Tuesday, May 26, 2009

တွေ့ဖူးသောဘလောဂါများ

သူများတွေများ အတွေချင်ဆုံးဘလော့ဂါ တွေလုပ်နေတာ ပျင်းလာလို ခု ကျနော် တွေဖူးသောဘလော့ဂါများကို ကျနော် စလိုက်တယ်ဗျာ...

ကျနော် အရင်ဆုံးတွေဖူးတဲ့ဘလော့ဂါကတော့ ကျနော် ငယ်ဘော်ဒါ စနေသား ပါ .... သူအားပေးလိုလဲကျနော် ဘလော့လေးဖြစ်လာတာပါ... စနေက ချောတယ်နော်.. မျက်မှန်လေးနဲ့ .. စိတ်ဝင်စားရင် ကျနော် နား စာရင်းသွင်းလိုရတယ်....ဟီ...


နောက်တစ်ယောက်ကတော့ ကျနော် ကိုနေ့လည်စားအတူတူသွားဝါးမယ်လိုပြောတဲ့ မကြီးရောင်ပြန် .. အဲလိုပြောလာတော့ကျနော်လဲ အားနာနာနဲ့ မညင်းလိုက်ပါဘူး..... ဟုတ်လိုပြောလိုက်တယ် ဘာလိုလဲဆိုတော့ ခေါ်ရတာမောနေမှာဆိုးလိုး ဟီး....

ရုပ်ရှင်သွားကြည့်တဲ့နေက အရင်တွေလိုက်တဲ့ ဘလော့ဂါကတော့ အသည်းနှလုံး ပျောက်ဆုံးနေတဲ့ ကိုကြီးရီနို ပါ... သူကိုရှာပေးချင်တဲ့ လူများရှိရင် စာရင်းပေးကြပါ...... သဘောကောင်းတယ်နော်.. အတွေမမှားကြနဲ့...ဟီး....

နောက်ကျနော် တွေလိုက်တာက အမ်မာတီမှာရပ်နေကြတဲ့ လူအုပ်ထဲက စတွေတာ တောင်ပေါ်သား ပါ... ကျနော် ထင်တာက တောင်ပေါ်သား ဆိုတာ ဝဝ ကစ်ကစ် အဲလေး.. နဲနဲဝဝ ထောင်ထောင်မောင်းမောင်းပေါ့ တွေလိုက်တော့ဘယ်ဟုတ်မလဲ.... စနေလိုဘဲချောချောလေး... မျက်ခုံးမွှေးထူထူလေးနဲ့ သူလဲ နှလုံးသားပိုင်ရှင် ရှိသေးဘူးတဲ့ ကယ် ကိုတောင်ပေါ်ကို ဘယ်သူက ရှာပေးချင်လဲ....ဟိ...

နောက်တစ်ယောက်က ဦးရှင်ကြီး အဟမိုက်တယ်ဟ... ဦးရှင်ကြီး ဆံကေသာ ကတော့ လန်းနေတယ်.... အမှီးလေးနဲ့ ... မှုတ်ဆိတ်မွှေးလေးနဲ့ ဟီး... ဦးရှင်ကြီး က အသည်းနှလုံးရှိပြီသားလား မရှိသေးဘူးလာတော့သိဘူးး.. သိချင်သွားမေး...ဒါဗြဲ..


နောက်တစ်ယောက်ကတော့ မကြီးမိုးခါး တဲ့ မိုးတောင်မှခါးရတယ်လို... ဘာတွေလုပ်လဲသိဘူး... သူကတော့ ပူပူနွေးနွေးလေး 24 ပြည့်ထားတား.. အသက် ... သူကိုတော့သွားမလုပ်နဲ့ ပိုင်ရှင်ရှိတယ်... အဟ..

နောက်တစ်ယောကဂျပန်ကောင်လေး တဲ့ ပန်ပန်လိုခေါ်တယ် ... သူကတော့ ဒကယ်ဂျပန်သေလိုဝင်စားထားတာ ကြက်သားဟင်းနဲ့ အဲလေ ဟုတ်ပေါင်း.. ဂျပန်ရုပ်လေးနဲ့... တူတယ်လို... မယုံရင် သွားကြည့်...

နောက်တစ်ယောက်ကတော့ နာရီ ရှယ် အကောင်းစားပတ်ပြီး နောက်ကျနေတဲ့ မကြီး ကြယ်ဖြူစင်....

သူနာရီအကောင်းလွန်သွားတယ်လေ...
မကြီးမိုးခါးမွေးနေ့မှာ တွေလိုက်တာ ကိုဖိုးကျယ် ... ကိုနေသစ်.. ကိုသီဟသစ်.. .. ကိုဖိုးကျယ် ကတော့ ချောချောလေးနော်... ကြော်ညာပေးတာပါ.. ရှေ့ကားတွေ ပိတ်နေလို့.... ဒါပင်မဲ့ ကိုနေသစ်နဲ့ ကိုသီဟသစ် တော့လုပ်လိုက်နဲ့နော် ဟွန်ဟွန် အိမ်က ဇနီးလောင်းလေးတွေ လိုက်လာမယ်...

အဲနေ့မှာဘဲတွေဖူးလိုက်တာ VZO ကနေ... ကိုဖိုးစိန် သူက ခန့်ချောကြီးနော်... မြှောက်ပေးတာ.. အဲဗားခေါင်းလေးကုတ်ပြီး စဉ်းစာနေတဲ့ လူလေး.ဟီး...

နောက်တစ်ယောက်ကတော့ ကျနော် ရစ်နေကျ ကိုရဲ ကိုတွေဖူးတာဘဲ ... သူကတစ်ဝတ်ဘဲပြတယ်... ရှက်လိုတဲ့ဟီး.... တစ်မျိုးမထင်နဲ့ VZO ကိုပြောတာ..

နောက်တစ်ယောက်က ကျနော် ဘော်ဒါ ၂ယောက် ... အိုက်ခိလောက် နဲ့ အိုက်ချီးခန့် အပြင်မှာမတွေ့ဖူးပင်မဲ့ ကျနော် ကိုဓာတ်ပုံ ပိုလားပေးလို ရယ် VZO ထဲမှာ ချက်လိုက်တော့ သူတိုကိုတွေဖူးလိုက်ပါတယ်....

နောက်နေ့မှာ ဦးရှင်ကြီးက ကျနော် ကိုမုန့်မုန့်လိုက်ကျွေးတယ်လေ.. ရွှေအင်းလေးမှာ ကျနော် မကြီးကောင်းကင်ပြာ နဲ့တွေလိုက်ရပါတယ်... မကြီးကသဘောကောင်းတယ်... ဟီး....

အဲနေ့မှာဘဲ ဂျပန်ကလာလည်တဲ့ မကြီး မယ်ဂုမီ ကိုကျနော် မထင်မှတ်ဘဲတွေလိုက်ရပါတယ်.. အဲနာမည်ကို အဲနေ့မှာဘဲကြားဖူးတာ သူကတော့ ကျနော် ကို သိတယ် ကော်မန့်တွေပေးဖူးတယ်တဲ့ ကျနော် ကတော့ ကြားတောင်ကြားဖူးဖူး ခုတော့သိလိုက်ပါပြီး...


နောက်ထပ်ဘလောဂါများနဲ့တွေချင်ပါသေးတယ်... ဘယ်ချိန်တွေရမလဲတော့မပြောတတ်ဘူး.. ခုတော့ တွေ့ဖူးသောဘလောဂါများကို ကျနော် ရေးချလိုက်တယ်...ဟီ ပျင်းလိုဘာရေးရမှန်းမသိတာနဲ့

ကျနော် တဂ်တာ အရမ်းဝါသနာ ပါ၏.......
၁) မကြီးရောင်ပြန်
၂)တောင်ပေါ်သား
၃)ကိုရီနို
၎)မကြီးမိုးခါး
၅)ဂျပန်ကောင်လေး
၆)ကိုဖိုးစိန်း
၇)မကြီးကောင်ကင်ပြာ
၈)ကိုသီဟသစ်

ကျန်တဲလူတွေက အကြောင်းအမျိုးမျိုးကြောင် စာမေးပွဲရှိတာရယ် နက်မကောင်းတာရယ် ရန်ကုန်ပြန်တော့မယ်လူတွေရယ်ပါနေလိုနော်...ဟွန်ဟွန့်......

အရုပ်လေးရဲ့အဆိပ်ခွက်

17 comments:

မောင်အေးချမ်း said...

ဟင့်...နံပါတ် ၁ ဆိုတဲ့နေရာလေးကို အတဂ်ခံရပြီးတော့ လာယူသွားတယ်..

ဂျပန်ကောင်လေး said...

အညတရကောင်လေးဆိုတာ ငါနော်..

အဆိပ်ခွက် said...

သိပါတယ်တိုကြီပန်ရယ်အဟီ

Anonymous said...

အငယ်ဆုံး အလည်ဆုံးလေးပါနော့်။ ငါ့ကို ညာစားတာလေ.... မကြီးလည်း အားလုံးကိုတွေ့ဘူးချင်ပါတယ်ကွယ်။

ခင်မင်လျှက်
မကြီး

မိုးခါး said...

နှစ်တက်ရှိပြီ .. လုပ်ပေါ့ဟာ .. တရက်တည်း ကြွေး နှစ်ခါယူမိပါလား .. ရေးပေးမယ် နောက်နေ့ .. ခုတော့ မျက်လုံးဖွင့်မရတော့ဘူး .. အိပ်တော့မယ် .. :D

မိုးခါး said...

မေ့သွားလို့ ..
နင်က ကြော်ငြာပေးတာလား .. :D
အစွံထုတ်ပေးတော့မယ်ပေါ့ ..
အကိုတွေ အထီးကျန်နေတာ မမြင်ရက်ဘူးထင်ပ .. :P

ဖိုးဂျယ် said...

ဘယ်လိုဖြစ်လို့ အကို့ နာမည်က ဖိုးကျယ်ဖြစ်ရတာတုန်း
မိကြယ်နဲ့ မှားတာလား လုပ်နဲ့နော် စနေလေးက
အကို့ကို ကျိန်ဆဲနေမယ်း)
ညီလေးကို တွေ့ရင် မုန့်ဝယ်ကျွေးမယ်
အစွန့်ထုတ်ရင် တ၀ိုင်းကျွေးမယ်
ဂယ်ကျောတာ ဂယ်ပါ

ခင်တဲ့ ဖိုးဂျယ်

ကောင်းကင်ပြာ said...

ဖြေးဖြေးရေးတာပေါ့လေ၊ တဘောကောင်းတယ်ပြောလို့ ကျေးဇူး

Chitpalonelay said...

စာရေးတတ်လိုက်တာ။ နောက်မှအဟောင်းတွေ ထပ်မွှေတော့မယ်။

Sein Lyan Tun said...

ဒီအိမ်ရောက်တော့လဲ အတက်ဂ်ခံရပြန်ပီး
မလွတ်ပါလားနော်
ခွက်ခွက်ကတော့ လုပ်တော့မယ်
နေပါအုံး
ခွက်ခွက်တွေ့ဖူးတဲ့ထဲမှာ
ကိုဖိုးစိန်ပါတယ်
အဲဒါပြန်ရေးပေးပါ
ရေးပေးမှ တက်ဂ်တာရေးပေးမယ်
ပြန်ရစ်သွားတယ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်

ခီခန့် said...

ဟူး... ခုမှပဲလွတ်တော့တယ်...
ဟူး.. နင့် အရှပ်လေးကိုပြောလိုက် ငါ့ကိုမတွေ့စေနဲ့လို့..
အဟီး... မနာလိုဖြစ်တာ ဘာမှမဟုတ်ဖူး...
ငါလွတ်ပြီတွ.. အခုတော့ အကြွေးမှတ်ထား.. နင်တဂ့်ထားတဲ့ နာခု မပြီးသေးဖူး..။

တောင်ပေါ်သား said...

စိတ်မကောင်းပါ ဘလော့ကို မရေးတော့ပါ အဆင်ပြေရင် ပြန်ရေးဖြစ်ရင် တက်ဂ်ပိုစ့်ကို အရင် ရေးပေးပါမယ်......


လေးစားလျက်
တောင်ပေါ်သား

Sein Lyan Tun said...

အဟီးး
မတွေ့လိုက်ဘူး
ညကမူးမူးနဲ့ ရစ်သွားတာ
ဆောဒီးနော်ခွက်ခွက်
ချစ်ခင်စွာဖြင့်
ဖိုးစိန်

Ree Noe Mann said...

ရေးပေးပါမယ်ဗျာ။

အိုက်ခီလောက် said...

အမ် အရုပ်လေးကတွေ့ ဖူးသေးဘူးလေ သူ့ ကိုပါပြလေ
ညီယေး တစ်မတ်ခွက်ကလည်း အဟတ်
တော်သေးတယ်လိုင်းမကောင်းလို့  မဟုတ်ရင် ထိအုန်းမှာ
ဒီခါတော့တော်တယ်ကွာငါ့ညီက အလိုက်သိတတ်တယ်
ခုတောင်လေ လိုင်းလေးကောင်းတုန်းရောက်လာတာကွ
အရုပ်လေးကိုတွေ့ ချင်တယ်ကွာ အရက်ဖိုးတောင်းမလို့ ပါကွ

mgnge said...

သြော် ကို့ ကိုညီမတွေ့ ဖူးသေး ပဲနော်... မေ့နေတာ ဟီးးး

WWKM said...

ဖတ်သွား၏။ ဒီတက်ဂ်က တီဝါဆီအလည်ရောက်လာ၏။
ရေးရပါဦးမည်။