Saturday, June 26, 2010

ယုံကြည်တယ်...

စက္ကန့်တိုင်း.. မိနစ်တိုင်းမှာ..
လှုပ်ရှားမှုတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့တယ်...
အဲဒါ မင်းနဲ့စတွေ့တဲ့ အချိန် ကပေါ့...

အချိန်တိုင်း နေ့ရက်တိုင်းမှာ..
ပိုင်ဆိုးမှုတွေ.. နဲ့ ရင်ထိတ်ခဲ့ရတယ်....
အဲဒါ မင်းကိုချစ်မိတဲ့ အချိန်ပေါ့...

ရာသီတိုင်း.... နှစ်တွေတိုင်းမှာ...
ယုံကြည်မှုတွေနဲ့...မကုန်နိုင်တဲ့
ချစ်ခြင်းတွေ ဖြစ်ခဲ့တယ်..
အဲဒါ မင်းနဲ့ချစ်သူတွေဖြစ်ပီးတဲ့ အချိန်ပေါ့....

စက္ကန့်တိုင်း မိနစ်တိုင်း ..
အချိန်တိုင်း နေ့ရက်တိုင်းဟာ..
အမြဲပြောင်းလဲနေသလို....
အဲပြောင်းလဲမှုတွေပေါ်
ကျနော်ခံစားချက်တွေ ပြည့်နေတယ်...

အဲဒါဘာလဲဆိုတော့...
ပြောင်းလဲနေသော ရာသီတွေ...
နှစ်တွေနဲ့အတူ...
မင်းရဲ့ ငါ့ကိုချစ်တဲ့ စိတ်ကလေး ပြောင်းလဲသွားမလား..
ဆိုတဲ့. အသိလေးပေါ့....

ဒါပင်မဲ့
ငါမင်းကို အမြဲတမ်းယုံကြည်စွာ ချစ်သွားမှာပါ...

အဆိပ်ခွက်

Friday, June 18, 2010

ထားစရာနေရာမရှိအောင်

အမှောင်တွေထဲက အမှောင် ကို မရှာ
အလင်းထဲက အလင်း ကိုလဲမရှာဘူး...

အမှောင်ထဲက အလင်းကိုရှာ..
အလင်းထဲက အမှောင်ကိုရှာမှ တန်ဖိုးရှိ

ထို့ကြောင့်..

ငါ့ နှလုံးသား အမှောင်ကမ္ဘာထဲက နေ
မင်းဆိုတဲ့ အလင်းကိုရှာတွေ့ခဲ့ရတယ်...
ငါ တန်ဖိုးအရမ်းထားတာဘဲ....

ငါယုံကြည်တယ်.. နောက်ထပ် ဘယ်တော့ မှ
အသည်းမကွဲတော့ဘူး ဆိုတာဘဲ..
မင်းရဲ့ ချစ်ပါတယ် ဆိုတဲ့ စကားကို
ငါအကြွင်းမဲ့ ယုံကြည့်ခဲ့ပါတယ်...

ပိုင်ရှင်မရှိ ကောက်သူမရှိ.. ကြေမွနေတဲ့ နှလုံးသားလေးကို
မင်းကောက်ယူခဲ့တယ်.. မင်းရင်ခွင်မှတသက် မှေးစက်ချင်တယ်..
တကယ်ပါ ချစ်သူရယ်...
မင်းကိုလေ ထားစရာနေရာ မရှိလောက်အောင်..
အရမ်းချစ်မိပြီ ကလေးရယ်....

အဆိပ်ခွက်

Tuesday, June 15, 2010

ငါ ၏ အသည်း

အတိတ်ဘဝ ရှေးရေစက်ကြောင့်
တွေ့ဆုံခဲ့ရ ငါတို့ဘဝ....
အနေကြာလာ ရင်ခုန်တာ
လူငယ်သဘာဝ တားမရ...

ချစ်သူဖြစ်လာ ၁လကြာ မာယာများတာ မသိပါ..
ရိပ်မိသော်လည်း... ငါဘဝမှာ.. ချစ်လွန်းသောကြောင့်
အပြစ်မမြင်တာ....။

နင်သာငါဘဝ... ခွဲသွားပါက .. သေလုမတတ်ခံစားရ
ခွဲမသွားပါနဲ့ ချစ်သူရယ်.. မင်းပါစပ်က ထွက်လာတယ်...
ဒုက္ခတွေကို သုခမြင် သူ့၏ အပြောတွင် စီးမျောဝင်...
တနေ့ဒုက္ခ ငါခံစား... ငါသည် ကွဲ၏ အသည်း....

သေလုမတတ်ချစ်ခဲ့တယ်... မင်းကအချစ်ကို ကစားတယ်...
ပက်ပက်စက်စက်ငါခံစား.... ပြုံးပြုံးလေးနဲ့ နင်ထွက်သွား...
ငါသည်ကွဲ၏ နောက်ထပ်အသည်း......

ရုပ်ရှင်ထဲက ဇာတ်လမ်းလိုကွယ်... နင်သာလုပ်ရက်
ငါ့အချစ်လဲ.. ဓားစာခံ ဖြစ်ခဲ့ရတယ်ကွယ်....
နင်မလိုတော့လို့ ဖနောက်နဲ့ပေါက်...
ငါ၏အသည်း ထုတ်ချင်းပေါက်....

အဆိပ်ခွက်







အဆိပ်ခွက် ပြန်လည်ရှင်သန်လာခြင်း

ကျနော် ငြိမ်နေတာ ကြာပါပီ... အားလို့ပါ..
ခုတော့အားသွားပီ..
အရင်ကလိုဘဲ စာတွေပြန်ရေးပါတော့မယ်...
အကိုအမ များအားလုံးကို ကျေးဇူးတင်ပါတယ်...

အဆိပ်ခွက်