Sunday, March 8, 2009

ဆင်ပေါက် Big Bag အဖွဲ့မှ အနားယူသွားပြီ

Big Bag အဖွဲ့ရဲ့ ဘေ့စ်ဂစ် တာသမား ဆင်ပေါက်၊ Big Bag ရဲ့ ဘေ့စ်ဂစ်တာအတီးသမားဘဝကနေ အနားယူသွားပြီဖြစ်ပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီးကာယကံရှင်ဆင်ပေါက်နဲ့ Big Bag ရဲ့ တာဝန်ရှိသူ ကျားပေါက်တို့ရဲ့ ပြောပြချက်များကိုအခုလို တင်ပြလိုက် ပါတယ်။


ဆင်ပေါက် _ကျွန်တော်တို့ ဘာပြဿနာမှ မရှိပါဘူး။ အဓိကကတော့ ကျွန်တော် အဆိုပိုင်းကို အဓိကထားပြီး လုပ်ချင်တာလည်း ပါပါတယ်။ အတီးသမားဘဝ က အချိန်ပေးရပါတယ်။ အဲဒါကြောင့် ကျွန်တော် နုတ်ထွက်လိုက်တာပါ။ အချိန်သိပ်မပေးနိုင်တာလည်း ပါပါတယ်။ အဆိုပိုင်းကို ဒီထက်မက အချိန်ပေးပြီး လုပ်ချင်ပါတယ်။ အခွေဘက်ကို အားစိုက်ချင်တာကြောင့်ပါ။


ကျားပေါက်_ဆင်ပေါက်မရှိတော့တဲ့အတွက် သူ့နေရာမှာ ဘေ့စ်ဂစ်တာသမားအသစ် ရဲဇော်မျိုးကို တီးခွင့်ပြုလိုက်ပါပြီ။ ဆင်ပေါက်က သူ့ဘာသာသူ အနားယူ နုတ်ထွက်သွားတာပါ။

*********************************************

အားလုံးသိအောင်လိုကြေညာလိုက်ပါတယ်.... ဒီဟာကိုကျနော်...web site တစ်ခုမှာဖတ်ရလိုပါ.... အာလုံးသိသွား အောင်ဆိုးပြီးတင်လိုက်ရတာပါ..... ကျေးဇူးတင်ပါတယ်....

အဆိပ်ခွက်


No comments: