Wednesday, September 12, 2012

ရောဂါဗေဒ (Patho)


နိဒါန်းပျိုးမရ အဆုံးသတ်မလှ

ဖြေမရ ဆယ်မရ ရည်မှန်းသမျှ

ရေထဲ ခဲကျ လူလေးဘ၀ပေါ့ ။
 
ကံတရား နတ်ဘုရား စီရင်ချက်အမှား

ရုန်းကန်ပြေးမရ အကြောင်းကံမလှ

ဆဲလ်တစ်ခု ပျက်စီး အစလိုက်ပြီး

တစ်ရှူး အော(လ်)ဂင် နောက်ကအရံ

ပူးပေါင်းနှိပ်စက် ခန္ခာပျက်လို့ ။
 
ပုံသဏ္ဌာန်တွေပြောင်း အရောင်တွေဟောင်း

ဤအကြောင်းတွေသာ ခြေရာထပ်လည်း

မကြားချင်လည်းကြား ငါ့ရဲ့နား

မသွားချင်လည်းရောက် ဒီခြေထောက်

ရေးတဲ့စာတွေ အဓိပ္ပာယ်ပျောက်တဲ့

သုညကိုက်တဲ့ ကျောင်းသားဘ၀ ။
 
မဖြေခင် မိတဲ့ အပူသောက

ဖြေပြီးရတဲ့ အအေး နောင်တ

ရောဂါဗေဒ လက်စွမ်းပြလို့

မင်နီလေးနဲ့လှနေတဲ့ ငါ့ရဲ့သုညလေး

အဖျားမိနေပြီ ... ။ ။

ကျနော့် သူငယ်ချင်း ဆေးကျောင်းသား ရေးထားတဲ့ ကဗျာလေးပါ.. မျှဝေလိုက်ပါတယ်...

ချစ်ခင်လျှက်

အဆိပ်ခွက်

1 comment:

စံပယ်ချို said...

စစပျိုးထားပုံလေး အသက်ဝင်ပြီး အဆုံးထိ
ကောင်းလှတဲ့ကဗျာလေးဖတ်ခဲ့ပါတယ်-----

(နိဒါန်းပျိုးမရ အဆုံးသတ်မလှ
ဖြေမရ ဆယ်မရ ရည်မှန်းသမျှ
ရေထဲ ခဲကျ လူလေးဘ၀ပေါ့ ။
ကံတရား နတ်ဘုရား စီရင်ချက်အမှား
ရုန်းကန်ပြေးမရ အကြောင်းကံမလှ------)
ကဗျာကောင်းများ ဆက်လက်တင်နိုင်ပါစေ
ကဗျာတွေကိုချစ်တဲ့ မဂျီးဂျက်