Tuesday, February 17, 2009

တစ္ဆေ ခြောက်သောအိမ်ကြီး..အပိုင်း ၂

သူတို့သစ်ပင်အောက်မှာထိုင်ပြောနေရင်းနဲ့ ညကလည်းရောက်လာပြီလေ...... အဲဒီတော့ သူတို့တစ်ခုခုစားသောက်ကြတယ် ......နောက်ပြီးကားပေါ်ပြန်တက်ကြတာပေါ့.... မောင်အေးဆိုတဲ့ကောင်က ဗလ ဆိုတဲ့ကောင်ကိုစပါလေရော်..... မောင်အေးရဲ “ဗလရေမင်းနောက်မှာသရဲ” စလိုက်တဲ့စကားကြောင့်ဗလမှာ..လန့်ဖြန့်ပြီးအော်လိုက်တာ...များပြောမနေနဲ့..ကားခေါင်မိုးတောင် ပွင့်သွားမတက်ဘဲ....ဒီလိုနဲ့ခရီးဆက်ကြတာပေါ့......



ညကလည်းနက်လာပြီ....လရောင်လေးကလည်း မလင်းတလင်းလေး.... ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေတယ်... ခွေးအူသံတွေကလည်း ကောင်းကင်းကြီးကိုလွှမ်းမိုးနေတယ်.... အဲဒီချိန် တပြိုင်နက်ထဲ.. ဂျိမ်းစ် တို့ရဲ့ ကားဟာ ဝုန်းကနဲဆိုပြီး..ရုပ်တရက်ကြီးထိုးရပ်သွားရော....အားလုံးဆင်းကြည့်ကြရော..ဘီးပေါက်တာလားပေါ့... ဘီးကလည်းမပေါက်ဘူး.....ဒါဆိုစက်တစ်ခုခုဖြစ်တာပေါ့..ကားဆရာကလည်းဟိုကြည့်ဒီဟာကြည့်နဲ့ပေါ့....ဂျိမ်းစ် က သူ့သူငယ်ချင်းတွေကို လှမ်းပြောတယ်...ငါ့တို့ဒီနားမှာတည်းဖို့ ဟိုတယ် သို့မဟုတ် အိမ်တစ်အိမ်လောက် လိုက်ရှာကြမယ်...



လူစုခွဲပြီးရှာကြရော.... ဂျိမ်းစ် ရယ် မဇာ ကရှာရင်းရှာရင်း နဲ့အိမ်လေးတစ်လုံးတွေ့သွားတယ်.... သူတို့သူငယ်ချင်းတွေ ကိုသွားပြန်ခေါ်တာပေါ့.... သူငယ်ချင်းတွေနဲ့ အိမ်ပေါက်နားရောက်လာတာရော.... အဲဒီအိမ်ကြီးက လရောင်အောက်မှာ မှိန်ဖျော့ဖျော့လေး ခွေးအူသံတွေကလည်း ဆူညံလို့..... အိမ်ကြီးရဲ့ မီးလုံးလေးကလည်းဝါဝါ မှိန်မှိန်လေး......မောင်အေးက ခြံတံခါးကို အသာလေးတိုးဖွင့်လိုက် ရော.. အဲဒီချိန်မှာ ဝုန်းကနဲဆိုပြီး ကျယ်လောင်သံဟာ တစ်ပြိုင်နက်ထဲ ထွက်ပေါ်လာရော... မောင်အေးရဲ့ တံခါးဖွင့်လက်စမှာရပ်တန့်သွား ပြီ.... အားလုံးလည်းငြိမ်သက်သွားကြတယ်...



အဲဒီမှာ ဂျိမ်းစ်က ဖွင့်ပါ မြန်မြန် ဆိုတော့မှ မောင်အေးက တံခါးကို တုန်တုန်.....တုန်တုန် နဲ့ပြန်ဖွင့်တာပေါ့....နောက်တော့ အားလုံးခြံဝန်း ထဲကိုရောက်သွားကြပြီလေ..... ဂျိမ်းစ် တို့အားလုံး အိမ်တံခါး မကြီးနားကိုတိုးသွား ရင်းနဲ့.... အားလုံးရုပ်တရက် ရပ်တန့်သွားတယ်...သူတို့ နောက်မှာ..ဂျစ်.ဖလပ်ဖလပ် သူတိုနားကို တိုးလာနေလေပြီ... အသံဟာနီးသထက် နီးလာပြီ.... ဘယ်သူမှနောက်ကိုလှည့်မကြည့်ရဲ ကြဘူးလေ..... နေစိုး ရဲ့ ဖခုံး နားကိုလက်ကရောက်လာပြီ တချိန်ထဲမှာ..နေစိုးရဲ့ဖခုံးကိုဆွဲလှည့်ပြီး... ရော့မင်းအတွက် ဓာတ်မီး ... အားလုံးလှည့်ကြည့်လိုက်တော့.... သူတို့ရဲ့သူငယ်ချင်း မိုးစက် ဖြစ်နေရော...



အဲဒီခါကျ မှအားလုံး အသက်ဝ ဝ ရှုရတော့တယ်......တခါးမကြီးနား ရောက်လာတော့ ဂျိမ်းစ်က အိမ်ရှင်းတို့.....အိမ်ရှင်တို့.... လူရှိလားဗျ..... အော်သော်လည်း ဘာတုန်ပြန်မှုမှ မထွက်လားဘူး.... အားလုံးဓာတ်မီးနဲ့ အိမ်ထဲကိုထိုးကြည့်တာပေါ့..... ဘေးနားကနေ..ရှီး...ဆိုပြီးအရပ်တခု... မိုးစက် ကအမြန်မြန် ဓာတ်မီးနဲ့ လိုက်ထွန်းလိုက်ရော...ဘာမှမတွေ့ အိမ်မြှောင် သာရှိနေတယ်.....
ဂျိမ်းစ် ကပြောတာပေါ့..ငါတို့ဒီမှာ ဒီတညတော့အိပ်မှ ရမယ်ကွ.... ဒီအိမ်မှာလူမရှိဘူးနဲ့တူတယ်.... ကဲကဲ အားလုံးပေါ်ထပ်တက်ကြည့်ရအောင်....ဆိုပြီးတက်သွားကြရော.... အပေါ်မှာလည်း လူတယောက်မှမရှိဘူး... ဂျိမ်းစ် က အဲဒီအခန်းထဲမှာနေရအောင်.... အားလုံးပစ္ဆည်း တွေချနေရာယူကြတာပေါ့...... မီးထွန်ဖို့ ထင်းသွား ယူဖို့...... ထွန်းထွန်း နဲ့ စုမြတ် တို့နှစ်ယောက်သွားကြတယ်...


အဲဒီမှာထွန်းထွန်းက ရှုးရှုး ပေါက်ချင်လာတော့ သစ်ပင်နောက်သွားတာပေါ့..... သူပေါက်နေတုန်းမှာ..သစ်ပင်ပေါ်ကနေ...သူကိုသေချာကြည့်ပြီးအောက်ဆင်းလာ တယ်တဖြည်းဖြည်း.....နဲ့အဲဒီချိန်မှာ ထွန်းထွန်း ကဓာတ်မီးနဲ့ အပေါ်ကိုကြည့်လိုက်တော့ ပုတ်သင်ညိုလေး ဖြစ်နေတယ်.... သူ့ဟာရှင်းပြီးသွားတော့...ထင်းသွားရှာတာပေါ့....ရှာပြီးအပေါ်ပြန်တက်ကြတယ်.... မိုးစက်က တော့ဓာတ်မီးတစ်လက်နဲ့ လျှောက်ကြည့်နေတာပေါ့....

ထွန်းထွန်းတို့ပြန်ရောက်တော့ အားလုံးမီးမွှေးကြရော..... ဂျိမ်းစ် နဲ့ ဗလ တို့အိမ်ထဲမှာ လျှောက်ကြည့်ကြတာတယ်... အခန်းတံခါးလေးတစ်ခုကပွင့်နေတယ်.... ဂျိမ်းစ် ကလက် ကိုအရင်ဝင် ပြီးစမ်းကြည့်တာပေါ့.. အဲဒီချိန်မှာ တစ်ခုကိုသွားကိုင်မိတယ်.... လက်ချောင်းလေးသဏ္ဍာန်.. အလွန်အေးစက်နေတယ်..... သူသည်ပြန်လွှတ်ရမလား..... ဘာလုပ်ရမလဲ.... တွေဝေနေတယ်.. ဒါဟာလူလား.... သူတံတွေးကိုမနည်းမျိုချနေရတယ်.... သူမထူးပါဘူးကွာဆိုပြီး.. တံခါးကိုခြေထောက်နဲ့ ကန်ပြီးဓာတ်မီနဲ့ လည်းထွန်းလိုက်ရော.... အရုပ်လက်ဖြစ်နေတယ်.....အဲဒီခါကျမှ အသက်ရှုဝတော့တယ်....

ဗလက လည်း လျှောက်ကြည့်ရင်းနဲ့ အခန်းတစ်ခန်းထဲရောက်သွားရော..... သူ့နောက်ကို တစ်ယောက်ယောက် ဖြတ်သွားသံ ရှီုး ဗလမှာကြောက်လန့်လန့် နဲ့ လျှောက်ထွန်းကြည့်တာပေါ့.... သူသည်ဓာတ်မီး နဲ့ ထွန်းထားတဲ့အရာ..... သူကိုရီပြနေတယ်..မျက်နှာမှာ အမာရွတ်တွေ နဲ့ မျက်စိ ကတောက်ပနေတယ်..... ဗလ ခေါင်းကိုအသာလေးလှည့်လဲကြည့် ရော “အမေရေ ကယ်ပါအုံး အမလေးဗျ.... အဟာ ကယ်ကြပါအုံး” အော်သံမှာတစ်အိမ်လုံး ဖုံးလွှမ်းသွာရော.... သူ့သူငယ်ချင်းတွေ ကရောက်လာပြီး “ဟေ့ရောင်ဘာဖြစ်တာလဲ...ဗလ ..” သူလက်ညိုးညွှန်ပြလိုက်တယ်.... ဂျိမ်းစ် တို့အားလုံးကြည့်လိုက်တော့...ကောင်မလေး ဓာတ်ပုံသာရှိနေတယ်.... သူ့သူငယ်ချင်းတွေက..မိန်းကလေးပုံပါကွာမင်းကလည်း.....ဗလက မဟုတ်ဘူးကွ..မဟုတ်ဘူး.... သူငယ်ချင်တွေကလည်းလာပါကွာ....ဆိုပြီ..

ဗလကို သူတို့ခန်းထဲ ခေါ်သွာရော....အဲဒီချိန်မှာ...ဗလကနောက်ကို လှည့်ကြည့်လိုက် ရော...သူ့ကိုတံခါးနားကနေကြည့်ပြီး ရီပြနေတယ်.... အဲဒီမှာဗလကထက်အော်ပါလေရော်......“ဟိုမှာ....နောက်မှာ...အား....” လို့အော်တော့ သူငယ်ချင်းတွေကလည်း လှည့်ကြည်တော့ဘာမှမရှိ.... တံခါးပွင့်ရက်သာရှိနေတယ်........

..................***************...........................

အပိုင်း ၃ မျှော်..........

အဆိပ်ခွက်

No comments: