Saturday, October 3, 2009

ပန်း အဘိဓာန်

၁။ ကံ့ကော်ပန်း - မပြောင်းလဲတဲ့ထာဝရအချစ်ပါ
၂။ ကြာပန်း - မိတ်ဆွေတွေရဲ့ဖြူစင်မှုမျိုးနဲ့ ခင်မင်ကြရအောင်
၃။ ခရေပန်း - မေ့မသွားပါနဲ့ကွယ်
၎။ ခတ္တာပန်း - အားငယ်ရတဲ့သူမို့ ညှာတာပါ
၅။ ချယ်ရီပန်း - တနေ့နေ့တော့ဝေးရဦးမယ်
၆။ ခေါင်းလောင်းပန်း - အမြန်ဆုံးနီးခွင့်ရချင်တယ်
၇။ဂန္ဒမာအဖြူ - ငြိမ်းချမ်းပါစေ
၈။ ဂန္ဒမာအ၀ါ - သတိရနေမယ်
၉။ ဂမုန်းပန်း - မျှော်လင့်ခြင်းကြီးစွာနဲ့စောင့်နေရတဲ့ချစ်သူပါ
၁၀။ စပယ်ပန်း - မင်းရဲ့အချစ်ကိုလက်ခံလိုက်တယ်
၁၁။ ဆပ်သွားဖူးပန်း - သစ္စာမရှိတဲ့သူအတွက်ဝမ်းနည်းရတယ်
၁၂။ ဆောင်တော်ကူးပန်း - မင်းကြောင့်ကိုယ့်မှာရူးရပြီ
၁၃။ ဆယ့်နှစ်ရာသီပန်း - ရိုးသားဖြူစင်ခြင်း
၁၄။ ညမွှေးပန်း - အရာရာဟာမင်းအတွက်ဖြစ်စေရမယ်လို့ ကတိပေးပါတယ်
၁၅။ ဒေလီယာပန်း - မကြာခင်မှာဆုံတွေ့ ကြရအောင်
၁၆။ ဒေါနပန်း - တို့တွေခွဲခွာကြပါစို့
၁၇။ ဒန်းပန်း - ဘ၀ကိုအရှုံးမပေးနဲ့
၁၈။ နှင်းပန်း - အဆင်မပြေမှုတွေဟာ တခဏပါ
၁၉။ နှင်းဆီပန်း - ကိုယ်တော့မင်းကိုချစ်နေမိပြီ
၂၀။ နေကြာပန်း - မင်းဘ၀ရှေ့ရေးအဆင်ပြေဖို့ ကိုယ်တာဝန်ယူပါတယ်
၂၁။ ပိတောက်ပန်း - မင်းဟာကိုယ့်အတွက်ရှားပါးဆုလာဒ်
၂၂။ ပျားခတ်ပန်း - မင်းဟာဒီပန်းလေးလား


အဆိပ်ခွက်

5 comments:

စိမ်း... said...

ဟီး ဟီး ခေါင်းလောင်းပန်းကို ကိုယ်ထင်တာက တစ်မျိုး... :P

မငုံ said...

:) စကားပန်းဆိုရင်ကော???? ဖြေပေးဦးဟ

ဝက်ဝံလေး said...

ဘာပန်းမှမကြိုက်ဘူး လာမပေးနဲ့ ဟိဟိ
အော် ဒါနဲ့ ခွေးသေးပန်းပေးရင်ရော ဘာအဓိပ္ပါယ်လဲဟင် သိချင်တယ် ဟားဟားးးးးး အရက်ခွက်ရေ စာမေးပွဲဖြေနိုင်လားဟ အားမငယ်ပါနဲ့ကွာ result က ၂ မျိုးပဲ ရှိတယ် အအောင်ရယ် အကျတဲ့ ဟိဟိ

ခင်လို့ မင်လို့ စ တာ မကျေနပ်ရင်လဲ လဲသေလိုက် ကြားလား ဒါပဲ ငါ ပြန်မယ် တာ့တာ လို့ မနှုတ်ဆက်တော့ဘူး ဒုန်းးးးးးးးဒုန်းးးးးးးးး ဝက်ဝံလေးရဲ့ ခြေသံ

တောင်ပေါ်သား said...

ပန်းတွေကြားထဲမှာ မင်းလဲ ပန်းနေဦးမယ် ညီငယ်ရေ


လေးစားလျက်
တောင်ပေါ်သား

Angel Shaper said...

အဟားးးးးးးးးး ခွက်လေးကတော့လေ တော်တော် ရှာဖွေစုဆောင်းထားတာပဲ။
တို့ က ပန်းမကြိုက်တော့ သတိမထားမိဘူး။။။။
ကူးထားဦးမယ်။ အဟဲ...