Friday, July 3, 2009

ယောကျာင်္းသားနဲ့ ကြောက်စိတ်....

ကျနော်လဲ ဘာရေးရမှန်းမသိတာနဲ့ ... ဒီဟာလေဘဲရေးပေးလိုက်တယ်.. ယောကျာ်တွေ ငိုတာကို မိန်ကလေးတွေက ဟာ ယောကျာ်ကြီးဖြစ်ပြီ ငိုတဲ့ ဆိုပြီ အထင်သေးကြတယ်.. နောက်ပြီ ဟာယောကျာ်ကြီး ဖြစ်ပြီ ကြောက်နေလိုက်တာ ဆိုပြီ ကဲ့ရဲ့ ကြတယ် ... ဒါတွေဟာ အဖြစ်သင့်ပါဘူး.. အောက်ကစာလေးကိုဖတ်ကြည့် ပေါ့နော်...

ယောကျာ်ဆိုးတာ ကြောက်စိတ်မရှိဘူးလို့ အချို့စွဲမှတ်နေကြတယ်... အမှန်တော့ အဲဒီ အစွဲဟာ ရာနှုန်းပြည့် မမှန်ကန်ခဲ့ဘူး... ယောကျောင်္းဆိုတာ အပူသောကနဲ့ ကြောက်စိတ်တွေရင်ထဲ ဘယ်လောက်ပဲမွှေနှောက်နေနေ အပြင်ပိုင်းမှာ ကိုယ့်ကိုကိုယ် ထိန်းချုပ် ထားနိုင်ကြသူတွေဖြစ်တယ်... အေးဆေး တည်ငြိမ်မှုရှိတဲ့ ဟန်ပန်.. ကြောက်စိတ်ကင်းမဲ့တဲ့ ဟန်ပန်ကို များသေားအားဖြင့် တတ်နိုင်သမျှ ဆောင်ယူထားနိုင်ခဲ့ကြတယ်....
အချို့ကပြောတယ်.. ယောကျာင်္းကောင်းဆိုတာ မျက်ရည်ကျသူတွေ မဟုတ်ကြဘူးတဲ့... ဒါလည်းမမှန်ခဲ့ပြန်ဘူး.. တစ်ခါတစ်ရံမှာ.. တစ်ယောက်တည်းရှိတဲ့ အခါနဲ့ ဘယ်သူမြှုမင်တွေ့မရတဲ့ နေရာမှာ မျက်ရည်ကို သွန်ထုတ်တတ်ကြတယ်... ဒါမှမဟုတ် ရင်ထဲမှာပဲ ကြိတ်မှိတ်ပြီး ငိုတာရှိခဲ့ပါတယ်... အချို့က မိမိကားထဲမှာ.. ကားစီးရင်းက ငိုကြွေးဖြစ်ကြတယ်.... အချို့ကလည်းချစ်သူ့ရင်ခွင် ကြားမှာ..ငိုကြွေးတတ်ကြတယ် (ဒါကတော့ ချစ်သူရှိတဲ့သူမှပါ.... :P) အချို့ကျတော့ ရေချိုးခန်းထဲက မှန်ကိုငေးကြည့်ရင်းနဲ့ သြော်..နှစ်ပေါင်းများစွာ အလုပ်အကျွေး ပြုခဲ့တဲ့ ငါဟာ နောက်ဆုံးရလိုက်တာကတော့ အိုမင်းခြင်းရယ်ပါပဲ ဘာဆိုပြီး ရေရွတ်ရင်းနဲ့ မျက်ရည် အလိုလိုကျချင် ကျတတ်တယ်....။

ယောကျာင်္းတိုင်းဟာ သူတို့လုပ်ကိုင်ဆောင်ရွက်တဲ့ အလုပ်တိုင်းကို မိုးလောက်ကြီး အရေးကြီးတယ်လို့ သတောထားတတ်ကြတယ်.. အဲဒီလို တန်းဖိုးထားခြင်းဟာလည်း ယောကျာင်္းရဲ့ ကြောက်စိတ်နဲ့ တစ်မျိုးတစ်ဖုံ အချိတ်အဆက်ဖြစ်နေပြန်ပါတယ်... ထောင်ပေါင်းများစွာသော အလုပ်ရှင်များရဲ့ အလုပ်သမားများဟာ အချို့မကျေနပ်တဲ့ ကိစ္စတွေကို ထိန်းချုပ်မျို သိပ်ထားတယ်.. အဲဒီမှာ လက်ဖဝါးချွေးစေးပြန်လာတယ်.. တစ်ဖက်က အလုပ်ဖြုတ်ခံရတာ မျိုးတွေ ကားတစ်စီးလုံး ပြန်အသိမ်းခံရတာမျိုးတွေဖြစ်နေကြတယ်.. ဒီလိုသာ ပြုတ်သွားခဲ့ရင် သူ့ကိုမှီတွယ်နေတဲ့ အသိုက်အမြုံလည်း ဒုက္ခရောက်မှာပဲဆိုတဲ့ ကြောက်စိတ်ဟာ အိမ်မက်ကလန့် အနိုးလာသူကို ထပ်မံခြောက်လန့်ခဲ့ပြန်တယ်.. ငိုကြွေးမှုဆိုတာ ကိုယ့်ကိုကိုယ် ကာကွယ်မှုယှုတဲ့ ပျော့ကွက်တစ်ခုပဲ.. ဒါပေမယ့် “ကျွန်တော်တော့ ဘယ်လိုမှကို မကိုင်တွယ်တတ်တော့ဘူးဗျား ” ဆိုပြီးတစ်ချို့လည်းတိတ်ပျက်အားလျော့ စွာ ပြောတတ်ကြတယ်.. တစ်ခါတစ်ရံကျတော့ ယောကျာ်သားတွေရဲ့ ငိုကြွေးမှုဟာ ဒေါသအမှုအရာနဲ့ပြတယ်... ပါးစပ်က ဆဲရေးတိုင်းထွာမှုနဲ့ဖော်တတ်တယ်... ကြောက်စိတ်ကို မျက်ရည်ထက် ပိုမြင့်မားတဲ့အရာတွေနဲ့ အစားထိုးတာပါပဲ......။

နောက်ဆုံးယောကျာ်းတွေနဲ့ ကြောက်ရွံ့ချက်ကတော့ အသက်ကြီးလာတာနဲ့အမျှ အိုမင်းမစွမ်းရှိလာမှာကို စိုးရိမ်ပူပန်မူ ကြီးမားတဲ့ ကြောက်ရွံ့ စိတ်ပါပဲ... အချို့ဟာ ကိုယ့်ရဲ့ ဆံပင်တွေပါးလာပြီး ထိပ်ပြောင်စဖြစ်လာတာကို မြင်လိုက်ရတာနဲ့ပဲ ပတ်ထားတဲ့ ခါးပတ်ဟာတင်းသွားရသတဲ့... အဲဒါဟာ ကြောက်စိတ်ကြောင့်ဗိုက် ကြွက်သားစိုင်းတွေ တင်းမာလှုပ်ရှားသွားရတဲ့ သဘာဝတစ်ခုဖြစ်တယ်.....။
ဂုရု “ဂျင်းဖ်ဖစ်” ဆိုတဲ့ ပုဂ္ဂိုလ် အသက် ၄၀ ကျော် နဲ့ သေသွားတုန်းကလည်း ယောကျာ်းသား အတော်များများ ဟာ တုန်လှုပ်ခြောက်ခြား သွားရသတဲ့ .. (ဟုတ်မဟုတ်အသိဖူး ကြားဖူးတာ) .. “ဒီပုဂ္ဂိုလ်တောင် အရွယ်စောပြီး သေတာမျိုးရှိခဲ့ရင်” ဆိုပြီး သံဝေဂနဲ့ ယှဉ်တဲ့ကြောက်စိတ်ပေါ့...။

သူတို့သောက်ခဲ့တဲ့ ဘီယာ...(အဲလေ.. ဘာဘဲဖြစ်ဖြစ်ပေါ့).. မှားခဲ့တဲ့ အရာတွေ.. စားခဲ့တဲ့ အရာတွေထဲမှာ ရောဂါဖြစ်ပွားနိုင်တဲ့ အကြောင်းတွေ အများအပြားပါဝင်နေခဲ့တယ် မဟုတ်လား... ပြောရမယ်ဆိုရင် လှုမှု အဆာက်အဦးတစ်လုံးဟာ ကြောက်စိတ်ကနေ ရှောင်ရှားဖို့ခက်ပါတယ်.. ယောက်ကျာ်းသာဒတွေအတွက်တော့ မိန်းမ တွေထက် ပိုလွန်တဲ့ကြောက်စရာ အကြောင်းတွေ ရှိနေခဲ့ပါတယ်..ဒါပင်မဲ့ ပြင်ပ မှာတော့ မျက်ရည် ဆိုတာ ချိုနဲ့လား ပေါ့ဗျာ.....။

နောက်ပြီး တစ်ချို့ဟာတွေက ကျနော် ပါပါး(မြန်မာလို အဖေပေါ့) .. တစ်ချို့ဟာတွေက ကျနော့်  မာမား( မြန်မာလိုအမေ ) သူတို့ပြောပြခဲ့တဲ့ စာကားပုံလေးတွေရှိပါတယ်.. ကျနော် မှတ်မိပါတယ်.. ဘာလိုလဲဆိုတော့ ရေးထားလိုအဟီး.. ခေါင်းထဲမှာက နဲနဲဘဲရှိတာ. စာအုပ်ထဲမှာတော့ရှိတယ်.. အောက်မှာ ဆက်ကြည့်လိုက်နော်...
-ကြောက်စိတ်ကိုနိုင်နင်းတဲ့ အခြားဆေးတစ်ပါးကတော့ “မေတ္တာ” တရားပါပဲ...။(ဒါတော့မှတ်မိတယ်. ငယ်ငယ်က ဆိုသရဲ အရမ်းကြောက်လို အမေပြောခဲ့တာ စကား.. မေတ္တာ ပို့ပါတဲ့.. သူတိုကို ... )
-ကိုယ့်လက်ထဲ ရောက်ရှိနေသောအလုပ်တွင်ရှိသမျှ အာရုံပုံသွင်းပြီး.. စူးစူး စိုက်စိုက် စိတ်ထား နိုင်ခြင်းသည်သာ အလုပ်အကိုင် တိုင်းရဲ့ အောင်မြင်မှု၏ လျှို့ဝှက်ချက် ဘဲ....
-ကိုယ့်လက်ရှိရောက်နေတဲ့ အခြေအနေတစ်ခုအပေါ်မှာ ဘယ်သောအခါမှ သိမ်ငယ်သေးနုတ်လှတယ်လို့ စိတ်မဝင်မိပါစေနဲ့...
ကျန်သေးတယ် မှတ်မိတော့ဘူး ဒါလေးတောင် ရေးထားတဲ့စာအုပ်လေးပါလာလို မှတ်မိတာ.. အဟ..

အဆိပ်ခွက်

7 comments:

ကောင်းကင်ပြာ said...

ငိုပါ ငိုလို့ ရပါတယ်၊ ကြောက်ပါ ကြောက်လို့လဲ ရပါတယ်၊ ယောင်္ကျားမိန်းမ မခွဲပါဘူး၊ လူတွေပဲဟာ

စိုင်းလိုင်ခမ်း said...

အင်း မှတ်သားရပါတယ်။

Sein Lyan Tun said...

ခံစားချက်ကြီးကြီးတွေ ပေါက်ကွဲ ထွက်လာပါလား ခွက်ခွက်ရေ...

ကြောက်စိတ်ကတော့ လူတိုင်းမှာရှိပါတယ်...


ချစ်ခင်စွာဖြင့်

ဖိုးစိန်

မငုံ said...

ကြောက်စိတ်ကတော့ လူတိုင်းမှာရှိတာပေါ့နော်။ မှန်ပါတယ်။ ယောက်ျားကြီးဖြစ်ပြီး ငိုတယ်လို့ ပြောမိဖူးပေမဲ့ သေချာတွေးကြည့်ရင် သူတို့လဲ လူပဲနော်။ ဒါကြောင့် နောက်မပြောတော့ဘူး။

ဂျပန်ကောင်လေး said...

မှန်လိုက်လေညီလေးရယ်.. ငို ငို.. ငိုသာငို.. ဟီး

အိုက်ခီလောက် said...

ညီယေး နင့်ကိုဘူဒူထားပစ်ပြီလည်း
လာခဲ့ချေ နင့်အစ်ကိုရှိတယ်
အတူတူသောက်မယ်
ငိုချင်တာတွေ အော်ချင်တာတွေ ကို မူးပြီးလုပ်လို့ ရတယ်
မူးနေရင် လောကကြီးက ဂျစ်တိုက်ဖို့ ကောင်းဆုံးပဲ
ပြောချင်တာပြော သူတစ်ပါးမထိခိုက်ရင်ပြီးတာပဲ
လွတ်လပ်စွာအော် နင်းကန်အော်
မောသွားရင်ဆက်သောက်ကျမယ်
ဒါဆို နာ့လည်းအဖော်ရပြီ
နာ့ရှာချင်တယ်ဆိုရင် တောင်ကြီးကအရက်ဆိုင်မှာပဲရှိမယ်

စိုင်းစိုင်းလားရှိုး said...

အဆိပ် ပေါက်ကွဲချက်တွေ ပြင်းထန်နေပါလား...?
နင်ပြောမှပဲ ငါငိုခဲ့ဖူးလား ပြန်စဉ်းစားမိတယ်.....
ိငိုခဲ့ဖူးရင် ဘာ့အတွက်လည်းဆိုတာ.....???