Friday, June 19, 2009

ဝါသနာ

ဒီပိုစ်လေးကို မကြီးမိုးခါး တဂ်ထားတဲ့ ပိုစ်လေး စိတ်မကြည်လို ခုမှရေးဖြစ်ပါတယ်.. နောက်ကျသွားတယ်... ခုတလေ ညစ်နေတယ်ဗျာ..ွဲကွဲနေတာပေါ့..

ကျနော် ဝါသနာက အထွေအထူး သိပ်မရှိပါဘူး.. ကျနော် လျှောက်လည်တာ ဝါသနာပါတယ်.. တောင်ကြီးမှာ နေတုန်းက ဆို အဲဗား လျှောက်လည်တာ.. လျှောက်လည်တာ ဗဟုသုတလဲရတယ်. စိတ်လဲကြည်တယ်... အသစ်အဆန်းတွေနဲ့လဲတွေရတယ် သူငယ်ချင်းအသစ်တွေလဲရတာပေါ့ဗျာ....

စာဖတ်တာလဲဝါသနာပါတယ်.. သရဲ အကြောင် တို့( ဥပမာ = ဆရာကြီး သတိုးတေဇ )ရေးတဲ့ သရဲ စာအုပ်တွေ ဆို အရမ်းဖတ်လိုကောင်းတယ်... ခုစလုံးရောက်မှမဖတ်ရတော့တာ :(

ကလိတာဝါသနာပါတယ် ဆိုင်ကယ်တို့ စက်ဘီးတို့ ကားတို့ကို လက်ဆော့တာလေ.. ဖြုတ်ဘဲဖြုတ်တတ်တယ် ပြန်မတတ်တတ်ပါ.. :P မှတ်မှတ်ရရ အိမ်က ဆိုင်ကယ် တစ်စီး အဖြုတ်လွန်သွားတာ ဝေါ့ရှော့ ကိုရောက်သွားတယ် :P မလွှတ်ပစ်လိုက်ရတာကံကောင်း အဖေကတော့ ဘာမှမပြောဘူး .. တစ်ဦးတည်းသော သားမို့လို နဲ့တူတယ် :P ကြွားလိုက်တယ်... :D မောင်နှမ သုံးရောက်ရှိ.. တော်ကြာ တစ်ယောက်တည်း ထင်နေအုံမယ်.... :P

၁၀တန်းမှာ ထဲက ဖြစ်ချင်နေတာကတော့ အင်ဂျင်နီးယာ ဗျ... ဆရာဝန်ကိုတော့ စိတ်မပါပါဘူး.... :D အင်ဂျင်နီယာ ဆိုပင်မဲ့လဲ.. ဘာမေဂျာရယ်လိုတော့ အထူးမရှိဘူး အင်ဂျင်နီယာဖြစ်ရင်ပြီးရော :P ဘာလိုင်းဘဲဖြစ်ဖြစ် ပေါ့ ဟုတ်ဘူးလာ ကိုယ်မှန်းထားတဲ့လိုင်က တစ်ခု ... ဖြစ်သွားတာက တစ်ခုဆိုရင် :( စိတ်မကောင်း စိတ်လေမှဆိုးလို ဖြစ်ချင် ရာဖြစ် အင်ဂျင်နီယာ လို မှတ်ထားလိုက်တယ် :P

ကောက်ရိုးမီးဝါသနာတွေလဲ အီများကြီးဘဲ....
သီချင်းဆိုတာ လေး.. အခွေတောင်ထုတ်ဖြစ်လိုက်သေးတယ် ကိုယ့် စတူရီယိုနဲ့ ဆိုတော့ (ကျနော် ကိုယ်ပိုင် မဟုတ် အစ်ကို ဝမ်းကွဲ စတူရီယို) :P ကဲတာပေါ့ဗျ... :D .. ပိုက်ပိုက်မှမပေးရတာ ..
ဒါလဲခဏပါဘဲ .... မပျော်ဘဲပေါ့ ...
နောက်ထပ်ရှိသေးတယ် ပြောတော့ဝူး... သိချင်ရင် ကိုယ်တိုင်မေး... :P

ကျနော် ခုတလော စာရေးဖို့အားရုံသိပ်မလာသေးဘူး .. ကွဲနေလို့လေ :( .. ခု တစ်လေ စလုံးက ဘလောဂါတွေ ကွဲနေကြတယ် ဗျ.... ကံမကောင်းကြဘူးလား မသိ မကြီးမိုးခါး ပြောသလို ယတြာ ချေဖို့လိုနေပြီလို့ထင်တယ်.... :P

ဒီပိုစ်လေးကို ကျနော် ရေးပေးလိုက်တယ်နော် မကြီးမိုးခါး .. ကျေနပ်မှာပါ...

တဂ် ဆိုတော့ ဘယ်သူကိုတဂ်ရမလဲဆိုတော့ ... ဒီကောင်ကြီးကို တဂ်လိုက်တယ်.....

သယ်ရင်း ငပျင်း ရေးပေးတော် မူစေ.. အမိန့်( ဝယ်....ရောင်.....) ဒါမြန်မာပေါင်ချိန် :P

အဆိပ်ခွက်

7 comments:

Anonymous said...

အင်း ကောင်းလေစွ ကောင်းလေစွ ၀ါသနာ။ ကလိတာ ၀ါသနာပါတယ်တဲ့ ......
ဆိုင်ကယ်တွေ၊ ကားတွေက ဝေါ့ရှော့ပို့လို့ရတယ်နော်။

ကဲ .... အဆိပ်ခွက်ကို ယူမယ့်မိန်းမတော့ သတိသာ ထားပေတော့။ :)

ဖွလိုက်ပြီးးးးးးး ဒူ ...... ၀ယ် ....စကာင်္ပူပေါင်ချိန်

Ree Noe Mann said...

ကြောက်ကြောက်နဲ့ ဖတ်နေရတာ ညီလေးရေ။
ကျေးဇူးပါကွာ။ ဘာလို့ ကျေးဇူးပြောတာလည်း
ဆိုတာတော့ သဘောပေါက်လောက်မယ်ထင်
တယ်။ မကြီးပြော သလိုပဲ ညီလေး ယူမဲ့ မိန်းမ
တော့ မလွယ်ဘူးဟေ့။ သတိသာ ထားကြတော့

ကိုကြီး ရီနို

kaungkinpyar said...

ဝါသနာထဲမှာ ကွဲတာလဲ ပါတယ်လို့ ရေးပါဦးလေ

Sein Lyan Tun said...

ကလိတာ ဝါသနာပါတယ်ဆိုတော့
ခွက်ခွက်ရေးးးး အဟားးးး

မလွယ်ကြောပါလားဗျာ....

ချစ်ခင်စွာဖြင့်
ဖိုးစိန်

ဂျပန်ကောင်လေး said...

း).. အဆိပ်..မင်းကလိလွန်းလို့ ကွဲရတာလား.. အဟိ...း)

chitpalone said...

အင်း ၀ါသနာတွေကလည်းမိုက်လွန်းတယ်။ ဘာပဲဖြစ်ဖြစ် နင်ပြောတဲ့ အင်ဂျင်နီယာကြီးဖြစ်ပါစေ။
ပျော်ရွှင်ပါစေ။
ပါးလုံး

Anonymous said...

ခုမှရောက်တယ်ဟယ်
ဆောရီးး)
ဒါကြောင့်တချိန်လုံးသွားမယ်ချည်းပြောနေတာကိုး
လျှောက်လည်တာဝါသနာပါမှန်းသေချာပါဘီ
ပျော်ရွှင်ပါစေ

မိုးခါး