Tuesday, June 2, 2009

ကောင်မလေး


ကြည်လင်လှပနေတဲ့..ကောင်းကင်ရဲ့အောက်မှာ...


ငါ့ရဲ့နှလုံးသားလေး.... အိပ်စက်အနားယူခိုက်.....

ရုတ်တရက်....မင်းလေးကိုတွေ့လိုက်ရတဲ့အချိန်မှာ

ငါ့ရဲ့နှလုံး...ခုန်သံလေး ဟာ..ဗြောင်းဆန်သွားတယ်...

ကောင်မလေးရယ်...အရမ်းလှတာဘဲ....

မင်းလေးရဲ့..အကြည့်မျက်ဝန်းလေးထဲမှာ....

ငါကျရှုံး...သွားပြီကောင်မလေးရာ....

ငါ့ရဲ့ကွဲကြေနေတဲ့ .. နှလုံးသားလေးကို....

ကုသဖို့.....ဆေးမရှိတော့ဘူးလို..ထင်ခဲ့တယ်...

ဒါပင်မဲ့...ကောင်မလေးရယ်....

ခုဆို.မင်းရဲ့အကြင်နာမျက်ဝန်းလေးတွေနဲ့....

မင်းကုသပေးခဲ့....ပြီပေါ့.....

ညအိမ်မတ်ထဲ..ထိတောင်.....

မင်းရဲ့..မျက်ဝန်းလေးတွေက..စိုးမိုးနေပြီ...

ကောင်မလေးရယ်...ကိုယ့်ရဲ့နှလုံးသားကို....

ထပ်မရက်စက်ပါနဲ့တော့ကွယ်.....

နောက်ထပ်....ကွဲစရာအသည်းမရှိတော့လိုပါ....

အရမ်းချစ်တယ်ကောင်မလေးရယ်......

ကျနော် အရင် ကဗျာလေးပါ ဘာတင်ရမှန်းမသိတာနဲ့ ပြန်တင်လိုက်တာပါ....

အဆိပ်ခွက်

7 comments:

Sein Lyan Tun said...

ကွဲစရာ အသည်းမရှိတော့ဘူးဆိုတော့
ဘယ်လောက်တောင် အစိတ်စိတ်အမွှာမွာကွဲသွားတုန်း
လူလေးနဲ့ မလိုက်အောင်ချစ်တတ်လိုက်တာ
ကဗျာလေးကလဲ လူနဲ့ မလိုက်အောင်ရေးတတ်လိုက်တာ
အချစ်သူရဲကောင်းခွက်ခွက်ရယ်
ချစ်တဲ့
ဖိုးစိန်

Unknown said...

ကဗျာလေးကောင်းတယ် အချစ်ရေးအဆင်ပြေပါစေလို့
ခင်တဲ့
နှင်းဆီနက်

Taungoo said...

တယ်ကောင်းတဲ့ စာပါလား။ တိုးတက်လာပြီး)
တစ်လုံးပဲ မှားတယ်။ အိပ်မက် ပါ။ အိမ်မတ် မဟုတ်ဘူး။

အိုက် ချီ ခန့် said...

အဟဟ... ဒီကောင်ကတော့ လုပ်ချလိုက်ပြန်ပြီ... အင်းလေ... ချစ်နိုင်တဲ့ သူဆိုတော့.. လုပ်ပေါ့ကွာ...။

မိုးခါး said...

ချစ်ကြပေါ့ .. ချစ်ကြပေါ့ :D

နွေးနွေးသဲမွန် said...

အရင်ကကဗျာဆိုတော့ အခုမချစ်တော့ဘူးဆိုတဲ့သဘောလား...ဟီဟိ... ကိုကြီးစိန်လိုမေးချင်သည်.. :-P

Anonymous said...

အောင်မလေး အငယ်ဆုံးမို့လို့သာ တော်သေးတယ်နော်။ ချစ်တတ်လိုက်တာ ရည်းစားကလည်း ထားချင်သေးတယ်။ မကြီး ခွက်ခွက်ကို ကြောက်တယ်ဝေး .......... ရည်းစားနဲ့ အဆင်မပြေတိုင်း ဖုန်းကပ်ဝယ်ပေးရလို့ ကြာရင် ငါမွဲမယ်နော်။ သိလား။ ဟွန့်

ခင်မင်လျှက်
မကြီး