Monday, July 13, 2009

နဲနဲလေးတော့လွဲနေတယ်...

မနက်က အိပ်ယာနိုးလာတယ်.. ဟား ငါဒီနေ့ကျောင်းတတ်ရမှာပေါ့ဆိုတဲ့ အသိနဲ့ အိပ်ယာ ထပြီ ပြင်ဆင်ပါတယ်..
ဒီလိုနဲ့ ၈နာရီထိုးသွားတယ် အိမ်ထဲ ကနေလဲထွက်ရော ဇာတ်လမ်းက စတော့တာဘဲ..
မနေ့က မကြီးမိုးခါးနဲ့ ကိုဂျပန်ကောင်လေးတို့ သွေးလှူပါတယ်.. သွေးလှူတဲ့လူတွေကို အစားအသောက်အလကားကျွေးတယ် လေ..ကတ်လေးနဲ့ပေါ့.. အဲဒီပွဲမှာ အဝဆွဲခဲ့တယ်.... ဦးရှင်ကြီးနဲ့ ကိုသီဟသစ် အပါအဝင်ပေါ့.. အားရပါးရဆွဲ ခဲ့ကြတယ် အဲဒီက ပြန်တော့ ဝါးတီး နောက်တစ်ပွဲထပ်ဆက်ခဲ့ပါတယ်.. အစ်မdream အိမ်မှာ ဆွမ်းကျွေးအလှူပေါ့..
အုန်းနို့ခေါက်ဆွဲကျွေးတယ်လေ.. အဝစားခဲ့ပါတယ် ၂ပန်းကန်... ကိုသီဟသစ်ကတော့ အိမ်က ခလေးနဲ့ချစ်ဇနီးလေးကို လွမ်းလို ဆိုပြီ ၃ ပန်းကန် ဆွဲခဲ့ကြောင်းပါ.. ဆွဲနေတုန်း ဒညင်းသီလေးက ပါသေး လက်ဖတ်ကလေးနဲ့ ... ဆွဲခဲ့ပါသေးတယ်.. ဖျော်ရည်က တစ်ခွက် သစ်သီတွေရောပေါ့ဂျာ.. ကျနော် တစ်ယောက်တည်းမစားပါဘူး အားလုံးစားတာ.. အဟက် အဲလောက်စားခဲ့တာကြောင့် မနက်လဲရောက်ရော စစ်ပွဲက စပါတော့တယ်ဗျာ...
အိမ်က နေ၈ နာရီထွက်ခဲ့တယ် လမ်းတစ်ဝတ်မှာ ဗိုက်ကနာလာတယ်.. bus ကားစောင့်နေတယ် ကားက မလာနိုင် ဗိုက်ကလဲနာ... နေကလဲပူ ညစ်ပါ့ဗျာ.. ဒီလိုနဲ့ ကားရောက်လာခဲ့တယ်.. တတ်စီသွားခဲ့တယ်.. လမ်းတစ်ဝတ်ရောက်တော့ စဉ်းစားမိတယ်.. ဒါလမ်းမှားနေတာလာ... ကားကဘဲ တစ်ခြားလမ်းနဲ့သွားတာလား..
ကျနော် မှာစဉ်းစားရခတ်ခဲ့တယ် ... အဒေါ်ပြောတဲ့ ကားနံပတ်လဲဟုတ်ပါတယ်.ပေါ့ ဒီလိုန့ ဆက်လိုက်သွားခဲ့တယ်.. ဟာ ဒါ bugis ကိုသွားနေတာဘဲ ကျောင်းက queenway နားမှာ.. အားမဖြစ်ဘူးဆိုပြီ ဆင်းလိုက်တယ် နာရီကြည့်လိုက်တော့ ၉း၁၅ ရှိပြီ ကျောင်းက ၉း၃၀ တတ်မှာ... အားလူက ဗိုက်ကနား ကျောင်းကလဲနောက်ကျတော့မယ်.. မထူးဘူးဆိုပြီ taxi ငှားစီးခဲ့တယ်...
ဒီလိုနဲ့ကျောင်းကို ၉း၄၀ မှာရောက်သွားတယ် ကျောင်းစ တတ်တဲ့နေမို့လို့လားတော့မသိဘူး.. ဆရာက စာမသင်သေးပါ... ဒီလိုနဲ့ နေရာဝင်ယူခဲ့တယ်.. မြန်မာ ကောင်လေး၂ယောက်တွေ့ပါတယ်.. အစက တော့ မြန်မာဟုတ်ရဲ့လား လိုစဉ်းစားလိုက် ခေါ်မယ်လုပ်လိုက် .. နောက်ပြန်ဆုတ်လိုက်နဲ့.. ဒီလိုနဲ့ နောက်ဆုံးဘာဘဲဖြစ်ဖြစ် ဆိုပြီ ခေါ်လိုက်တော့ မြန်မာဖြစ်နေတယ်လေ.. ပျော်မိပါတယ်..
ကျောင်းစတတ်တာအမှတ်တရလေးပေါ့ဗျာ.သူငယ်ချင်း နှစ်ယောက် အသစ်လဲရခဲ့ပါတယ်....

ဗိုက်ကနာ.. ကားကမှားစီး.. ကျောင်းကို နောက်ကျမှရောက်... အဟက်...

ဘာရေးရမှန်းမသိလိုရေးလိုက်တာ..
အဆိပ်ခွက်

4 comments:

မေလေး said...

နောက်တစ်ခါ အလှူဆို နင်ပါရင် လာတော့ ဝူးးး
နောက်နေ့ အရှက်ကွဲမှာ..
စတာနော်။

ခြေလှမ်းသစ် said...

ဗိုက်နာတဲ့ကိစ္စ ဘယ်လိုဖြေရှင်းလိုက်လဲ ရေးပါအုံးနော် ... ကိစ္စကော အဆင်ချောခဲ့ရဲ့ လားဗျို့ 

မိုးခါး said...

သြော်
ငါကဘာများဖြစ်သလဲပေါ့
နောက်ဆုံးတော့ ကိုယ့်ဒေါသနဲ့ကိုယ် :D
ခုကောင်းသွားပြီမလား :P
ကျောင်းစတက်တဲ့နေ့ အမှတ်တရပေါ့ဟား)

ဂျပန်ကောင်လေး said...

ကောင်းတာေါ့..အစားသောင်းကျန်းတာကိုး..း)