Friday, May 8, 2009

အချစ်စစ်

မင်းကို ငါချစ်လာတာ
ကြာခဲ့ပြီးဘဲ..
ခုချိန်ထိ ငါတို့ကြားမှာ
အနှောက်အယှက်
တွေရှိနေပါရောလား...
ဒုက္ခတွေမျိုးဆုံလဲ
ကြုံခဲ့ပြီပါရောလား
ဘေးစကားပေါင်းလဲ
ကြာခဲ့ပါပြီပြီဘဲ...
အချစ်စစ်တို့လမ်းလေးက
မဖြောင့်ဖြူးပါဘူး
ဆိုတဲ့ရှေးက ဆိုရိုး
စကားလေးလဲရှိခဲ့တာဘဲနော်..
နင်အားတင်းထားပါ
ငါ့လက်ကိုဆုပ်ကိုင်ထားပါ
နင့်ရဲ့ဆုပ်ကိုင်ထားတဲ့
လက်ကလေး လျှော့သွားခဲ့ရင်
ငါကတော့နင့်လက်ကို
ဘယ်တော့မှလွှတ်မှာ
မဟုတ်ဘူးချစ်လေး...
ငါတို့ လဲအခက်အခဲ
မျိုးဆုံကြုံခဲ့ပါပြီးရောလား
နောက်နေ့ရက်လေးတွေ
ပြန်ဆုံမယ့်ရက်လေးတွေ
ငါလက်ချိုးရေလို့
မင်းလေးရှိရာဆီ
ငါအပြေးလာခဲ့မယ်.
ချစ်သူ..
ငါတို့အချစ်စစ်
သည်ကား တည်မြဲနေဆဲပါ.....

4 comments:

မိုးခါး said...

ဟုတ်ပါပြီ ဟုတ်ပါပြီ
အသက်က ၁၇ နှစ်နဲ့
အမေ့ကိုလှမ်းတိုင်လိုက်ရမလား :P

အိုက် ချီ ခန့် said...

ဟဟ မိုးခါးပြောတာ မှန်တယ်ဟေ့..
တိုင်တိုင် ... မမိုးခါးရေ...။

အိုက်ခီလောက် said...

ူညီရေ လာတယ် ဟေ့ အားပေးလျှက်ပါ

အိုက်ခီလောက် said...
This comment has been removed by the author.