Saturday, June 26, 2010

ယုံကြည်တယ်...

စက္ကန့်တိုင်း.. မိနစ်တိုင်းမှာ..
လှုပ်ရှားမှုတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့တယ်...
အဲဒါ မင်းနဲ့စတွေ့တဲ့ အချိန် ကပေါ့...

အချိန်တိုင်း နေ့ရက်တိုင်းမှာ..
ပိုင်ဆိုးမှုတွေ.. နဲ့ ရင်ထိတ်ခဲ့ရတယ်....
အဲဒါ မင်းကိုချစ်မိတဲ့ အချိန်ပေါ့...

ရာသီတိုင်း.... နှစ်တွေတိုင်းမှာ...
ယုံကြည်မှုတွေနဲ့...မကုန်နိုင်တဲ့
ချစ်ခြင်းတွေ ဖြစ်ခဲ့တယ်..
အဲဒါ မင်းနဲ့ချစ်သူတွေဖြစ်ပီးတဲ့ အချိန်ပေါ့....

စက္ကန့်တိုင်း မိနစ်တိုင်း ..
အချိန်တိုင်း နေ့ရက်တိုင်းဟာ..
အမြဲပြောင်းလဲနေသလို....
အဲပြောင်းလဲမှုတွေပေါ်
ကျနော်ခံစားချက်တွေ ပြည့်နေတယ်...

အဲဒါဘာလဲဆိုတော့...
ပြောင်းလဲနေသော ရာသီတွေ...
နှစ်တွေနဲ့အတူ...
မင်းရဲ့ ငါ့ကိုချစ်တဲ့ စိတ်ကလေး ပြောင်းလဲသွားမလား..
ဆိုတဲ့. အသိလေးပေါ့....

ဒါပင်မဲ့
ငါမင်းကို အမြဲတမ်းယုံကြည်စွာ ချစ်သွားမှာပါ...

အဆိပ်ခွက်

3 comments:

နေ၀သန် said...

ချစ်ပါကလေးရယ်.. ချစ်ပါ... မတားပါဘူးကွယ်...း)))))....


ခင်မင်တဲ့
နေ၀သန်

Anonymous said...

ကျွန်တော်လည်း ချစ်ပါချစ်ပါ လို့ပဲပြောပါ့မယ်း)
ချစ်ကြပါဗျာာ

မောင်ဘကြိုင်
http://mgbakyaing.blogspot.com/

စံပယ်ချို said...

အမြဲတမ်း ယုံကြည်စွာ
ချစ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။
ချမ်းမြေ့ပါစေရှင်။