Saturday, May 9, 2009

ကျနော်ချစ်ရတဲ့ အမေ


အမေ လောကမှာ တုနှိုင်းလိုမရအောင်မေတ္တာ အကြင်နာတွေကို ပိုင်ဆိုင်ထားတဲ့ အေးမြသောနှလုံးသားပိုင်ရှင် တစ်ဦးပါ... ငယ်ငယ်တုန်းကလိုတာမရလို စိတ်ကောက်တာတွေ.. အမေ က ချောပြီး ထမင်းကျွေးခဲ့ဖူးတာတွေ. အခုချိန်မှာ ပြန်တွေးရင်မျက်ရည်ဝဲနေဆဲပါ.... အမေ ရဲ့ ကျေးဇူးကို မြင့်မိုရ်တောင်ကတောင်မော့ကြည့်နေယူရ နေပြီ... အမေ ငယ်ငယ် က ကျနော် ဆိုးခဲ့ပင်မဲ့ အခုချိန်မှာ လိမ္မာလာပါပြီး.... အမေ ကျနော်ကို ကိုယ်တိုင် စတင်ပျံသန်းစေခဲ့တယ် .... ကိုယ်တိုင်ပျံသန်းရမှ ဟိုတစ်ချိန်က အမေ ကျေးဇူးတွေကို ခုမှနားလည်လာပါတော့တယ်.... အရင်ကဆို မနက်အိပ်ရာမထရင် အမေက ချိုသာတဲ့ စကားသံလေးနဲ့ လာနှိုး ခဲ့တာကို စိတ်တိုခဲ့ဖူးတယ်.... အခုချိန်ဆို ဘယ်သူလာနှိုးမလဲ အဲလိုချိုသာတဲ့ စကားသံလေးကို နောက်ထပ်ကြားချင်လိုက်တာ.....

အရင်ကဆို ထမင်းစားရင်လူဆုံမှစားတတ်တဲ့ အမေနဲ့အဖေ ခုချိန်ဆို ထမင်းဝိုင်လေးလူ တစ်ယောက်လိုနေရော့ပေါ့ ... အဲလိုဘဲ ဒီဟင်းမစားချင်ဘူး ဟိုဟာမစားချင်ဘူး ဆိုပြီဂျီကျတတ်တဲ့ ကျနော် ကို အမေ ကအမြဲတမ်း ဒါလေးကောင်းတာ စားကြည့်ဆိုပြီ အမေ့ရဲ့ လက်နဲ့ခွံ့ကျွေးခဲ့တာတွေကို ပြန်လည်မြင်ရောင် ရင်း ကျနော် ခုဆိုထမင်းဝိုင်းမှာ ကျနော် တစ်ယောက်ထည်းပေါ့... တစ်ယောက်တည်း ကြိတ်မှိတ်ပြီးစားလာ တာအခုဆိုကြာခဲ့ပြီအမေ...

အရင်တုန်းကဆိုးခဲ့ပင်မဲ့ အခု အမေ့ ရဲ့ ဆုံးမ စကားတွေကြောင့် ကျနော် လိမ္မာလာပါပြီ... အမေ ကျေးဇူးကို ပြန်ဆပ်နိုင်အောင်ကြိုးစာလျှက်ပါ.... ကျနော် ခြေထောက်ချုပ်ရတုန်းကဆို အမေ့ရဲ့ အကြင်နာတွေ သူရဲ့ သားပေါ်မှာထားတဲ့ အကြင်နားတွေနဲ့ပေါ့ ကျနော် ကို သေချာဂရုစိုက်ခဲ့တယ် ... အခုချိန်ကျနော် ဗိုက်နာလာရင် ဘယ်သူကလာ ဂရုစိုက်ပေးမှာလဲ..... အမေ

ကျနော် အမေ့ကို အရမ်းတွေ့ချင်တယ် ... ကျနော် ငယ်ငယ်လေးနဲ့ အမေနဲ့ ဝေးမှာ နေထိုင်နေရတယ် ... အမေက လည်းအားပေးပြီး ကျနော် ကို ကိုယ်တိုင် အတောင်ဖွင့်ပျံခိုင်းစေခဲ့တယ်.... ခုဆိုအမေ့ရဲ့ အကြင်နာ အမေ့ရဲ့ ဆုံးမစကားတွေ ကြောင့် ကျနော် ဘဝကိုလျှောက်လှမ်းနေပါပြီအမေ.....


အမေ့ကိုအရမ်းချစ်တဲ့

သားကြီး (အဆိပ်ခွက်)

7 comments:

Anonymous said...

အတောင်တစ်စုံကို အမေကပေးခဲ့ပြီးပြီနော်။ လမ်းမှန်ကို ပျံသန်းနိုင်ဖို့ မောင်လေးရဲ့တာဝန်ပဲနော်။ မိဘကျေးဇူးကို ပြန်လည်တုံ့ပြန်နိုင်ပါစေ...

ခင်မင်လျှက်
မကြီး

အိုက်ခီလောက် said...

အဆိပ်ခွက်ရဲ့မေမေသာဒီဆောင်းပါးလေးကိုတွေ့ ရင်ဘယ်လောက်ပီတိဖြစ်မလဲ
မသိဘူးနော်..မေမေ့အတွက်အစဉ်သဖြင့်စိတ်ချမ်းသာစေမယ့်သားကြီးတ
ယောက်ဖြစ်အောင်နေနော်..
ငြိမ်းချမ်းပါစေ
မိမွန်.............
အဲဒါဘဲ

အဲ့ငါလည်းပါတယ် နော် ညီယေး မိဘ ကို ကျေးဇူးဆပ်နိုင်ပါစေကွာ
ဒီထက်မက ပိုသိတတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

အိုက် ချီ ခန့် said...

ဟဟ..အဆိပ်တော့...
ရေးချလိုက်ပြီ..
အင်း ကောင်းပါတယ်
တူတူပဲ.. ခံစားသွားတယ်...ဟ..။

မိုးခါး said...

လိမ်မာလိုက်တာ ..
အမေကိုချစ်တာ အမေကတော့ ကြည်နူးနေမှာပဲ

Ree Noe Mann said...

အခုလို အမေများနေ့ မှာ အမေကို သတိတရ ရေးသားဖေါ်ပြခြင်း အတွက် လေးစားပါတယ်ဗျာ။

ဘယ်မိဘကမှ သားသမီးတွေကို မချစ်ဘူးဆိုတာ မရှိသလို
ဘယ်သားသမီးကမှလည်း မချစ်တဲ့ မိဘ မရှိပါဘူး။

အမေ့အပေါ်အခုလို အမှတ်တရလေး တွေ ဖေါ်ပြတာကို ကျေးဇူးတင်၊ ခံစားသွားပါတယ်။

နောက်လ မှာလည်း အဖေများနေ့ အတွက် ကြိုးစားပါအုံးလို့.....................

ခင်တဲ့
Ree Noe

Unknown said...

အင်း မိဘရဲ့ မေတ္တာထက် ဘယ်အရာမှ အေးမြမှုမရှိနိုင်ဘူးလေ..
အမ လည်း အမေကို လွမ်းတယ် အမေ ချက်တဲ့ ဟင်းမစားချင်လို့ ဂျီကြခဲ့တာပဲ အခုတော့လည်း ကိုယ်တိုင်ကျတော့ ဘယ်သူ့ဂျီကြရပါ့ အမေများနေ့မှာ ဒီပို့စ်လေး သတိတရတင်တော့ အဆိပ်ကသားလိမ္မာလေးပေါ့ :)

desertraindrops said...

သိပ်ကောင်းတာပဲ။
မိခင်တိုင်း စိတ်ချမ်းမြှေ့ကျန်းမာပါစေလို့ဆုတောင်းပေးပါတယ။်