Friday, February 13, 2009

Valentine`s Day အမှတ်တရ..

ကျနော်တို့ သူငယ်ချင်း ၅ယောက်၊ Chemistry ကျူရှင်မှာပေါ့ ။ တဘက်ခါ ဆို ချစ်သူများနေ့ ကွ ၊ အဲဒီမှာ ကျနော်သူငယ်ချင်း စိုင်းနွံ က “အေ၊ ဟုတ်တယ်ကွ ငါတို့ အဲဒီနေ့ ကြရင် ဘာလုပ်ရင်ကောင်းမလည်း ” ။ ပြောလို့ တောင်မပြီးသေးဘူး ၊ Chemistry ဆရာ USNက ရင်ကသူတို့ ချစ်သူများနေ့ မှာ ဘယ်လိုစကြ၊နောက်ကြ တဲ့အကြောင်းလေး ပြောပြတာပေါ့ ......


ဒီလိုနဲ့ ကျနော်တို့ လည်းစိတ်ဝင်စာသွားတာပေါ့။ ငါတို့ လည်းအဲဒီ လုပ်ရင်မကောင်းဘူးလား ၊ အားလုံးမဆိုင်းမတွ ဘဲတပြိုင်တည်း ကောင်းတာပေါ့... စိုင်းနွံ အသံအကြယ်ဆုံးဘဲဗျ။ အေးဟုတ်ပြီကွ ဆိုပြီး တာဝန်အသီးသီး ယူကြတာပေါ့ ရှိတာကဖြင့်လူက ၅ ယောက်ထဲ ဆိုတော့ ကျနော် နဲ့ ဟိန်းထက် က ကြံသကာ တွေသွားဝယ်တာပေါ့ .... စိုင်းနွံ နဲ့ သူ့ အမ ကြွက်ဖြူး ဒီနာမည်က ချစ်စနိုးနဲ့ ခေါ်တာလေ .... သူတို့ က ရွှေစကူ ၊ တို့ အဆုံပေါ့ဗျာ... ကျန်တယောက် ကလည်းအဲဒီလိုဘဲပေါ့ ....


ဟ..မနက်ဖြန်ဆို ချစ်သူမျာနေ့ ရောက် ပြီလေး ......... အဲဒီတော့ လုပ်စရာရှိတာတွေ ဒီနေ့ လုပ်ဖို့ ၊ ည၆နာရီလောက်ရောက်တော့ ကျူရှင်မှာပြန်စုကြတာပေါ့... ရင်ကစာသင်ချိန်လေး ဒီနေ့ ကတော့စာမသင်ဘူး ပေါ့ဗျာ ဘာလိုလဲဆိုတော့ မနက်ဖြန် က ကျနော်တို့ ရဲ့ ပွဲလေ သိတယ်မလား .......


၆နာရီခွဲ လောက်ကျ တော့ လူဆုံပြီလေး..... စပြီပေါ့ ကျနော်တို့ ရဲ့ လုပ်ငန်းလေ..... ရွှေစကူ ဖြတ်တဲ့ သူကဖြတ် ၊ ကြံသကာ နဲ့ ရွှေစကူ ကိုထုပ်တာပေါ့ ... ကော်နဲ့ ကပ်တဲ့ သူကကပ် နဲ့ ဆရာလည်း အငြိမ်မနေ ရဘူးဗျ .... အားလုံးစကြ နောက်ကြ ပြောပြော ဆိုဆို နဲ့ ၈နာရီလောက် ကျတော့အားလုံး ပြီသွားရော .....


ကျနော်တို့ ရဲ့ ချောကလက် အတု က အစစ်နဲ့ အတူတူလဲဗျ ...... ကိုယ်လုပ်ထားတဲ့ဟားဆိုတော့ ကိုယ်ဟာကိုယ်ဘဲ ချီမွမ်းရတာပေါ့ ဗျာ.... ယောက်ကျားလေးက ၃ ယောက်ဘဲရှိတာလေ......ဒီလိုနဲ့ တစ်ယောက်ကို ချောကလက် အခု၂၀ ယူကြတာပေါ့.... အစစ်မထင်လိုက်နဲ့ဗျ ဟဲဟဲ အတုတွေဗျ....


အဲဒီလိုနဲ့ ၁၄ ရက်နေ့ကိုရောက်သွာရော.......... ကျောင်းထဲကို အဲဒါတွေ ယူသွားရတာဆိုတော့ နဲနဲတော့ လန့် တာပေါ့... ဘာလို့ လဲဆိုတော့ မိရင် ကိုညိုလုံး နဲ့ တွေ့ ရမှာလေး...ဟူး....တော်သေးတယ်ဗျ မမီလိုက်ဘူး ဗျ...... ဒီလိုနဲ့  ကျောင်းမှာကောင်မလေးတွေ ကိုလိုက်ပေးကြတာပေါ့.... တချိုတွေများ ပျော်နေလိုက်ကြတာ.. တခါမှမရဖူးဘူးနေ မှာပေါ့...... ကျနော်တို့ ၂ ယောက်သား လိုက်ပေးကြတာ အမောဗျ.....


ဒီလိုနဲ့ ကျနော်တို့ ရဲ့ Valentine`s Day နေကြီပြီ ဆုံသွားတာပေါ့.....


.................... *******************...........................

အဆိပ်ခွက်

No comments: