Saturday, June 27, 2009

”မ” အတွက်

"မျော်လင့်ခြင်းဆိုတာဘဝရဲ့ ပျော်ရွှင်မှုတစ်ခုဖြစ်သည်" တဲ့
ဒါပေမဲ့ " မ " ရယ်အဆင်မပြေမှုတွေနဲ့
မျော်လင့်နေရတာဘဝရဲ့
ပျော်ရွှင်မှုဖြစ်လာနိုင်ပါ့မလား။
"အချိုမြိန်ဆုံး အရာသည်ရင်ခုန်ခြင်းဖြစ်သည် " တဲ့
ဒါပေမဲ့ " မ " ရယ်အထင်လွဲမှုတွေနဲ့
ရင်ခုန်နေရတာဟာချိုမြိန်မှုဖြစ်လာနိုင်ပါ့မလား။
" မေတ္တာ သည်ရောင်ပြန်ဟပ်သည် " တဲ့
ဒါပေမဲ့ " မ " ရယ်မြတ်နိုးမှုတွေနဲ့
ချစ်နေရပေမဲ့" မ " ရဲ့ မေတ္တာ စစ်ကိုပြန်ရနိုင်ပါ့မလား ?

အဆိပ်ခွက်

7 comments:

မငုံ said...

အင်းးး မေတ္တာစစ်ရပြီး ပျော်ရွှင်ပါစေ။။

ဂျပန်ကောင်လေး said...

ဘယ်က မက ရောက်လာပြန်ပြီလဲ.. မတွေရေ.. ကြယ်တွေရေ.. ခီခန့်ပြောသလို ဖွလိုက်မှာနော်တဲ့.. ဘာကိုဖွမှာလဲ..ဟီး.... နောက်တာပါ ချစ်ညီလေးရယ်.. ဒီမရဲ့ မေတ္တာတွေ ရောင်ပြန်ဟပ်မှာပါ...း)

Sein Lyan Tun said...

မေတ္တာစစ်ရမှာပါ မပူနေနဲ့

အားတင်းထား

ချစ်တဲ့

ဖိုးစိန်

Ree Noe Mann said...

စိတ်လျှော့ ညီလေး အဆိပ်

ကိုရီနို

နွေးနွေးသဲမွန် said...

မောင်လေး...ပြောတော့ ၆နှစ်ဆို... မမ ရှေ့ကမ , ရှေ့က မလို့ မရရင် နောက်က မ..... :-P စတာနော်...စိတ်မဆိုးကြေး....

စိုင်းစိုင်းလားရှိုး said...

ဆိပ်..... ဘယ်က '' မ '' လည်း...?
ချာချာလည် သွားပြီ။

အိုက်ခီလောက် said...

သွားပြီတစ်မတ်ခွက်တော့ ညီမလေး ကနေ မမ ရင်ခုန်သံဖြစ်သွားပြီ
တစ်မတ်ခွက်ညီလေးရေ လေလည်ပြီးစိတ်လျော့လိုက်
မမ တွေ က ဇီဇာကြောင်တယ်ကွ