Tuesday, May 12, 2009

အဝေးရောက် ချစ်သူ

ကြမ်းတမ်းခက်ထန်
ဆူးငြောင့်ခလုတ်
ဘယ်လိုပင် ကြမ်း
မင်းရဲ့လက်ကို
ဆုတ်ကိုင်ပြီး
မလွှတ်တမ်း
ရင်ဆိုင်သွားမယ်
ချစ်သူ

ပင်လယ်လိုင်းလုံး
အိုဘယ်မုန်တိုင်း
ဘယ်လိုပင်တိုက်ခတ်
တို့နှစ်ယောက် လက်တွဲကာ
ကျော်ဖြတ်ကြမယ်
ချစ်သူ

အိုဘယ် ဘေးစကား
ငါတို့နှစ်ဦး
ကြားထဲဝင်လာ
ဂရုမပြုဘဲ
နားမယောင်ဘဲ...
ဆင်ခြင် စဥ်းစားကာ
ရှေ့ဆက်လျှောက်မယ်
ချစ်သူ

ငါ့ရဲ့ ဘဝ ငါ့ရဲ့ နှလုံးသား
နင်မှအပ ဘယ်သူမှမရှိ
ငါ့ရင်ထဲမှာ
နင်တစ်ယောက်ကို
အချစ်ဆုံးပါ...

အဝေးရောက်ချစ်သူ

7 comments:

မိုးခါး said...

အဝေးရောက်ချစ်သူဆိုပဲ .. :D

Anonymous said...

အိုဘယ့် အိုဘယ် အဆိပ်ခွက် ကဗျာတော်လေးက ကောင်းလှသကိုး ......

Anonymous said...

အာာာား သူများတွေဦးသွားပြီဟ။
ငါ့မောင်လေး လက်စောင်းထက်လာပြီနော်။ ကလောင်စွမ်းကလည်းကောင်း ခံစားချက်လေးကလည်းကောင်း။
အားပေးနေပါ့မယ်နော်။

ခင်တဲ့
မကြီး

တောင်ပေါ်သား said...

အဝေးရောက်ချစ်သူ ဆိုတော့ သနားပါတယ်ဗျာ.. တချိန်ချိန်တော့ နီးရမှာပေါ့ဗျာ အားမငယ်နဲ့ ဆက်လျှောက်ဗျို့


လေးစားလျက်
တောင်ပေါ်သား

မောင်အေးချမ်း said...

တယ်လည်း အားအင်ပြည့်နေပါလားဟေ့...း)

Sein Lyan Tun said...

ချစ်သူအတွက်ချစ်တတ်လိုက်တာနော်
ကောင်းပါသည်
အရာရာကိုအချစ်နဲ့အကောင်းတိုင်းဖြစ်ပါစေဗျာ
ခင်မင်စွာဖြင့်
ဖိုးစိန်

Anonymous said...

ခံစားချက်ပြင်းထန်နေတယ်ထင်တယ်