Sunday, May 31, 2009

စိတ်ထင်ရာ

ပင်လယ်ပြင် သောင်ခြေဆီမှာ
လှိုင်းလုံးများ အပြေးလေး
ဝင်ရောက် ခိုနား ကမ်းကပ်
အော်.... သူတို့ပြန်ဆုံကြပြီကို

တိမ်တိုက်လေးတွေ ငိုနေပြီ..
ငါနှလုံးသားလဲ ငိုနေပြီ...
တိမ်းတိုက်လေး အငိုတိတ်အောင်
သဘာဝက ချော့ပင်မဲ့
ငါနှလုံးသား ငိုနေတာကို
ဘယ်သူ လာချောမလဲ.........

လူဘဝက
ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်လိုပါဘဲလား........

မျှောလာမျှောလာ ဗုံလုံ မြစ်ကြောင်းတစ်လွှား
အဝေးကနေ ငါးပျံလေး လိုက်လိုဟပ်
သို့သော်လည်းဘဲ...
ညီညီမျှမျှ ချိန်ခွင် ပမာ...
သူတို အလေးချိန်တူနေတာ...
ပေါ်လိုက် နစ်လိုက်
သူတိုမှာ.. မမောနိုင်ရှာ.....

လူဘဝကား ထိုသိုပမာ ...
နိမ့်လိုက် မြင့်လိုက်ရှိနေတာ
အတုယူပါ
ရှေးစကား.....
ဗုံလုံသီးနဲ့ ငါးပျံအား.....

အဆိပ်ခွက်

4 comments:

chitpalone said...

ဂျီတောက် ဆိပ်ခွက်ရေ ကဗျာလေးက ကောင်းလို့ ၂ခေါက်ဖတ်ပြိးခံစားသွားတယ်။ ကဗျာရေးတာ ပိုကောင်းတယ်ဟ ငါတော့ အားပေးတယ်။ ငါကမရေးတတ်လို့ ပျော်ရွှင်ပါစေ။
မမပါးလုံး ( အဟဲ အမြဲညီမလေးပဲ လုပ်နေတာ ဒီတခါ အမကြီးလုပ်လိုက်ဦးမယ်)

Sein Lyan Tun said...

ဗုံလုံသီးနဲ့ ငါးပျံပေါ့လေ
ဒီလိုပါပဲ ဘဝဆိုတာ
ဒါပေမယ့် မပုကြွယ်နဲ့ ခရုငယ်ထုံးနှလုံးမူပါညီငယ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်

ခီခန့် said...

အဟဟ... နင်တော့လား...
ငါမနိုင်တော့ဖူး.. အင်းအင်း... ငါကပျင်းနေတာ.. အိမ်လည်တာတောင် ကော်မန့်ချန်ဖို့ပျင်းနေတာ... အဟဟ... နင့်အကြွေးကိုနောက်မှဆပ်မယ်.. အဟီး.. အတိုးမတက်ခင်ပေါ့.. ဟုတ်ပြီလား...

အရုပ်လေးကို ချစ်(ခင်) တဲ့ ခီခန့်..

အဟဟ.. အဆိပ်တော့ ငါ့ကိုလာထုတော့မယ် ထင်တယ်...အဟီး..။

Anonymous said...

မောင်ငယ်လေးရေ... ဘ၀ဆိုတာ ဒီလိုပဲလေ။ ခိုင်နိုင်ရည်ရှိအောင် လေ့ကျင့်ထားတော့နော်။

ခင်မင်လျှက်
မကြီး