Thursday, March 19, 2009

မမေ့နိုင်သော ထမင်းဝိုင်းလေ..

ကျနော်တို့ ဟိုးငယ်စဉ်ကထဲက မိသားစု ထမင်းလက်ဆုံ စားကြတယ်....လူသားတိုင်းလဲ စားဖူးကြမှာပါ.... ကျနော် ခံစားချက်လေးပေါ့....


ကျနော်က တောင်ကြီကပါ...အလွန်ချမ်းအေးလှတဲ့ တောင်ပေါ်ချယ်ရီ ပန်းများပွင့်လန်းရာဒေသပေါ့...မနက်ဆိုရင် ကျောင်းသွားတဲ့သူကသွား အလုပ်သွားတဲ့သူကသွားပေါ့ .... ညနေ ၅နာရီဆိုရင်အိမ်ကိုပြန်ရောက် ကြပြီလေ .... ဟိုလုပ်ဒီလုပ်နဲ့ ၆နာရီလောက်မှ စားဖြစ်ကြတာပေါ့...

အဖေက ဟေယောင် သားကြီး မင်းညီမတွေ ကိုခေါ်လိုက်တော့လေ ထမင်းစားရအောင် လို ..

ကျနော်ကလဲ ဟုတ်ကဲ့ အဖေ ဆိုပြီလှမ်းခေါ်တာပေါ့...ဟေဟိုနှစ်ယောက် ထမင်းစားမယ် အဖေခေါ်နေတယ်

နှစ်ယောက်လုံး ကပြိုင်တူ ၊တိုက်ထားရင်တောင်လွဲအုံးမယ်..ဟုတ်လာပြီဆိုပြီနောက်ဖေး ကိုပြေးလာကြတာပေါ့

အဲဒီမှာအမေ က ဟဒီသားဖတွေ ခဏနေပါအုံး ဒီမှာ အရွက်ကြော် လိုပြီးတော့မယ်..အဖေက အေးပါကွာလုပ်လုပ်

အဖေက ဟေဘာလုပ်ရမလဲဆို တာသိတယ်နော် အဲဒါ လက်ဆေးခိုင်းတယ်ဆိုတာ သိပြီသား ကျနော်တိုမောင်နှမက ..အဖေကထမင်မစားခင် လက်ဆေးဖိုအမြဲပြောတာ......အာလုံးလက်ဆေးပြီ .... စာပွဲပေါ်အဆင်သင့်ထိုင်ပြီးသား အမေက အော်ရော် ဟေထိုင်မနေနဲ့လေ ဇွန်းတွေလာယူ ဆိုပြီအော်မှ ထယူကြတယ်လေ...

ဒီလိုနဲ့ ထမင်းဝိုင်းလေ ပြင်ပြီ သွားရော...အဖေရဲ့အသံ ဟမေကြီး ဟင်းတွေကဆုံလှချီလား ကဲကဲထည့်စားကြ ရောကြက်သား...ဟေကောင်ကောင်ဖဲလေ ဘယ်လိုလုပ်နေတာလဲ ..ဖိတ်တော့မယ် အမေရဲ့စကားတောင်မဆုံးသေးဘူး ညီမလေးကြက်သားဖဲ့လိုက်တာ လွင့်ပြီကျနော့် ပန်ကန်ထဲလာဝင်ရာ ရီကြတာပေါ့ တစ်ယောက်တစ်ခွန်းနဲ့ ..... ကျနော်တို့ရဲထမင်းဝိုင်းလေးက လက်ဆုံကြနေတာပေါ့ မိသားစုနဲ့ စားကြတာဆိုတော့ ဟိုလျှောက်ပြောဒီလျှောက်ပြောနဲ့ပေါ့ ထမင်းဝိုင်းလေး အသက်ဝင်စေခဲ့တယ် ...ခဏကြာတော့စားပြီကြပြီလေ...အဖေ ကလက်ဆေးပြီ အိမ်ရှေ့မှာသတင်းစာသွားဖတ်ပြီ ...ဟိုနှစ်ယောက်က တော့စပြီ ဂိမ်ဆော့ပြီ...သူတိုကဂိမ်းဆော့ မဟုတ်ဘူ ရန်ဖြစ်တိုင်းဆော့နေတာလေ...ဟီ ဘာလိုလဲဆိုတော့ လူ့ကြတာပေါ့ ငါနိုင်တာ နင်က ညစ်တယ်ပေါ့ ဆုံလို...ကျနော်နဲ့အမေကတော့ စာပြီသားလေးတွေသိမ်ပေါ့ ပန်ကန်တွေဘာတွေခွဲကူတာ ဆေးကူတာဟုတ်ဘူး ဟီ.. ဒီလိုနဲ့ကျနော်တို့ရဲ့ ညစားလေးက ပြီဆုံးသွားခဲ့တယ်...

ဒီလိုနဲ့ ကျနော်တို့ ခုစလုံးကိုရောက်လာခဲ့တယ် ..မိသားစုလေးနဲ့ဝေပြီလေ ကျနော်ရောက်တော့ အိမ်မှာထမင်းကို တစ်ယောက်ထဲငြိမ်သက်ပြီ စားရတာအသက်မပါတော့ဘူး...လေ အရင်တုန်းကဒီချိန်ဆို ...ပြီစဉ်းစားလိုက်တိုင် မျက်ရည်ဝဲ ခဲ့ရတဲ့နေတွေလဲမနဲတော့ဘူး.... အရင်အချိန်လေးကိုပြန်လိုချင် ရင်ရောဘယ်သူက လာပေးမှာလဲ .. သူငယ်ချင်းတို့ရော တစ်ယောက်ထဲ စားရတာ နဲ့ မိသားစုနဲ့စားရတာ ဘယ်ဟာအသက်ဝင်လဲ

ကျနော် ရဲ့အရင်ချိန်လေးကိုတစ်နေ့ပြန်ရလိမ့်လိုထင်တယ်။ သူငယ်ချင်းတို့အာလုံး ရွှင်လန်းချမ်းမြေ့ပါစေ

အဆိပ်ခွက်

2 comments:

စနေသား said...

ကျနော့် အိမ်က မိသားစုထမင်းဝိုင်းလေးကို လွမ်းသွားမိတယ်ဗျာ....
၁၆ နှစ်တိုင်တိုင် ထမင်းဝိုင်းလေး တစ်ခု အခုဆိုရင် စနေ့ ကို မျက်စိရှာနေမှာပေါ့...
ဒီလိုဘဲလား ဘ၀ဆိုတာ????
ခွဲခွာခြင်းတွေ ချည်းဘဲလား????

Unknown said...

ဟုတ်ပါ့ လူစုံမှ ထမင်းစားကြမယ်ဆိုတဲ့  အဖေ့ရဲ့  စကားသ်ံကိုလွမ်းသလို
ညနေစာ မစားချင်လို့ အမြဲ အကြောင်းပြချက်ပေးတတ်တဲ့ ငပျင်းကိုလဲ လွမ်းနေမှာတော့အသေချာပဲ..... ထမင်းစားရမှာ ပျင်းတယ်လို့ အမြဲပြောလို့ အမေ ကပြောတယ် ထမင်းငရဲ ကြီးမယ်တဲ့ 
ခုတော့တကယ်ကို တကယ့်ကို မိသားစု ထမင်းဝိုင်းလေး ငတ်မွတ် နေလေရဲ့ ............