Wednesday, October 21, 2009

ချစ်ရသူ.. ကောင်မလေး

ကောင်မလေးရာ....

ကိုယ့်ရင်ထဲက အချစ်တွေ...

မင်းလေးတစ်ယောက် ထဲအတွက်ပါ....

မှတ်တမဲ့ ဆုံတွေ့ခဲ့ရတယ်နော်...

ကိုယ့်အတွက်တော့ အမှတ်တရတွေ


ဖြစ်ကုန်ပြီ ကလေးလေးရာ.....

မင်းလေးကို ကိုယ့်ရဲ့စိတ်ကူးထဲကနေ...

တစ်စက္ကန့်လေးတောင်ထုတ်လိုမရခဲ့ဘူး

ညညဆိုလဲ မင်းရဲ့ပုံရိပ်တွေ...

ကိုယ့်ရဲ့အိမ်မတ်ထဲမှာစိုးမိုးနေပြီ

လှိုင်းထနေတဲ့ ကိုယ့်ရဲ့ရင်ခွင်ကို...

မင်းလေးသိနိုင်မလား....

ကိုယ်ဖြစ်နိုင်ရင် မင်းလေးရဲ့နာမှာ

အရိပ်လေး အဖြစ်နဲ့တောင်နေချင်တယ်....

အရမ်းချစ်တာဘဲကောင်မလေးရာ...

မင်းလေးကို မတွေ့ရတဲ့နေတွေမှာ..

ကိုယ့်ရဲ့ရင်ခွင်ဟာ အာကာသထဲမှာ...

လိုမျိုး..ဟာလာဟင်းလင်းကြီးဖြစ်နေတယ်...

ဆိုတာမင်းလေးသိနိုင်မလား....

မင်းလေးရဲ့အပြုံး...

မင်းလေးရဲ့အကြင်နာ မျက်ဝန်းလေးတွေ

မင်းလေးရဲ့ချစ်တယ်ဆိုတဲ့ အသံလေးတွေကို..

ကိုယ်စွဲလမ်း နေပြီ ကလေးရာ...

အဆိပ်ခွက်

7 comments:

Angel Shaper said...

ကောင်မလေးရဲ့ ချစ်တယ် ဆိုတဲ့ အသံကို ဆွဲလန်းတာလားးးးးးးး
ကောင်ကလေး ခွက်ခွက် စွဲလမ်းစမ်းပါဟာ....
ဟဲဟဲ။။ ချိတ်ချိုးနဲ့ ချစ်လို့ ၀င်ရှည်သွားတယ်။
ကဗျာလေး ကောင်းတယ်။ ကောင်မလေး နားလည်ပါစေ။
အော့်... နာက တစ်ရတယ်ပေါ့လေ။ အဟဲ

ဂျပန်ကောင်လေး said...

ငါဖတ်ကြည့်ရတာ သီချင်းနဲ့တူတယ်.. ဟုတ်လား...

Anonymous said...

အေးလေ
သီချင်းလိုပဲ
:D

မိုးခါး

ဝက်ဝံလေး said...

ဂျပန်ကောင်လေး ပြောတာ ငါ ထောက်ခံတယ် အဲဒါ သီချင်းလိုပဲ အရက်ခွက် ဟုတ်လား

Ree Noe Mann said...

ကျောင်းစာ ကို ကောင်းကောင်းလုပ်မယ်လိုက တော့ မကြံဘူး

ချစ်သူကိုတောင် သတိရနေသေးတယ်။

ခင်တဲ့ ကိုရီနို

Anonymous said...

ကဗျာလေးက ချစ်စရာလေးရယ်..

အဆိပ်ခွက် said...

ကယ်သီချင်းဆိုရင် အဲသီချင်းကိုရှာပေး ကျနော်နားထောင်ချင်တယ်.....