Friday, May 8, 2009

လိုအပ်ချက် နဲ့ အလိုအပ်ဆုံး

လူတိုင်းလူတိုင်း မှာအလိုချင်ဆုံး အရာ ဆိုတာရှိကြတာဘဲလေ... တစ်ယောက်နဲ့တစ်ယောက်တူချင် မှလဲတူမယ်.. မတူချင်ရင်လဲမတူဘူး... ဒါက ကျနော် လိုအပ်တယ်ထင်တဲ့ဟာလေးတွေပေါ့.....

လူရယ်လိုဖြစ်လာပြီဆိုကတည်းက လိုချင်တာတွေရှိကြတာဘဲလေး.. ငယ်ငယ်တုန်းက ဆို ယောကျာ်လေးတွေ ဆို သနတ်တို့ ပါဝါရင်းဂျားတို့ .. ကာတွန်းကတွေ... ပေါ့.. ကောင်မလေးတွေကြတော့လဲ အိုးပုတ် ကြိုးခုန်တာတို့ ပေါ့.....


ဟော လူလတ်ပိုင်းလဲရောက်လာရော... ယောကျာ်လေးတွေက အရင်ကနဲ့တူတော့ဘူး...ဒီဆော်က မိုက်တယ်... ဒီကောင်ငါကို ဘုကြည့်ကြည့်သွားတယ် လာသွားဖိုက်ရအောင် ဟော..တွေ့လား.. ကောင်မလေးတွေ ကျတော့ ဒီကိုရီးယာ မင်သာကချောတာ ... ရိန်းက ဘယ်လို ချောတာ သူကိုလိုချင်လိုတာ ..ဟော အဲလောက်အဝေးကြီလဲ စွဲလမ်းလိုက်တာဘဲ... အလှအပတွေကြိုက်လာမယ်)
ကယ်ကယ် ထားလိုက်တော့ ကျနော် လိုအပ်ချက် ၃ မျိုးပြောပြမယ်နော်....နောက်မှ ဒကယ် အလိုအပ်ဆုံးတစ်ချက်ပေါ့.....
၁. အချစ်..
ဟီ..ကျနော် ကလူငယ်ဆိုတော့ ဒီကနေဘဲစလိုက်မယ်နော်.. လောကမှာ အချစ်ဆိုတာလိုအပ်တယ်.. တစ်ယောက်ကို တစ်ယောက်ချစ်ခင်မှ လုပ်ဖော်ကိုင်ဖတ် ၊ သူငယ်ချင်းကောင်း ၊ ချစ်သူ ကောင်း အဲလေ ဟီ ဒါလဲပါလိုက်မယ်နော်.. ချစ်ဆိုတာ စမ်းကျယ်တယ် ... ကျနော် ပြောတဲ့ အချစ် က ချစ်သူရီးစား ကြိုက်တဲ့ အချစ် လဲနဲနဲပါပါတယ် .. ဒါက မောင်နှမလို အချစ်ပေါ့ .... ခုကျနော် တို့နိုင်ငံခြားမှာဆို ဒါက အလိုအပ်ဆုံးဘဲ.. ဘာလိုလဲ ဆိုတော့ သူများနိုင်ငံမှာ လာနေရတာလေး.. အဲဒီတော့ ကျနော် တိုရွှေ တွေ အချင်းချင်း မောင်နှမ စိတ်ဓာတ် အချင်းချင်း မွေးမြူကြမယ်ဆို ကောင်းတာပေါ့ဗျ....ဘယ်သူမှ လာရောက်ထိ လိုရမှာမဟုတ်ဘူး ... ဘာလိုလဲဆိုတော့ သူများနိုင်ငံရောက်ပြီဆို အားလုံးက အထင်သေးကြတယ် နှိမ်ကြတာပေါ့ အဲဒါကို ကျနော် တိုက မောင်နှမ စိတ်ဓာတ်နဲ့ တစ်ယောက် ကို တစ်ယောက် ကူညီမယ် .. ပေါ့

၂. ပိုက်ဆံ
ခုကျနော် ပိုက်ပိုက် ပျက်နေလို ဟီ.. သတိရလိုရေးလိုက်တာ အဟ... ကျနော် တိုရွှေမှာဆို ပိုက်ပိုက် က အေးဆေးဗျ ... ကျနော်တိုတောင်ကြီးမှာ ဆို ၅၀၀၀ လောက်ရှိရင် မြို့ပတ်လိုရတယ် ဆိုင်ကယ်လေးတစ်စီး နဲ့ မလောက်တော့လဲ အိမ်ပြန်တောင်းပေါ့ ... ခုစလုံးမှာဆို ရွှေ ငွေ ၅၀၀၀ ထောင်ဆို ဘယ်နားကပ်နေမှန်းတောင် မသိဘူး အဟီ... ပိုက်ပိုက် ကလဲ တစ်ဒေါင့်တစ်နေ ရာ ကနေ ပါဝင်နေပါတယ် လိုထင်တယ် ဒါလဲလိုအပ်ချက်ဘဲပေါ့...

၃.အကျင့်
လောက မှာ အကျင့်ကောင်းဖိုဆိုတာ လိုအပ်ပါတယ်...အကျင့်မကောင်းရင် ဘယ်သူမှ ခေါ်ချင်ပြောချင် စိတ်ရှိမှာမ ဟုတ်ပါဘူး အကျင့် ကောင်းဖို့ဆိုတာ ပြုပြင်ယူလိုရပါတယ်.. တစ်ချို့ က ဒုက္ခရောက်ပြီမှ အကျင့်လေးတွေ ပြန်ကောင်းသွားတယ် ... တစ်ချို့က ချစ်သူ ရီးစာ ရဲ့ စကားကြောင့် အကျင့်လေးတွေပြန် ကောင်းသွားတယ် အဲဒါလဲဝမ်းသာစရာဘဲ

အလိုအပ်ဆုံး တစ်ချက်-
စိတ်ဓာတ် ..
လူတစ်ယောက်မှာ စိတ်ဓာတ် စိတ်ထား မြင့်မြတ်ဖို့လိုတယ်လိုထင်တယ် .. ရင်နာစရာသတင်း ကျနော် ဖော်ဝေါ့ မေးလ်တွေ ထဲမှာ ဆရာဝန် ဖြစ်ပြီး စိတ်ဓာတ်မကောင်းတာ အရမ်း ရင်နာဖွယ်ကောင်းတယ် ဒကယ်လာ ဘာလားတော့မသိဘူး ကျနော် မေးလ်ထဲမှာ ဖတ်မိတာကိုပြောတာပါ့ .... ဆရာဝန်တစ်ယောက် လုံးဖြစ်နေပြီ ကိုယ့် ရဲ့ ကျေးဇူးရှင်လူနာ (အဲလေ... ဘယ်လိုပြောရမလဲ အဲလိုဘဲဗျာ) တွေကို ကောင်းမွန်စွာ ကုသ ပေးမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ နောက်ပြီ မြန်မာနိုင်ငံက ဆရာဝန်ဆိုထားအုံး ခုက နိုင်ငံခြားက ဆရာဝန်ကြည့် သူ့အဆင့်အတန်း သူ့စိတ်ဓာတ်က နိုင်ငံခြားမှာလာရောက် ကြွားနေတာလား.. အဲလို ဆိုဘာလို ဆရာဝန်လုပ်နေသေးလဲ ... သူလုပ်လိုက်တာက လမ်းဘေးက ခွေးတွေ အဆင့်နဲ့ သူနဲ့ မတူနေဘူးလား.. ဝေးရောက်ရွှေ ညီး၊အစ်ကိုတွေ အချင်းချင်းရိုင်းပင်းရမဲ့ အစား သူက အခွင့်ရေးယူနေသေး တယ် ကျနော် လဲမေးလ်ဖတ်ရလိုပါ ကျနော် ပြောချင်တာ က စိတ်ဓာတ်ပါ .... ဆရာဝန်ုဖြစ်ပြီးစိတ်ဓာတ်မကောင်းတာတော့ အဲဒါ စိတ်ဓာတ်အောက်တန်း ကျတာဘဲ စိတ်ဓာတ် အောက်တန်းကျရင် ဘယ်လိုမှ ပြန်ပြင်ဖို့ဆိုတာ ခဲရင်းသွားပြီလေ .. ဘာလိုလဲဆိုတော့ သူ့ type သူ့စိတ်ဓာတ်က အဲလိုဖြစ်နေတော့ပြင်လဲ ခဏပေါ့..

ဒါကျနော့် အထင်လေးပါ ကျေးဇူးတင်ပါတယ် ကျနော် စိတ်ထဲမှာထင်တဲ့ အတိုင်လေးပေါ့ .. ပြောရမယ်ဆို ကလေးအတွေး ပေါ့ဗျ.... ဟီ..
ကယ် ဒါလေးကို tag လိုက်မယ်နော်.....
၁)တိုကြီး တောင်ပေါ်သား
၂)မကြီး ရောင်ပြန်
၃)သယ်ရင်း ငပျင်း
၎)ငယ်ဘော်ဒါကြီး စနေသား
၅)ချစ်ဘော်ဒါကြီး အိုက်ခိလောက် (သောက်ဖော်သောက်ဖတ်)
၆)ကျနော် ရစ်နေကျ တိုကြီးရဲ
လူပြောင်းပါသည်....
၇)မကြီ်းကြယ်ဖြူစင် နေမကောင်းပါ သဖြင့် မကြီး မိုးခါကို tag လိုက်ပါတယ်....... ကျေးဇူးတင်ပါတယ်

4 comments:

desertraindrops said...

လိုအပိချက်နဲ့ အလိုအပ်ဆုံးကို ဖတ်သွားတယ်။ အားလုံးမှန်တယ်လို့ ထောက်ခံသွားပါတယ်။ :)

အိုက် ချီ ခန့် said...

ဟဟ.. ဟုတ်ပါ့.. နင်ပြောမှပဲ ငါစဉ်းစားမိတော့တယ်...
နင့်ကိုထောက်ခံတယ်.. (လက်မကျိုးခင်အထိပေါ့ အဟီး..)
.. :)

Anonymous said...

လိုအပ်ချက်လေးတွေက အားလုံးမှန်တယ်။ တကယ်လက်တွေ့လုပ်ဖိုး ခက်တယ်နော့်။ ဟီး မကြီးလိုပေါ့ မကောင်းတဲ့ အကျင့်လေးတွေကတော့ ရေးထားတာ တန်းဆီနေတာမတွေ့ဘူးလားကွယ်။ Tag Tag Tag နော်!! ဒီမှာလဲ ကွဲနေပါတယ်ဆိုမှ ရူးချင်တယ်။ ရေးမယ် အကြွေးနော်။

ခင်မင်လျှက်
မကြီး

မိုးခါး said...

တော်လိုက်တား)
စိတ်ဓါတ်က အရေးကြီးတယ်နော် ..