Tuesday, June 15, 2010

ငါ ၏ အသည်း

အတိတ်ဘဝ ရှေးရေစက်ကြောင့်
တွေ့ဆုံခဲ့ရ ငါတို့ဘဝ....
အနေကြာလာ ရင်ခုန်တာ
လူငယ်သဘာဝ တားမရ...

ချစ်သူဖြစ်လာ ၁လကြာ မာယာများတာ မသိပါ..
ရိပ်မိသော်လည်း... ငါဘဝမှာ.. ချစ်လွန်းသောကြောင့်
အပြစ်မမြင်တာ....။

နင်သာငါဘဝ... ခွဲသွားပါက .. သေလုမတတ်ခံစားရ
ခွဲမသွားပါနဲ့ ချစ်သူရယ်.. မင်းပါစပ်က ထွက်လာတယ်...
ဒုက္ခတွေကို သုခမြင် သူ့၏ အပြောတွင် စီးမျောဝင်...
တနေ့ဒုက္ခ ငါခံစား... ငါသည် ကွဲ၏ အသည်း....

သေလုမတတ်ချစ်ခဲ့တယ်... မင်းကအချစ်ကို ကစားတယ်...
ပက်ပက်စက်စက်ငါခံစား.... ပြုံးပြုံးလေးနဲ့ နင်ထွက်သွား...
ငါသည်ကွဲ၏ နောက်ထပ်အသည်း......

ရုပ်ရှင်ထဲက ဇာတ်လမ်းလိုကွယ်... နင်သာလုပ်ရက်
ငါ့အချစ်လဲ.. ဓားစာခံ ဖြစ်ခဲ့ရတယ်ကွယ်....
နင်မလိုတော့လို့ ဖနောက်နဲ့ပေါက်...
ငါ၏အသည်း ထုတ်ချင်းပေါက်....

အဆိပ်ခွက်







6 comments:

chocothazin said...

ကဗျာဖတ်နေတုန်းမှာ Rap စာသားရွတ်သလို ရွတ်မိတယ်။ သီချင်းစာသားလားထင်မိသေးတယ်။
ခံစားချက်ကို မလေးစားသလိုဖြစ်သွားရင် တောင်းပန်ပါတယ်။

အဆိပ်ခွက် said...

ရပါတယ်... ဒါသီချင်းလေးလို့ရေးထားတာပါ...
း) ခုလိုဝေဖန်ပေးလို့ကျေးဇူးတင်ပါတယ်

အဆိပ်ခွက်

noblemoe said...

ကဗျာလေးလာခံစားသွားပါတယ်။
အသဲကွဲခြင်းကဗျာလေးမို့ စိတ်မကောင်းပါ။
သာယာချမ်းမြေ့ပါစေနော်
မိုး

မောင်သီဟ said...

ကိုဆိပ်ခွက်ရေ လာသောက်သုံးသွားတယ်ဗျာ
ခင်ဗျားကဗျာလေးကိုး)

နေ၀သန် said...

လူကသာ လက်တောက်လောက်.. ကွဲကြေနေတာ ရစရာကို မရှိတော့ပါလား ညီလေးရ....း))....

ခင်မင်တဲ့
နေ၀သန်

နေ၀သန် said...

ဟဲဟဲ.. ငါဘူလဲသိချင်ရင် လိုက်လာလည်လိုက်ကွ.. ငါရေးသွားတာကို မင်းမြင်ရင် စိတ်ကောက်နေမစိုးလို့ ပြန်လာရေးတာ... လူရင်းမို့လို့ နောက်သွားတာပါ... လက်တောက်လေးရ.. ဟဟ....း)))))))