Friday, May 22, 2009

အွန်လိုင်းမှာ ချစ်သူ တွေထားမယ်ဆိုရင် ... ဒီလိုတော့ မဖြစ်စေနဲ့

တောက်.. ဒီကွန်နက်ရှင်နဲ့တော့ သောက်ရေးကိုမပါဘူး ..

ကောင်မလေး ဖုန်းနံပါတ်ပေးတော့မယ် ဆိုကျပြီ ..

ရည်းစားစကားပြောခါနီးရင် ကျပြီ..

အီလို့ ကောင်းနေတုန်းဆို ကျပြီ …. ကျကိုကျနိုင်လွန်းတဲ့ ကောင်..
ဖြစ်နိုင်ရင် အ၀ီစိချိုးကပ်နေအောင် ကျချင်နေတဲ့ကောင် …. ။

အခုလည်း ကြည့်.. သူ ကောင်မလေးနဲ့အဆင်ပြေနေတုန်း ကျပြန်ပြီ ။ ဒီကောင်တော့
ဘယ်ဘ၀ကများ ငါ့ကိုအမြင်ကပ်ခဲ့လဲမသိဘူး ။

ဟော.. အိပဲ့အိပဲ့နဲ့တော့ ပြန်တက်လာပြီ ။

တော်ပါသေးရဲ့… ကောင်မလေး ရှိပေသေးလို့ ။ မဟုတ်ရင်
အိပ်မပျော်ဘူးလို့မထင်နဲ့ နောက်တစ်နစ်ခ်ပြောင်းကျူရမှာစိုးလို့ဗျ.. အစကနေ
ပြန်ပြောရမှာ.. ဘယ်လောက်ပင်ပန်းလဲ ။

အခုတော့ တော်ပါသေးတယ်.. ကောင်မလေးက သူ့ကိုစောင့်နေလားမသိဘူး
(ကိုယ့်ဘက်ကိုယ်တွေးတယ်ဗျာ.. ဘာပြောချင်လဲ )

Me : ချစ်လေး.. ကိုယ် Connection ကျသွားလို့နော် စိတ်ဆိုးနေလားဟင်..

Kgmalay : ဒီလူကြီးနော်.. ဘာကြီးမှန်းတိဝူး.. ဘီတူက ရှင့်ချစ်လေးလဲလို့

Me : အာာ.. ဒီကချစ်လေး ကိုပြောတာပေါ့ဗျ..ကိုယ်က
ချစ်လေးတစ်ယောက်တည်းနဲ့ပဲပြောနေတဲ့ဟာ

ဘာလဲ ချစ်လေးက ချစ်လေးလို့ ခေါ်ခံချင်ဘူးလား ဒါဆို သည်းလေးလို့ခေါ်မယ် လေနော် …

Kgmalay : လူလည်ကြီး ..ဟွန့် မုန်းချင်ချာဂျီး ..

Me : မုန်းပါနဲ့ဗျာ.. ချစ်ပါနော်.. ချစ်တယ်မလားဟင်

(အမလေးဗျာ.. ချွဲလိုက်တာ တရော်များဖျော်သောက်ထားလားသိဘူး)

Kgmalay : သွားးးပါ…. ချစ်ဘူး သူက အကုန်လုံးကို ချစ်တယ်ပြောနေတာမလား ဒီကသိသားပဲ…

Me : သိဘူးဗျာ.. ချစ်တယ်ပဲ မှတ်တော့မယ် ချစ်တယ်နော်

Kgmalay : ယုံဝူးးးး ရှင့်…

Me : ယုံပါဗျာ… မယုံရင် ဖက်နမ်းပစ်မှာနော်…

Kgmalay : အယ်… ဒီလူကြီးဆိုးလာပီး သွားးးတော့…

Me : သွားပါဘူး.. ချစ်လေးနဲ့မခွဲနိုင်သေးဘူး (အမေရေ သားဗိုက်ဆာပြီဗျ..
အခုထိကွန်ပျူတာရှေ့ကခွာနိုင်သေးဘူး မယ်မင်းကြီးမရယ် မြန်မြန်ပြန်ပါတော့…
)

ချစ်တယ်နော်… ပြန်ပြောပါလား ချစ်တယ်လို့

Kgmalay : ပြောဝူးးး…. ချစ်တယ်လို့

Me : ပြောပါ ချစ်တယ်လို့

Kgmalay : ပြောဝူးးးးးးးးး ချစ်တယ်

Me :အဲဗျာ… တကယ်ချစ်တာလား..ချစ်တယ်နော်… ဟုတ်တယ်မလား

ဟေးးးးးးးးးးးးးးးး အရမ်းပျော်သွားတယ်ကွာ…

ချစ်လေးကို အရမ်းချစ်တယ်နော်...

Kgmalay : အဲ.. ဘယ်မှာပြောလို့လဲရှင့် ..

Me : ပြောပါတယ်… မတွေ့ဘူးလား ခုနကပဲပြောလိုက်ပြီးတော့

Kgmalay : ပြောပါဘူးနော်…ဘယ်မှာလဲ

Me : ချစ်တယ်

Kgmalay : ဘာလဲလို့

Me : ချစ်တယ်….

Kgmalay : အာာ..တော်ပီ စိတ်ကောက်လိုက်မှာနော်...

Me : ကောက်ပါဗျာ… ချစ်လေး ကြိုက်သလောက်ကောက်

Kgmalay : တော်ပီ.. ပြန်တော့မယ်

Me : အာာ ပြန်တော့မလို့လား ( တော်ပါသေးရဲ့ အခုမှပဲထမင်းစားရတော့မယ်)

မနက်ဖြန် ချစ်လေး ဘယ်ချိန်လာမှာလဲ…

Me :း မနက်ဖြန်မလာဘူး သွားစရာရှိလို့

ဟင်.. ဟုတ်လား ကို တော့လွမ်း နေတော့မှာပဲ.. ချစ်လေးက ဘယ်သွားမှာလဲ

Kgmalay : အင်း Dagon center သွားမလားလို့…၀ယ်စရာနည်းနည်းရှိလို့

Me : ကို လိုက်ပို့မယ်လေ… ( သေပီဆရာပဲ… ဘိုင်ပျက်နေပါတယ်ဆိုမှ )

Kgmalay : ဒါဆို 10 နာရီလောက် ice-berry မှာစောင့်နေမယ်လေ နော် ယူ
ုစောစောတော့လာခဲ့နော်

Me : အဲ.. ချစ်လေးကိုမှ မမြင်ဖူးတာ ဘယ်လိုသိမလဲ

Kgmalay : I က အကျီ အနီဝတ်ခဲ့မယ်လေနော် အောက် ဂျင်းဘောင်းဘီအကျပ်လေးနဲ့

(ဂလု… မနက်ဖြန်ကို တွေးရင်းနဲ့တောင် ရင်ခုန်လာပြီ.. ခွိ..ခွိ ) ငါကွ…

Me : Ok Ok ကိုယ်က Tshirt အဖြူနဲ့ ဂျင်းဘောင်းဘီဝတ်ခဲ့မယ်

ဒါဆို bie bie နော် မနက်ဖြန် မှတွေ့မယ် ချစ်လေး ကိုယ်လည်း ထမင်းစားဦးမယ်

တာ့တာ… see U



Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx



မနက်စောစော ထပြီး.. သူ တက်ကြွနေသည် ။ အော်.. On lie… on lie

အွန်လိုင်းကြောင့် သူ ငါးပါးသီလမလုံတာကြာပြီ.. ဟဲဟဲ

ကောင်မလေးတွေကလည်း ယုံလိုက်တာ လွန်ရော…

စကားပြောကောင်းတဲ့ သူ့လိုကောင်ဆို တဖြုတ်ဖြုတ်နဲ့ အနားမှာ ကြွေလို့…
(ယင်ကောင်တွေ မဟုတ်ဖူးလို့ )

နည်းနည်းပါးပါး ပြောလိုက်တာနဲ့ အနောက်မှာ တကောက်ကောက်နဲ့ ပါလာပြီ
(ခွေးတွေမဟုတ်ပါဘူးဗျာ)

နည်းနည်းတော့ လုံ့လ ၀ီရိယ ဇွဲ ရှိရတယ်ဗျ …

ကောင်မလေးတစ်ယောက်နဲ့ အွန်လိုင်းရည်းစားဖြစ်ချင်ရင် လွယ်လွယ်လေးဗျ..

သိချင်ရင် ကျွန်တော့ဆီ တပည့်လာခံ… ဟဲဟဲ



မနေနိုင်လို့ ဆရာတော့လုပ်ဦးမယ်..

အရင်ဆုံး target ပစ်မှတ်တစ်ခုထားရမယ် ဖြစ်နိုင်ရင် သူ့တစ်ယောက်တည်းကိုပဲ
အာရုံစိုက်ပြီး chat ရမယ် ။

ဒါမှ ကောင်မလေးက ကိုယ်ဆီပဲစိတ်ကရှိနေမှာပေါ့ သူက
လူအများကြီးနဲ့ချက်နေမယ်ဆိုရင်တောင် ကိုယ်က သူနဲ့စကားပြောမပျက်တဲ့အတွက်
သူက သတိထားမိလာလိမ့်မယ် .. နောက်တစ်ဆင့်က ခင်မင်လာလိမ့်မယ် ။

( ဘယ်နှစ်ယောက် နဲ့ချက်ပါလို့ မပြောလိုဘူးဗျ… ဒါက typing skill
ပေါ်မှာမူတည်တယ်လေ ဒါကြောင့် ကိုယ်စာရိုက်တဲ့နူန်းမြန်ရင် သုံးလေးယောက်နဲ့
ချက်နေလည်း အိုကေပေါ့ )

ပြီးတော့ စကားပြောနေရင်း ထိကပါး ရိကပါးလေးတွေ ပြောတက်ရတယ် အွန်လိုင်းမှာ
ပါးရိုက်လို့မှ မရတာနော့်.. သိပ်ကြောက်စရာတော့မရှိပါဘူး ။ (နှမချင်
းစာနာစိတ်တော့ရှိကြပါဗျ)

ဥပမာဗျာ.. ကိုယ့်မှာရည်းစားမရှိဘူး.. မယုံရင် ချစ်ကြည့်လေ..ဆိုတာမျိုး

ဒါမှမဟုတ် ကျိန်ပြောတယ်ဗျာ.. တကယ်ပါ ရည်းစားမရှိဘူး ဤစကားမှန်ရင်
ခင်ဗျားလေးက ကျုပ်ကိုချစ်လာပါစေ ဆိုတာမျိုးပေါ့… အဲ့လို အဲ့လိုပေါ့ဗျာ…

ကျွန်တော်လည်း သိပ်ပြောတက်ဘူးဗျ….အခြေအနေနဲ့အချိန်အခါပေါ်နင်းပြီး ပြောတက်ရတယ် ။

ကျွန်တော်ဆိုလိုတာက ဗျာ.. စကားလှလှလေးတွေ နုနုရွရွလေးတွေ ပြောတက်ရတယ်ပေါ့ ။

စကားလှလှလေးတွေပြောတက်ဖို့ဆိုရင် စာများများဖတ်ရတယ်ဗျ.. (
အချစ်ဝတ္တုလေးတွေဆို ပိုကောင်းတယ်ဗျ.. စကားလုံးလှတာတွေ့ရင်
အလွတ်သာကျက်ထားပေတော့ )

ပြီးတော့ ဟာသဥာဏ်လည်းရှိတက်ရတယ် ။ သူ့ကို ဟာသတစ်ပုဒ်ကို copy paste
လုပ်ပြီး တင်ပေးမယ့်အစား ကိုယ်က စာရိုက်ပြီး ပြန်ပြောပြကြည့်ပါ ။
တဖြည်းဖြည်း ရင်းနှီးမှုတိုးလာလိမ့်မယ်ဗျ ။

နောက်ပြီး.. အရေးအကြီးဆုံး အချက်က ကောင်မလေးကိုယ့်ကိုအထင်ကြီးလာဖို့ပဲ။
ကောင်မလေးတွေက များသောအားဖြင့် သူတို့အထင်ကြီးတဲ့ကောင်လေးတွေကို
ကြိုက်လေ့ရှိကြတယ် ။ ဒါပေမယ့် ကြွားတာကိုတော့ မကြိုက်ကြဘူးဗျ…။ ဒါကြောင့်
စကားပြောရင် သတိထားရတယ် ။

ဥပမာ ပြောရမယ်ဆိုရင်ဗျာ… ကိုယ် အလုပ်နည်းနည်းရှုပ်နေတယ်။ ခဏနော်…ဒယ်ဒီ့ကို
ကူလုပ်ပေးနေလို့ ခဏလေးစောင့်နော်…. အဲ့လိုပေါ့ ။ ပါးပါးနပ်နပ်နဲ့
တစ်ခြားကောင်မလေးကို Q ဖို့ ကောင်မလေးကို
အလိမ္မာသုံးပြီးစောင့်ခိုင်းတာပေါ့ ။

နောက်ပြီး ဖုန်းနံပါတ်ကို သိနေရုံလောက်နဲ့မတောင်းသင့်ဘူးဗျ ။
ဘာလို့လဲဆိုတော့ သူနဲ့ကိုယ့်မှာ စကားပြောစရာသိပ်မရှိသေးဘူးလေ ။
တော်တော်ကြာကြာရင်းနှီးပီးမှ တောင်းတာကောင်းတယ် ။ ဒီကြားထဲမှာ
အဆင်ပြေသွားတယ်ဆိုရင်လည်း တစ်မျိုးပေါ့ဗျာ…။

ပြီးတော့ ဘယ်မှာနေလဲ ဆိုပီး အိမ်လိပ်စာအတင်းမမေးနဲ့ဗျာ…။ ကောင်မလေး
လိပ်စာသိတော့လည်း ကိုယ်က သွားလည်လို့ရတာကြလို့ ။ အကျိုးမရှိတာ
သိပ်မပြောနဲ့ဗျ ။

ပြီးတော့ အားရင် သီချင်းတို့ ပုံ တို့ကို ပို့ပေးရတယ်ဗျ.. ။ ( FWD
မေးလ်သိပ်မပို့သင့်ဘူး ဘာလို့လဲဆိုတော့ အများကြီးပို့တဲ့အခါ
သူကစိတ်ဝင်စားမှာမဟုတ်တော့ဘူးဗျ ။ mail ပို့မယ်ဆို
သူ့တစ်ယောက်တည်းအတွက်ပဲ ရည်ရွယ်ပြီး ပို့တဲ့ mail ဖြစ်သင့်တယ်ဗျ ။

တစ်ယောက်ပို့ပြီး sent mail ကနေ နောက်တစ်ယောက်ကို ထပ်ပို့တော့လည်း သူသိမှာကြလို့

အရေးကြီးတာ လိမ္မာပါးနပ်ဖို့ပဲ )

အဲဗျာ.. တော်ပီဗျ.. တော်ကြာ ကျွန်တော့ပညာ အကုန်ကုန်ဦးမယ် ။ ဆရာစားတော့
ချန်ထားရမယ် ။





ဒီလိုနဲ့…

သူ ၀ီရိယ ပိုစွာဖြင့် 9:30 လောက်ထဲက ice-berry ကိုရောက်နေလေရဲ့ ..

အအေးတစ်ခွက်မှာရင်း Dagon center ကိုလာသမျှ ကောင်မလေးတွေကို ငေးရင်းး
သူ့အရှေ့က အအေးခွက်မှာ ရေခဲတောင် အရည်ပျော်လာတယ် ။ အော်..
အချိန်ကြာလို့ပြောပါတယ် ။

ဒီလိုနဲ့… နာရီ သံက တချက်ချက်နဲ့ 10 နားကို ရွေ့လာတယ် ။

ဟော…ဟိုမှာ

နီနီလေး.. တရွေ့ရွေ့နဲ့ ရွေ့လာတယ် ။ သူ့ကောင်မလေးများလား
ရင်ခုန်သံအပြည့်နဲ့ စူးစိုက်ပြီးကြည့်နေလိုက်တယ် ။

ဟုတ်ပါ့ဗျာ…

အနီရောင်လေး… အကျီကိုယ်ကျပ်လေးနဲ့

အောက် ဂျင်းဘောင်းဘီ ဒူးခေါင်းလောက် အတိုလေး..

နည်းနည်းဝေးသေးတော့ သူ့အမြင်က သိပ်မကောင်းချင်ဘူး ။

အနီလေးက တဖြည်းဖြည်းသူ့မြင်ကွင်းထဲမှာ ကြည်လာတယ် ။

ဖိနပ်လေးက ဒေါက်အဖြူလေးနဲ့…

အပေါ်နည်းနည်းတက်ကြည့်တော့.. အော် ခြေသလုံးက အမွှေးတွေနဲ့ သိပ်မဖြူပါလား…ထားပါလေ

အပေါ် နည်းနည်း ထပ်တက်တယ် ။ ပေါင်ရင်းက နည်းနည်းတော့တုတ်တယ် ။ မဆိုးတော့
မဆိုးပါဘူးလေ ။

အင်း…ထပ်တက်လိုက်တော့ ဗိုက်ခေါက်.. နည်းနည်းထွက်ချင်သလို

ကောင်မလေးက ၀တုတ်တုတ်လေးထင်တယ် ။ အေးပေါ့…၀က်မလေးလို ချစ်စရာလေးနေမှာပေါ့ ။

ကောင်မလေးက မဆိုးဘူးဗျ.. သူ့ကို သူ့ကို သိသလိုနဲ့ စားပွဲနားရောက်လာတယ် ။

အမလေးဗျာ… ရင်တွေ တထိတ်ထိတ်နဲ့ အခုထိ ကောင်မလေး မျက်နှာကိုမကြည့်ရဲတော့ဘူး

ဘယ်လိုလေးနေမလဲ စိုးမြတ်နန္ဒာလေး လိုလား.. မိုးဟေကိုလို
ညှို့ဓာတ်အပြည့်နဲ့လား .. ဒါမှမဟုတ် သင်ဇာဝင့်ကျော်လေးလို ညိုချောလေးလား …

ဟင်းးနော်… အသည်းယားလာပြီ ။

ရုပ်ရှင်ထဲမှာလို… တဖြည်းဖြည်းမော့ကြည့် …………….

အမလေး…….. အောင်မရေးးးးးးးးးးးးး

အ ခြောက် မ ကြီး ဗျာ….

အမလေး ဗျ…. … ကံကဆိုးလိုက်လေခြင်းးးး ဟင်းးး ဟင်းး…

ကမ္ဘာငယ်လေး ဆိုဒ်ထဲက မေးလ်လေးပါ အားလုံးပျော်ရွှင်ရအောင်လို တင်ပေးလိုက်ပါတယ်...

အဆိပ်ခွက်

8 comments:

Sein Lyan Tun said...

ဘုရား ဘုရားးး
ထားချင်အုံး
ထားချင်အုံးး
နည်းသေးတယ်
အဟီးးး
ဒီကမမလဲ ချစ်ချင်တယ် ဆိပ်ဆိပ်ရယ် ခွက်ခွက်ရယ်
မမနဲ့ချက်မလာဟင် အက်လိုက်နော် အဟီးးးး

megumi said...

ဟ ဟား၊ ကောင်းတယ်။ ကြူချင်ဦး။ နည်းတောင် နည်းသေး။ :P

ပို့စ်ထဲက လူကို ပြောတာနော်။ အဆိပ်ခွက်ကို ပြောဘူး။ စိတ်ဆိုးမနေနဲ့ဦး။ :)

မိုးခါး said...

မှတ်ထား မှတ်ထား .. အလကားရတိုင်းကျူချင်ဦး .. :P
ကိုကိုကာလသားများ .. သတိထားကြပါကုန်သော်ဝ် .. :D

ကြယ်ဖြူစင် said...

အွန်လိုင်းကြူကြူများသတိထားကြပါ..ရီရတယ်. ကောင်း မှကောင်း...
ကြယ်ဖြူစင်

ကောင်းကင်ပြာ said...

ဟဟ အဆိပ်ခွက် ကိုတိုင်များလားလို့၊ ဂလိုကိုး

စိုင်းစိုင်းလားရှိုး said...

Dဇွတ်လမ်းကို ကျနော်သိတယ် အဆိပ်ပြောပြထားလို့ ဘယ်သူ့ကိုမှ ပြန်မပြောပါနဲ့တဲ့... ကျနော်လည်း မပြောပါဘူး။

အိုက်ခီလောက် said...

အားရင်ချက်တင်ထိုင်နေကတည်းကသိပြီးသား
ကျူမယ်ဆိုတာ ညီယေး ဟုတ်တယ်မလား အဟား
အခြောက်က ပိုကောင်းတယ်မလား
ညီရ အဟားးးးးးးးးးးးး
တွေးပြီးရီလိုက်ရတာအူတောင်တက်တယ်

Chitpalonelay said...

အောင်မလေး မိုက်ချက် သိပြီ သိပြီ တော်တော်ကိုကောင်းတဲ့ ကျူကွက်တွေ ရှယ်ပဲ သူငယ်ချင်းကောင်းလေးတွေကို ပြန်ပို့ရမယ်ထင်တယ် ကူးပြီးတော့ ပျော်ရွှင်ပါစေ။