Sunday, June 21, 2009

ခံစားချက် လေးတွေ..

ကျနော် က အဆိပ်ခွက်.. ဘာလေဂါ အစ်ကိုအစ်မတွေက အဆိပ် ဆိပ်ဆိပ် လိုခေါ်တတ်ကြတယ်.. ကျနော်က တောင်ကြီးကဗျ.. မိသားစု ၅ ယောက်ပေါ့.. ပျော်ရွှင်ခဲ့တယ်ဗျာ.. တောင်ကြီးမှာနေတုန်းက..

ခုကျနော် စလုံးကိုရောက်နေတယ်.. ခု ကျနော် ဖြစ်နေတာလူနဲ့ရော လိုက်ရဲ့လား.. အသက်အရွယ်နဲ့ရော ဒါမျိုးတွေဖြစ်သင့်လာ ... ကျနော်ကို အပြင်ထွက်တော့လဲထွက်ပြန်ပြီ တပတ်မှာ ၁ရက်ဘဲထွက်ပါတယ်ဗျာ... အိမ်မှာဆို ကျနော် ကနိမ့်တဲ့လူတွေ များတယ်.. ဘာလိုလဲဆိုတော့ အဒေါ်... အဖိုး .. အဖွားတွေနဲ့နေရလိုပါ... သူများအမြင်မှာတော့ ကောင်းလိုက်တာလိုထင် လိမ့်မယ် .. ဒါပင်မဲ့ အတွင်းကိုတော့ ဘယ်သူသိလိမ့်မလဲ.. ကျနော် မှာညစ်စရာတွေက လူနဲ့တောင်မလိုက်.. မင်းအသက်ဘယ်လောက်လဲလိုမေးရင် ခုမှ ၁၇ ... သူများတွေ ပျော်နေတဲ့အချိန် ၁၀တန်းဖြေပြီးလို့  လျှောက်လည်နေတဲ့ အချိန်ပေါ့ဗျာ.. အင်ထားလိုက်ပါ...

ကျနော် ပြောချင်တာကတော့ ကျနော် ခုတောင်ကြီးကိုပြန်ချင်ပြီ ကျနော် သည်းမခံနိုင်တော့ဘူး ဒီနေ့ မိုးလင်လိုမျက်စိနှလုံး ပွင့်လိုက်တာနဲ့ကြားလိုက်တာ ကျနော် မကောင်းကြောင်နဲ့ အမေ့အကြောင်းပေါ့ .. သူတိုပြောနေတာစုံနေတာပါဘဲ... ကျနော် အိပ်ချင်ယောင်ဆောင်ပြီးနားထောင်တယ် မျက်ရည်တောင်ကျ မိတယ်.. သူတို့ အဲလိုတွေ ပြောနေပါလာ.. အမေက တော့ဘယ်သိရှာမလဲ .. အရှေ့တစ်မျိုးကွယ်ရာတစ်မျိုးတွေလေ.. ခိုင်းစရာရှိရင် အသံချိုလိုပြီ သူတို့လိုချင်တာပြီပြီဆိုရင် ပြောပါလိမ့်မယ်.. ဘယ်ဘဝက ဝဋ်ကြွေး ပါလိမ့်.....

ကျနော် ဘလောဂါ အစ်ကိုအစ်မတွေပေါ်မှာ ကျနော် ဆိုးမိတယ်.. ကျနော် အိမ်မှာ တစ်ယောက်တည်းနေတယ် ဘယ်သူနဲ့မှ စကားမပြောပါဘူး... ဒါပင်မဲ့ သူတို့နဲ့တွေတဲ့ အချိန်မှာ ကျနော် ဆိုးတယ်ဗျာ.. တခါတလေ သူတို့စိတ်အနှောက် အယှက်ဖြစ်သွားတယ်... အဲချိန်ကျရင် ကျနော် ပျော်ချင်တာ က သူတို့ အနှေက်အယှက်ဖြစ်သွားတယ်.. ကျနော် စိတ်မကောင်းဘူး.. တောင်ပန်ပါတယ်နော်.. အားလုံးကို... ..

ကိုစိန်က တော့ ကျနော် အကြောင်းကို သိတယ်လေ ဘာလိုလဲ ဆိုတော့ အွန်လိုင်းမှာ သူကတော့ ကျနော်နဲ့ချက်နေတယ်လေ.. သူကိုပြောဖြစ်တာများပါတယ်...... ကျနော် ဆက်ရေးချင်စိတ်မရှိတော့ဘူး ဒီမှာဘဲ နားမယ်နော်..

အဆိပ်ခွက်

13 comments:

chitpalone said...

ဟေး ငါပထမကွ အရင်ဆုံးကိုမန့်သွားတယ်။ မမိုးခါးပြောသလို ယတြယာသာ ချေလိုက်တော့ဟာ ရှုပ်တယ်။ ပျော်ရွှင်ပါစေ။
ချစ်ပါးလုံး

မေလေး said...

မောင်လေးရေ
ဘာမှစိတ်မကောင်းဖြစ်မနေနဲ့။ တခါတလေ ဒိလိုပေါ့ဟယ်။ အပြောကကောင်းသလောက်အလုပ်မကောင်းတဲ့သူတွေလောကကြီးမှာရှိတာ တို့တွေ ဘာမှလုပ်လို့မှမရဘဲလေ။ စိတ်ကောင်းကောင်းသာထား။စေတနာကောင်းရင်ကံကောင်းပါလိမ့်မယ်။
ခင်တဲ့
မေလေး

Anonymous said...

သြော်
ငါ့မောင်ရေ
ဘယ်လိုဖြစ်ရတာလဲ
အားလုံးက နင့်ကိုချစ်ပါတယ်ဟယ်
စိတ်အနှောင့်အယှက်လည်းမဖြစ်ကြပါဘူး
ဖြစ်ရင်ဒီလိုဘယ်နေပါ့မလဲ
စိတ်မညစ်နဲ့
ဒီလိုပဲ အချိန်တန်တော့လည်းပြီးသွားလိမ့်မယ်
ကိုယ်တိုင်လည်း ကြိုးစားပေါ့
သူတို့ထင်သလိုမဟုတ်ဘူး အရည်အချင်းရှိကြောင်းပြနိုင်အောင်ကြိုးစား
နောက်ဆုံးရလာဘ်ကအရေးကြီးဆုံးပဲ
ဖိုက်တင်းနော်

မိုးခါး

ဂျပန်ကောင်လေး said...

သြော်.. ငါ့ညီရေ.. အစ်ကိုရှိပါတယ်.. ဂျပန်လေ.. ဟဲဟဲ

ရောင်ပြန် said...

စိတ်မကောင်းမဖြစ်ပါနဲ့
စိတ်လည်းမညစ်နဲ့
စိတ်ဓါတ်လည်းမကျနဲ့နော်

Sein Lyan Tun said...

ချစ်ညီရေ....

အကိုပြောတဲ့အတိုင်းလေးနေလိုက်


မရတဲ့ကြားက တစ်ခုခုကို ရအောင်လုပ်ပါ...

ညီခံစားနေရတာ မိသားစု ဆိုတဲ့ဝန်းကျင်တစ်ခုမှာပါ...

ညီတစ်ခုခုဖြစ်ရင် သူတို့ မပြစ်ထားရက်သေးဖူးလေ...

အကိုတို့ကြတော့ မိဝေးဖဝေးနဲ့ သူများလက်ခုပ်ထဲကရေဖြစ်ဖူးတယ်


စိတ်ဓာတ်မကျနဲ့ လို့ တော့မပြောချင်ဘုး

အားပေးနေတဲ့ အကိုကိုတိုင် စိတ်ဓာတ်လေးကိုကောက်ပီး
ငါ့ညီအတွက် အားပေးနေတာဆိုတော့

ဒါပေမယ့် ညီ့ဦးတည်ချက်နဲ့ ရယ်ရွယ်ချက်ကိုမထိခိုက်စေပါနဲ့

ညီငယ်ပါသေးတယ်

ညီမှာဆိုးပိုင်ခွင့်ရှိလို့ ညီ့ကိုချစ်လို့ ဒီမောင်နှမတွေက
ဆိုးမှန်းသိရက် ဆိုးခွင့်ပေးထားတာ
ဒါလေးကိုတွေးပြီးပျော်လိုက်

ဟုတ်ပီးလား

စိတ်မညစ်တဲ့

ဝမ်းမနည်းနဲ့
ပျော်အောင်နေတတ်အောင်ကြိုးစား

ငယ်တုန်းအချိန်ကတည်းက စိတ်ကျနေရင်
အသက်ကြီးလာရင်ဘယ်လိုလုပ်မလဲ

အခုအချိန်မှာ သွက်လက်နေရမယ်

ဘာပြောပြော ကိုကမှန်အောင်ကြိုးစားရမယ်

မှန်အောင်နေ ပျော်အောင်နေ တစ်ခုခုဖြစ်အောင်လုပ်ပြလိုက်

အဲဒါဆို သူတို့ ပါးစပ်လေးတွေပိတ်သွားမယ်

စိတ်ညစ်ရင်
အကိုဆီစကားလာပြော

ချစ်တဲ့
ဖိုးစိန်

မြစ်ကျိုးအင်း said...

ပိုပြီးအောင်မြင်အောင်ကြိုးစားပါ....
အမြဲတမ်းတည်ရှိနေတဲ့အရာက လူ့လောကအတွင်းမှာ
မရှိပါဘူး.....အပြောင်းအလဲကို ကိုယ်က ဖန်တီးရတာပါ
နောင်တချိန်မှာ ညီလေးစိတ်ညစ်တာဟာ ဘာမှမဟုတ် သေးဘူးဆိုတာ သိလာလိမ့်မယ်...။

မြစ်ကျိုးအင်း said...

ပိုပြီးအောင်မြင်အောင်ကြိုးစားပါ....
အမြဲတမ်းတည်ရှိနေတဲ့အရာက လူ့လောကအတွင်းမှာ
မရှိပါဘူး.....အပြောင်းအလဲကို ကိုယ်က ဖန်တီးရတာပါ
နောင်တချိန်မှာ ညီလေးစိတ်ညစ်တာဟာ ဘာမှမဟုတ် သေးဘူးဆိုတာ သိလာလိမ့်မယ်...။

ကောင်းကင်ပြာ said...

အဆိပ် စိတ်မညစ်ပါနဲ့၊ ဒါတွေ ဟာ ဘ၀အတွက် အစတောင် မဟုတ်သေးပါဘူး၊ ဘယ်အရာ ဖြစ်ဖြစ်သည်းခံပါလို့ ပြောချင်ပါတယ်၊ တို့မောင်နှမတွေ အားလုံး မောင်လေး ကို ချစ်ကြပါတယ်၊ စိတ်ဓါတ်မကျပါနဲ့

Ree Noe Mann said...

သွားနားမထောင်နဲ့ ညီ
ထပ်နားထောင်ရင်း ကိုယ်ကိုကိုယ်သတ်သေချင်စိတ် ဖြစ်သွားလိမ့်မယ်ညီ။
ဘာမှ စိတ်မကောင်းမဖြစ်နဲ့
ဒါက အစပဲရှိသေးတယ်။နောက်ဆို ဒီထက် ကြုံရအုံးမှာ။ အားတင်ထား ယောက်ကျားပဲကွာ။
ဟုတ်ပြီလား။

ဘယ်သူမှ ညီကို စိတ်မဆိုးကြဘူး။ အငယ်ဆုံးလေးမို့ ပိုလို့တောင်ချစ်သေးတယ်။

ကိုကြီးရီနို

မငုံ said...

အဆိပ်ရေ..စိတ်မညစ်နဲ့။ ဒီလိုပဲ လူတိုင်းမှာ စိတ်တမျိုးစီရှိနေတော့လဲ ။ သူတို့ပြောတာတွေကို ခေါင်းထဲ ထားမနေပါနဲ့။
အားတင်းထား။

သီဟသစ် said...

အားလုံးအဆင်ပြေပါစေ ခွက်ခွက်လေးရေ

စိတ်ညစ်တွေပျောက် စိတ်ချမ်းသာပါစေကွယ်

ခင်မင်စွာဖြင့်
ီသီဟသစ်

နွေးနေခြည် said...

ဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်...
အမေ့မကောင်းကြောင်းပြောတာလောက် ခံပြင်းတာမရှိဘူး။ စိတ်မညစ်ပါနဲ့ မောင်လေးရေ