Thursday, March 29, 2012

မင်း ကိုချစ်တယ်

ချစ်ဦးစမှာ မုန်တိုင်းနဲ့ တိုက်လိုက်သလို
ငါ့နှလုံးသား ကိုအလဲထိုးပြီး
ထွက်သွားခဲ့တယ်....

"လဲရာက ထ၊ ကျရာ က တက်"
ဆိုတဲ့ စိတ်ဓာတ်နဲ့ မင်းငါ့ရဲ့
ကွဲအက်နေတဲ့ နှလုံးသားကို
ဖေးမကူညီပြီး မင်းရင်ခွင်က
ငါ့ကိုနွေးထွေးစွာ ကြိုဆိုခဲ့တယ်...

အချစ်ဆိုတာ...ခွင့်လွှတ်နားလည်ခြင်း ဆိုတဲ့
မှတ်ကျောက်ပေါ်မှာရှိတာပါ...
ချစ်သူရေ... ငါတို့ အတိတ်ဒဏ်ရာ တွေကို မေ့ပစ်
"မင်း ကိုချစ်တယ်" ဆိုတဲ့စကားကို
တလောကလုံးကြားအောင် အော်ပြောလိုက်ပါတယ်...

လေးစားလျှက်
အဆိပ်ခွက်

No comments: