Monday, May 25, 2009

မိတ်ဆက်

ကျမ ကတော့ ဘလော့ဂါအသစ်လေးပါ..... အစ်ကို က သူရဲ့ ဘလော့လေးနဲ့ အတူတူ ရေးရအောင် တဲ့ အဲဒါနဲ့ ကျမလဲ အစ်ကို နဲ့ထပ်တူပါဘဲလေ..... သဘောတူလိုက်တယ်... ကျမလဲ ဘလော့ရေးတာ ဝါသနာပါပါတယ်.. ခုကျမ အရုပ်လေး ဆိုတဲ့နာမည်နဲ့ ဘလော့လေး တတ်နိုင်သလောက်ဝင်ရေးပါမယ်... . ဘာလိုလဲဆိုတော့ မြန်မာကော်နက်ရှင် ကသိတဲ့ အတိုင်းဘဲလေ... တတ်လိုက်ကျလိုက်နဲ့ဆိုတော့ ကျမ မတင်နိုင်ရင်လဲ ကျမ တင်ချင်တဲ့ စာလေးတွေကို အစ်ကိုစီပို့ပြီတော့ အစ်ကိုက တင်ပေးပါလိမ့်မယ်... မနေ့တုန်းက ကျမမွေးနေ့ကို ဆုမွန်ကောင်းတောင်ပေးတဲ့ ဘလောဂါ အစ်ကိုအစ်မ များကို . ကျေးဇူးတင်ပါတယ်.....

အရုပ်လေး..

8 comments:

စိုင်းစိုင်းလားရှိုး said...

အရုပ် နဲ့ အဆိပ် ကို လှိုက်လှဲစွာ ကြိုဆိုပါတယ်....
အိမ်သစ်တက်ပွဲ ဘီယာတိုက်ပါ

မိုးခါး said...

ကြိုဆိုပါတယ် အရုပ်လေးရေ ..
း)

တောင်ပေါ်သား said...

ကြိုဆိုပါတယ် အရုပ်လေးရေ.. ဘလော့ဂါရပ်ဝန်းမှာ ပျော်ရွှင်နိုင်ပါစေဗျ


လေးစားလျက်
တောင်ပေါ်သား

Sein Lyan Tun said...

ကြိုဆိုပါတယ် ညီမလေး ရုပ်ရုပ်ရေး
ခွက်ခွက်နဲ့ရုပ်ရုပ် တူတူရေးကြပေါ့
အားပေးနေမယ်
ခွက်ရုပ်ကလေးပေါ့ကွယ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်

Ree Noe Mann said...

ကြိုဆိုပါတယ် အရုပ်လေးရေ

ကိုရီနို

ဖိုးဂျယ် said...

ကြိုဆိုပါတယ် ညီမလေး ရုပ်ရုပ်ရေ
ကိုဖိုးစိန် ပြောသလို ခွက်ခွက်နဲ့ ရုပ်ရုပ်ပေါ့
ပျော်ရွှင်ပါစေဗျာ မွေးနေ့က မသိလိုက်ဘူး။
အကို့အိမ်ပျက်နေတာရော အလုပ်က ဆက်တိုက် ဖြစ်နေတာရော

ခင်တဲ့ ဖိုးဂျယ်

ခီခန့် said...

မင်္ဂလာပါ ခင်ဗျား... သူငယ်ချင်း အရုပ်လေး...ချစ်လို့.. အဲအဲ..
အဟီး.. ခင်လို့စတာပါ စိတ်ဆိုးနဲ့ ကျတော်နဲ့ အဆိပ်က အခင်ဆုံးသူငယ်ချင်း.. သူ့အကြောင်းသိချင်ရင် ဘီယာ ၃ ၀ိုင်းနဲ့လာ ပြော အဆိပ်ထက်ပို ပေးရင် အဆင်သင့်ပဲ.. အဟီး... ဒါလဲ ချစ်လို့...အဲအဲ.. ခင်လို့စတာပါ... ကြိုဆိုပါတယ်ဗျာ.. ကျတော်လဲကော်နက်ရှင် ထောင်းလို့ မထနိုင်သေးဖူး အခုတလော...။

စနေသား said...

ကြည့် ကိုတောင်ပေါ်... သူများတွေများ အရုပ်လေးတွေ ဘာတွေ ဖြစ်ကုန်ပြီ... တောင်ပေါ်သားပီပီ လုပ်စမ်းပါဟ... တစ်ယောက်လောက်... အဟတ်