Friday, June 18, 2010

ထားစရာနေရာမရှိအောင်

အမှောင်တွေထဲက အမှောင် ကို မရှာ
အလင်းထဲက အလင်း ကိုလဲမရှာဘူး...

အမှောင်ထဲက အလင်းကိုရှာ..
အလင်းထဲက အမှောင်ကိုရှာမှ တန်ဖိုးရှိ

ထို့ကြောင့်..

ငါ့ နှလုံးသား အမှောင်ကမ္ဘာထဲက နေ
မင်းဆိုတဲ့ အလင်းကိုရှာတွေ့ခဲ့ရတယ်...
ငါ တန်ဖိုးအရမ်းထားတာဘဲ....

ငါယုံကြည်တယ်.. နောက်ထပ် ဘယ်တော့ မှ
အသည်းမကွဲတော့ဘူး ဆိုတာဘဲ..
မင်းရဲ့ ချစ်ပါတယ် ဆိုတဲ့ စကားကို
ငါအကြွင်းမဲ့ ယုံကြည့်ခဲ့ပါတယ်...

ပိုင်ရှင်မရှိ ကောက်သူမရှိ.. ကြေမွနေတဲ့ နှလုံးသားလေးကို
မင်းကောက်ယူခဲ့တယ်.. မင်းရင်ခွင်မှတသက် မှေးစက်ချင်တယ်..
တကယ်ပါ ချစ်သူရယ်...
မင်းကိုလေ ထားစရာနေရာ မရှိလောက်အောင်..
အရမ်းချစ်မိပြီ ကလေးရယ်....

အဆိပ်ခွက်

2 comments:

Anonymous said...

အမ်
မြန်ပ
:P

မိုးခါး

ဆောင်းနှင်းရွက် said...

သြော် ...
လူကြီး လေး က
ကလေး လေး ကို ချစ် မိ နေ ပြီ တဲ့ လား .. !