Saturday, February 28, 2009

“မ” အတွက်



"မျော်လင့်ခြင်းဆိုတာဘဝရဲ့ ပျော်ရွှင်မှုတစ်ခုဖြစ်သည်" တဲ့


ဒါပေမဲ့ " မ " ရယ်အဆင်မပြေမှုတွေနဲ့


မျော်လင့်နေရတာဘဝရဲ့


ပျော်ရွှင်မှုဖြစ်လာနိုင်ပါ့မလား။


"အချိုမြိန်ဆုံး အရာသည်ရင်ခုန်ခြင်းဖြစ်သည် " တဲ့


ဒါပေမဲ့ " မ " ရယ်အထင်လွဲမှုတွေနဲ့


ရင်ခုန်နေရတာဟာချိုမြိန်မှုဖြစ်လာနိုင်ပါ့မလား။


" မေတ္တာ သည်ရောင်ပြန်ဟပ်သည် " တဲ့


ဒါပေမဲ့ " မ " ရယ်မြတ်နိုးမှုတွေနဲ့


ချစ်နေရပေမဲ့" မ " ရဲ့ မေတ္တာ စစ်ကိုပြန်ရနိုင်ပါ့မလား ?
ပုံလေးကို google ကနေယူထားလိုက်တယ်....ကြိုက်လိုပါ...
အဆိပ်ခွက်

No comments: