Wednesday, May 6, 2009

ပန်းလေးတစ်ပွင့်

ငါ့ရဲ့ရင်ထဲမှာ
ပန်းလေးတစ်ပွင့်
တည်းကို သိမ်းလာသာ
ကြာခဲ့ပြီဘဲ...

မင်းက ငါ့နှလုံးသား
ဥယျာဉ်လေးအတွက်
သာယာလှ ပအောင်
ပန်းလေးတစ်ပွင့်ကို
ဖန်ဆင်း ပြီးမသိသလို
နေတော့မှာလား

ပန်းလေးတစ်ပွင့်ဟာ
ငါ့ရဲ့နှလုံးသား
ဥယျာဉ်လေးထဲမှာ
ပိုင်ရှင်မဲ့ဘဝနဲ့
အထီးကျန်စွာနေရတာ
ရှာတယ်
မင်းလေးရဲ့ပန်းတစ်ပွင့်က
ငါ့ရဲ့နှလုံးသားဥယျာဉ်ထဲမှာ
အမြစ်တွေ ခိုင်မြဲစွာတွယ်ငြိနေပြီ
ကလေးရာ

မင်းရဲ့ ပန်းလေးကို
ငါဟို ငယ်ငယ် အဖူးအငုံ
ဘဝထဲက စပြီ ငါကိုယ်တိုင်
တယုတယ လေး ထိန်းသိမ်းလားတာ
မင်းလေးလဲ အသိပါဘဲ...

မင်းလေးရဲ့ ပန်းလေးက
လှပလွန်းတယ်ဟာ..
လိုချင်သူပေါ့လှတဲ့
ဒီပန်းလေးကို ငါကိုယ်တိုင်
သံယောဇဉ်နဲ့ ထိန်းသိမ်း
စိုက်ပျိုးလာတာ
ခုဆို အလှဆုံးအချိန်ကို
ရောက်လိုနေပြီပေါ့...
ဒီလိုဘဲ.. ကျနော့်ရင်ထဲကပန်လေးတစ်ပွင့် ပိုင်ရှင် ဘယ်တော့လာမလဲဆို စောင့်မျှော်နေရင်း ရှုရတော့မယ် ..
ကျနော် မျှော်လင့်နေတယ် ရောက်လာတော့မှာပါ ... စောင့်ရတဲ့ အချိန်လဲကြာခဲ့ပြီပေါ့.....
အဆိပ်ခွက်

1 comment:

Anonymous said...

မောင်လေးမျှောလင့်နေတဲ့ ပန်းလေး မောင်လေးရဲ့ ဥယဉ်ထဲမှာ အမြန်ဆုံး လှပတင့်တယ်စွာ ဖူးပွင့်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။

ခင်မင်လျှက်
မကြီး