Tuesday, June 16, 2009

အရင်ကဇာတ်လမ်း

ပြက္ခဒိန်တွေလဲ..တစ်လပြီး..တစ်လ....

ဟောင်းနွမ်းကုန်ဆုံးသွား....ခဲ့တယ်....

နွေ၊မိုး၊ဆောင်း....ရာသီဥတု..လဲတစ်လပြီးတစ်လ...

တစ်နှစ်ပြီးတစ်နှစ် ပြောင်းလဲ သွားခဲ့ပြီ....

သစ်ပင်တွေကလည်း...ရွတ်ဟောင်းတွေကြွေပြီ..

ရွတ်သစ်တွေလဲဝေ...ခဲ့ပြီ....

ဒါပင်မဲ့.....ငါ့ရဲ့ရင်ထဲမှာတော့...မင်းကို

တစ်စက္ကန့်လေးတောင်မေ့လိုမရခဲ့ဘူး.ကောင်မလေး....

မင်းလေးရဲ့ဆန္ဒကိုပြည့်ဆည်းပေးခဲ့ပါတယ်...

ဒါမင်းကို....ချစ်လိုပါဘဲ....

ရွှေလိုတောက်ပနေတဲ့ မင်းရဲ့ဘဝထဲမှာ....

အတူတူနီးစပ်ဖိုက...မဖြစ်နိုင်....

ကိုမလာဝံ့ဘူး..ကောင်မလေးရယ်...

ဖြူစင်နေတဲ့မင်းရဲ့အပြုံး....

အပြစ်ကင်းစင်တဲ့ မင်းရဲ့နှလုံးသားလေးကို...

ငါအရောင်ဆိုးမိမှာဆိုတယ်....

ကောင်မလေးရေ...

ငါရဲ့မျှော်လင့်ခြင်းအိပ်မက်..ဟာကုန်ဆုံးသွားပြီ...

ငိုနေတဲ့ငါနှလုံးသားလေး...လဲမောဟိုတ်နေပြီ....

မင်းလိုချင်တဲ့...စကားကိုငါပြောမထွတ်.....

ပင်မဲ့...ပြောလိုက်ပါတယ်....

မင်းပျော်ရွှင်နေတာသိရတော့...ဝမ်းသာပါတယ်....

ငါတို့ရဲ့ အရင်ကဇာတ်လမ်းကို...မေ့လိုက်ပါတော့မယ်....

အဆိပ်ခွက်( ကဗျာဟောင်းလေး)

9 comments:

Anonymous said...

မကြီးမောင်လေးလည်း ကွဲနေတာပဲ။ ဘ၀တူ မောင်နှမတွေပေါ့ကွာ။

kaungkinpyar said...

မေ့လိုက်မယ်လို့ ပြောတာ သတိရနေလို့ ပေါ့နော်၊ မကြီးမှာထားတာတွေ မမေ့ပါနဲ့လေ

မိုးခါး said...

သြော်
ဒီမောင်နှမတွေကလည်းလေ ..း)
ကဗျာက သီချင်းလေးနဲ့ တူနေတယ် ..

Sein Lyan Tun said...

ညီလေးရေ... အားတင်းထား ဒါက တစ်ခဏပါ
ကွဲနေတဲ့ အသည်းလေး အမြန်ဆုံး နေကောင်းပါစေဗျာ
ချစ်ခင်စွာဖြင့်
ဖိုးစိန်

Ree Noe Mann said...

ညီလေး ရေ ကိုကြီးကနေမကောင်းပါဘူးဆိုနေမှ
အားပေးဖို့ အားတောင်မရှိဘူးဖြစ်နေတယ် ညီေ၇။

ဘာမှ အားမငယ်နဲ့ကွာနော်။
ညီလေးက ငယ်ပါသေးတယ်။
ကြိုးစားရင်းဖြစ်ပါတယ်ကွာ။

တိုကြီးရီနိုမာန်

မငုံ said...

အဆိပ်ခွက်ရေ.မကြီး လာခံစားသွားတယ်။ မကြီးလဲ တူတူပဲမို့ အားမပေးသွားတော့ဘူး။ ငိုချင်တယ်:(

ရောင်ပြန် said...

အရင်ကဇာတ်လမ်းတော့ဖတ်ပြီးပြီ..
အခုဇာတ်လမ်းလေးလည်း လုပ်ပါဦး..
အဟဲ နောက်တာ

နွေးနွေးသဲမွန် said...

ဖြစ်တတ်ပါတယ် မောင်လေးရယ်... ကဗျာလေးကောင်းတယ်

chitpalone said...

နင်ရေးထားတာ ပေါ့ပေါ့လေး ကောင်းတယ်ဟ။ နင်ကလည်း ငါပြောသားပဲ အသဲက မာတာကိုး ကျတော့ ကွဲတာပေါ့ ငါ့လိုအသဲပျော့ပျော့ထားပါဆို ကျလည်း ကွဲတော့ဝူး အဟိပျော်ရွှင်ပါစေ။
ပါးလုံး