Friday, May 15, 2009

ထားခဲ့ဖူးသောရည်းစာများ..

အဲခေါင်းစဉ် ကကောင်းသလိုလိုနဲ့ ရင်တုန်တယ်ဗျာ....

ကျနော် မှရည်းစား မရှိဘူးဗျ...... ချစ်သူဘဲရှိတယ်.... :) ကြွားတာတော့မဟုတ်ပါ... ကျနော် ရည်းစာ ဆိုတာ က အပျော်တွဲတာ ချစ်သူဆိုတာက အတည် ချစ်တာ.... အင်ပြောရမယ်ဆိုရင် အရှည်ကြီပါ.... အတိုချုန်ပြီ ပြောပြမယ် ဟုတ်ပြီလား.....

ဒီလိုဗျ... ကျနော် ငယ်ငယ်တုန်က ကလေးဗျ... :P အဲလေ ဟုတ်တာဘဲ... ကလေးဆိုတော့ ဇော်ပိုင်သီချင်းလိုပေါ့ အချစ်ကြောင်းမသိခဲ့ဖူး ငယ်စဉ်က အသက်အရွယ်မှာ ဆိုတဲ့ အတိုင်း ကျနော် မှာ ငယ် ငယ်တုန်းက အချစ်စိတ်ဆိုတာ မရှိခဲ့ပါ.... ဒါပင်မဲ့ဗျာ... ဘယ်လိုပြောရမလဲပေါ့နော်... ကျနော် တိုကျောင်းမှာ အဲကောင်မလေးက အရမ်းချောတာဗျ.... ကျောင်းမှာ နာမည်ကြီးဘဲဗျ... သူကိုကြိုက်တဲ့ သူတွေဆိုဝိုင်းဝိုင်းလည် ဗျ... ပုံနေတာဘဲ ... ကျနော် အပါအဝင်ပေါ့ ဗျာ... ၆တန်းတုန်ကဗျ.... အပြိုင်အဆိုင်တွေကြားထဲကနေ ရုန်းရတာပေါ့.အရန်ရှာတဲ့လူတွေက လဲများ.. . သူက အရမ်းချောတယ်ဗျ.ကျနော် တမ်းတမ်းတဘဲ အဲဒါကြောင့် ကျနော် မှာ မကြောက်တမ်းရှေ့ဆက်တိုးခဲ့တယ်... ဒီလိုနဲ့ (၇၊၈၊၉၊၁၀၊) ထိတိုင်အောင် ကျနော် မှာ အဲတစ်ယောက်ဘဲချစ်ဖူးပါတယ်... ကျနော် ၆တန်း ထဲက ချစ်နေတာ ခုချိန်ထိပါဘဲ..ခုဆိုကျနော် တိုနှစ်ယောကတစ်ယောက်ကို တစ်ယောက် နားလည်ပေးနိုင်တဲ့ ချစ်သူတွေဖြစ်နေပါပြီ... အဲဒီ လူတွေကြားထဲကနေမှ ကျနော် ကအရဲ စွန့်နားလည်ခွင့် လွှတ်ပေးတော့ ကျနော် ဘက် ပါလာတယ်လိုထင်တာဘဲဗျ..... ကျနော် မှတစ်ယောက်တည်းရှိခဲ့ဖူးပါတယ်...
ခုချိန်ထိလဲ အဲတစ်ယောက်တည်းပါဘဲ...

အင်ကျနော် မှရေးစရာမရှိဘူးဗျ... အားနာလိုက်တာ သူများတွေလို မဝေဆာ ဘူး ကျနော် က တစ်ယောက်တည်း..ဆိုတော့ ရေးရတာအားမရဘူးဗျာ....... ကိုကြီးဂျပန်ရေ ကျနော် တော့ရေးလိုက်ပြီနော်... နှစ်သက်မှပါ....

ဒီပိုစ့်လေးကို နောက်ထပ်တဂ်လိုက်မယ် ...
ကျနော် ချစ်ဘော်ဒါကြီ ငပျင်း

ကျေးဇူးတင်ပါတယ်
အဆိပ်ခွက်

14 comments:

ဂျပန်ကောင်လေး said...

်အမယ် ..အမယ်... ရေးမလိုလိုနဲ့ လျှောချသွားတာ...း(
ယုံဘုးကွာ.. မင်းလား ဒီတစ်ယောက်တည်းရှိမှာ..

Ree Noe Mann said...

ကောင်းကွာ ငပျင်းတော့မိပြီ။
နေဒေးသစ်တော့ ဘယ်တော့ ထိမလဲ စောင့်ကြည့်ရအုံးမှာပေါ့
ညီလေး အဆိပ်ခွက် ပျော်စရာကောင်းမှာပဲနော် ။
တစ်ယောက်ထဲ ဆိုတော့လေ။

ကိုရီနိုး

Sein Lyan Tun said...

မင်း တစ်ယောက်တည်းကိုပဲ ရင်တွေကွဲအောင်
ချစ်ခဲ့ ပီးပီးပဲ ဘာလိုသေးလဲ

လိုနေတာ သိလား
လိုနေတာ သိလား
ရင်ခွင်ထဲရှိမလား
မင်းရဲ့အချစ်က အားအင်းများ
ပေးစွမ်းနိုင်တယ် ဒီဘဝတစ်ခုလုံး
နုနုငယ်ငယ် စိတ်ကူးယဉ်တတ်တဲ့အရွယ်တည်းက
သူနဲ့ကျနော် နှလုံးသားမှာခင်တွယ်လာကြတယ်
စိတ်တူကိုယ်တူ
အတွေးများလဲတူတူ အကြွေးများလဲထူထူ
အဟားးး
ညီလေးခွက်ခွက်ကိုချစ်လို့နောက်သွားတယ်
ခင်မင်ချစ်ခင်စွာဖြင့်
ဖိုးစိန်

ကောင်းကင်ပြာ said...

တပင်ထဲ ရင်ထဲက နွယ်ပေါ့ တူလေးရေ

တောင်ပေါ်သား said...

အဟား တယောက်ဆို တယောက် ပိတောက်ဆို ပိတောက် ကောင်းပါ့ဗျာ... အချစ်စစ်ပေါ့ ဟုတ်ပါ့ဗျာ


လေးစားလျက်
တောင်ပေါ်သား

Anonymous said...

အော် ငါ့မောင်လေးက တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက်ပေါ့။ ကောင်းပါတယ် ချစ်နိုင်ပါစေနော်။

ခင်တဲ့
မကြီး

မိုးခါး said...

တကယ်လား .. ငါ့မောင် ..
ပျော်ရွှင်ပါစေး)

အိုက်ခီလောက် said...

မယုံဘူးကွာ တစ်ယောက်ဆိုတစ်ယောက်
ပိတောက်ဆို ပိတောက် လား ပိတောက်က တစ်ပွင့်ထည်းမှမဟုတ်တာကို
အခိုင်လိုက်ဆိုတော့ အပွင့်များမှာပေါ့ ညီယေးရာ
အဟတ်

အိုက် ချီ ခန့် said...

ဟဟ.... ထိပြီ.. “တောက်” ကွာ.. ပညာသားပါပါရေးမယ်ဆိုတဲ့ အတိုင်းပါပဲလား... နင်လားကွ.. ဟွန်း ယုံမယ် အားကီး.. တယောက်ဆို တယောက် တော့ ဟုတ်မယ် ထင်တယ် ဒါပေမဲ့ အီစီကလီ လေးတွေ တော့ နင်မပြောဖူးမလား.. ငါမသိတာမှတ်လို့ ဖွ လိုက်ရင်ပွဲပဲ.. သက်သေပြလို့ရတယ်နော် နင်ငါ့ကိုဂျီတော့မှာ ပြောပြထားတာတွေ ပြန်ရှာလို့ရတယ် ဘာမှတ်လဲ..ဟွန်း..
နင်ပြောသလို ပိတောက် တော့ ဟုတ်တယ် တခိုင်လုံးလေ...
အဟတ်... အဟတ်...။

Unknown said...

ဟက်ဟက် ယုံတယ် တစ်ယောက်ပဲဆိုတာ

ကိုလူထွေး said...

ငယ်ငယ်က ကလေးတဲ့လား....

ဖိုးဂျယ် said...

ဟုတ်ပါ့ မလား ခွက်ခွက်ရယ်
ကလေးဆိုတာ တခါတုန်းက ငယ်ငယ်လေးလား
မသိလိုက်ရပါလားဟ


ခင်တဲ့ ဖိုးဂျယ်

Anonymous said...

အာ ဟုတ်လှချည်လား ခွက်ခွက်ရ . . . ငါတောင်အားကျတယ် တစ်ယောက် ဆိုတစ်ယောက် ပိတောက်ဆို ပိတောက် ။ မိုက်တယ်ကွာ ။ ငါတော့ တစ်ယောက်ဆို တစ်ယောက်ပါ ပိတောက်ဆို ပိတောက်ပါပဲ ဒါပေမဲ့ ပိတောက်ကြွေမှ နောက်တစ်ယောက်ပါကွာ
ဟဲဟဲ

စနေသား said...

ငါသိတယ်နော်... ငါသိတယ်... အဟဲ....

ဟုတ်လို့ လား .... တစ်ယောက်ထဲဆိုတာ....

ငါတော့ ယုံဘူး... ဟတ်ဟတ်