Monday, February 16, 2009

တစ္ဆေ ခြောက်သောအိမ်ကြီး.......အပိုင်း ၁

အလွန်လှပတဲ့ စနေနေ့ မှာ ဂျိမ်းစ် တို့ သူငယ်ချင်း တစ်စုအားလပ်ရပ်ခရီးထွက်ကြတာပေါ့၊ ပြောရမယ်ဆိုရင် အပန်းဖြေခရီးထွက်ကြတာလေ.. မှန်လုံကားတစ်စီး နဲ့ ကာမောင်းဆရာက ဂျိမ်းစ် ဦးလေးရဲ့အသိဗျ။ သူ တို့ချောင်းသာ ကိုသွားကြတာပေါ့..... အိမ်ကနေ၅နာရီလောက်ထွက်ကြတာတယ်... အားလုံးပျော်ပျော်ပါးပါး သွားကြတာပေါ့ ... သူတို့ ထဲမှာ အလွန်ကြောက်တက်တဲ့ ဗလ ဆိုတဲ့ကောင်ပါတယ်... အဲဒီလို့ ဘဲ အစသန်တဲ့ကောင် မောင်အေး တဲ့နာမည်နဲ့ လူနဲ့ တော့တခြားစီဘဲဗျ.... သူတို့ နှစ်ယောက်နဲ့ တကားလုံးက ပွဲကျနေ တာပေါ့ဗျ....

ဒီလိုနဲ့ စကြနောက်ကြရင်းနဲ့  ချောင်းသာကိုရောက်သွားကြရော...ကောင်လေးတွေက တခန်း၊ ကောင်မလေးတွေ ကတခန်းပေါ့..... ပျော်ပျော်ပါးပါး... ရေတွေကစားကြ... ညဆို ဂီတာတီးကြ....အရမ်းပျော်ကြတာပေါ့...... ဗလကတော့သရဲ အရမ်းကြောက်တတ်တာဗျ.... မောင်အေးကလည်း အရမ်း အစသန်တော့ ဗလနဲ့ မတည့်ဘူးဗျ....

သူတို့ ချောင်းသာကနေ ၄ ရက်လောက်နေပြီး ၊ တစ်နေရာကိုခရီး ဆက်ကြတာပေါ့ ...... ကားပေါ်မှာ တစ်ယောက် တစ်ပေါက်နဲ့စကြနောက်ကြရင်း....မောင်အေးဆိုတဲ့ကောင်နား ရောက်သွားပါလေရောဗျား..... သူက ရီစရာတွေဘဲအရမ်းပြောတာလေ......ဒီနေ့မှထူးထူးခြားခြား လေးပြောပြမယ်ကွာ.....ဆိုပြီးစပါလေရာ....

ဒီလိုဗျ.......... စာရေးဆရာတစ်ဦး ပေါ့သူက အချစ်အကြောင်းတွေ ရေးတဲ့ ဆရာလေ..... သူကနယ်တကလှည့်ပြီးစာရေးတာဗျ....... တစ်နေ့သူ့ရဲ့ဇာတ်လမ်း အချောသတ်ဖို့ ဟော်တယ်တစ်ခုကိုရောက်သွားရော.... အဲဒီဟော်တယ်ကလူပြည့်နေပြီိတဲ့..စာရေးဆရာက“မရဘူးဗျာ..ခုကျနော်ရဲ့ စာမူတွေအချောသက်ရ မှာဗျ..မရှိရှိတဲ့အခန်းပေးဗျား” ဆိုပြီးအတင်းတောင်းတာပေါ့...အဲဒီချိန်မှာ ဟော်တယ်မန်နေဂျာက သူ့ရုံးခန်းထဲခေါ်ပြီးရှင်းပြတာပေါ့..... တစ်ခန်းတော့ရှိပါတယ် ..ဒါပင်မဲ့ ..... စာရေးဆရာ ကထရီးတာပေါ့...ပေးပေးအဲဒီအခန်းကို...... မန်နေဂျာကသေချာစဉ်းစားပါအုံးဗျာ... စာရေဆရာက ရတယ်ပေးစမ်းပါ......မန်နေဂျာကလည်းနောက်ဆုံးတော့ပေးလိုက်ရတာလေ.... ၊ ဂျိမ်းစ်တို့ကလည်း ၊ မောင်အေးရဲ့ဇာတ်လမ်းထဲမှာမျောနေကြတာပေါ့..ဘယ်သူမှတုတ်တုတ်တောင်မလှုပ်ဘူး....

အခန်းနံပါတ်က၂၀၅ ဗျ... မန်နေဂျာကဘာလို့မပေးတာလဲဆိုတော့ ၂၀၇ မှာလူသက်မှုဖြစ်ပြီးကတည်း ကပိတ်ထားတာလေ.... စာရေဆရာက မကြောက်ဘူးတာပြောတာ.....သူသွားရင်းသွားရင်းနဲ့...ဝုန်းကနဲ့ဆိုပြီး မီးကပိတ်သွားရော... ပြီးတော့ပြန်ပွင့်လာတာတယ်..သုနဲ့နဲ့တော့လည့်သွားရော..... သူဆက်သွားတာပေါ့.... ဒီလိုနဲ့၂၀၅ နာရောက်လာရော.... မီးကထပ်ပိတ်သွာရော.... သူသော့မြန်မြန်ထုတ်ပြီးအခန်းထဲဝင်တာပေါ့..... ခဏကြာတော့ သူရဲ့ဘေးအခန်းထဲကနေ အသံကြားတယ်.... သူကထွက်ကြည့်တာပေါ့....

၂၀၇ကနေကောင်မလေး တစ်ယောက်ထွက်လာတာပေါ့......သှူ့နာမည်က ပိုးကြည် တဲ့ စာရေးဆရာက သတိမထားမိဘူးလေ...သူတို့နှစ်ယောက် တစ်ယောက် ကို တစ်ယောက် မိတ်ဆက်ကြတာပေါ့..... စာရေဆရာ ကမေးတာပေါ့ ..ဒီမှာဘာလာလုပ်တာလဲလို့..မေးတာပေါ့ကောင်မလေးကသူ့ချစ်သူကိုလာစောင့်နေတာ...လို့ပြန်ပြောတာပေါ့.....သူတို့ပြောကြတာပေါ့..... ဒီလိုနဲ့မိုးချုပ်လာတော့..အိပ်တော့မယ်ပေါ့.... စာရေဆရာက ..လှန်းမေးလိုက်တယ်...ဘယ်အခန်းမှာတဲတာလဲ...ကောင်မလေးက....၂၀၇ပြော..နဲနဲမျက်လုံးပြုးသွားပါလေရော....

အဲဒီပြောနေရင်းနဲ့...ရုတ်တရက်...ကားကရပ်သွားပါလေရော....ဘာလို့လဲဆိုတော့ကားဘီး ပေါက်သွားတယ်လေ.....နာရီကြည့်လိုက်တော့၅နာရီရှိပြီ....သူအားလုံးအောက်ဆင်းပြီ...သစ်ပင်အောက်မှာထိုင်ပြီး....စကားပြန်ဆက်ကြတာပေါ့............ကားဆရာကလည်းဘီးပြန်ဖာတာပေါ့......

.......................************..........................

အပိုင်း (၂)..မျှော်........

အဆိပ်ခွက်

No comments: