွားရော...အဲဒီတော့...အားလုံးကားပေါ်တက်ပြီး...ပြေးကြတာပေါ့်.. ကားဆရာ က ဂျိမ်းစ် ကိုမေးတယ်... ရှေ့မှာအမျိုးသမီးတစ်ယောက်...ကားတားနေတယ်..... ရပ်ပေးလိုက်ရမလား.....မိုးစက် ကနေပြီးအော်တာပေါ့....မရပ်နဲ့..ဆက်မောင်း....ကားဆရာကလည်းမရပ်ဘဲကျော်သွားတာပေါ့... အားလုံးနောက်လည်း လှည့်ကြည့်ရော.... ဆံပင်ဖားလျှား နဲ့... မျက်နှာမရှိဘူး.....ဗလကအော်တာပေါ့.....ကားဆရာကလည်း ....မြန်မြန် မောင်းတာပေါ့.... အရှည်ကြီရဲ့ ပြတင်းပေါက် ဘေးနားမှား...လူတစ်ယောက် ကာနောက်ပါလာတာရော... အရှည်ကြီကလည်းလန့်ပြီအော်တာပေါ့......

တစ်ကားလုံဆူညံနေတယ်....... အဲဒီချိန် မှာ........နေစိုးကို ဝင်ပူးတာပေါ့......... “မင်းတို့ငါတို့စည်းကမ်းကိုဖောက်တယ်...မင်းတို့ကငါ သတ်မယ်...” ဆိုပြီး ထွန်းထွန်း ရဲ လည်ပင်းကိုညှစ်ရော........ အာလုံးဝိုင်းဆွဲကြတာပေါ့.... အဲဒီမှာ မိုးစက် က နေစိုး ကို ဟေရောင်း.. ဆိုပြီး ဆွဲထိုးလိုက်တာပေါ့... နေစိုး ပြစ်လဲသွားပြီး ပုံမှန်အတိုင်းပြန် ဖြစ်သွားရော... နေစိုးကိုဝိုင်း ထူနေတဲ့အချိန်မှာ... စုမြတ် ကိုဝင် ပူပြန်ရော..... မဇာက ပါးရိုတ် လိုက်တော့ ပြန်ကောင်းသွားရော....

တစ်ချိန်ထဲမှာ... မိုးစက် ကိုဝင်ပူတာရော..... အာလုံးကဘာလုပ်ရမလဲမသိ... အရှည်ကြီး ကိုလည်းဝင်နေပြီ..... ဂျိမ်းတို့ ကလည်းပြာနေတယ်...ဘာလုပ်ရမှန်မသိ.... ထွန်းထွန်း က မိုးစက်ရဲ့လည်ပင်းကို... သူ့ရဲ့ စိတ်ပုတီး ကိုကောက်စွတ်လိုက်ရော.... မိုးစက်မှာမခံနိုင်အောင်ဖြစ်တာပေါ့... ရေမန်နဲ့ ပတ်တာပေါ့...... မိုးစက်နားကနေ လည်းလွတ်သွာရော....မဇာကို ဆက်ပူးရော... ဂျိမ်းစ် က ပြောတာပေါ့ ကားဆရာ ကို... ဘုန်းကြီကျောင်း ထဲမောင်း...

ကားဆရာကလည်း ရှာရတာပေါ့.... ဘုန်းကြီးကျောင်း တစ်ခုသွားတွေ့ရော...... ကားဆရာကမြန်မြန် မောင်းဝင်တာပေါ့........ ဂျိမ်းစ် က သွားလျှောက်တာတယ်... ဘုန်းကြီတွေကို.... တပည့်တော်တို့ ဒီလိုးအခတ်အခဲ...ကြုံနေပါတယ်ပေါ့.... ဘုန်းကြီးတွေက ဝင်ပူးနေတဲ့လူနှစ်ယောက်ကို... ဘုရားစာရွတ်ပြီး ... နှင်ထုပ်ပေးတာပေါ့....အဲဒီိလိုနဲ့ အာလုံးပြီသွားရော...... သူငယ်ချင်းတွေအားလုံး ဘုန်းကြီကျောင်းမှာ အိပ်ကြတာပေါ့......

ကားဆရာက ကားပေါ်ကနေမဆင်းလာဘူး.... ဂျိမ်းစ် က သွားခေါ်တာပေါ့... ကားဆရာ...ကျနော်တို့ဒီမှာတစ်ညအိပ် မယ်ဗျ ဆင်းလာခဲ့လေ... ကားဆရာက တုပ်တုပ်တောင်မလှုပ်... ဂျိမ်းစ် ကလည်းခေါ်တာပေါ့.... ကားဆရာ..ကားဆရာ... ကာဆရာလည်းလှည့်လာရော............ဂျိမ်းစ်မှာ......



................^^^^^^^^^................
........ပြီးပါပြီ.....
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။ ဒီ link ထဲကိုလည်းဝင်လည်သွားပါအုံး......

http://www.hypercom.ca/love/


အဆိပ်ခွက်

တစ္ဆေ ခြောက်သောအိမ်ကြီး.......အပိုင်း ၃

အဲဒီလိုနဲ့ ဗလကိုသူတိုနေတဲ့အခန်းထဲ ခေါ်သွားတာပေါ့...ဗလ ကသူ့သူငယ်ချင် တွေကိုပြောပြတယ်... သူဒယ်မြင်တာကိုပေါ့... ဒါပင်မဲ့သူ့ သူငယ်ချင်းတွေက.... မယုံဘူးလေ ဘာလိုလဲဆိုတော့ ဗလက သူရဲ အရမ်းကြောက်တက်တာဆိုတော့ ... လန့်ပြီအော်တယ်လို့ပဲထင်တာပေါ့.... ဗလကိုဘယ်မှ ပေးမသွားတော့ဘူးလေ.......



မိုးစက် ကလည်းဓာတ်မီး တစ်လက်နဲ့ လျှောက်သွားတာပေါ့..... တခန်းဝင်တစ်ခန်းထွက်... အဲဒီချိန်မှာ. မီးကရုတ်တရက် ပျက်သွားရော.. ထွန်းထွန်း က မီးတွေဘာတွေ နဲနဲ နားလည်တယ် ဆိုတော့ နေစိုး နဲ့ အတူတူ သွားကြည့်ကြတာပေါ့.... ဖျူစ်း များပျတ်တာလားလို့ပေါ့... သူတို့နှစ်ယောက် မိန်းရုံနား သွားကြည့်ကြတာပေါ့...



ထွန်းထွန်း က လည်းဟိုကြည့်ဒီကြည့်နဲ့ ပေါ့.... အဲဒီလို ကြည့်နေတုန်းမှာ.... သူတိုနောက်မှာ လူတစ်ယောက်လာနေ သလို.... အဲဒီမှာနေစိုးက ဓာတ်မီး နဲနောက်လှည့်ကြည့် လိုက်တယ် ဘာမှတော့မ တွေ့ဘူး...ထွန်းထွန်းက နေစိုးကို ဟေရောင် ဖျုးစ် လည်းမပျတ်ဘူးကွ.... နေစိုးက ဟေ ဟုတ်လား...အေကွဒါဆိုလည်း အပေါ်ပြန်တတ်ကြမယ်ဆိုပြီး.... တံခါးထဲလည်း ဝင်ရော..... သူတို့နောက်မှာ.. ရှီး...ဆိုပြီးအရိပ်တစ်ခု... သူတို့နှစ်ယောက်လုံး ခြေထောက်တွေရပ်တန့် .. သွားတယ်.... အဲဒီအရိပ်က သူတိုနှစ်ယောက်ကို... လှမ်းမိုးနေတယ်.....



သူတို့နှစ်ယောက် ... တော်တော်လေးလန့်နေတယ်... ထွန်းထွန်း က နေစိုး ကို...... ဟေ..ဟေ...ရောင်အဲ ဒါဘာ..ဘာလဲ...ဘယ်သူကြီးလဲ... ပြောနေ တုန်းမှာ...အရိပ် သည်တဖြည်းဖြည်း ရှေ့တိုးလာတယ်....နေစိုးက ဟေရောင်ရှေ့တိုးလာပြီကွ..... ထွန်းထွန်း က ဘုရား စာရွတ် ကွမြန်မြန်....နေစိုးက ဘယ်ဟာ ဆိုရမှာလဲကွ... ထွန်းထွန်း က ကြိုက်တာရွတ် ကွာ... နေစိုးက ငါအစတွေသိတော့ဘူးကွ.... အေးငါလည်းမေ့ကုန်ပြီ.... အဲဒီမှာ... အရိပ်က တိုးလာနေပြီ...နှစ်ယောက်လုံးကလည်း...တုန်လှုပ်နေတယ်.... သူတို့မှာ..မျက်စိ ကိုစုံမှိတ်ပြီး ရပ်တန့်နေကြတယ်....ခွေးအူသံတွေကလည်း.... ဆူညံနေတယ်......



အဲဒီချိန် သူတို့သူငယ်ချင်း အရှည်ကြီး က ဒီကောင်တွေ့ ဒီလောက်ကြာလား.....ဆိုပြီးအောက်ဆင်းကြည့်တာပေါ့.... အရှည်ကြီး က အောက်လည်းဆင်းရော.....အရိပ်ဟာ ပျောက်သွားတယ်.... ထွန်းထွန်း နဲ့ နေစိုး တို့က ဓာတ်မီးကြီး ကိုင်ပြီ.... တုန်နေကြတာပေါ့..... အဲဒီမှာ အရှည်ကြီးက .... ဟဒီကောင်တွေ ဘာရပ်လုပ်နေတာလဲ....ဆိုပြီး ရှေ့တိုးပြီး ... ဟေ..ရောင်တွေ...ဒီမှာဘာရပ် လုပ်နေတာလဲ လိုလဲအော်လိုက်ရော.... နှစ်ယောက်သား....အမလေး...ကြောက်ပါပြီဗျ...ဒီနားမလာပါနဲ့....သွားပါး...အမလေး..ကယ်ကြပါအုံး...... ဆိုတဲ့ စကားကြောင့် အရှည်ကြီမှာ...အူကြောင်ကြောင်ဖြစ်သွားတယ်.... ဟေရောင် ငါပါကွ အရှည်ကြီးလေ.... ဟေရောင်...အဲဒီခါကြမှ နှစ်ယောက်သား..မျက်လုံးကိုဖွင့်ပြီး...ဟရှည်ကြီး....မင်းတို့လာဖြစ်နေတာလဲ.... နေစိုးက အရိပ်...အရိပ်...ကွ...ရှည်ကြီးက ဘယ်မှာလဲ...ငါတို့နောက် မှာ..... မရှိပါဘူးကွာမင်းတို့ကလည်း....နှစ်ယောက်သားနောက်လှည့်ကြည့်လိုက်တော့....ဘာမှမရှိ....သစ်ပင်သာရှိနေတယ်......



ထွန်းထွန်းက မဟုတ်ဘူးကွ.. စောစောက ငါတို့နောက်မှာ အရိပ်ကွ....နေစိုးကအေးဟုတ်တယ်ကွာ....ရှည်ကြီးက မင်းတို့စိတ်ထင်လို့နေမှာပါကွာ...ဆိုပြီးအပေါ်ပြန်တတ်ကြတာပေါ့...... မိုးစက်ကသွားနေရင်းနဲ့... အခန်းတခန်း ထဲရောက်သွားတယ်..... အဲဒီခန်းက ရှေးဟောင်းဓာတ်ပုံတွေ ထားထားတယ်.... မိုးစက် က လျှောက်ကြည့်တာပေါ့.... သူုပြတင်းပေါက်နားရောက်သွားရော... သူလှန်းတွေ့လိုက်တယ် လူတစ်ယောက်.... သစ်ပင်နားမှာရပ်နေတယ်..... အင်္ကျီက အညိုရောင်ဦးထုပ်ဆောင်းထားတော့..မျက်နှာမတွေ့ရဘူးပေါ့..... သူအဲဒီလူကိုကြည်နေရင်း နဲ့ ရုတ်တရပ် ပျောက်သွား တယ်....သူနဲနဲ တော့လန့် ပြီးခြေထောက်နောက် ဆုတ်သွားတယ်..... သူ့ရဲ့ ဓာတ်မီးက ဘေးက နံရံ ကိုသွားထွန်းမီတယ်...... သူလှည့်ကြည့် မီလိုက်တယ်.... သူစောစောက .... သစ်ပင်နား မှာရပ်နေ တဲ့ လူကြီး.... အဲဒီလိုလဲသစ်ပင်နားမှာရပ်နေတယ်...... သူ လန့်သွားတယတော်တော်လေးကို..... အာလုံးထဲမှာသူက အရဲ ဆုံးဆိုတော့.....သူသေချာ ပြန်ကြည့်တာပေါ့..... နောက်တစ်ခေါက်ကြည့်လိုက်တော့.... ဓာတ်ပုံထဲမှာလူမရှိတော့ဘူး....... ပြတင်းပေါက်ကိုကြည့်လိုက်တော့... အဲဒီလူက သစ်ပင်နားမှာရပ်နေတာလဲ မြင်ရော..... မျက်လုံးပြူးပြီး ထွက်ပြေးပါလေရော.....



မိုးစက်လည်းအပြင်အ ရောက် တံခါးကလည်း ဝုန်းဆိုပြီ ပိတ်သွားပါလေရော... အသံကကျယ်လွန်းလို့ ... တစ်အိမ်လုံးကို လွှမ်းမိုးသွားရော...... အဲဒီချိန် မဇာ နဲ့ စုမြတ်....တို့ဖယောင်းတိုင်သွားရှာတာပေါ့..... သူတို့နှစ်ယောက် ဒေါင့်နာက အခန်းလေးထဲ ဝင်သွား မယ်လုပ်တုန်း မဇာကတွေ့လိုက်တယ် အဲဒီ အခန်းထဲမှာအရိပ်တစ်ခုဖြတ် သွားတာကို... စုမြတ်ကို........ ဒီအခန်းထဲမဝင်ဖို့ပြောတာပေါ့...... စုမြတ်ကဘာလို့တုန်း...မဇာ ငါအရိပ်တစ်ခုတွေ့လိုက်တယ်..... မဝင်ပါနဲ့ဟာ..... အင်ဒါဆိုလည်း နောက်တစ်ခန်းထဲသွားတာပေါ့......



ဒါနဲ့ သူတို့ အခန်းတစ်ခုထဲရောက်သွားရော..... ဖယောင်းတိုင်ရှာ တာပေါ့.... အိမ်လေးရဲ့ ဒုတ်တန်းနာမှာ... ဖယောင်းတိုင်တစ်တိုင်တွေ့တော့ မဇာကလှမ်းယူလိုက်ရော.... လှမ်းယူပြီတော့...စုမြတ်ကို ခေါ်ပြီးရော့ ဖယောင်းတိုင်... လေးတွေကလည်းတိုက်နေပြီ.... သစ်ပင်တွေလျှပ်သံ ရှုပ်..ရှုပ်... ခွေအူသံတွေကလည်း ဆူညံနေတယ်.... စုမြတ်က လှမ်းလဲကြည့်လိုက်ရော....“အား....အာ.....” ဆိုပြီအော်လိုက် တဲ့အသံဟာ တိတ်ဆိတ်နေ တဲ့ အိမ်ကြီးကိုလွှမ်းမိုးသွားရော.... ဘာလို့လဲဆိုတော့ မဇာကိုင်ထားသည် မှာ ဖယောင်းတိုင်မဟုတ်.... လူတစ်ယောက်ရဲ့လက်မောင်း... အဲဒီမှာမဇာကလည်း အော်တာပေါ့.....



ဂျိမ်းစ် တို့ကလည်း.. အပြေးအလွှားရောက်လာပြီး..... ဘာဖြစ်တာလဲ.. နှစ်ယောက်စလုံးမှာ တစ်ကိုယ်လုံး တုန်ရီနေသည်.....ဗလလည်းပါလာတယ်လေ.... သူတို့ မိန်းကလေးနှစ်ယောက်ကိုဆွဲ ထူပြီး.... သူတို့နေတဲ့ အခန်းထဲ ခေါ်သွားတာပေါ့.... ဂျိမ်းစ် က အခန်းထဲမ ဝင်ဘဲ နောက်လည်းလှည့်ကြည့် လိုက်ရော.... သူကိုတံခါးဒေါင့် နားကနေ ကြည်နေ စိုက်ကြည့်နေတယ်... ပြီတော့လက်ပြနေ တယ်....ဂျိမ်းစ် မှာ... အား.......လို့အော်ပြီး အခန်းထဲပြေးဝင်ရော..... အာလုံးမှာ ကြောက်လန့်နေကြပြီ....အဲဒီချိန်.........



....................*************.........................



အပိုင်း ၄ မျှော်............(ဇာတ်သိမ်းပိုင်း)

အဆိပ်ခွက်

Tuesday, February 17, 2009

တစ္ဆေ ခြောက်သောအိမ်ကြီး..အပိုင်း ၂

သူတို့သစ်ပင်အောက်မှာထိုင်ပြောနေရင်းနဲ့ ညကလည်းရောက်လာပြီလေ...... အဲဒီတော့ သူတို့တစ်ခုခုစားသောက်ကြတယ် ......နောက်ပြီးကားပေါ်ပြန်တက်ကြတာပေါ့.... မောင်အေးဆိုတဲ့ကောင်က ဗလ ဆိုတဲ့ကောင်ကိုစပါလေရော်..... မောင်အေးရဲ “ဗလရေမင်းနောက်မှာသရဲ” စလိုက်တဲ့စကားကြောင့်ဗလမှာ..လန့်ဖြန့်ပြီးအော်လိုက်တာ...များပြောမနေနဲ့..ကားခေါင်မိုးတောင် ပွင့်သွားမတက်ဘဲ....ဒီလိုနဲ့ခရီးဆက်ကြတာပေါ့......



ညကလည်းနက်လာပြီ....လရောင်လေးကလည်း မလင်းတလင်းလေး.... ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေတယ်... ခွေးအူသံတွေကလည်း ကောင်းကင်းကြီးကိုလွှမ်းမိုးနေတယ်.... အဲဒီချိန် တပြိုင်နက်ထဲ.. ဂျိမ်းစ် တို့ရဲ့ ကားဟာ ဝုန်းကနဲဆိုပြီး..ရုပ်တရက်ကြီးထိုးရပ်သွားရော....အားလုံးဆင်းကြည့်ကြရော..ဘီးပေါက်တာလားပေါ့... ဘီးကလည်းမပေါက်ဘူး.....ဒါဆိုစက်တစ်ခုခုဖြစ်တာပေါ့..ကားဆရာကလည်းဟိုကြည့်ဒီဟာကြည့်နဲ့ပေါ့....ဂျိမ်းစ် က သူ့သူငယ်ချင်းတွေကို လှမ်းပြောတယ်...ငါ့တို့ဒီနားမှာတည်းဖို့ ဟိုတယ် သို့မဟုတ် အိမ်တစ်အိမ်လောက် လိုက်ရှာကြမယ်...



လူစုခွဲပြီးရှာကြရော.... ဂျိမ်းစ် ရယ် မဇာ ကရှာရင်းရှာရင်း နဲ့အိမ်လေးတစ်လုံးတွေ့သွားတယ်.... သူတို့သူငယ်ချင်းတွေ ကိုသွားပြန်ခေါ်တာပေါ့.... သူငယ်ချင်းတွေနဲ့ အိမ်ပေါက်နားရောက်လာတာရော.... အဲဒီအိမ်ကြီးက လရောင်အောက်မှာ မှိန်ဖျော့ဖျော့လေး ခွေးအူသံတွေကလည်း ဆူညံလို့..... အိမ်ကြီးရဲ့ မီးလုံးလေးကလည်းဝါဝါ မှိန်မှိန်လေး......မောင်အေးက ခြံတံခါးကို အသာလေးတိုးဖွင့်လိုက် ရော.. အဲဒီချိန်မှာ ဝုန်းကနဲဆိုပြီး ကျယ်လောင်သံဟာ တစ်ပြိုင်နက်ထဲ ထွက်ပေါ်လာရော... မောင်အေးရဲ့ တံခါးဖွင့်လက်စမှာရပ်တန့်သွား ပြီ.... အားလုံးလည်းငြိမ်သက်သွားကြတယ်...



အဲဒီမှာ ဂျိမ်းစ်က ဖွင့်ပါ မြန်မြန် ဆိုတော့မှ မောင်အေးက တံခါးကို တုန်တုန်.....တုန်တုန် နဲ့ပြန်ဖွင့်တာပေါ့....နောက်တော့ အားလုံးခြံဝန်း ထဲကိုရောက်သွားကြပြီလေ..... ဂျိမ်းစ် တို့အားလုံး အိမ်တံခါး မကြီးနားကိုတိုးသွား ရင်းနဲ့.... အားလုံးရုပ်တရက် ရပ်တန့်သွားတယ်...သူတို့ နောက်မှာ..ဂျစ်.ဖလပ်ဖလပ် သူတိုနားကို တိုးလာနေလေပြီ... အသံဟာနီးသထက် နီးလာပြီ.... ဘယ်သူမှနောက်ကိုလှည့်မကြည့်ရဲ ကြဘူးလေ..... နေစိုး ရဲ့ ဖခုံး နားကိုလက်ကရောက်လာပြီ တချိန်ထဲမှာ..နေစိုးရဲ့ဖခုံးကိုဆွဲလှည့်ပြီး... ရော့မင်းအတွက် ဓာတ်မီး ... အားလုံးလှည့်ကြည့်လိုက်တော့.... သူတို့ရဲ့သူငယ်ချင်း မိုးစက် ဖြစ်နေရော...



အဲဒီခါကျ မှအားလုံး အသက်ဝ ဝ ရှုရတော့တယ်......တခါးမကြီးနား ရောက်လာတော့ ဂျိမ်းစ်က အိမ်ရှင်းတို့.....အိမ်ရှင်တို့.... လူရှိလားဗျ..... အော်သော်လည်း ဘာတုန်ပြန်မှုမှ မထွက်လားဘူး.... အားလုံးဓာတ်မီးနဲ့ အိမ်ထဲကိုထိုးကြည့်တာပေါ့..... ဘေးနားကနေ..ရှီး...ဆိုပြီးအရပ်တခု... မိုးစက် ကအမြန်မြန် ဓာတ်မီးနဲ့ လိုက်ထွန်းလိုက်ရော...ဘာမှမတွေ့ အိမ်မြှောင် သာရှိနေတယ်.....
ဂျိမ်းစ် ကပြောတာပေါ့..ငါတို့ဒီမှာ ဒီတညတော့အိပ်မှ ရမယ်ကွ.... ဒီအိမ်မှာလူမရှိဘူးနဲ့တူတယ်.... ကဲကဲ အားလုံးပေါ်ထပ်တက်ကြည့်ရအောင်....ဆိုပြီးတက်သွားကြရော.... အပေါ်မှာလည်း လူတယောက်မှမရှိဘူး... ဂျိမ်းစ် က အဲဒီအခန်းထဲမှာနေရအောင်.... အားလုံးပစ္ဆည်း တွေချနေရာယူကြတာပေါ့...... မီးထွန်ဖို့ ထင်းသွား ယူဖို့...... ထွန်းထွန်း နဲ့ စုမြတ် တို့နှစ်ယောက်သွားကြတယ်...


အဲဒီမှာထွန်းထွန်းက ရှုးရှုး ပေါက်ချင်လာတော့ သစ်ပင်နောက်သွားတာပေါ့..... သူပေါက်နေတုန်းမှာ..သစ်ပင်ပေါ်ကနေ...သူကိုသေချာကြည့်ပြီးအောက်ဆင်းလာ တယ်တဖြည်းဖြည်း.....နဲ့အဲဒီချိန်မှာ ထွန်းထွန်း ကဓာတ်မီးနဲ့ အပေါ်ကိုကြည့်လိုက်တော့ ပုတ်သင်ညိုလေး ဖြစ်နေတယ်.... သူ့ဟာရှင်းပြီးသွားတော့...ထင်းသွားရှာတာပေါ့....ရှာပြီးအပေါ်ပြန်တက်ကြတယ်.... မိုးစက်က တော့ဓာတ်မီးတစ်လက်နဲ့ လျှောက်ကြည့်နေတာပေါ့....

ထွန်းထွန်းတို့ပြန်ရောက်တော့ အားလုံးမီးမွှေးကြရော..... ဂျိမ်းစ် နဲ့ ဗလ တို့အိမ်ထဲမှာ လျှောက်ကြည့်ကြတာတယ်... အခန်းတံခါးလေးတစ်ခုကပွင့်နေတယ်.... ဂျိမ်းစ် ကလက် ကိုအရင်ဝင် ပြီးစမ်းကြည့်တာပေါ့.. အဲဒီချိန်မှာ တစ်ခုကိုသွားကိုင်မိတယ်.... လက်ချောင်းလေးသဏ္ဍာန်.. အလွန်အေးစက်နေတယ်..... သူသည်ပြန်လွှတ်ရမလား..... ဘာလုပ်ရမလဲ.... တွေဝေနေတယ်.. ဒါဟာလူလား.... သူတံတွေးကိုမနည်းမျိုချနေရတယ်.... သူမထူးပါဘူးကွာဆိုပြီး.. တံခါးကိုခြေထောက်နဲ့ ကန်ပြီးဓာတ်မီနဲ့ လည်းထွန်းလိုက်ရော.... အရုပ်လက်ဖြစ်နေတယ်.....အဲဒီခါကျမှ အသက်ရှုဝတော့တယ်....

ဗလက လည်း လျှောက်ကြည့်ရင်းနဲ့ အခန်းတစ်ခန်းထဲရောက်သွားရော..... သူ့နောက်ကို တစ်ယောက်ယောက် ဖြတ်သွားသံ ရှီုး ဗလမှာကြောက်လန့်လန့် နဲ့ လျှောက်ထွန်းကြည့်တာပေါ့.... သူသည်ဓာတ်မီး နဲ့ ထွန်းထားတဲ့အရာ..... သူကိုရီပြနေတယ်..မျက်နှာမှာ အမာရွတ်တွေ နဲ့ မျက်စိ ကတောက်ပနေတယ်..... ဗလ ခေါင်းကိုအသာလေးလှည့်လဲကြည့် ရော “အမေရေ ကယ်ပါအုံး အမလေးဗျ.... အဟာ ကယ်ကြပါအုံး” အော်သံမှာတစ်အိမ်လုံး ဖုံးလွှမ်းသွာရော.... သူ့သူငယ်ချင်းတွေ ကရောက်လာပြီး “ဟေ့ရောင်ဘာဖြစ်တာလဲ...ဗလ ..” သူလက်ညိုးညွှန်ပြလိုက်တယ်.... ဂျိမ်းစ် တို့အားလုံးကြည့်လိုက်တော့...ကောင်မလေး ဓာတ်ပုံသာရှိနေတယ်.... သူ့သူငယ်ချင်းတွေက..မိန်းကလေးပုံပါကွာမင်းကလည်း.....ဗလက မဟုတ်ဘူးကွ..မဟုတ်ဘူး.... သူငယ်ချင်တွေကလည်းလာပါကွာ....ဆိုပြီ..

ဗလကို သူတို့ခန်းထဲ ခေါ်သွာရော....အဲဒီချိန်မှာ...ဗလကနောက်ကို လှည့်ကြည့်လိုက် ရော...သူ့ကိုတံခါးနားကနေကြည့်ပြီး ရီပြနေတယ်.... အဲဒီမှာဗလကထက်အော်ပါလေရော်......“ဟိုမှာ....နောက်မှာ...အား....” လို့အော်တော့ သူငယ်ချင်းတွေကလည်း လှည့်ကြည်တော့ဘာမှမရှိ.... တံခါးပွင့်ရက်သာရှိနေတယ်........

..................***************...........................

အပိုင်း ၃ မျှော်..........

အဆိပ်ခွက်

Monday, February 16, 2009

တစ္ဆေ ခြောက်သောအိမ်ကြီး.......အပိုင်း ၁

အလွန်လှပတဲ့ စနေနေ့ မှာ ဂျိမ်းစ် တို့ သူငယ်ချင်း တစ်စုအားလပ်ရပ်ခရီးထွက်ကြတာပေါ့၊ ပြောရမယ်ဆိုရင် အပန်းဖြေခရီးထွက်ကြတာလေ.. မှန်လုံကားတစ်စီး နဲ့ ကာမောင်းဆရာက ဂျိမ်းစ် ဦးလေးရဲ့အသိဗျ။ သူ တို့ချောင်းသာ ကိုသွားကြတာပေါ့..... အိမ်ကနေ၅နာရီလောက်ထွက်ကြတာတယ်... အားလုံးပျော်ပျော်ပါးပါး သွားကြတာပေါ့ ... သူတို့ ထဲမှာ အလွန်ကြောက်တက်တဲ့ ဗလ ဆိုတဲ့ကောင်ပါတယ်... အဲဒီလို့ ဘဲ အစသန်တဲ့ကောင် မောင်အေး တဲ့နာမည်နဲ့ လူနဲ့ တော့တခြားစီဘဲဗျ.... သူတို့ နှစ်ယောက်နဲ့ တကားလုံးက ပွဲကျနေ တာပေါ့ဗျ....

ဒီလိုနဲ့ စကြနောက်ကြရင်းနဲ့  ချောင်းသာကိုရောက်သွားကြရော...ကောင်လေးတွေက တခန်း၊ ကောင်မလေးတွေ ကတခန်းပေါ့..... ပျော်ပျော်ပါးပါး... ရေတွေကစားကြ... ညဆို ဂီတာတီးကြ....အရမ်းပျော်ကြတာပေါ့...... ဗလကတော့သရဲ အရမ်းကြောက်တတ်တာဗျ.... မောင်အေးကလည်း အရမ်း အစသန်တော့ ဗလနဲ့ မတည့်ဘူးဗျ....

သူတို့ ချောင်းသာကနေ ၄ ရက်လောက်နေပြီး ၊ တစ်နေရာကိုခရီး ဆက်ကြတာပေါ့ ...... ကားပေါ်မှာ တစ်ယောက် တစ်ပေါက်နဲ့စကြနောက်ကြရင်း....မောင်အေးဆိုတဲ့ကောင်နား ရောက်သွားပါလေရောဗျား..... သူက ရီစရာတွေဘဲအရမ်းပြောတာလေ......ဒီနေ့မှထူးထူးခြားခြား လေးပြောပြမယ်ကွာ.....ဆိုပြီးစပါလေရာ....

ဒီလိုဗျ.......... စာရေးဆရာတစ်ဦး ပေါ့သူက အချစ်အကြောင်းတွေ ရေးတဲ့ ဆရာလေ..... သူကနယ်တကလှည့်ပြီးစာရေးတာဗျ....... တစ်နေ့သူ့ရဲ့ဇာတ်လမ်း အချောသတ်ဖို့ ဟော်တယ်တစ်ခုကိုရောက်သွားရော.... အဲဒီဟော်တယ်ကလူပြည့်နေပြီိတဲ့..စာရေးဆရာက“မရဘူးဗျာ..ခုကျနော်ရဲ့ စာမူတွေအချောသက်ရ မှာဗျ..မရှိရှိတဲ့အခန်းပေးဗျား” ဆိုပြီးအတင်းတောင်းတာပေါ့...အဲဒီချိန်မှာ ဟော်တယ်မန်နေဂျာက သူ့ရုံးခန်းထဲခေါ်ပြီးရှင်းပြတာပေါ့..... တစ်ခန်းတော့ရှိပါတယ် ..ဒါပင်မဲ့ ..... စာရေးဆရာ ကထရီးတာပေါ့...ပေးပေးအဲဒီအခန်းကို...... မန်နေဂျာကသေချာစဉ်းစားပါအုံးဗျာ... စာရေဆရာက ရတယ်ပေးစမ်းပါ......မန်နေဂျာကလည်းနောက်ဆုံးတော့ပေးလိုက်ရတာလေ.... ၊ ဂျိမ်းစ်တို့ကလည်း ၊ မောင်အေးရဲ့ဇာတ်လမ်းထဲမှာမျောနေကြတာပေါ့..ဘယ်သူမှတုတ်တုတ်တောင်မလှုပ်ဘူး....

အခန်းနံပါတ်က၂၀၅ ဗျ... မန်နေဂျာကဘာလို့မပေးတာလဲဆိုတော့ ၂၀၇ မှာလူသက်မှုဖြစ်ပြီးကတည်း ကပိတ်ထားတာလေ.... စာရေဆရာက မကြောက်ဘူးတာပြောတာ.....သူသွားရင်းသွားရင်းနဲ့...ဝုန်းကနဲ့ဆိုပြီး မီးကပိတ်သွားရော... ပြီးတော့ပြန်ပွင့်လာတာတယ်..သုနဲ့နဲ့တော့လည့်သွားရော..... သူဆက်သွားတာပေါ့.... ဒီလိုနဲ့၂၀၅ နာရောက်လာရော.... မီးကထပ်ပိတ်သွာရော.... သူသော့မြန်မြန်ထုတ်ပြီးအခန်းထဲဝင်တာပေါ့..... ခဏကြာတော့ သူရဲ့ဘေးအခန်းထဲကနေ အသံကြားတယ်.... သူကထွက်ကြည့်တာပေါ့....

၂၀၇ကနေကောင်မလေး တစ်ယောက်ထွက်လာတာပေါ့......သှူ့နာမည်က ပိုးကြည် တဲ့ စာရေးဆရာက သတိမထားမိဘူးလေ...သူတို့နှစ်ယောက် တစ်ယောက် ကို တစ်ယောက် မိတ်ဆက်ကြတာပေါ့..... စာရေဆရာ ကမေးတာပေါ့ ..ဒီမှာဘာလာလုပ်တာလဲလို့..မေးတာပေါ့ကောင်မလေးကသူ့ချစ်သူကိုလာစောင့်နေတာ...လို့ပြန်ပြောတာပေါ့.....သူတို့ပြောကြတာပေါ့..... ဒီလိုနဲ့မိုးချုပ်လာတော့..အိပ်တော့မယ်ပေါ့.... စာရေဆရာက ..လှန်းမေးလိုက်တယ်...ဘယ်အခန်းမှာတဲတာလဲ...ကောင်မလေးက....၂၀၇ပြော..နဲနဲမျက်လုံးပြုးသွားပါလေရော....

အဲဒီပြောနေရင်းနဲ့...ရုတ်တရက်...ကားကရပ်သွားပါလေရော....ဘာလို့လဲဆိုတော့ကားဘီး ပေါက်သွားတယ်လေ.....နာရီကြည့်လိုက်တော့၅နာရီရှိပြီ....သူအားလုံးအောက်ဆင်းပြီ...သစ်ပင်အောက်မှာထိုင်ပြီး....စကားပြန်ဆက်ကြတာပေါ့............ကားဆရာကလည်းဘီးပြန်ဖာတာပေါ့......

.......................************..........................

အပိုင်း (၂)..မျှော်........

အဆိပ်ခွက်

Friday, February 13, 2009

Valentine`s Day အမှတ်တရ..

ကျနော်တို့ သူငယ်ချင်း ၅ယောက်၊ Chemistry ကျူရှင်မှာပေါ့ ။ တဘက်ခါ ဆို ချစ်သူများနေ့ ကွ ၊ အဲဒီမှာ ကျနော်သူငယ်ချင်း စိုင်းနွံ က “အေ၊ ဟုတ်တယ်ကွ ငါတို့ အဲဒီနေ့ ကြရင် ဘာလုပ်ရင်ကောင်းမလည်း ” ။ ပြောလို့ တောင်မပြီးသေးဘူး ၊ Chemistry ဆရာ USNက ရင်ကသူတို့ ချစ်သူများနေ့ မှာ ဘယ်လိုစကြ၊နောက်ကြ တဲ့အကြောင်းလေး ပြောပြတာပေါ့ ......


ဒီလိုနဲ့ ကျနော်တို့ လည်းစိတ်ဝင်စာသွားတာပေါ့။ ငါတို့ လည်းအဲဒီ လုပ်ရင်မကောင်းဘူးလား ၊ အားလုံးမဆိုင်းမတွ ဘဲတပြိုင်တည်း ကောင်းတာပေါ့... စိုင်းနွံ အသံအကြယ်ဆုံးဘဲဗျ။ အေးဟုတ်ပြီကွ ဆိုပြီး တာဝန်အသီးသီး ယူကြတာပေါ့ ရှိတာကဖြင့်လူက ၅ ယောက်ထဲ ဆိုတော့ ကျနော် နဲ့ ဟိန်းထက် က ကြံသကာ တွေသွားဝယ်တာပေါ့ .... စိုင်းနွံ နဲ့ သူ့ အမ ကြွက်ဖြူး ဒီနာမည်က ချစ်စနိုးနဲ့ ခေါ်တာလေ .... သူတို့ က ရွှေစကူ ၊ တို့ အဆုံပေါ့ဗျာ... ကျန်တယောက် ကလည်းအဲဒီလိုဘဲပေါ့ ....


ဟ..မနက်ဖြန်ဆို ချစ်သူမျာနေ့ ရောက် ပြီလေး ......... အဲဒီတော့ လုပ်စရာရှိတာတွေ ဒီနေ့ လုပ်ဖို့ ၊ ည၆နာရီလောက်ရောက်တော့ ကျူရှင်မှာပြန်စုကြတာပေါ့... ရင်ကစာသင်ချိန်လေး ဒီနေ့ ကတော့စာမသင်ဘူး ပေါ့ဗျာ ဘာလိုလဲဆိုတော့ မနက်ဖြန် က ကျနော်တို့ ရဲ့ ပွဲလေ သိတယ်မလား .......


၆နာရီခွဲ လောက်ကျ တော့ လူဆုံပြီလေး..... စပြီပေါ့ ကျနော်တို့ ရဲ့ လုပ်ငန်းလေ..... ရွှေစကူ ဖြတ်တဲ့ သူကဖြတ် ၊ ကြံသကာ နဲ့ ရွှေစကူ ကိုထုပ်တာပေါ့ ... ကော်နဲ့ ကပ်တဲ့ သူကကပ် နဲ့ ဆရာလည်း အငြိမ်မနေ ရဘူးဗျ .... အားလုံးစကြ နောက်ကြ ပြောပြော ဆိုဆို နဲ့ ၈နာရီလောက် ကျတော့အားလုံး ပြီသွားရော .....


ကျနော်တို့ ရဲ့ ချောကလက် အတု က အစစ်နဲ့ အတူတူလဲဗျ ...... ကိုယ်လုပ်ထားတဲ့ဟားဆိုတော့ ကိုယ်ဟာကိုယ်ဘဲ ချီမွမ်းရတာပေါ့ ဗျာ.... ယောက်ကျားလေးက ၃ ယောက်ဘဲရှိတာလေ......ဒီလိုနဲ့ တစ်ယောက်ကို ချောကလက် အခု၂၀ ယူကြတာပေါ့.... အစစ်မထင်လိုက်နဲ့ဗျ ဟဲဟဲ အတုတွေဗျ....


အဲဒီလိုနဲ့ ၁၄ ရက်နေ့ကိုရောက်သွာရော.......... ကျောင်းထဲကို အဲဒါတွေ ယူသွားရတာဆိုတော့ နဲနဲတော့ လန့် တာပေါ့... ဘာလို့ လဲဆိုတော့ မိရင် ကိုညိုလုံး နဲ့ တွေ့ ရမှာလေး...ဟူး....တော်သေးတယ်ဗျ မမီလိုက်ဘူး ဗျ...... ဒီလိုနဲ့  ကျောင်းမှာကောင်မလေးတွေ ကိုလိုက်ပေးကြတာပေါ့.... တချိုတွေများ ပျော်နေလိုက်ကြတာ.. တခါမှမရဖူးဘူးနေ မှာပေါ့...... ကျနော်တို့ ၂ ယောက်သား လိုက်ပေးကြတာ အမောဗျ.....


ဒီလိုနဲ့ ကျနော်တို့ ရဲ့ Valentine`s Day နေကြီပြီ ဆုံသွားတာပေါ့.....


.................... *******************...........................

အဆိပ်ခွက်

Thursday, February 12, 2009

How to say "I LOVE YOU

(၁) ငါ နင့် ကို ချစ် တယ် .......................................... myanmar
(၂) ဟောင် ဟတ် စူ .............................................. shan
(၃) ခွေ ရပ်မ် နာ.................................................... phao'
(၄) နန် ဖဲ့ ငါ စော ရ အိုင် ................................... kachin
(၅) ဖုန် လက်ဖ် ခွန်းး .....(boy to girl)..................... thai
(၆) ချန် လကဖ် ခွန်းး ....(girl to boy)...................... thai
(၇) I love you........................................................ english
(၈) I love you ahh................................................ singpaorean
(၉) ဝေါ အိုက် နီ....................................................... chinese
(၁၀) an' ayu em`.....(boy to girl).......................... vietnamese
(၁၁) em' eyu an`.....(girl to boy).......................... vietnamese
(၁၂) မှာ ဟာ ခေတ် တာ ........................................... filipino
(၁၃) ဆာ ရာ ဆင် တမူ......................................... malay
(၁၄) ဆာ ရာ ငယ်` ................................................. korean
(၁၅) ခီ မီ အို အိ ရှိ တဲ့ ရု ................................ japanese
(၁၆) အိုး ချမ်း ပိ....................................................... mon (မွန်)

အဆိပ်ခွက်

Wednesday, February 11, 2009

ကျောင်းကထိန်လေး

အဟ၊ အလွန်အေးတဲ့ မနက်ခင်းလေး မှာ အိပ်ယာထဲမှာ ဆောင်ခြုံပြီကွေလို့ ကောင်းတဲ့ အချိန်လေးပေါ့ဗျာ ၊ သန်းထိုက် တို့ များ နိုးစက်ပေး စရာတောင်မလို ဘဲ ၅နာရီ ဒေါင်ကနဲ့ ဆိုတာနဲ့  ထချင်မထချင် နဲ့ အတင်ကုန်ရုံးပြီထတာဘဲ ဒီအချိန်တော့ သန်ထိုက် တို့ ကဝီရိယ ကောင်ပြီသား ၊ ရေချိုးခန်ထဲ ဝင်ပြီရေ မြန်မြန်ချိုးတာပေါ့ ၊ ရေချိုးတယ်ဆိုလို့ လဲ ရေအေးနဲ့ ချိုးတယ်လို့ မထင်လိုက် နဲ့ အုံး ၊ဆောင်တွင်းဆိုတော့ ရေအေးနဲ့ သာ ချိုးလိုက်လို့ ကတော့ ဂိနေမယ်ဗျ ၊ ရေနွေးနဲ့ ချိုးပြီ ၊ အခန်းထဲ မြန်မြန်ဝင်၊အမေ ညကမီးပူတိုက် ပြီခေါက်ထားတဲ့ ကျောင်ဖြူအင်္ကျီလေးရယ် ၊ ရှမ်ဘောင်ဘီ ကိုမြန်ကောက်စွတ်ပြီး၊ အခန်းထဲကနေတောင်မထွက် ရသေးဘူး ၊ အိမ်ရှေ့မှာ တီးတီး ဟ ဆိုင်ကယ်တွေနဲ့  ကျွန်တော့ဘော်ဒါတွေ ညာဏ်မင်းထက်၊ လင်းဝေထူး ၊အောင်ထက်ကောင်း(နွားကြီး)ချစ်စနိုးခေါ်တာလေး ၊ အများကြီပေါ့ဗျာ၊ ကျွန်တော့အိမ်မှာ ဘုံတွေ၊ လင်းကွင်းတွေ ထားတာဆိုတော့ အဲဒါတွေကို လာယူတာပေါ့ ။

မနက်စာ လည်းမစာရေသေးဘူး ဆိုတော့ဗိုက်နဲနဲစာတာပေါ့ ရပါတယ် အပြင်ရောက်မှ စားမယ်ပေါ့၊ ဘာလို့ လဲဆိုတော့ အမေပေးထားတဲ့ မုန့် ဖိုး ၃၀၀၀ ရှိတယ်လေး၊ ကြွားတာတော့မဟုတ်ဘူးဗျ ။ ဘုံတွေ၊လင်းကွင်းတွေ ယူပြီးတော့ ဆိုင်ကယ်ပေါ်တက်ပြီး အရုပ်ထားတဲ့ ကျွန်တော် တို့ သူငယ်ချင်း "ပေါက်စီ " နောက်ပြီးခေါ်တဲ့ နာမည်လေး ပေါ့ဗျ၊ နာမည်အရင်းကတော့ အေသဥွှာမောင်ဗျ။ သူ့ အိမ်ကိုရောက်တာနဲ့ ကျွန်တော်တို့ ရဲ့ အရုပ် ဘယ်နားပေါက်နေလည်း ၊ ပြဲနေလဲပေါ့ အာလုံးစစ်ဆေးတာပေါ့ ၊ အဲဒီလိုစစ်နေရင်း နဲ့ ဗိုက်ထဲမှာစစ်ပွဲဖြစ်လာတော့ အနီးအနားမှာရှိတဲ့ ကျော်လေး ဆီချက် ဆိုင်မှာဝင်ဆွဲတာပေါ့ဗျ ။ ဝင်ဆွဲပြီးတာနဲ့ အရုပ်ဆီပြန်ပြေးတာပေါ့ ၊ ဘာလို့ လဲဆိုတော့အရုပ်ကိုကျောင်းထဲယူသွားရမယ်လေ ၊ တချို့  ကအရုပ်သယ်တာပေါ့ ဘုံတီးတဲ့သူကတီး အုပ်စုလိုက်ကြီး ကျောင်းကိုချီတက်ကြတာပေါ့ ၊ ကျွန်တော်တို့တောင်ကျောင်းကိုချီတက်လာပင်မဲ့ နေမင်းကိုတော့အရိပ်အရောင်တောင် မတွေ့ ရသေးဘူးဗျ ၊ နေမင်းခမျာ ဆောင်းတွင်းလည်းဖြစ်၊အေးလည်းအေးတော့ မထဘဲကွေးနေတာနေမှာပေါ့ ၊ ဒီမှာလည်း ရေချိုးထားတော့ ခိုက်ခိုက်တုန်ပေါ့။

ကျောင်းရောက်တော့ ၆နာရီခွဲ ၊ ၇နာရီ လောက်ရှိပြီပေါ့ ၊ ကျောင်းမှာလည်းအရုပ်တွေက စုံလို့ ကျောင်းသား ကျောင်းသူ တွေကလည်း ဝတ်စုံမျိုးစုံ ၊ ကျွန်တော်တိုကျောင်းကြီး ကအရောင်စုံလိုဗျ ။ ဒီလိုနဲ့ လူတွေလည်းဆုံနေပြီ မီးပုံပျံတွေလည်းတစ်လုံးပြီး တစ်လုံးလွှတ်ပြီးသွားကြပြီ ကျနော်တို့ ကျောင်းကထိန်ပွဲကြီး တောင်ကြီးမြို့ ကိုစတင်လှည့်လည်တော့မယ် လမ်းမှာလည်းပွဲကြည့်ဧည့်သည်တွေနဲ့  အပြည့်ပဲသိတယ်မလား အထက ၄ ကထိန်ဆို တောင်ကြီးမှာ အစဉ်အလာနဲ့ လေ နာမည်ကြီးတာလေ ကျနော့်တို့  သူငယ်ချင်းတွေကလည်း တပျော်တပါးကြီးဘဲကျောင်းအောက်တည့်တည့်ဆင်းပြီး အရှေ့မြို့ ပတ်လမ်းအတိုင်း သွားပြီး အထက ၅ ကျောင်းကို ကျော်လာတော့ အောက်ဘက်မင်းလမ်းကို ဦးတည်ပြီဆင်းလာကြတာပေါ့ သံချပ်တွေနဲ့  ကကွက်တွေနဲ့  ဗုံသံလင်းကွင်းအသံတွေနဲ့  ဆူညံနေတဲ့ ကျနော်တို့ ကျောင်းကထိန် ကြီးကို အထက ၅ ကျောင်း ကသူတွေတောင်မနေ နိုင်ဘဲ ထွက်ကြည့် ကြတာလေ...

မင်းလမ်းမှာလည်း လူအပြည့်ဘဲမင်းလမ်းအတိုင်း တောက်လျှောက်တက်လာပြီးမြို့ လယ်က တောင်ကြီးမြို့ မဈေးကြီးကိုလည်းရောက်ကော ကျနော်တို့ စိုင်းစိုင်မောင်း ရဲ့ သီချင်းလေးနဲ့ က ကြတာပေါ့ ၊ လူများလားလို့ မမေး နဲ့ ကထိန်ပြီးတာနဲ့ ဈေးတောင်ပြိုကျ သွားနိုင်တယ်ဗျ ၊ လမ်းမှာလည်း သူမိဘ၊ ကိုယ့်မိဘ တွေက မုန့် တွေလိမ္မော်သီးတွေ ရေဗူးတွေ ပေးကြတာပေါ့ ၊ ကျနော် ကတော့အားနာနာ နဲ့ ပေးသမျှ ယူပြီး မောမောပန်းပန်း နဲ့ ဆွဲတာဘဲ ၊ အားနာလို့ ပါ ။

ဒီနှစ်ကျနော်တို့ကျောင်းကလှူတဲ့ ကျောင်းနာမည်က အောင်မေတ္တာအရိုးဂူကျောင်းဗျ ဘုန်းကြီးကျောင်းလည်းရောက်တော့မယ် လူကလည်းတော်တော် လေးကိုပင်ပန်းနေပြီလေး ဘုန်းကြီးကျောင်းရောက်မှ ကျောင်းကကျွေးတဲ့ ကြာဇံဟင်းခါးကို အပြတ်ဆွဲ မယ်ပေါ့ ၊ ဒါက ကထိန်မလှည့်ခင်ကတဲက ဆုံးဖြတ်ပြီးသားဗျ ၊

ဟော်ဗျာ ဘာမှန်းတောင်မသိလိုက်ဘူး ဘုန်းကြီးကျောင်းကိုရောက်ဖို့  နီးတထက်နီးလာပြီ ၀မ်းသာသလို ၀မ်းလည်းနည်းမိတယ် အော် ဒီနှစ်လည်း ငါတို့ တစ်နှစ်တစ်ခါလုပ်တဲ့ ကထိန်လေး တစ်ခါပြီးဆုံးသွားပြန်ပြီပေါ့ ။

ကယ် ကျောင်းသားကျောင်းသူ တွေဒီဘက်ကိုကြွပါ "ကြာဇံဟင်းခါး သုံးဆောင်ကြပါ" ကျနော် တို့ သူငယ်ချင်းတွေ အားလုံး ဗိုက်စာစာနဲ့ ဝင်ဆွဲ လိုက်တာ တစ်ယောက်ကို ၃ ပန်းကန်လောက်တော့ အသာလေး ဝင်သွား တယ်လေ....

စာလို့ လည်းပြီရော ကျနော်တို့ သူငယ်ချင်းတွေ ညာဏ်မင်းထက် ၊ အောင်ထက်ကောင်း၊ လင်းဝေထူး၊ တို့ အများကြီးပေါ့ဗျာ ပြန်စုကြတယ်လေ ဘာလို့ လည်ဆိုတော့ တန်ဆောင်တိုင်ပွဲ သွားမလို့ လေ ၊ ကျတော်တို့ ပျော်ပျော်ပါးပါး တောလမ်း တိုင်းသွား တယ် လေ ။ ပွဲခင်းထဲ ဆိုပြီသွာလိုက်တာ ကုန်းကင်းဝိုင် ရောက်သွာရော ၊ ကဲဗျာရောက်မှ တော့မထူးဘူး ဆိုပြီးဝင်ဆွဲ ကြတာပေါ့ အဲဒီထဲမှာ “ကျားကွ ကျားကွ” နွာကြီ ဆိုတဲ့ အောင်ထက်ကောင်း သူ့ အသံအကျယ်ဆုံးဘဲဗျ ၊ ပြီးတော့ နိုင်လားဆိုတော့ လည်းမနိုင်ဘူး ၊

သူငယ်ချင်းတွေ နဲ့ လက်ဖက်ရည် ဆိုင်ထိုင် ပြီး ၊ ဟိုအကြောင်းဒီအကြောင်းပြော ၊ စကြနောက်ကြတာပေါ့ ။ နည်းနည်းကြာတော့ ပြန်ကြရတော့ မယ်လေ ၊ တစ်ယောက်ကို တစ်ယောက် နောက်နှစ်မှာလည်း ဒီလိုဘဲလည်ချင်သေးတယ်ကွာအားလုံးနှုတ်ဆက်ကြပြီး အိမ်ပြန်လမ်းခွဲကြပြီ..... နာရီကြည့်တော့ ၅ နာရီလောက်ရှိသွားပြီ .............

.............................................********.......................................................

အဲ့ဒီကုန်ဆုံးသွားတဲ့အချိန်ဘဲ အဲ့ဒီအချိန်လေးဘဲ ပြန်ရောက်သွားချင်တယ် ဒီအချိန်ဆို ပြန်ရောက်သွားချင်တာ အဲ့ဒီအချိန်လေးဘဲ ဘယ်သူပြန်လုပ်ပေးနိုင်မလဲ နောက်ဘ၀မှပြန်ရမယ်လို့ ပြောရင်လည်း နောက်ဘ၀ဆိုတာ သေချာလို့ လား ကုန်ဆုံးသွားတဲ့ အဲ့ဒီအချိန်လေးတွေ ပြန်ရအောင်ဘယ်သူပြန်လုပ်ပေးနိုင်မလဲဗျာ.............

..................................................#########...............................................


အဆိပ်ခွက်

Tuesday, February 10, 2009

ခြေလှမ်း

ငါတို့ကြားမှာ ခြေလှမ်း ၁ဝဝဝ ကွာဝေးခဲ့ရင် > ငါ့ဖက်ကို နင်ခြေတစ်လှမ်း စလှမ်းပါ > ကျန်တဲ့ ၉၉၉လှမ်းနဲ့ နင့်ဖက်ကို ငါလှမ်းခဲ့ပါ့မယ်။

အဆိပ်ခွက်

ချစ်သူ များနေ့ 

Nearly Valentine DaY>>> I don't have lover . So, this year also I cann't eat chocolate as usual>>> If I feel sorrow or lonely , who will be by my side?

အဆိပ်ခွက်

ချစ်ရ တဲ့ သူငယ်ချင်း

“သူ ငယ် ချင်း ဆို တဲ့
လေး နက် တဲ့ အဓိပါယ် ကို
“ချစ် တယ်”ဆို တဲ့ စကား လုံး နဲ့
မ လဲ ရက် တော့ လို့
နူး ညံ့ စွာ ထပ် တိုး လာ တဲ့
သံ ယော ဇဉ် တွေ ကို
ငါ ကိုယ် တိုင်
ဖြတ် တောက် လိုက် တော့ မယ်
ချစ် ရ တဲ့ သူ ငယ် ချင်း ရယ်”

အဆိပ်ခွက်

ချစ်သူ

့ကောင်မလေး အခုချိန်ထိ မင်းအကြောင်း ငါတွေးနေတုန်းဘဲ ငါ့ရဲ့ မသိစိတ်ထဲမှာ
မင်းကနေရာယူနေဆဲပါ မင်းကိုတွေ့ ချင်တဲ့စိတ် က ငါ့နှလုံးသားထဲမှာနေရာ ယူတော့ မြင်ချင်လွန်းတယ်
မင်းမျက်နှာ တွေ့ ချင်လွန်းတယ် မင်းပြုံးပုံ ကြားချင်လွန်းတယ် မင်းစကားသံ နေ့ နေ့ ည ည
မင်းအကြောင်းတွေးရင်း အိပ်ရေးပျက်ပေါင်း မနည်းတော့ပါကွယ် ကိုယ်သိပ်ချစ်ရတဲ့ ကောင်မလေးရေ
မင်းကို ကိုယ်ပြောစရာ ရှိတယ် “ မင်းကို သိပ်ချစ်တယ်ကွာ ”
“ပန်းတွေပွင့်တာ တခဏ
သစ်ရွက်ကြွေတာ သဘာဝ
မင်းကို ချစ်တာ ထာဝရ ”
အခု ချိန်မှာ ငါတို့  မဆုံ နုင်ပေမဲ့ မင်းငါ့ကို သတိရတဲ့အခါ ကောင်းကင်တက်မှာ လင်းလက်နေတဲ့
ကြယ်လေးတွေဆီကို မင်းရဲ့ အကြင်နာ မျက်ဝန်းလေးနဲ့  မော့ကြည့် လိုက်စမ်းပါ တနေ့ နေ့ တော့ ငါတို
့အကြည့်ဆုံမှာပါ “မင်းကို သိပ်ချစ်တယ်”

အဆိပ်ခွက်