Wednesday, February 11, 2009

ကျောင်းကထိန်လေး

အဟ၊ အလွန်အေးတဲ့ မနက်ခင်းလေး မှာ အိပ်ယာထဲမှာ ဆောင်ခြုံပြီကွေလို့ ကောင်းတဲ့ အချိန်လေးပေါ့ဗျာ ၊ သန်းထိုက် တို့ များ နိုးစက်ပေး စရာတောင်မလို ဘဲ ၅နာရီ ဒေါင်ကနဲ့ ဆိုတာနဲ့  ထချင်မထချင် နဲ့ အတင်ကုန်ရုံးပြီထတာဘဲ ဒီအချိန်တော့ သန်ထိုက် တို့ ကဝီရိယ ကောင်ပြီသား ၊ ရေချိုးခန်ထဲ ဝင်ပြီရေ မြန်မြန်ချိုးတာပေါ့ ၊ ရေချိုးတယ်ဆိုလို့ လဲ ရေအေးနဲ့ ချိုးတယ်လို့ မထင်လိုက် နဲ့ အုံး ၊ဆောင်တွင်းဆိုတော့ ရေအေးနဲ့ သာ ချိုးလိုက်လို့ ကတော့ ဂိနေမယ်ဗျ ၊ ရေနွေးနဲ့ ချိုးပြီ ၊ အခန်းထဲ မြန်မြန်ဝင်၊အမေ ညကမီးပူတိုက် ပြီခေါက်ထားတဲ့ ကျောင်ဖြူအင်္ကျီလေးရယ် ၊ ရှမ်ဘောင်ဘီ ကိုမြန်ကောက်စွတ်ပြီး၊ အခန်းထဲကနေတောင်မထွက် ရသေးဘူး ၊ အိမ်ရှေ့မှာ တီးတီး ဟ ဆိုင်ကယ်တွေနဲ့  ကျွန်တော့ဘော်ဒါတွေ ညာဏ်မင်းထက်၊ လင်းဝေထူး ၊အောင်ထက်ကောင်း(နွားကြီး)ချစ်စနိုးခေါ်တာလေး ၊ အများကြီပေါ့ဗျာ၊ ကျွန်တော့အိမ်မှာ ဘုံတွေ၊ လင်းကွင်းတွေ ထားတာဆိုတော့ အဲဒါတွေကို လာယူတာပေါ့ ။

မနက်စာ လည်းမစာရေသေးဘူး ဆိုတော့ဗိုက်နဲနဲစာတာပေါ့ ရပါတယ် အပြင်ရောက်မှ စားမယ်ပေါ့၊ ဘာလို့ လဲဆိုတော့ အမေပေးထားတဲ့ မုန့် ဖိုး ၃၀၀၀ ရှိတယ်လေး၊ ကြွားတာတော့မဟုတ်ဘူးဗျ ။ ဘုံတွေ၊လင်းကွင်းတွေ ယူပြီးတော့ ဆိုင်ကယ်ပေါ်တက်ပြီး အရုပ်ထားတဲ့ ကျွန်တော် တို့ သူငယ်ချင်း "ပေါက်စီ " နောက်ပြီးခေါ်တဲ့ နာမည်လေး ပေါ့ဗျ၊ နာမည်အရင်းကတော့ အေသဥွှာမောင်ဗျ။ သူ့ အိမ်ကိုရောက်တာနဲ့ ကျွန်တော်တို့ ရဲ့ အရုပ် ဘယ်နားပေါက်နေလည်း ၊ ပြဲနေလဲပေါ့ အာလုံးစစ်ဆေးတာပေါ့ ၊ အဲဒီလိုစစ်နေရင်း နဲ့ ဗိုက်ထဲမှာစစ်ပွဲဖြစ်လာတော့ အနီးအနားမှာရှိတဲ့ ကျော်လေး ဆီချက် ဆိုင်မှာဝင်ဆွဲတာပေါ့ဗျ ။ ဝင်ဆွဲပြီးတာနဲ့ အရုပ်ဆီပြန်ပြေးတာပေါ့ ၊ ဘာလို့ လဲဆိုတော့အရုပ်ကိုကျောင်းထဲယူသွားရမယ်လေ ၊ တချို့  ကအရုပ်သယ်တာပေါ့ ဘုံတီးတဲ့သူကတီး အုပ်စုလိုက်ကြီး ကျောင်းကိုချီတက်ကြတာပေါ့ ၊ ကျွန်တော်တို့တောင်ကျောင်းကိုချီတက်လာပင်မဲ့ နေမင်းကိုတော့အရိပ်အရောင်တောင် မတွေ့ ရသေးဘူးဗျ ၊ နေမင်းခမျာ ဆောင်းတွင်းလည်းဖြစ်၊အေးလည်းအေးတော့ မထဘဲကွေးနေတာနေမှာပေါ့ ၊ ဒီမှာလည်း ရေချိုးထားတော့ ခိုက်ခိုက်တုန်ပေါ့။

ကျောင်းရောက်တော့ ၆နာရီခွဲ ၊ ၇နာရီ လောက်ရှိပြီပေါ့ ၊ ကျောင်းမှာလည်းအရုပ်တွေက စုံလို့ ကျောင်းသား ကျောင်းသူ တွေကလည်း ဝတ်စုံမျိုးစုံ ၊ ကျွန်တော်တိုကျောင်းကြီး ကအရောင်စုံလိုဗျ ။ ဒီလိုနဲ့ လူတွေလည်းဆုံနေပြီ မီးပုံပျံတွေလည်းတစ်လုံးပြီး တစ်လုံးလွှတ်ပြီးသွားကြပြီ ကျနော်တို့ ကျောင်းကထိန်ပွဲကြီး တောင်ကြီးမြို့ ကိုစတင်လှည့်လည်တော့မယ် လမ်းမှာလည်းပွဲကြည့်ဧည့်သည်တွေနဲ့  အပြည့်ပဲသိတယ်မလား အထက ၄ ကထိန်ဆို တောင်ကြီးမှာ အစဉ်အလာနဲ့ လေ နာမည်ကြီးတာလေ ကျနော့်တို့  သူငယ်ချင်းတွေကလည်း တပျော်တပါးကြီးဘဲကျောင်းအောက်တည့်တည့်ဆင်းပြီး အရှေ့မြို့ ပတ်လမ်းအတိုင်း သွားပြီး အထက ၅ ကျောင်းကို ကျော်လာတော့ အောက်ဘက်မင်းလမ်းကို ဦးတည်ပြီဆင်းလာကြတာပေါ့ သံချပ်တွေနဲ့  ကကွက်တွေနဲ့  ဗုံသံလင်းကွင်းအသံတွေနဲ့  ဆူညံနေတဲ့ ကျနော်တို့ ကျောင်းကထိန် ကြီးကို အထက ၅ ကျောင်း ကသူတွေတောင်မနေ နိုင်ဘဲ ထွက်ကြည့် ကြတာလေ...

မင်းလမ်းမှာလည်း လူအပြည့်ဘဲမင်းလမ်းအတိုင်း တောက်လျှောက်တက်လာပြီးမြို့ လယ်က တောင်ကြီးမြို့ မဈေးကြီးကိုလည်းရောက်ကော ကျနော်တို့ စိုင်းစိုင်မောင်း ရဲ့ သီချင်းလေးနဲ့ က ကြတာပေါ့ ၊ လူများလားလို့ မမေး နဲ့ ကထိန်ပြီးတာနဲ့ ဈေးတောင်ပြိုကျ သွားနိုင်တယ်ဗျ ၊ လမ်းမှာလည်း သူမိဘ၊ ကိုယ့်မိဘ တွေက မုန့် တွေလိမ္မော်သီးတွေ ရေဗူးတွေ ပေးကြတာပေါ့ ၊ ကျနော် ကတော့အားနာနာ နဲ့ ပေးသမျှ ယူပြီး မောမောပန်းပန်း နဲ့ ဆွဲတာဘဲ ၊ အားနာလို့ ပါ ။

ဒီနှစ်ကျနော်တို့ကျောင်းကလှူတဲ့ ကျောင်းနာမည်က အောင်မေတ္တာအရိုးဂူကျောင်းဗျ ဘုန်းကြီးကျောင်းလည်းရောက်တော့မယ် လူကလည်းတော်တော် လေးကိုပင်ပန်းနေပြီလေး ဘုန်းကြီးကျောင်းရောက်မှ ကျောင်းကကျွေးတဲ့ ကြာဇံဟင်းခါးကို အပြတ်ဆွဲ မယ်ပေါ့ ၊ ဒါက ကထိန်မလှည့်ခင်ကတဲက ဆုံးဖြတ်ပြီးသားဗျ ၊

ဟော်ဗျာ ဘာမှန်းတောင်မသိလိုက်ဘူး ဘုန်းကြီးကျောင်းကိုရောက်ဖို့  နီးတထက်နီးလာပြီ ၀မ်းသာသလို ၀မ်းလည်းနည်းမိတယ် အော် ဒီနှစ်လည်း ငါတို့ တစ်နှစ်တစ်ခါလုပ်တဲ့ ကထိန်လေး တစ်ခါပြီးဆုံးသွားပြန်ပြီပေါ့ ။

ကယ် ကျောင်းသားကျောင်းသူ တွေဒီဘက်ကိုကြွပါ "ကြာဇံဟင်းခါး သုံးဆောင်ကြပါ" ကျနော် တို့ သူငယ်ချင်းတွေ အားလုံး ဗိုက်စာစာနဲ့ ဝင်ဆွဲ လိုက်တာ တစ်ယောက်ကို ၃ ပန်းကန်လောက်တော့ အသာလေး ဝင်သွား တယ်လေ....

စာလို့ လည်းပြီရော ကျနော်တို့ သူငယ်ချင်းတွေ ညာဏ်မင်းထက် ၊ အောင်ထက်ကောင်း၊ လင်းဝေထူး၊ တို့ အများကြီးပေါ့ဗျာ ပြန်စုကြတယ်လေ ဘာလို့ လည်ဆိုတော့ တန်ဆောင်တိုင်ပွဲ သွားမလို့ လေ ၊ ကျတော်တို့ ပျော်ပျော်ပါးပါး တောလမ်း တိုင်းသွား တယ် လေ ။ ပွဲခင်းထဲ ဆိုပြီသွာလိုက်တာ ကုန်းကင်းဝိုင် ရောက်သွာရော ၊ ကဲဗျာရောက်မှ တော့မထူးဘူး ဆိုပြီးဝင်ဆွဲ ကြတာပေါ့ အဲဒီထဲမှာ “ကျားကွ ကျားကွ” နွာကြီ ဆိုတဲ့ အောင်ထက်ကောင်း သူ့ အသံအကျယ်ဆုံးဘဲဗျ ၊ ပြီးတော့ နိုင်လားဆိုတော့ လည်းမနိုင်ဘူး ၊

သူငယ်ချင်းတွေ နဲ့ လက်ဖက်ရည် ဆိုင်ထိုင် ပြီး ၊ ဟိုအကြောင်းဒီအကြောင်းပြော ၊ စကြနောက်ကြတာပေါ့ ။ နည်းနည်းကြာတော့ ပြန်ကြရတော့ မယ်လေ ၊ တစ်ယောက်ကို တစ်ယောက် နောက်နှစ်မှာလည်း ဒီလိုဘဲလည်ချင်သေးတယ်ကွာအားလုံးနှုတ်ဆက်ကြပြီး အိမ်ပြန်လမ်းခွဲကြပြီ..... နာရီကြည့်တော့ ၅ နာရီလောက်ရှိသွားပြီ .............

.............................................********.......................................................

အဲ့ဒီကုန်ဆုံးသွားတဲ့အချိန်ဘဲ အဲ့ဒီအချိန်လေးဘဲ ပြန်ရောက်သွားချင်တယ် ဒီအချိန်ဆို ပြန်ရောက်သွားချင်တာ အဲ့ဒီအချိန်လေးဘဲ ဘယ်သူပြန်လုပ်ပေးနိုင်မလဲ နောက်ဘ၀မှပြန်ရမယ်လို့ ပြောရင်လည်း နောက်ဘ၀ဆိုတာ သေချာလို့ လား ကုန်ဆုံးသွားတဲ့ အဲ့ဒီအချိန်လေးတွေ ပြန်ရအောင်ဘယ်သူပြန်လုပ်ပေးနိုင်မလဲဗျာ.............

..................................................#########...............................................


အဆိပ်ခွက်

No comments: