Sunday, July 5, 2009

မင်္ဂလာပွဲလေး

လက်ထပ်တယ်.. ထိမ်းမြားတယ်.. မင်္ဂလာဆောင်တယ် ဆိုတာ တကယ်တော့ တစ်မျိုးတည်းပါ.. အဲလေ မင်္ဂလာ ရှိတဲ့အကြောင်းအရာတစ်မျိုးတည်းပါဘဲလိုပြောတာပါ..

ခုဆိုရင် မကြီး နွေးနွေးသဲမွန် တို့ရဲ့ လက်ထပ်ထိန်းမြား ခြင်းမင်္ဂလာကို စင်ကာပူ နိုင်ငံ အော်ချက် နားမှာ ဒီနေ့ ကျင်းပ ဖြစ်ခဲ့ပါတယ်..
သတို့သား ညီဝင်းလွင် နဲ့ သတိုသမီး ထူးမြတ်နိုးဇင်(ခေါ်)နွေးနွေးသဲမွန်
တို့ရဲ့ ပုံလေးပါ ...
ဘလောဂါများကိုယ်စား အစ်မတို့နှစ်ယောက် အိုအောင် မင်းအောင် အသက်ထက်ဆုံး
တစ်ယောက်ပေါ်တစ်ယော်က နားလည်ခွင့်လွတ် သည်းခံပြီး အသက်ထက်တိုင် ပေါင်းသင်းနေထိုင်နိုင်ကြပါစေ လိုဆုမွန်ကောင်းတောင်းလိုက်ပါတယ်...

ဒီပွဲလေးကိုကြည့် ပြီ ကြေကွဲနေတဲ့လူကတော့ “ ငါတို့ မင်္ဂလာဆောင်တုန်းကလဲ ဒီလိုပါဘဲလား ဆိုပြီ ရန်ကုန်က ချစ်ဇနီးလေနဲ့ ကလေးကိုလွမ်းတယ် လို့ပြောပြီး အားနာနာနဲ့ ရှိသမျှ အကုန်စားခဲ့တဲ့ ကိုကြီးသီဟသစ် ပေါ့ဗျာ..
ခုတော့ တစ်ကားတော့ထွက်သွားပါပြီ... ကျန်ရှိနေသေးတဲ့ ကားတွေလဲရှိသေးတယ်... ဒါကတော့ ဘလောဂါတွေစုရိုက်ထားတဲ့ပုံပေါ့ .. ကိုဂျပန်က မပါလိုက်ဘူး အလုပ်ကိစ္စနဲ့ မို့လို့ အမြန်စားပြီ ပြေသွားတော့ ဓာတ်ပုံရိုက်တဲ့ထဲမပါလိုက်ဘူး....

ကိုသီဟသစ် .. အဆိပ်ခွက် .. ညီဝင်းလွင်+နွေးနွေးသဲမွန်.. တောင်ပေါ်သား .. မိုးခါး

မှတ်ချက် လူပျိုကြီး. အပျိုကြီးများစရင်း... သူတို့လဲ အတွဲတွေမပါသေးတော့ ရထားထွက်လိုမရဖြစ်နေတယ်.. အဲတော့ ကြေညာပေးလိုက်မယ်...
တောင်ပေါ်သား.. ဂျပန်ကောင်လေး.. ဖိုးစိန်..ဦးရှင်ကြီး... ကိုငယ်.. အိုက်ခိလောက်.. ငပျင်း... ကိုရီနို.. မိုးခါး... ကြယ်ဖြူစင်.. ကောင်းကင်ပြာ.. မကြီးရောင်.. မေလေး.. မငုံ..
သူတို့ကို စိတ်ဝင်စားသူများ ကျနော်ကို ဆက်သွယ်နိုင်တယ်.. အဟ.. အားလုံးက အလန်းလေးတွေပါဘဲဗျ...

ဘယ်သူတွေကျန်သေးလဲ အသိတော့ဝူး လူကလဲမှတ်မိတော့ဝူး.. ကျန်ခဲ့ရင် နာမည်စရင်းလာပေး

သူတို့တွေရဲ့ ပွဲလေးမှာလဲ ခုလို သွားစားဖို့ ဆုံဖြတ်ပြီးသားပါ.. အဝကိုစားမှာ.. အဟ.. အဲလိုပြောလို ကြောက်ပြီး အပြောဘဲနေရဝူးနော်.. ဟွန့်..
အဆိပ်ခွက်

5 comments:

ကောင်းကင်ပြာ said...

နာ့ နာမည်ကြီးဘာလို့ ပါလာတာတုန်းတော့၊ တော်တော်ဆိုးးးးလူဇိုး

နွေးနွေးသဲမွန် said...

အခုလို အပြေးအလွှား၊ တင်ဖြစ်အောင်တင်တဲ့အတွက် ခွက်ခွက်လေး ကိုကျေးဇူးတင်ပါတယ်နော်... :-P အောက်ကပုံမှာလေ မမ အသည်းလေး နာမည်က ညီမင်းလွင်ဖြစ်နေတယ်...ညီဝင်းလွင်နော်... နာမည်တူရှိလို့ အထင်လွဲစရာ....ဖစ်ကုန်မယ်..း-)

ရောင်ပြန် said...

လူပျိုကြီးအပျိုကြီးစာရင်းမှာ အဆိပ်ခွက်ကောမပါဘူးလား....
အဟဲ..

chitpalone said...

ဟေ့ အဆိပ်ခွက် နင်တော်တော်အားကျ သရေကျနေတယ်ဟုတ် သူများမင်္ဂလာဆောင်တော့ အဟိ။
ပျော်ရွှင်ပါစေ။
ခင်မင်လျှက်
ချစ်ပါးလုံး

အိုက် ချီ ခန့် said...

ဟကောင်ရ.. ဘာလို့ ငါ့နံမည်ကိုထာ့်ရတာတုန်း....
ငါကခေါင်းညိမ့်လိုက်ရင် အိမ်က စီစဉ်ပေးတော့မဲ့ဟာ...
နင့်လိုများမှတ်နေလား... ဟွန့်.. နင်သာဆွံအောင်ကြိုးစား ဟုတ်ပလား...။